Robinkung

Robinkung အောက်မှာလည်း မြန်မာလိုပါတယ်နော်။
I am the Lead pastor of Bawathit Yangon which has different Churches under it.

ကျွန်တော့်လို စာအရှည်ကြီးဖတ်ပျင်းသူများအတွက် တိုတိုနဲ့ထိထိမိမိခွန်အားယူ ဆင်ခြင်စရာများကို မျှဝေပေးဖို့ ဒီ Page က ရှိရခြင်းပါ။
----
ကျနော်က ဘ၀သစ်အသင်းတော်များကို ဦးဆောင်သလို Bawathit Yangon မှာလည်း သင်းအုပ်လုပ်ပါတယ်။ www.robinkung.com မှာလည်းကြည့်လို့ရ၏။ I am also the Founder/Owner of Bawa Innovations, this is where I help people outside of the Church in the areas of Personal Leadership, Life Man

agement, Money Management, and English Speaking Ability. I also lead Bawathit Elim Myanmar which is the Umbrella ministry of everything we do as a ministry. This is Church planting Ministry which plants churches in Towns or Villages where there is no existing Church. I Train Church planters for Effective Ministry through Emerge School of Leadership in Yangon, Myanmar. Aside from those ministries I do, my hobby is Music so I also started and own BG Entertainment and Bawathit Recording Studio in Yangon.

ကျွနော်က ဘ၀သစ်ရန်ကုန်ရဲ့ သင်းအုပ်ဆရာပါ။ School of Leadership မှာလည်း အချိန်ပြည့်ဦးဆောင်သင်ပြသူလည်းဖြစ်ပါတယ်။ သာသနာအနေနဲ့တော့ Bawathit Elim Myanmar ကို ဦးဆောင်နေပါတယ်။
Bawa Innovations ကတော့ အပြင်ကုပဏ္ဏီဖြစ်ပြီး ကိုယ်ပိုင်ခေါင်းဆောင်မှု၊ ဘ၀စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှုနှင့်အင်္ဂလပ်စကားပြောကို သင်ကြားပေးပြီး၊ နောက်တစ်ခုအနေနဲ့ Logistics များကိုလည်း အထူးဆောင်ရွက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။

အထက်က သာသနာ၊ အသင်းတော် ပြီးတာနဲ့ ဝါသနာပါရာဖြစ်တဲ့ တေးဂီတကိုလည်းဖန်တီးချင်သူ။ ကိုယ်တိုင်မဖန်တီးတတ်ပေးမယ့် ဖန်တီးသူတွေကို ပံ့ပိုးချင်လို့ BG Entertainment, Bawathit Recording Studio နှင့် BG Music Band ကိုလည်း လုပ်ဆောင်နေပါတယ်။

06/09/2026

September.6.2026 | 11:00 AM Service
Worship Leader : William Chit
Speaker : Robin Kung
--------
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။

06/09/2026

September.6.2026 | 9:00 AM Service
Worship Leader : William Chit
Speaker : Robin Kung
--------
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။

ခရစ်ယာန်အသက်တာရဲ့ လျှို့ဝှက်ချက်က ကိုယ့်အစွမ်းအစ မဟုတ်ဘူး။ ကိုယ့်ရဲ့တော်ခြင်းတတ်ခြင်းမဟုတ်ဘူး၊ ကိုယ်လုပ်နိုင်ခြင်းမလုပ်န...
06/09/2026

ခရစ်ယာန်အသက်တာရဲ့ လျှို့ဝှက်ချက်က ကိုယ့်အစွမ်းအစ မဟုတ်ဘူး။ ကိုယ့်ရဲ့တော်ခြင်းတတ်ခြင်းမဟုတ်ဘူး၊ ကိုယ်လုပ်နိုင်ခြင်းမလုပ်နိုင်ခြင်းမဟုတ်ဘူး။ အရင်းအမြစ်ဖြစ်တဲ့ ခရစ်တော်၌ တည်နေခြင်းပါ။

စပျစ်နွယ်ပင်နဲ့ အခက်ဟာ ခွဲထားလို့ မရဘူး။
အခက်က ကိုယ့်ဘာသာကိုယ် အသီးသီးအောင် ကြိုးစားလို့ မရဘူး။
နွယ်ပင်၌ တည်နေရင် အသီးက သဘာဝအတိုင်း ထွက်လာတယ်။

ဒီလိုပဲ ကျွန်ုပ်တို့ဟာ ခရစ်တော်နဲ့ ကွာပြီး ကိုယ့်အစွမ်းအစနဲ့ ထူးခြားတဲ့ရလဒ်တွေ ထုတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။

ခရစ်တော်၌ တည်နေပါ။
ကိုယ်တော်ထံမှ ခွန်အားယူပါ။
ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်၌ တည်ပါ။
ကိုယ်တော်ကို နာခံပါ။

အဲဒီအခါ သင့်အသက်တာက သင့်အစွမ်းအစတစ်ခုတည်းရဲ့ ရလဒ်ကို မဟုတ်တော့ဘဲ ခရစ်တော်နှင့် ဆက်နွယ်နေခြင်းမှ ထွက်ပေါ်လာတဲ့ အသီးကို မြင်လာရပါလိမ့်မယ်။

သင့်ဘဝကို ထူးခြားအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို ပိုကြိုးစားပြုပြင်နေရုံနဲ့ မလုံလောက်ဘူး။ အသီးသီးနိုင်ဖို့ နွယ်ပင်ဖြစ်တဲ့ ခရစ်တော်နဲ့ ပိုနီးကပ်စွာ တည်နေဖို့လိုတယ်။

“ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။”
ရှင်ယောဟန် ၁၅:၅ — JBMLE

ခရစ်တော်နဲ့ပိုနီးစေမယ်််််လို့ခံစားစေမယ့် အရာတိုင်းကိုလုပ်ပါ။
ခရစ်တော်နဲ့ ပိုဝေးစေမယ်််််လို့ခံစားစေမယ့် အရာတိုင်းကိုရှောင်ပါ။

သာမန်လူတစ်ယောက်က သာမန်ထက်လွန်ကဲတဲ့ ဘုရားသခင်နဲ့ ချိတ်ဆက်တဲ့အခါ သာမန်ထက်လွန်တဲ့ ရလဒ်တွေ အသက်တာအားဖြင့် ရလာမယ်။



ကျေးဇူးတော်ကြောင့် ဒီနေ့လည်း ဝိညာဉ်သားသမီး ၄ ဦးကို ဘုရားက ရိတိသိမ်းခွင့်ပေးလို့ကျေးဇူးတောိချီးမွမ်းပါတယ်။ သာသနာအတွက် ဆုတ...
05/09/2026

ကျေးဇူးတော်ကြောင့် ဒီနေ့လည်း ဝိညာဉ်သားသမီး ၄ ဦးကို ဘုရားက ရိတိသိမ်းခွင့်ပေးလို့ကျေးဇူးတောိချီးမွမ်းပါတယ်။

သာသနာအတွက် ဆုတောင်းခြင်းပေကမ်းခြင်း အစေခံခြင်းဖြင့်ပါဝင်သူအယောက်တိုင်းကို ဘုရားကောင်းကြီးပေးပါစေ။

ဘုရားသခင်ကို သင့်ဘဝရဲ့ ပထမနေရာမှာ ထားထားရုံနဲ့ မလုံလောက်သေးဘူး။ ဘုရားသခင်က သင့်ဘဝရဲ့ ဗဟိုဖြစ်နေပြီလားဆိုတာကို မေးရမယ်။တခ...
05/09/2026

ဘုရားသခင်ကို သင့်ဘဝရဲ့ ပထမနေရာမှာ ထားထားရုံနဲ့ မလုံလောက်သေးဘူး။ ဘုရားသခင်က သင့်ဘဝရဲ့ ဗဟိုဖြစ်နေပြီလားဆိုတာကို မေးရမယ်။

တချို့အချိန်မှာ ဘုရားကို “ပထမ” လို့ ပြောကြပေမယ့် ဘဝရဲ့ ဆုံးဖြတ်ချက်တွေမှာတော့ ကိုယ့်အလိုကို ဦးစားပေးနေကြတယ်။
အလုပ်မှာ ကိုယ့်အစီအစဉ်၊ မိသားစုမှာ ကိုယ့်အလို၊ အနာဂတ်မှာ ကိုယ့်အိပ်မက်—
ပြီးမှ ဘုရားကို ထည့်စဉ်းစားကြတယ်။

ဘုရားသခင်က သင့်ဘဝထဲမှာ နံပါတ်(၁) ဖြစ်ချင်တာထက် သင့်ဘဝတစ်ခုလုံးရဲ့ ဗဟိုဖြစ်ချင်တာပါ။

ဘုရားက ဗဟိုဖြစ်လာတဲ့အခါ
သင့်အလုပ်က ဘုရားနဲ့ ခွဲမနေတော့ဘူး။
သင့်မိသားစုက ဘုရားနဲ့ ခွဲမနေတော့ဘူး။
သင့်အိပ်မက်တွေက ဘုရားနဲ့ ခွဲမနေတော့ဘူး။
သင့်ဆုံးဖြတ်ချက်တိုင်းမှာ “ဘုရားအလိုတော်က ဘာလဲ” ဆိုတာ အမြဲတမ်းပါလာတယ်။

ဘုရားကို ပထမနေရာမှာထားခြင်းက အဆင့်ပေးခြင်းပါ။ ဘုရားကို ဗဟိုမှာထားခြင်းက အသက်တာတစ်ခုလုံးကို ကိုယ်တော်ထံ အပ်နှံခြင်းပါ။

“ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။” ရောမ‬ ‭11‬:‭36‬ ‭

ဘုရားက နံပါတ်တစ် ဆိုတဲ့ အဆင့်ကိုလိုချင်တာ မဟုတ်ပါဘူး၊ ဗဟိုဆိုတဲ့ သင့်ရဲ့အရာရာဖြစ်ချင်တာပါ။



ချီးမွမ်းကိုးကွယ်ခြင်းကို ဦးဆောင်သူတစ်ယောက်ရဲ့ အကြီးမားဆုံးတူရိယာက အသံမဟုတ်ဘူး။ အသက်တာပါ။အသံကောင်းကောင်းနဲ့ သီချင်းဆိုနိ...
04/09/2026

ချီးမွမ်းကိုးကွယ်ခြင်းကို ဦးဆောင်သူတစ်ယောက်ရဲ့ အကြီးမားဆုံးတူရိယာက အသံမဟုတ်ဘူး။ အသက်တာပါ။

အသံကောင်းကောင်းနဲ့ သီချင်းဆိုနိုင်တာက ကောင်းတယ်။ တူရိယာကျွမ်းကျင်တာကလည်း ကောင်းတယ်။ လူတွေကို စိတ်လှုပ်ရှားအောင် ဦးဆောင်နိုင်တာလည်း ကောင်းတယ်။

ဒါပေမယ့် စင်ပေါ်က အသံထက် စင်အောက်က အသက်တာက ပိုအရေးကြီးတယ်။

ချီးမွမ်းကိုးကွယ်ခြင်းကို ဦးဆောင်သူရဲ့ အသံနှင့်အသက်တာက မကိုက်ညီရင် သူ့သီချင်းက ဘုရားကို ဂုဏ်ပြုဖို့ထက် လူတွေကိုသာ ဖျော်ဖြေသလို ဖြစ်သွားနိုင်တယ်။

လူတွေက သင့်အသံကို နားထောင်ကြမယ်။
ဒါပေမယ့် သင့်အသက်တာကိုလည်း ကြည့်ကြမယ်။ စင်ပေါ်မှာ ဘုရားကို ကိုးကွယ်ပြီး စင်အောက်မှာ ဘုရားကို မနာခံတဲ့အသက်တာ မဖြစ်ပါစေနဲ့။

ချီးမွမ်းကိုးကွယ်ခြင်းကို ဦးဆောင်သူ တစ်ယောက်ရဲ့ အကောင်းဆုံးတေးသံက သူ့အသက်တာပဲ ဖြစ်တယ်။

ဒါကြောင့် စင်ပေါ်မတက်ခင် သင့်နှလုံးသားကို အရင်ပြင်ဆင်ပါ။ သီချင်းမဆိုခင် အသက်တာနဲ့ အရင်ကိုးကွယ်ပါ။ လူတွေက သင့်အသံကို မကြားရတဲ့အချိန်မှာတောင် သင့်အသက်တာအားဖြင့် ယေရှုကို မြင်နိုင်အောင် အသက်ရှင်ပါ။

“ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-” ရှင်မဿဲ‬ ‭5‬:‭16‬ ‭

သီးချင်းကို ပြင်ဆင်ပြီး အသံကို ကျင့်သလို
အသက်တာကို ပြင်ဆင်ပြီး တရားတော်ကို ကျင့်သူဖြစ်ပါ။



ဘုရားသခင်ကို ဘယ်လောက်နက်နက်နဲနဲ သိကျွမ်းသလဲဆိုတာက သင့်ကိုးကွယ်ခြင်း ဘယ်လောက်မြင့်မားသလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။ဘုရားသခင်...
03/09/2026

ဘုရားသခင်ကို ဘယ်လောက်နက်နက်နဲနဲ သိကျွမ်းသလဲဆိုတာက သင့်ကိုးကွယ်ခြင်း ဘယ်လောက်မြင့်မားသလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။

ဘုရားသခင်ကို ပိုသိလာလေလေ ကိုယ်တော်ရဲ့ သစ္စာရှိခြင်းကို ပိုတန်ဖိုးထားလာမယ်။
ကိုယ်တော်ရဲ့ မေတ္တာကို ပိုသိလာလေလေ သူ့ကိုပိုချစ်လာမယ်။ ကိုယ်တော်ရဲ့ ကြီးမြတ်ခြင်းကို ပိုသိလာလေလေ ကိုးကွယ်ခြင်းက ပိုနက်ရှိုင်းလာမယ်။

ဒါကြောင့် ကိုးကွယ်ခြင်းကို ပိုမြင့်ချင်ရင် ဘုရားသခင်ကို ပိုသိကျွမ်းဖို့ လိုတယ်။ ဘုရားကို နက်နဲစွာ မသိကျွမ်းဘဲ ဘုရားကို နက်နက်နဲနဲ ကိုးကွယ်ဖို့ ခက်တယ်။

သီချင်းကောင်းကောင်းဆိုနိုင်တာ၊ အသံကောင်းကောင်းနဲ့ ချီးမွမ်းနိုင်တာထက် ဘယ်သူ့ကို ကိုးကွယ်နေသလဲဆိုတာ သိကျွမ်းခြင်းက ပိုအရေးကြီးတယ်။

ဘုရားကို နက်နက်နဲနဲ သိကျွမ်းလာတဲ့အခါ ကိုးကွယ်ခြင်းက ပါးစပ်ကနေ နှလုံးသားထဲအထိ ဆင်းလာမယ်။ နှလုံးသားထဲကနေ အသက်တာတစ်ခုလုံးထဲကို ရောက်လာမယ်။

ဘုရားကို ပိုသိကျွမ်းလာလေ ဘုရားကို ပိုတန်ဖိုးထားလာလေဖြစ် ပြီး ကိုးကွယ်ခြင်းက ပိုနက်ရှိုင်းလာပါလိမ့်မယ်။

“ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ထက် ဘု​ရား​သ​ခင်​နှင့် ကျွမ်း​ဝင်​ခြင်း​ကို​လည်း​ကောင်း ငါ​နှစ်​သက်၏။”
‭‭ဟောရှေ‬ ‭6‬:‭6‬ ‭



မျက်ရည်ကျမှ ကိုးကွယ်ခြင်းမဟုတ်ဘူး။ စိတ်လှုပ်ရှားမှ ကိုးကွယ်ခြင်းမဟုတ်ဘူး။ ဘုရားကို ချစ်ပြီး ကိုယ်တော်ကို တန်ဖိုးထားပြီး ...
02/09/2026

မျက်ရည်ကျမှ ကိုးကွယ်ခြင်းမဟုတ်ဘူး။ စိတ်လှုပ်ရှားမှ ကိုးကွယ်ခြင်းမဟုတ်ဘူး။ ဘုရားကို ချစ်ပြီး ကိုယ်တော်ကို တန်ဖိုးထားပြီး နာခံအသက်ရှင်ခြင်းကသာ စစ်မှန်တဲ့ ကိုးကွယ်ခြင်း ဖြစ်တယ်။

ကိုးကွယ်ခြင်းမှာ စိတ်ခံစားချက် ပါဝင်တယ်။ ဒါပေမယ့် စိတ်ခံစားချက်ကိုယ်တိုင်က ကိုးကွယ်ခြင်း မဟုတ်ဘူး။

ဘုရားကို ကိုးကွယ်တဲ့အခါ ဝမ်းမြောက်ခြင်း၊ မျက်ရည်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတွေ ဖြစ်နိုင်တယ်။ ဒါတွေက ကိုးကွယ်ခြင်းထဲမှာ ပါဝင်နိုင်ပါတယ်။

ဒါပေမယ့် စိတ်ခံစားချက်ရှိမှ ကိုးကွယ်ခြင်းဖြစ်တယ်လို့ မဆိုနိုင်ဘူး။

တစ်ခါတစ်လေ သီချင်းဆိုတဲ့အခါ စိတ်လှုပ်ရှားမှု မရှိနိုင်ဘူး။ မျက်ရည်မကျနိုင်ဘူး။ ဘာမှမခံစားရနိုင်ဘူး။ ဒါပေမယ့် ဘုရားသခင်ကို ဆက်ချီးမွမ်းပြီး ဆက်နာခံနေမယ်ဆိုရင် အဲဒါက ကိုးကွယ်ခြင်းပဲ။

ခံစားချက်က ကိုးကွယ်ခြင်းကို ဖော်ပြနိုင်တယ်။ ဒါပေမယ့် ကိုးကွယ်ခြင်းရဲ့ အခြေခံတော့ မဟုတ်ဘူး။ ကိုးကွယ်ခြင်းဆိုတာ သီချင်းဆိုနေချိန်မှာပဲ မဟုတ်ဘူး။
နာခံတဲ့အခါ ကိုးကွယ်ခြင်းရှိတယ်။
ဆက်ကပ်တဲ့အခါ ကိုးကွယ်ခြင်းရှိတယ်။
မှန်ကန်တာကို ရွေးချယ်တဲ့အခါ ကိုးကွယ်ခြင်းရှိတယ်။

ခံစားချက်က ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် ဘုရားကို ကိုးကွယ်တဲ့နှလုံးသားက ခံစားချက်ပေါ်မှာ မတည်ဘူး။

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။ ရှင်ယောဟန်‬ ‭4‬:‭24‬ ‭



ခရစ်ယာန်တစ်ဦးဟာ တခြားခရစ်ယာန်တွေကို ကြည့်ပြီး လျှောက်လှမ်းရတာ မဟုတ်ဘူး။ ခရစ်တော်ကို ကြည့်ပြီး လျှောက်လှမ်းရတာပါ။လူတွေကို...
01/09/2026

ခရစ်ယာန်တစ်ဦးဟာ တခြားခရစ်ယာန်တွေကို ကြည့်ပြီး လျှောက်လှမ်းရတာ မဟုတ်ဘူး။ ခရစ်တော်ကို ကြည့်ပြီး လျှောက်လှမ်းရတာပါ။

လူတွေကို ကြည့်ရင် စိတ်ပျက်နိုင်တယ်။
ယုံကြည်သူတွေတောင် အမှားလုပ်ကြတယ်။ တစ်ခါတစ်လေ မျှော်လင့်ထားသလို မလုပ်နိုင်ကြဘူး။ ကိုယ့်ကို စိတ်ထိခိုက်စေနိုင်တယ်။

ဒါကြောင့် လူကိုပဲ ကြည့်ပြီး ယုံကြည်ခြင်းကို တည်ဆောက်ထားရင် လူတွေရဲ့ အားနည်းမှုကြောင့် ကိုယ့်ရဲ့ ယုံကြည်ခြင်းပါ အားနည်းသွားနိုင်တယ်။

ဒါပေမယ့် ခရစ်တော်ကို ကြည့်ပါ။
လူတွေက စိတ်ပျက်စေနိုင်ပေမယ့် ယေရှုက မစွန့်ပစ်ဘူး။
လူတွေက ပြောင်းလဲနိုင်ပေမယ့် ယေရှုက မပြောင်းလဲဘူး။
လူတွေက မပြည့်စုံပေမယ့် ယေရှုက ပြည့်စုံတယ်။

ဒါကြောင့် တခြားသူတွေရဲ့ အသက်တာကို တိုင်းတာပြီး ကိုယ့်ယုံကြည်ခြင်းကို မဆုံးဖြတ်ပါနဲ့။

တခြားယုံကြည်သူများကို ကြည့်ရင် စိတ်ပျက်မိမယ်။ ခရစ်တော်ကို ကြည့်ရင် စိတ်ခိုင်မယ်။ ဒါကြောင့် ခရစ်တော်ကိုသာ စေ့စေ့ကြည့်ပြီး အသက်ရှင်ပါ။

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။ ဟေဗြဲ‬ ‭12‬:‭2‬ ‭



Address

ShweLinBan
Shwelinban
11014

Alerts

Be the first to know and let us send you an email when Robinkung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share