Robinkung

Call Directions Website

Robinkung အောက်မှာလည်း မြန်မာလိုပါတယ်နော်။
I am the Lead pastor of Bawathit Yangon which has different Churches under it.

ကျွန်တော့်လို စာအရှည်ကြီးဖတ်ပျင်းသူများအတွက် တိုတိုနဲ့ထိထိမိမိခွန်အားယူ ဆင်ခြင်စရာများကို မျှဝေပေးဖို့ ဒီ Page က ရှိရခြင်းပါ။
----
ကျနော်က ဘ၀သစ်အသင်းတော်များကို ဦးဆောင်သလို Bawathit Yangon မှာလည်း သင်းအုပ်လုပ်ပါတယ်။ www.robinkung.com မှာလည်းကြည့်လို့ရ၏။ I am also the Founder/Owner of Bawa Innovations, this is where I help people outside of the Church in the areas of Personal Leadership, Life Management, Money Management, and English Speaking Ability. I also lead Bawathit Elim Myanmar which is the Umbrella ministry of everything we do as a ministry. This is Church planting Ministry which plants churches in Towns or Villages where there is no existing Church. I Train Church planters for Effective Ministry through Emerge School of Leadership in Yangon, Myanmar. Aside from those ministries I do, my hobby is Music so I also started and own BG Entertainment and Bawathit Recording Studio in Yangon.

ကျွနော်က ဘ၀သစ်ရန်ကုန်ရဲ့ သင်းအုပ်ဆရာပါ။ School of Leadership မှာလည်း အချိန်ပြည့်ဦးဆောင်သင်ပြသူလည်းဖြစ်ပါတယ်။ သာသနာအနေနဲ့တော့ Bawathit Elim Myanmar ကို ဦးဆောင်နေပါတယ်။
Bawa Innovations ကတော့ အပြင်ကုပဏ္ဏီဖြစ်ပြီး ကိုယ်ပိုင်ခေါင်းဆောင်မှု၊ ဘ၀စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှုနှင့်အင်္ဂလပ်စကားပြောကို သင်ကြားပေးပြီး၊ နောက်တစ်ခုအနေနဲ့ Logistics များကိုလည်း အထူးဆောင်ရွက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။

အထက်က သာသနာ၊ အသင်းတော် ပြီးတာနဲ့ ဝါသနာပါရာဖြစ်တဲ့ တေးဂီတကိုလည်းဖန်တီးချင်သူ။ ကိုယ်တိုင်မဖန်တီးတတ်ပေးမယ့် ဖန်တီးသူတွေကို ပံ့ပိုးချင်လို့ BG Entertainment, Bawathit Recording Studio နှင့် BG Music Band ကိုလည်း လုပ်ဆောင်နေပါတယ်။

'သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။ ထို​အရာ​တို့​ကို အမြဲတမ်း​အမှတ်ရ​လျက် ငါ့​စိတ်...
22/10/2026

'သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။ ထို​အရာ​တို့​ကို အမြဲတမ်း​အမှတ်ရ​လျက် ငါ့​စိတ်ဝိညာဉ်​သည် ညှိုးငယ်​ရ​ပါ​ပြီ​။
ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။ နံနက်တိုင်း ကရုဏာ​တော်​အသစ်​ကို ခံစား​ရ​ပါ​၏​။
သစ္စာ​တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ “​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။
ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။ ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ငြိမ်ဝပ်​စွာ​မျှော်လင့်စောင့်စား​သော​သူ​သည် ကောင်းကျိုး​ကို ခံစား​ရ​၏​။ '

ယေရမိမြည်တမ်းစကား 3:20-26

ယေရမိ၏မြည်တမ်းခြင်း၊ စိတ်ဓါတ်ကျခြင်းက သူ့အကြောင်းကိုသာ ဆင်ခြင်ခြင်းကနေလာပြီး မြည်တမ်းခြင်းကို ဝမ်းမြောက်ခြင်းအဖြစ်ပြောင်းလဲလိုက်နိုင်တာ နှင့် စိတ်ဓါတ်ကျခြင်းကို မျှော်လင့်ခြင်းအဖြစ်ပြောင်းလဲလိုက်နိုင်တာက ... ဘုရားသခင်၏ ကျေးဇူးဂရုဏာတော်အကြောင်းကို ဆင်ခြင်လိုက်ခြင်းဖြစ်တယ်။

သင်တတ်နိုင်ခြင်းကိုလည်း ကြည့်ပြီး စိတ်ချခြင်းမရှိနဲ့
သင်မတတ်နိုင်ခြင်းကိုလည်း ကြည့်ပြီး စိတ်ပူခြင်းမရှိနဲ့
ကိုယ်တော်တတ်နိုင်ခြင်းကိုသာကြည့်ပြီး ဝမ်းမြောက် + မျှော်လင့်ပါ။

ကိုယ့်အကြောင်းကို ဆင်ခြင်ခြင်းကနေ ကိုယ်ုတော်အကြောင်းကို ဆင်ခြင်လိုက်ပါ။

အာမင်။




သင်ဟာ လူတွေရဲ့ဘဝကို လောကမှာ ပိုကောင်းလာအောင် ပြောင်းလဲပေးဖို့ပဲ မဟုတ်ဘူး။ ထာဝရကာလအတွက်ပါ သူတို့ရဲ့ဘဝကို ပြောင်းလဲပေးဖို့...
21/10/2026

သင်ဟာ လူတွေရဲ့ဘဝကို လောကမှာ ပိုကောင်းလာအောင် ပြောင်းလဲပေးဖို့ပဲ မဟုတ်ဘူး။ ထာဝရကာလအတွက်ပါ သူတို့ရဲ့ဘဝကို ပြောင်းလဲပေးဖို့ ဘုရားသခင်က တာဝန်ပေးထားတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်ခြင်းမှာ ထာဝရအရေးကြီးတဲ့အရာတွေကို ဘယ်တော့မှ မမေ့ပါနဲ့။

လူတွေကို ကူညီပေးတာ၊ ဆင်းရဲသားတွေကို ထောက်ပံ့တာ၊ ပညာရေးနဲ့ လူမှုဘဝတွေ တိုးတက်လာအောင် လုပ်ဆောင်ပေးတာတွေဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီဘဝကို ပိုကောင်းလာအောင် ကူညီပေးရုံနဲ့ မပြီးသေးဘူး။ လူတွေရဲ့ ထာဝရအနာဂတ်ကိုပါ စဉ်းစားပေးဖို့ လိုတယ်။

ပေးကမ်းစွန့်ကြဲခြင်းတွေက ဒီဘဝကို ပိုကောင်းလာစေနိုင်ပေမဲ့ အပြစ်ထဲကနေ ကယ်တင်ခြင်းနဲ့ ထာဝရအသက်ကို ပေးနိုင်တာကတော့ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားပဲ ဖြစ်တယ်။

သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။ ရှင်မဿဲ 28:19

ဘုရားသခင်က ကျွန်တော်တို့ကို လူတွေရဲ့ လက်ရှိဘဝ အဆင်ပြေဖို့အတွက်ပဲ အသုံးပြုနေတာ မဟုတ်ဘူး။ သူတို့ ယေရှုခရစ်တော်ကို သိလာဖို့၊ ယုံကြည်လာဖို့နဲ့ ထာဝရအသက်ကို ရရှိဖို့အတွက်လည်း အသုံးပြုနေတာဖြစ်တယ်။

လူတွေရဲ့ဘဝကို ပိုကောင်းလာအောင် ကူညီပေးရုံနဲ့ မရပ်လိုက်ပါနဲ့။ ထာဝရအသက်ကို ပေးနိုင်တဲ့ ယေရှုခရစ်တော်ဆီကိုလည်း လမ်းပြပေးပါ။
အစားအသောက်ဘဲ ဝေမျှပြီး ယေရှုကို မဝေမျှရင် လူတွေက ထာဝရအသက်ကောင်းကြီးကို ဆုံးရှုံးနေကြဉီးမှာပါ။

လောကအတွက် လိုအပ်တာတွေကိုလည်း ကူညီရင်း မျှဝေရင်း
ထာဝရအတွက် အလိုအပ်တဲ့ ယေရှုကိုလည်း မျှဝေကြပါစို့။



ဒီနေ့ ကမ္ဘာကြီးရဲ့ အကြီးမားဆုံးပြဿနာဟာ အပြစ်တရားပဲ ဖြစ်နေသေးတယ်ဆိုရင်၊ ယေရှုခရစ်တော်ဟာလည်း ကမ္ဘာကြီးရဲ့ တစ်ခုတည်းသော မျှ...
20/10/2026

ဒီနေ့ ကမ္ဘာကြီးရဲ့ အကြီးမားဆုံးပြဿနာဟာ အပြစ်တရားပဲ ဖြစ်နေသေးတယ်ဆိုရင်၊ ယေရှုခရစ်တော်ဟာလည်း ကမ္ဘာကြီးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေဆဲပါပဲ။

နည်းပညာတွေက လူတွေရဲ့ဘဝကို ပိုကောင်းလာစေနိုင်တယ်။ ပညာရေးက အသိပညာတွေ တိုးပွားလာစေနိုင်တယ်။ အစိုးရတွေက ဥပဒေတွေကို ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ လူ့နှလုံးသားကို အတွင်းကနေ တကယ်ပြောင်းလဲပေးနိုင်တာကတော့ ယေရှုခရစ်တော်ပဲ ဖြစ်တယ်။

လူသားတွေရဲ့ အနက်ရှိုင်းဆုံးပြဿနာကို ဖြေရှင်းဖို့ အကြီးမြတ်ဆုံး ကယ်တင်ရှင် လိုအပ်တယ်။

ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။တမန်တော်‬ ‭4‬:‭12‬ ‭

ဒီနေ့ ကမ္ဘာကြီးမှာ ပြဿနာတွေ အများကြီးရှိတယ်။ ဆင်းရဲမွဲတေမှု၊ ပညာရေးအားနည်းမှု၊ မတရားမှုနဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့လည်း လိုအပ်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာ လူ့နှလုံးသားရဲ့ ပြသနာကိုလည်း မမေ့သင့်ဘူး။

လူ့နှလုံးသား မပြောင်းလဲသရွေ့ အပြင်ပန်းအခြေအနေတွေ ပြောင်းလဲရုံနဲ့ အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် ကျွန်တော်တို့ရဲ့ တာဝန်က လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံတင်မဟုတ်ဘူး။ အပြစ်တရားကနေ ကယ်တင်နိုင်တဲ့ ယေရှုခရစ်တော်အကြောင်းကိုလည်း ဝေမျှပေးဖို့ ဖြစ်တယ်။

ပြဿနာက အပြစ်တရားပဲ။ အဖြေကတော့ ယေရှုခရစ်တော်ပဲ ဖြစ်တယ်။
လောကကြီးရဲ့ ပြသနာ အရင်းအမြစ်က အပြစ်တရားဖြစ်လို့ ထိုပြသနာရဲ့ အဖြေဟာ ယေရှု ဘုရားတစ်ပါးတည်းသာဖြစ်တယ်။



ဘုရားသခင်က ပြည့်စုံတဲ့လူတွေကိုပဲ ရှာနေတာမဟုတ်ဘူး။ ကိုယ်တော်အတွက် လိုလိုလားလား အသုံးခံမယ့်သူတွေကို ရှာနေတာဖြစ်တယ်။ဘုရားသခ...
19/10/2026

ဘုရားသခင်က ပြည့်စုံတဲ့လူတွေကိုပဲ ရှာနေတာမဟုတ်ဘူး။ ကိုယ်တော်အတွက် လိုလိုလားလား အသုံးခံမယ့်သူတွေကို ရှာနေတာဖြစ်တယ်။

ဘုရားသခင်အတွက် ကိုယ်လုပ်နိုင်တာ ဘယ်လောက်ရှိလဲဆိုတာထက် ကိုယ်တော်အသုံးပြုဖို့ ကိုယ့်ကိုယ်ကို ဘယ်လောက်အပ်နှံထားသလဲဆိုတာက ပိုအရေးကြီးတယ်။

ဘုရားသခင်ဟာ သာမန်လူတွေကိုပဲ အသုံးပြုပြီး ကြီးမားတဲ့အမှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူတို့
မှာ အရည်အချင်းတွေ အများကြီးရှိလို့ မဟုတ်
ဘူး။ ဘုရားသခင်ခေါ်တဲ့အခါ “အကျွန်ုပ်အသင့်ရှိပါ၏”လို့ တုံ့ပြန်ခဲ့ကြလို့ ဘုရားက ကြီးမားစွာအသုံးပြုခဲ့တာပါ။ အသုံးတော်ခံဖို့ ဆန္ဒရှိရင် ဘုရားက ဘယ်သူ့ကိုမဆို အသုံးပြုနိုင်ပါတယ်။

“ထို့နောက် “​ငါ​မည်သူ့​ကို​စေလွှတ်​ရ​မည်နည်း​။ မည်သူ​သည် ငါ​တို့​အတွက် သွား​မည်နည်း​”​ဟု ဘုရားရှင်​မိန့်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ ထိုအခါ ငါ​က “​အကျွန်ုပ်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်​၏​။” ဟေရှာယ ‭6‬:‭8‬ ‭MSBU‬‬

ကိုယ့်မှာ အရည်အချင်းမပြည့်စုံသေးဘူးလို့ ခံစားနေရလား။ အားလုံးကို တတ်ကျွမ်းပြီးမှ ဘုရားသခင်အတွက် အသုံးတော်ခံဆိုပြီးမစောင့်ပါနဲ့။ ကိုယ်တော်ခေါ်တဲ့အခါ လိုလိုလားလားနဲ့ နာခံဖို့ပဲ လိုတယ်။

ဘုရားသခင်လက်ထဲကို လုံးလုံးအပ်နှံထားတဲ့ စိတ်နှလုံးဟာ သာမန်လူတစ်ယောက်ကိုတောင် ထူးခြားတဲ့အမှုတွေ လုပ်ဆောင်နိုင်သူ ဖြစ်စေနိုင်တယ်။

ဒီနေ့ ဘုရားသခင်က သင့်ကို တစ်ခုခုလုပ်ဖို့ ခေါ်နေတယ်ဆိုရင် အကျွန်ုပ်ရှိပါ၏ ဆိုပြီး လိုလိုလားလား သင်တုန့်ပြန်လိုက်ပါ။



18/10/2026

October.18.2026 | 11:00 AM Service
Worship Leader : William chit
Speaker : Pastor Robin kung--------
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။

18/10/2026

October.18.2026 | 9:00 AM Service
Worship Leader : William chit
Speaker : Pastor Robin kung--------
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.baathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။

သန့်ရှင်းသောဝိညာဉ်တော်ကို အခြားသောဘာသာစကားအမျိုးမျိုးနဲ့ ပြောနိုင်ဖို့အတွက်ပဲ ပေးထားတာမဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့ တစ်ခုတည...
18/10/2026

သန့်ရှင်းသောဝိညာဉ်တော်ကို အခြားသောဘာသာစကားအမျိုးမျိုးနဲ့ ပြောနိုင်ဖို့အတွက်ပဲ ပေးထားတာမဟုတ်ဘူး။ ကယ်တင်ခြင်းရဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ယေရှုခရစ်တော်အကြောင်းကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့လည်း ပေးထားတာဖြစ်တယ်။

သန့်ရှင်းသောဝိညာဉ်တော်ဟာ အခြားသောဘာသာစကားအမျိုးမျိုးနဲ့ ပြောနိုင်ဖို့တင်မကဘဲ ယေရှုခရစ်တော်အကြောင်းကို သတ္တိရှိရှိ သက်သေခံနိုင်ဖို့လည်း ခွန်အားပေးတယ်။ ဝိညာဉ်ဆုကျေးဇူးတွေ ရရှိဖို့ပဲ အာရုံစိုက်မနေဘဲ အဲဒီဆုကျေးဇူးတွေကနေတစ်ဆင့် ခရစ်တော်ရဲ့ဘုန်းတော် ထင်ရှားလာဖို့နဲ့ ကိုယ်တော်ပေးထားတဲ့ တာဝန်ကို ပြည့်စုံစေဖို့ လိုအပ်တယ်။

သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ... ငါ၏သက်သေဖြစ်ကြလိမ့်မည်။” လို့ တမန်တော်ဝတ္ထု ၁:၈ မှာ ဖော်ပြထားတယ်။ သန်ရှင်းသော ဝိညာဉ်တော် ပေးတာ ယေရှုအကြောင်းရဲဝံ့စွာသက်သေခံဖို့တင်မဟုတ်ဘဲ ယေရှုအတွက်ရဲ့ဝံ့စွာသက်သေဖြစ်ဖို့လည်းပါတယ်။

အခြားဘာသာစကားအမျိုးမျိုးနဲ့ ပြောနိုင်ဖို့အတွက်ပဲ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကို မရှာပါနဲ့။ ယေရှုအကြောင်းကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့လည်း တောင်းလျှောက်ပါ။


သင်လုပ်နိုင်တာကိုပဲ လုပ်နေမယ်ဆိုရင် ဘုရားသခင်သာ လုပ်ဆောင်နိုင်တဲ့အရာတွေကို သင်မြင်တွေ့ရမှာ မဟုတ်ပါဘူး။ယုံကြည်ခြင်းဆိုတာ ...
17/10/2026

သင်လုပ်နိုင်တာကိုပဲ လုပ်နေမယ်ဆိုရင် ဘုရားသခင်သာ လုပ်ဆောင်နိုင်တဲ့အရာတွေကို သင်မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ယုံကြည်ခြင်းဆိုတာ ကိုယ့်အစွမ်းအစနဲ့ မတတ်နိုင်တော့တဲ့နေရာကနေ စတင်ပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ယုံကြည်ပြီး နာခံမှုနဲ့ ရှေ့ကိုလှမ်းပါ။

ကိုယ့်ခွန်အားနဲ့မတတ်နိုင်တော့တဲ့အခါ ဘုရားသခင် လုပ်ဆောင်ပေးဖို့ နေရာပေးကြည့်ပါ။

“ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။” ရှင်လုကာခရစ်ဝင်‬ ‭1‬:‭37‬ ‭MSBU‬‬

ကိုယ့်ခွန်အားနဲ့ မလုပ်နိုင်ဘူးလို့ ထင်ရတဲ့အချိန်မှာတောင် ဘုရားသခင် ခိုင်းစေတဲ့အရာကို လုပ်ဆောင်ပါ။ အဲဒီနေရာကနေ ဘုရားသခင် ဘာလုပ်နိုင်တယ်ဆိုတာကို သင်စတင်မြင်တွေ့လာပါလိမ့်မယ်။






တစ်ခါတလေ ကိုယ်လိုချင်တဲ့အရာတွေ ဖြစ်မလာသေးလို့ စိတ်ပျက်တတ်တယ်။ ကိုယ်မျှော်လင့်ထားတဲ့ တံခါးတွေ မပွင့်သေး, ကိုယ်ဆုတောင်းထား...
16/10/2026

တစ်ခါတလေ ကိုယ်လိုချင်တဲ့အရာတွေ ဖြစ်မလာသေးလို့ စိတ်ပျက်တတ်တယ်။ ကိုယ်မျှော်လင့်ထားတဲ့ တံခါးတွေ မပွင့်သေး, ကိုယ်ဆုတောင်းထားတဲ့ အခွင့်အရေးတွေလည်း မရောက်လာသေးဘူးဖြစ်တတ်တယ်။ ဒါပေမဲ့ သင့်ဘဝမှာ ဘာမှမဖြစ်နေဘူးလို့ မဆိုလိုပါဘူး။

ဘုရားသခင်က
အပြင်အခြေအနေကို ပြောင်းလဲမပေးခင်
အတွင်းစိတ်သဘောကို ပြောင်းလဲတည်ဆောက်တယ်။

ဒါဝိဒ်ဟာ ဘုရင်မဖြစ်ခင် သိုးထိန်းတစ်ယောက်အဖြစ် သစ္စာရှိဖို့ သင်ယူခဲ့တယ်။
မောရှေဟာ အစ္စရေးလူမျိုးတွေကို ဦးဆောင်ခြင်းမပြုခင် တောကန္တာရမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။
ယောသပ်ဟာ အုပ်ချုပ်သူမဖြစ်ခင် ကျွန်ဘဝနဲ့ ထောင်ကျတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။

သူတို့ရဲ့စောင့်ဆိုင်းရတဲ့ကာလတွေဟာ အလဟသဖြစ်ခဲ့တာ မဟုတ်ဘူး။ ဘုရားသခင်အပေါ် မှီခိုခြင်း၊ သစ္စာရှိခြင်းနဲ့ တာဝန်ယူတတ်ခြင်းတွေကို သင်ယူရတဲ့ကာလတွေ ဖြစ်ခဲ့တယ်။

သင့်ဘဝမှာလည်း အခုကြုံနေရတဲ့အရာတွေက သင့်ကို စိတ်ရှည်တတ်ဖို့၊ နှိမ့်ချတတ်ဖို့၊ ပညာရှိဖြစ်လာဖို့နဲ့ ဘုရားသခင်ကို ပိုမှီခိုတတ်ဖို့ သင်ပေးနေတာ ဖြစ်နိုင်တယ်။

ဒါကြောင့် အခွင့်အရေးကိုပဲ မစောင့်ပါနဲ့။ အဲဒီအခွင့်အရေးအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ပါ။ ရာထူးကိုပဲ မတောင်းပါနဲ့။ အဲဒီတာဝန်ကို ထမ်းဆောင်နိုင်မယ့် စရိုက်လက္ခဏာကိုလည်း တည်ဆောက်ပါ။ ဘုရားသခင်က သင့်အားဖြင့် ကြီးမားတဲ့အမှုတွေ လုပ်ဆောင်ချင်တယ်ဆိုရင် အရင်ဆုံး သင့်နှလုံးသားကို သူ့အလိုအတိုင်း ပြုပြင်တည်ဆောက်ပေးတတ်ပါတယ်။

ဘုရားသခင်က သင့်ကို အသုံးပြုဖို့အတွက် သင့်ရဲ့ဆုကျေးဇူးကိုသာ မကြည့်ဘူး။ သင့်ရဲ့နှလုံးသားနဲ့ စရိုက်ကိုလည်း ပြုပြင်တည်ဆောက်နေတယ်။

'သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။ ဖိလိပ္ပိ 1:6

ဒီနေ့ သင်စောင့်ဆိုင်းနေရတဲ့အချိန်ကို အလဟသလို့ မထင်မမှတ်ယူဘဲ ဘုရားသခင်က သင့်ကို ပိုကြီးမားတဲ့တာဝန်တွေအတွက် ပြင်ဆင်တည်ဆောက်နေတဲ့ကာလလို့ ယုံကြည်ပြီး သစ္စာရှိစွာ ဆက်လျှောက်လိုက်ပါ။

ဘုရားက သူ့အချိန်မှာ သင့်ကို ချီးမြောက်မှာပါ။ ဘုရားအချိန်ကျချိန်သင့်က ချီးမြှောက်လို့ရတဲ့သူ အဖြစ်အဆင်သင့်ဖြစ်နေဖို့ အရမ်းအရေးကြီးပါတယ်။ ဘုရားအချိန်ကျပြီး သင်က အဆင်သင့်မဖြစ်ရင် သင်ဟာ နောက်ကျ ကျန်ခဲ့ပါမယ်။ ဒါကြောင့် ပြင်ဆင်ပါ။ စောင့်ဆိုင်းပါ။ အဆင်သင့်နေပါ။



ဒီမနက်တော့ ထိနှစ်ပင် နှင့် လှော်ကားပေါင်းပြီး လက်ဘက်ရည် မသောက်ခင် ဘော်လုံးလည်းခဏကန်ကြတယ်။ “ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​...
15/10/2026

ဒီမနက်တော့ ထိနှစ်ပင် နှင့် လှော်ကားပေါင်းပြီး လက်ဘက်ရည် မသောက်ခင် ဘော်လုံးလည်းခဏကန်ကြတယ်။

“ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။”
‭‭ဆာလံ‬ ‭133‬:‭1‬ ‭JBMLE‬‬

Address

ShweLinBan
Shwelinban
11014

Alerts

Be the first to know and let us send you an email when Robinkung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share