Kun Taung Parish

Kun Taung Parish Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kun Taung Parish, Religious organisation, Kun Taung, Tamu.

26/09/2022
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အဂ်လီကန်)( ၆၁ )ကြိမ်မြောက် အလငသ နေ့ ကို  ဝတ်ပြုကိုးကွယ်ခြင်း၊မိသဟာရဖွဲ့ခြင်းဖြင့် တမူး လူ...
24/10/2021

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အဂ်လီကန်)( ၆၁ )ကြိမ်မြောက် အလငသ နေ့ ကို ဝတ်ပြုကိုးကွယ်ခြင်း၊မိသဟာရဖွဲ့ခြင်းဖြင့် တမူး လူငယ်များနှင့်ကွန်းတောင်း ဧမာနွေဘုန်ကြီးပိုင်နယ်လူငယ်များ zoom ဖြင့်ကျင်းပခြင်း ပုံရိပ်များဖြစ်ပါသည်။

ပါဝင်ပေးကြသေား..
သာသနာပိုင်ကြီးနှင့်ဆရာတော်များ၊ လူငယ်များ အားလုံကို ကျေဇူးသင်ကြောင်းနှင့် သင်နှင့်သင့်မိသားစုအားလုံးကိုဘုရားသခင်ကောင်းကြီးပေပါစေ။

01/09/2020

မင်္ဂလာညချမ်းလေးဖြစ်ပါစေဗျာ

ဘုရားကျောင်း၀န်းသန့်ရှင်းရေးအတွက် အဖက်ဖက်မှကူညီပေးကြသော
လူငယ်မောင်မယ်များ အားလုံးကို အထူးကျေးဇူး‌တင်ရှိကြောင်း ဖော်ပြလိုက်ပါတယ်။

Taung Village

 #တပည်တော်ကြီး၁၂ပါး၏ယုံကြည်ခြင်း      ခရစ်တော်၏ တပည်တော်များသည် ဧဝံဂေလိတရား ဟောကြားသည့်အမှုတော်ကြောင့် အသက်ပေးခဲ့ကြရသည်။...
10/07/2020

#တပည်တော်ကြီး၁၂ပါး၏ယုံကြည်ခြင်း

ခရစ်တော်၏ တပည်တော်များသည် ဧဝံဂေလိတရား ဟောကြားသည့်အမှုတော်ကြောင့် အသက်ပေးခဲ့ကြရသည်။

ထိုတပည်တော်များသည် မည်ကဲ့သို့ အသက်ပေး
သွားခဲ့သည်ကို မိတ်ဆွေ သိပါသလား။တပည်တော်
များသည် မည်ကဲ့သို့ အသက်ပေးသွားသည်ကို မိတ်ဆွေ ဖတ်ရှုရင်း ယနေ့သင်ခံစားနေ၇သော အရာများသည်
မပြောပလောက်သောအရာများဖြစ်ကြောင်း သင်သိရှိနားလည်လာပါလိမ့်မည် ။

တပည့်တော်တို့သည် မိမိတို့၏ကြီးမာသောယုံကြည်
ခြင်းကြောင့် ရင်ဆိုင်ခဲ့ရသော ၇က်စက်သည့် နှိပ်စက်ညှဉ်းပန်းခြင်းနှင့်နှိုင်းစာလျှင် ယနေ့
ကျွန်တော်တို့ ခံစားနေ၇သော အခက်အခဲများသည် မပြော ပလောက်အောင်သေးငယ်ကြောင်း သဘောပေါက်
နားလည်လာပါ လိမ့်မည်။

ရှင်မသဲ
အီသီယိုးပီးယားပြည်တွင် ဓားဖြင့်ကွပ်မျက်ခြင်းခံခဲ့ရသည်။

ရှင်မာကု
အီဂျစ်ပြည်၊အလက်ဇန္ဒရီးယားမြို့တွင် မြင်းဖြင့် ဒရွတ်တိုက် ဆွဲပြီးအသတ်ခံခဲ့ရသည်။မသေမချင်း မြင်းဖြင့်ဒရွတ်တိုက် ဆွဲပြီး ရှင်မာကုကို သတ်ခဲ့ကြသည်။

ရှင်လုကာ
ကယ်တင်ခြင်းသတင်းစကားကို အကြီးအကျယ်ဟောကြား
ခဲ့သဖြင့် ဂရိပြည်တွင် ကားတိုင်တင်ပြီး အသတ်ခံခဲ့ရသည်။

ရှင်ယောဟန်
ရောမမြို့တွင်ခရစ်ယာန်များကို အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းနေသောအချိန်ကာလတွင် သူသည် ပွတ်ပွတ်ဆူအောင် မီးဖိုတွင် တည်ထားသည့် ဆီအိုးထဲ
တွင်အကြော်ခံခဲ့ရသည်။ သို့သော်လည်း သူမသေခဲ့ပါ။
ထို့ကြောင့် ရောမ အာဏာပိုင်များက သူအား ပတ်မုကျွန်း
သို့ပို့ကာ တစ်သတ်တစ်ကျွန်း ပြစ်ဒဏ် စီရင်ခဲ့ပါသည်။

ထိုကျွန်းမှာ ရောက်ရှိနေစဉ် ဗျာဒိတ်တော်များကို ရရှိကာ
ဗျာဒိတ်ကျမ်းကို ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ရှင်ယောဟန်သည် ပြစ်ဒဏ်လျော့ပေါ့ ခြင်းကို ခံရသဖြင့်
ပတ်မုကျွန်းမှ ပြန်လာကာ ယနေ့ခေတ် တူရကီနိုင်ငံ၊ အီဒက်ဆာမြို့တွင် တရားဟောဆရာ လုပ်ခဲ့ပါသည်။အသက်အရွယ်ကြီးလာသောအခါတွင်
သူသေဆုံးခဲ့ပါသည် ။ ငြိမ်သက်အေးချမ်းစွာ သေခွင့်ရသော တစ်ပါးတည်းသော တမန်တော်ဖြစ်ပါသည်။

ရှင်ပေတရု
ကြက်ခြေခတ်ပုံ ကပ်တိုင်တွင် ဇောက်ထိုးကပ်တိုင်တင်ပြီး
အသတ်ခံခဲ့ရသောတမန်တော် ဖြစ်သည်။ မိမိသည် ခရစ်
တော်ကားတိုင်အတင်ခံရသည်ပုံစံမျိုးဖြင့် ကားတိုင်အတင်
မခံသင့်သောသူ ဖြစ်သဖြင့် ဇောက်ထိုးကတိုင်
တင်ရန်သူကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အသင်းတော်မှတ်တမ်းများတွင် တွေ့ရပါသည်။

ရှင်သောမ
အိန္ဒိယပြည်တွင် သာသနာပြု ခရီးစဉ်တစ်ခုကို သွားလာ
နေစဉ် ဓားဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရပါသည်။


ရှင်ယာကုပ်
ယေရုရှလင်မြို့ရှိ အသင်းတော်ကြီးကို ဦးဆောင်နေစဉ်တွင် ခရစ်တော်အပေါ်ထားရှိသညိ့ယုံကြည်ခြင်းကို စွန့်လွှတ်ရန်
ငြင်းဆို ခဲ့သဖြင့် ဗိမာန်တော်၏ အရှေ့ဘက်တွင် ရှိသော တောင်တစ်ခုအထွတ်ဆီသို့ ခေါ်သွားကာ အောက်သို့ပစ်ချခဲ့ကြပါသည်။

ပေ (၁၀၀) ခန့်မျှမြင့်သောတောင်ထွတ်ဖြစ်ပါသည်။
ရှင်ယာကုပ်သည် အမြင့်မှ ပစ်ချခြင်းခံရသော်လည်း မသေခဲ့ပါ။သိုဖြင့် သူအား မသေမချင်းတင်းပုတ်ဖြင့်
ရိုက်သတ်ခဲ့ကြပါသည်။ထိုတောင်ထွတ် ကလေးသည် စာတန်က ခရစ်တော်ကို ခေါ်သွားပြီး စုံစမ်းခဲ့သည့် တောင်ထွတ်ကလေးပင်ဖြစ်သည်။

ရှင်ယုဒ
ယုံကြည်ခြင်းကို စွန့်လွှတ်ရန်ငြင်းဆန်ခဲ့သဖြင့် မြားနှင့်
ပစ်သတ် ခြင်းကို ခံခဲ့ရပါသည်။

ရှင်ယာကုပ်
ဇေဗေဒဲ၏သားဖြစ်သူ ရှင်ယာကုပ်သည် တံငါသည်
ဘ၀မှခေါ်တော်မူခြင်းခံရသည် အချိန်ကစပြီး သေသည့်တိုင်အောင် အမှုတော်ဆောင်ခဲ့သည်။

စိတ်ဓာတ်ပြင်းထန်သော ခေါင်းဆောင် တစ်ဦးအဖြစ်
အသင်းတော်ကို ဦးဆောင်ခဲ့သော ထိုရှင်ယာကုပ်သည် ယေရုရှလင်မြို့တွင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။တရားရုံးတွင် အစစ်ဆေးခံရစဉ် မိမိ၏ယုံကြည်ခြင်းကို ခုခံကာကွယ်ပြောဆိုခဲ့သော စကားများသည် အလွန်ထိမိသည်ဖြစ်ရာ သူ့ကိုစောင့်ရသည့် ရောမ စစ်သားသည်ပင် ခရစ်တော်ကို ယုံကြည် လက်ခံလာခဲ့သည်။

မိမိသည် ကယ်တင်ရှင် ခရစ်တော်ကို လက်ခံလိုက်ပြီဖြစ်သဖြင့် မိမိအား ခရစ်ယာန် တစ်ဦး အဖြစ် ခေါင်းဖြတ်သတ်ရန် ထိုရောမစစ်သားသည် ရှင်ယာကုပ်ဧ။် နံဘေးတွင် ဒူးထောက် အသတ်ခံခဲ့ပါသည်။

ရှင်မဿိ
ယုဒ ရှကာရုတ်၏နေရာတွင် အစားထိုးခန့်အပ်ခြင်း
ခံရသော ရှင်မဿိသည် ခဲနှင့်ပေါက်၊ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။

ရှင်ဗာသောလမဲ
နာသနေလဟုလည်း အများကခေါ်ဝေါ်သည့် ဗာသောလမဲသည် အာရှတိုက်တွင် သာသနာပြုအဖြစ်
အမှုတ်ာဆောင်ခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။ယခုခေတ်အခေါ်
တူရကီနိုင်ငံတွင်လည်း အမူတော်ဆောင်ခဲ့သည်။ခရစ်တော်အကြောင်း တရားဟောခဲ့ သဖြင့် အာမေးနီးယားတွင် ကြာပွတ်ဖြင့် မသေမချင်းရိုက်ပြီး အသတ်ခံခဲ့ရပါသည်။

ရှင်အနြေ္ဒ
သူသည် ဂရိပြည်၊ ပတ်ထရာစ်မြို့တွင် ကြက်ခြေခေတ်ပုံ
ကပ်တိုင်တွင် တင်ပြီးအသတ်ခံခဲ့ရသည်။ စစ်သား (၇)ယောက်က သူအား ကြိမ်ဖြင့် အကြာကြီးရိုတ်ပြီးနောက်
ထိုဝေဒနာကိုကြာမြင့်စွာ ခံစားစေလိုသည် သဘောဖြင့် ကပ်တိုင်တင်ခဲ့ကြသည်။

“ငါက ပျော်စရာကောင်းတဲ့ ဒီအချိန် ကိုစောင့်နေတာကြာပြီ။ ခရစ်တော်၇ဲ့ ကိုယ်ခန္ဓာတော်ကို တင်ပြီးသတ်ခဲ့ခြင်းအားဖြင့် ကပ်တိုင်ကို
ယုံကြည် သူများအတွက် ဆက်ကပ်ခဲ့တာဖြစ်တယ်"ဟုသူအား ကပ်တိုင်တင်ရန်ခေါ်သွားစဉ် လမ်းတွင် အနြေ္ဒပြောခဲ့သည်ဟု သူဧ။် နောက်လိုက်များက ပြောပြကြောင်း မှတ်တမ်းများကို တွေ့ရပါသည်။

ဗျာဒိတ် 2:10
သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ယာကုပ် 1:12. စုံစမ်းနှောင့်ရှက်ခြင်းကို
သည်းခံသောသူသည် မင်္ဂ္လာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော
သူတို့အား ဂတိထားတော်မူသော အသက်သရဖူကို
ရလိမ့်မည်။

Ko Shine

15/06/2020

အားလုံး မင်္ဂလာပါ။

"ငါတို့သည် ခရစ်တော်အားဖြင့် တလုံးတ၀တည်းဖြစ်ကြ၏ "

ပျိူရွယ်သူအတွက် အကြံဉာဏ်အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အ...
05/06/2020

ပျိူရွယ်သူအတွက် အကြံဉာဏ်

အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာ လမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။
ဒေသနာကျမ်း ၁၁:၇-၁၀

အာဗြဟံ၏ယုံကြည်ခြင်း          သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အ...
29/04/2020

အာဗြဟံ၏ယုံကြည်ခြင်း

သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။- ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊- ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
ရောမဩဝါဒစာ ၄:၁၈-၂၂

ငါတို့အကျိူးအလိုငှာ ရေးထား

ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။- ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။- ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။
ရောမဩဝါဒစာ ၄:၂၃-၂၅

#သင့်ဝိညာဉ်အတွက်

Address

Kun Taung
Tamu

Website

Alerts

Be the first to know and let us send you an email when Kun Taung Parish posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share