06/02/2026
လူ့စိတ်နှလုံးနှင့်ကယ်တင်ခြင်းအကြောင်း
English လိုပါတွဲရေးလိုက်ပါတယ်
မိမိကလေးတွေကိုလည်း ပုံပြပြီး ရှင်းပြပေးလို့ရတယ်
#ပုံ(၁)
အပြစ်ရှိသောကြောင့် ဘုရားသခင်နှင့် ကွဲကွာနေသောသူ၏စိတ်နှလုံးပုံ ဖြစ်ပါတယ်။
ထိုသူ၏စိတ်နှလုံးထဲမှာ ဘုရားသခင်၏ဝိညာဉ်တော် နှင့်
ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာတရား မရှိဘဲ စာတန်မာနတ်ဝင်ရောက်အုပ်စိုး နေသောကြောင့်
ဝိညာဉ်မျက်စိကွယ်ပြီး ဩတ္တပ္ပစိတ် မကြည်လင်ဘဲ အမှောင်ဖုံးပြီးဉာဏ်အလင်းကွယ်ကာ စိတ်နှလုံးမိုက်မဲ သောအားဖြင့်အလျင်းမသိသောကြောင့် ဘုရားသခင်၏အသက် (ထာဝရအသက်)နှင့် ကွာရှင်းလျက် ရှိနေသောသူ၏ စိတ်နှလုံးပုံ ဖြစ်ပါသည်။
The Heart Separated from God
Looking at this image, we see the heart of a person separated from God due to sin. In this heart, the Spirit of God and the Truth of His Word are absent. Instead, Satan reigns within.
Because of this:
* The spiritual eyes are blinded and the conscience is clouded.
* The person lives in spiritual darkness and ignorance.
* They are estranged from the life of God (Eternal Life).
#ပုံ(၂) ကို ကြည့်ရင်
ဝမ်းမြောက်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းမရှိတာကို
တွေ့ရပါတယ်။
ဘာကြောင့်လဲ ဆိုရင်သူ့ရဲ့စိတ်နှလုံးဟာ စာတန်မာရ်နတ်အုပ်စိုးထားတဲ့အတွက်ကြောင့်အမှောင်ဖုံးနေ၍ ဖြစ်ပါတယ်။
ဒီလူရဲ့စိတ်နှလုံးဟာ တိရစ္ဆာန်စိတ်သဘောရှိတာကို တွေ့ရပါတယ်။
🦃 ဒေါင်း ကဲ့သို့ ဝါကြွားသောစိတ်သဘော ရှိပါတယ်။
မိမိရဲ့ရုပ်ရည်၊ ပညာ၊ စည်းစိမ်၊ ရာထူး၊ ဂုဏ်ပကာသနအပေါ်မှာဝါကြွားပြီး ထောင်လွှားသောစိတ်သဘောရှိပါတယ်။
🐐🐐 ဆိတ်ကဲ့သို့ လိုချင်တပ်မက်သောစိတ်သဘောရှိပါတယ်။
ကိုယ်ကာယအလို၊စိတ်အလိုကိုလိုက်ပြီး ကာမဂုဏ်
🐖🐖 ဝက် ကဲ့သို့ ညစ်ညူးသောစိတ်သဘောရှိပါတယ်။
မိမိရဲ့အသွေးအသားတပ်မက်မှုကိုချုပ်တည်းမှုမရှိဘဲခံစားလိုသောစိတ်သဘောရှိပါတယ်။ညစ်ညူးသောဒုစရိုက်အပြစ်များမှာပျော်မွေ့သောစိတ်သဘော
ရှိပါတယ်။
🐢🐢 လိပ်ကဲ့သို့ အတ္တ စိတ်သဘော ရှိပါတယ်။
မိမိ မိသားစုနှင့်မိမိလူမျိုးအတွက်ဘဲစဉ်းစားလုပ်ဆောင်သောအတ္တစိတ်သဘော ရှိပါတယ်။
🐅🐅 ကျား ကဲ့သို့ အနိုင်အထက်ပြုလိုသောစိတ်သဘော ရှိပါတယ်။မိမိထက်နိမ့်ကျအားနည်းဆင်းရဲတဲ့သူအပေါ်မှာ အနိုင်အထက်ပြုလိုသောစိတ်သဘော ရှိပါတယ်။
🐍🐍 မြွေကဲ့သို့ လိမ်ညာလှည့်ဖြားသောစိတ်သဘော ရှိပါတယ်။
မဖြောင့်မတ်၊ မမှန်ကန် ဘဲ လိမ်လည်လှည့်ဖြားပြီး မုသားပြောသောစိတ်သဘော ရှိပါတယ်။
🐺🐺 မြေခွေး ကဲ့သို့ ကောက်ကျစ်စဉ်းလဲသောစိတ်သဘော ရှိပါတယ်။
လူရှေ့မှာဖြောင့်မတ်သန့်ရှင်းဟန်ရှိသော်လည်း အတွင်းစိတ်နှလုံးကအခြားသူအပေါ်မှာ ကောက်ကျစ်စဉ်းလဲသောစိတ်သဘော ရှိပါတယ်။
ထိုကဲ့သို့ တိရစ္ဆာန်စိတ်သဘောရှိနေခြင်းမှာ မာရ်နတ်အုပ်စိုးထားသောကြောင့်ဖြစ်ပါတယ်။ ထိုစိတ်နှလုံးရှိသောသူသည် တစ်နေ့ထာဝရငရဲမှာ လမ်းဆုံးရမှာဖြစ်ပါတယ်။
The Countenance and Character
When looking at this person’s face, there is a visible lack of joy, gladness, and peace because the heart is shrouded in darkness under Satan’s rule. This heart reflects "animal-like" natures:
🦚The Peacock: Represents Pride. Boasting about appearance, education, wealth, status, and worldly glory.
🐐The Goat: Represents Lust. Following the desires of the flesh and the mind; indulging in sensual cravings.
🐖The Pig: Represents Filthiness. A lack of self-control over carnal desires and finding pleasure in sinful impurities.
🐢The Tortoise: Represents Selfishness. Thinking and acting only for oneself, one's family, or one's own kind.
🐅The Tiger: Represents Cruelty/Oppression. The desire to bully or overpower those who are lower, weaker, or poorer.
🐍The Snake: Represents Deceit. Being dishonest, untruthful, and prone to telling lies.
🦊The Fox: Represents Cunning/Hypocrisy. Appearing righteous and holy on the outside while harboring malice and craftiness within.
Living with such a heart leads to a final destination in eternal hell.
#ပုံ(၃)
ဘုရားသခင်သည် လူအပေါင်းပျက်စီးခြင်းသို့မရောက် ထာဝရအသက်ရဖို့ အလိုတော်ရှိပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာနှုတ်ကပတ်တော်သမ္မာတရားအားဖြင့် လူ့ရဲ့စိတ်နှလုံးကိုအသစ်ပြုပြင်ပေး ပါတယ်။
ဘုရားစကားဟာ မီးကဲ့သို့ လူ့ရဲ့စိတ်နှလုံးကို အလင်းပေးသန့်ရှင်းစေပါတယ်။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းဟာ အလင်းကိုပေးသည်ဖြစ်၍ မလိမ္မာသောသူကို လိမ္မာစေပါတယ်။
သခင်ယေရှု လူ့လောကကြွလာခြင်းဟာ ဘုရားသခင်ကိုသိသောဉာဏ်အလင်းကိုပေးဖို့နှင့် ညစ်ညူးသောစိတ်နှလုံးကို အသစ်ပြုပြင်ပေးဖို့ဖြစ်ပါတယ်။
လူရဲ့မာကျောတဲ့ ကျောက်နှလုံးကိုထုတ်ပြီး အသားနှလုံးကိုပေးဖို့ဖြစ်ပါတယ်။
The Heart Transformed by God
God desires for all people to receive eternal life rather than perish. Therefore, His Holy Spirit reforms the human heart through the Truth of His Word.
* The Word of God acts like a fire, providing light and purification.
* Jesus Christ came to provide the light of knowledge of God and to renew the defiled heart.
* He removes the "heart of stone" and replaces it with a "heart of flesh."
#ပုံ(၄)
ဒီလူရဲ့မျက်နှာကိုကြည့်ရင်
ဝမ်းမြောက်ရွှင်လန်းငြိမ်သက်ခြင်းရှိတာကိုတွေ့ရပါတယ်။
#ဘာကြောင့်လဲဆိုရင်
အပြစ်ကင်းသော သခင်ယေရှုခရစ်တော်ဘုရားဟာ ကျွန်ုပ်တို့အပြစ်တွေ့အတွက် လက်ဝါးကပ်တိုင်မှာ အသွေးသွန်းအသေခံပြီးအပြစ်ရှိသမျှကိုဆေးကြောပေးခဲ့ပါတယ်။
သခင်ယေရှုကိုယုံကြည်လက်ခံတဲ့သူဟာဘုရားသခင်၏သားသန့်ရှင်းသောသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဟာ သူ့စိတ်နှလုံးထဲဝင်ရောက်အုပ်စိုးပြီး အသစ်သောစိတ်နှလုံးကို ပေးပါတယ်။
ဘုရားသခင်၏ဝိညာဉ်တော် အုပ်စိုးထား သောကြောင့်
သူ့ရဲ့စိတ်နှလုံးဟာ ဖြူစင်လင်းနေပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ဝင်ရောက်လာတဲ့အခါမှာ မာရ်နတ်နှင့်မကောင်းတဲ့တိရစ္ဆာန်စိတ်သဘောရှိတဲ့ မှောင်မိုက်တန်ခိုးတွေဟာစိတ်နှလုံးထဲက ထွက်သွားရပါတယ်။
ယေရှုခရစ်တော်ကို လက်ခံပြီးတဲ့သူဟာ ဝိညာဉ်မျက်စိပွင့်ပြီးဩတ္တပ္ပစိတ် ကြည်လင်လာပါတယ်။
မှန်သောဘုရားသခင်ကိုသိသောဥာဏ်အလင်းရပြီး
စိတ်နှလုံးကောင်းမွန်ကာ နေ့စဉ်ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုဖော်ပြ ချီးမွမ်းပြီး ကိုးကွယ် ဝတ်ပြုပါတယ်။
ဘုရားသခင်၏ မေတ္တာကယ်တင်ခြင်းအကြောင်းကို သက်သေခံပါတယ်။
ဒီလိုစိတ်နှလုံးအသစ်ရှိသူဟာ ထာဝရဘုရားသခင်ရှိသောကောင်းကင်သုခချမ်းသာဘုံ ကို ဝင်စားရမှာဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေအနေနဲ့ ဘုရားသခင်၏သားဖြစ်ပြီး
စိတ်နှလုံးအသစ်ကို ရရှိရန် ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်ဘုရားသခင် အဖြစ် လက်ခံယုံကြည်ဖို့ ပြောကြားလိုပါတယ်။
The New Countenance
In this state, the face reflects joy, gladness, and peace.
Why? Because the sinless Lord Jesus Christ shed His blood on the cross to wash away all our sins.
* Those who believe in and accept Jesus become children of God.
* The Holy Spirit enters to rule the heart, granting a "New Heart."
* As the Spirit takes over, the darkness of Satan and the "animal natures" are cast out.
* Spiritual eyes are opened, and the conscience becomes clear.
With a heart of light, the believer daily praises God, testifies of His saving love, and looks forward to entering the heavenly kingdom. To receive this new heart, you are invited to accept Jesus Christ as your personal Lord and Savior.
#ပုံ(၅)
ဆက်လက်ပြီး ဒီပုံကိုကြည့်မယ်ဆိုရင်
ဝိညာဉ်ရေးရာ အသက်တာကျဆင်းနေတဲ့လူရဲ့စိတ်နှလုံးပုံ ဖြစ်ပါတယ်။
ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးစအချိန်မှာ ဝိညာဉ်ရေးရာတိုးတတ်ပြီး နိုးကြားတာကိုတွေ့ရပါတယ်။
ဘုရားသခင်ဖက်မှာ စိတ်အားကြီးပြီးဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို နေ့စဉ်ဟောပြောသက်သေခံတာကိုတွေ့ရပါတယ်။
တဖြည်ဖြည်းနှစ်ကြာလာတဲ့အခါမှာ ဝိညာဉ်ရေးရာကို ဦးစားမပေးဘဲဇာတိကို ဦးစားပေးအသက်ရှင်လာ ပြီး လောကအရာတပ်မက်မှုတွေများလာတာကြောင့် ဝိညာဉ်ရေးရာနိုးကြားမှု မရှိတော့သဖြင့် ထိုသူရဲ့
အသက်တာမှာ ဝမ်းမြောက်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းမရှိတာကို တွေ့ရပါတယ်။
ဒီလိုလူမျိုးဟာ အပယ်ငရဲသို့ မရောက်ရှိသော်လည်း လူ့လောကအသက်တာမှာ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို မခံစားရဘဲစိတ်ဆင်းရဲဒုက္ခရောက်နေတာကို
တွေ့ရပါတယ်။
The Backslidden Heart
Finally, this image represents a person whose spiritual life is in decline.
When they first accepted Jesus, they were spiritually fervent and actively testified of God's grace. However, as years passed, they stopped prioritizing spiritual growth and began focusing on worldly desires and the "flesh."
* The Result: Spiritual awakening is lost, and the joy, gladness, and peace vanish from their life.
* The Consequence: While such a person may not fall into eternal hell (having been saved), they lose the experience of God’s blessings on earth and live in spiritual distress and misery.
Would you like me to help you refine this into a specific format, such as a pamphlet or a presentation script?
#ဓမ္မဓာနခရစ်ဒစ်
@အမာခံပရိသတ်များ