28/12/2023
ဟိန္ဒူဘာသာတွင် ပထမဦးဆုံး ရှိခိုးပူဇော်ခံရသော ဘုရားရှင် ဂဏေ့ရှ်။
Om Shri Ganeshaya Namaha 🙏🏻
ဂဏေ့ရှ်ဂျီးဟာ သျှိဗဘုရား နှင့် ပါရ်ဗသီးမယ်တော်မြတ်၏ သားတော်ဖြစ်၍ ကေလာ့ရှ်တောင်တော်မှာ စတင်ပွင့်ထွန်းခဲ့ပါတယ်။
သျှိဗ်ဂျီး နှင့်ပါရ်ဗသီးမယ်တော်တို့ရဲ့ ပထမဆုံးသားတော်ဟာ တာရကာစူးရ်ကို သုတ်သင်ဖို့ ဖွားမြင်လာရတဲ့ ကာရ်သီကေးယ် (ခေါ်) မူရူဂန်းဖြစ်ပါတယ်။
ဂဏေ့ရှ်ဂျီးဟာ မယ်တော်ပါရ်ဗသီး လိမ်းသော နနွင်းနှင့် စန္ဒကူးလို အသုံးအဆောင်နှင့် ပြုလုပ်ထားတဲ့ ရုပ်လေးမှ ဖြစ်လာခြင်းဖြစ်တယ်။
ထိုအရုပ်လေးမှာ မီး၊ရေ၊လေ၊မြေ၊ကောင်းကင် အစရှိတဲ့ဓာတ်အပေါင်း စုပေါင်းပြီးမှ ဂဏေ့ရှ်ဂျီးဖြစ်လာခြင်းဖြစ်တယ်။
မဟာဒေ့ဗ်ဟာ မဟေးရှစူးရ်ရဲ့သား ဂဂျာစူးရ်ကို သုတ်သင်နေရချိန်မှာ ဂဏေ့ရှ်ဂျီးစတင်ပွင့်ထွန်းခဲ့သည်။
ပါရ်ဗသီးမယ်တော်ဟာ ခင်ပွန်းဖြစ်သူ မဟာဒေ့ဗ်ကိုကြိုဆိုဖို့ ရေချိုးနေတဲ့ အချိန်မှာ ရွှံ့ကဲ့သို့ အရုပ်မှ စတင်ဖြစ်ပေါ်လာသော ဂဏေ့ရှ်ဂျီးကို မည်သူ့မှ အထဲပေးမ၀င်ဖို့ တံခါးကိုစောင့်ဖို့မှာခဲ့ပါတယ်။
ထို့နောက် ဂဏေ့ရှ်ဂျီးကို တုတ်တစ်ခု ပေးအပ်ခဲ့ပါတယ်။
ထိုအချိန်မှာ ရှီဗာဂျီးလာတော့ ပါရ်ဗသီးမာသားကို တွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂဏေ့ရှ်ဂျီးဟာ မိခင်မှာကြားသော အမိန့်အတိုင်း ၀င်ခွင့်မပြုဘဲ တားမြစ်ခဲ့ပါတယ်။
ထိုအခါမှာ ဂဏေ့ရှ်ဂျီးကို ဗာဆူကီမြွေမင်း၊ ဂရုဒ ငှက်မင်းနှင့် အခြားပုဂ္ဂိုလ်တို့မှ ၀င်ရောက်တိုက်ခိုက်ကြလေတယ်။ သို့ပေမဲ့ ဂဏေ့ရှ်ကို မည်သူမှ မအောင်နိုင်ခဲ့ပါ။ အလားတူပင် ဗရဟ်မာဂျီးနှင့် ဗိသ်ျှဏုဂျီး (ဗစ်ရှ်နူး) တို့ တိုက်ခိုက်ရာတွင်လည်း ဂဏေ့ရှ်ဂျီးကို မအောင်မြင်ခဲ့ပါ။
ဂဏေ့ရှ်ဂျီးဟာ ဆင် ဦးခေါင်းနဲ့ Gajanan အဖြစ် မွေးဖွားဖို့ သတ်မှတ်ပြီးဖြစ်တယ်။
ဂဏေ့ရှ်ဂျီးဟာ စတင်မွေးဖွားကတည်းက ရှနီနတ်မင်းရဲ့ အကြည့်ခံခဲ့ရပါတယ်။ ရှနီနတ်မင်းဟာ ဂဏေ့ရှ်ဂျီးကို ပါရ်ဗသီးမယ်တော်ရဲ့ သားဖြစ်တဲ့အတွက် ဖူးမြော်ချင်တဲ့စိတ်နဲ့ ကြည့်ခဲ့ပေမဲ့ ရှနီနတ်မင်းရဲ့ အကြည့်ဆိုးကြောင့် ရှီဗာဂျီးကိုလည်း သူ့ဖခင်မှန်း မသိခဲ့ဘူး။ ရှင်းပြခွင့်လည်း မပေးခဲ့ဘူး။
မဟာဒေ့ဗ်ဘုရားမြတ်ဟာ အလုံးစုံခပ်သိမ်းကို သိမြင်ပြီးသား ဘုရားရှင်ပါ။ ဂဏေ့ရှ်ဂျီးကိုလည်း သူ့သားမှန်းသိပြီးသားပါ။
အရာရာဟာ လီလာ သဘောပေါ့။
နောက်ဆုံး ဂဏေ့ရှ်ဂျီးကို ပြောမရတဲ့အခါမှာ ရှီဗားဘုရားမြတ်က သူ့ရဲ့ တြိရှူးလ်နဲ့ ခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။
ဂဏေ့ရှ်ဂျီးဟာ ရှနီရဲ့ အကြည့်ကြောင့် ဘုရားတွေနဲ့ ယှဉ်ပြီးတိုက်ခဲ့တာဖြစ်တယ်။
မကြာခင် ပါရ်ဗသီး မယ်တော် ရေချိုးပြီးထွက်လာတော့ မိမိရဲ့သား ခေါင်းပြတ်တာကိုတွေ့တော့ အလွန်အင်မတန် ဒေါသဖြစ်ပြီးကလေးသူငယ်တစ်ယောက်ကို နတ်မင်းတွေ ဘုရားတွေက ဘာလို့တိုက်ခိုက်ကြသလဲ။
ဘယ်သူ ခေါင်းဖြတ်သလဲလို့မေးမြန်းပြီး မေးခွန်းတွေ ထုတ်ခဲ့ပြီး သားဖြစ်သူကို အသက်ပြန်ပေးဖို့ ပြောလေတယ်။ သို့ပေမဲ့ နတ်တွေ ဘုရားတွေက နှုတ်ဆိတ်လျက်နေခဲ့တယ်။
အဲ့အတွက် မဟာရှက်သီးဖြင့် လောကကို တစ်ခွင်ကို ဖျက်စီးရန် အစပျိုးလေသည်။
ထိုအခါကျမှ ဘုရားရှင်များနှင့် နတ်မင်းအပေါင်းတို့ဟာ မယ်တော်မြတ်ကို တောင်းပန်ပြီး သားဖြစ်သူအား အသက်ပြန်ပေးရန် သဘောတူညီကြလေသည်။
✰ ဘာဖြစ်လို့ သျှိဗဘုရား (ရှီဗား)က သားဖြစ်သူကို ခေါင်းဖြတ်ရတာလဲ။
ခေါင်းဖြတ်ရတဲ့ နောက်ကွယ်မှာ ကထာ လီလာမြတ်တစ်ခုရှိပါတယ်။
တစ်ချိန်က ရှီဗားဘုရားမြတ်သာ မာလီ နဲ့ စုမာလီ အမည်တွင်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ဆုတောင်းမှုကြောင့် သူတို့ကိုကာကွယ်ပေးဖို့ ဆုတစ်ခု ပေးခဲ့ရတယ်။
သူတို့က နေနတ်မင်းနဲ့ တိုက်ခိုက်တော့ မဟာဒေ့ဗ်က နေနတ်မင်းကို သေလုမြောပါးဖြစ်အောင် လုပ်လိုက်ရတယ်။
စူရ်ယနတ်မင်းရဲ့ ဖခင် ကရှ်ယပရသေ့က ထိုအခြေအနေကို မြင်တော့ ကျိန်စာတစ်ခုပေးခဲ့ပါတယ်။
ထိုကျိန်စာကား "မိမိသားအား တြိရှူးလ် ဖြင့် ခေါင်းဖြတ်ရပါစေ"ဆိုပြီးဖြစ်တယ်။
ဆင်ဦးခေါင်းနဲ့ ဖြစ်လာရဖို့ ကံတရား ဖြစ်ပေါ်လာရပြီးဖြစ်ပါတယ်။ (ဂဏေ့ရှ်မှာ မူလပကတိအသွင် မဟာဂဏပသီအသွင်မြတ် ဆင်ဦးခေါင်းတော်ဖြင့် ရှိပြီးသားဖြစ်ပါတယ်)
ရှီဗားဂျီးလည်း သူ့သားကို ခေါင်းပြန်ဆက်ပေးဖို့ မြောက်အရပ်မှာရှိတဲ့ မြောက်အရပ်ကို ဦးခေါင်းပြုနေတဲ့ ကလေး တစ်ယောက်ခေါင်းကို ၆ ရက်အတွင်း ယူရမယ်လို့ မိန့်တော်မူတယ်။
ဗစ်ရှ်နူးဘုရားအမှူးပြုတဲ့ နတ်မင်းတို့ လိုက်ရှာတာ နောက်ဆုံး ထိုအချက်တို့နဲ့ ကိုက်ညီတဲ့ ဆင်ကလေးတစ်ကောင်ကိုတွေ့တယ်။
သူ့ကို မိခင်မှ စွန့်ပစ်ထား၍ မကြာခင် အစာငတ်ပြီး သေရတော့မယ့် ဆင်လေးဖြစ်တယ်။
ဘာလို့လဲဆိုတော့ မိခင်က အဲ့ဆင်လေးကို ကျောပေးနေပြီး စွန့်ပစ်ထားလို့ ဖြစ်တယ်။
များမကြာခင်မှာဘဲ ကာလ်ဒေ့ဗ် သေမင်းက ဆင်လေးရဲ့ အသက်ကို နှုတ်ယူလေတယ်။ ပြီးမှ ဗိသျှ်ဏုဘုရားက ထိုဆင်ဦးခေါင်းကို ယူပြီး ဆင်လေးကိုလည်း နတ်ပြည်မှာ နေရာတစ်နေရာ ပေးသနားခဲ့လေတယ်။
Ashwini Kumars ညီနောင်တို့ အကူအညီနဲ့ ပြန်ဆက်ပေးခဲ့တဲ့နောက်မှာ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ ထို့အတွက် ဆင်ဦးခေါင်းနဲ့ ဖြစ်လာရတာပါ။
#ဂဏေ့ရှ်ဘုရားသမိုင်း
#ရခိုင်ပြည်နယ်စစ်တွေမြို့