ရက္ခပူရသာသနာလင်္ကာရအသင်း

  • Home
  • Myanmar
  • Sittwe
  • ရက္ခပူရသာသနာလင်္ကာရအသင်း

ရက္ခပူရသာသနာလင်္ကာရအသင်း မြန်မာနိုင်ငံရှိ (၁၂)ခုမြောက် သာမဏေကျော်အသင်းဖြစ်ပါသည်။

လျှောက်လွှာတင်သွင်းရန် လမ်းညွှန်ချက်ပါဘုရား
20/08/2026

လျှောက်လွှာတင်သွင်းရန် လမ်းညွှန်ချက်ပါဘုရား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရက္ခပူရသာသနာလင်္ကာရအသင်း၁၃၈၈-ခုနှစ်၊ ၂၀၂၆-ခုဒွါဒသမအကြိမ်၊ သာသနာလင်္ကာရစာမေးပွဲ================...
19/08/2026

ရခိုင်ပြည်နယ်၊ စစ်တွေမြို့
ရက္ခပူရသာသနာလင်္ကာရအသင်း
၁၃၈၈-ခုနှစ်၊ ၂၀၂၆-ခု
ဒွါဒသမအကြိမ်၊ သာသနာလင်္ကာရစာမေးပွဲ
=====================================================
ဒွါဒသမအကြိမ်၊ ရက္ခပူရသာသနာလင်္ကာရစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်ရဟန်းသာမဏေသီလရှင်တို့ဘုရား. . .
၁။ တပည့်တော်တို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရက္ခပူရသာသနာလင်္ကာရအသင်းကြီးက ဒွါဒသမအကြိမ်၊ ရက္ခပူရသာသနာလင်္ကာရစာမေးပွဲနှင့် သတ္တမအကြိမ်၊ တိပိဋကာလင်္ကာရစာမေးပွဲကို ၁၃၈၈-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၉၊၁၀၊၁၁)ရက်တို့၌ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်ဘုရား။
၂။ ဒွါဒသမအကြိမ်၊ ရက္ခပူရသာသနာလင်္ကာရစာမေးပွဲနှင့် တိပိဋကာလင်္ကာရစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကြ မည့် ရဟန်းသာမဏေသီလရှင်များသည် ဝါခေါင်လဆန်း ၉ ရက် (22.8.2026) နေ့မှ တော်သလင်းလပြည့် (26.9.2026) နေ့အထိသာ လျှောက်လွှာများကို ရက္ခပူရသာသနာလင်္ကာရအသင်း Online Website မှသာ တင်သွင်းနိုင်မည်ဖြစ်ပါသည်ဘုရား။
၃။ လျှောက်လွှာများ တင်သွင်းကြမည့်အရှင်များသည် 09 688 939 557 Viber သို့ ဆက်သွယ်၍ (၁)ကျောင်းတိုက်၊ (၂)မြို့(မြို့နယ်)၊ (၃)ကျောင်းထိုင်ဆရာတော်၊ (၄)ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် ယင်းကျောင်းတိုက်နာမည်ဖြင့် ယခင်နှစ်က ဝင်ရောက်ဖြေဖူး/မဖြေဖူးသည်တို့ကို စာပို့၍ ကျောင်းတိုက် အကောင့်တစ်ခု တောင်းယူပြီး တင်သွင်းရပါမည်ဘုရား။
၄။ ဒုတိယဆင့်နှင့် တတိယဆင့် ရဟန်းသာမဏေသီလရှင်များသည် ယခင်နှစ်က ဖြေဆိုအောင်မြင်ဖူးသည့် အိုင်ဒီ(ID)နံပါတ်ဖြင့်သာ လျှောက်လွှာများ တင်သွင်းနိုင်မည်ဖြစ်ပါသည်ဘုရား။
၅။ တတိယဆင့် မအောင်နိုင်သေးဘဲ ကျောင်းတိုက်တစ်ခုခု၌ သာမဏေကျော်စာဝါများကို ပို့ချနေ(နိုင်)သော စာချရဟန်းတော်များသည် ဤရက္ခပူရသာသနာလင်္ကာရအသင်း၌ တတိယဆင့် ဝင်ရောက်ဖြေဆိုလိုပါက အထက်ပါ 09 688 939 557 Viber သို့ ဆက်သွယ်၍ အိုင်ဒီ(ID)နံပါတ်တောင်းယူပြီး လျှောက်လွှာ တင်သွင်းနိုင်မည်ဖြစ်ပါသည်ဘုရား။

ရိုသေစွာဖြင့်

ဦးမြင့်ဦး (ဥက္ကဋ္ဌ)
ရက္ခပူရသာသနာလင်္ကာရအသင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့

Address

5V45+393, Myanmar (Burma)
Sittwe
07011

Telephone

+959688939557

Website

Alerts

Be the first to know and let us send you an email when ရက္ခပူရသာသနာလင်္ကာရအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရက္ခပူရသာသနာလင်္ကာရအသင်း:

Shortcuts

Share