ရဟန္တာ၈ဝ ရှေးဟောင်းမဟာသိမ်တော်ကြီး Ancient 80 Arhats & Great Ordination Hall

  • Home
  • Myanmar
  • Shwedaung
  • ရဟန္တာ၈ဝ ရှေးဟောင်းမဟာသိမ်တော်ကြီး Ancient 80 Arhats & Great Ordination Hall

ရဟန္တာ၈ဝ ရှေးဟောင်းမဟာသိမ်တော်ကြီး Ancient 80 Arhats & Great Ordination Hall ရဟန္တာ၈ဝမဟာသိမ်တော်ကြီး၊ ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံမြတ်စွာဘုရားကြီး နှင့် ဇီဝိတဒါနသံဃာ့ဆေးရုံ

~ +{ ရှေးဟောင်း သမိုင်းဝင် ရဟန္တာ (၈၀) မဟာသိမ်တော်ကြီး နှင့် ကျေးဇူးတော်ရှင် သာသနာပြု ရွှေတောင် မှဲ့ရှင် ဆရာတော် ဘုရားကြီး အသျှင် ခေမာစာရ } +~

ရှေးဟောင်း သမိုင်းဝင် ရဟန္တာ(၈၀) မဟာသိမ်တော်ကြီးသည် ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာ အုပ်စု၊ ဖိုးသိန်းတန်ရွာအနီး၊ ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံအရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးတွင်တည်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ရှေးဟောင်း သမိုင်းဝင် ရဟန္တာ(၈ဝ) မဟာသိမ်တော်ကြီးနှင့် ကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော် ဖြစ်တော်မူသော ကျေးဇူးတော်ရှင် သာသနာပြု မှဲ့ရှင်ဆရာတော်ဘုရားကြီး အသျှင်ခေမာစာရသည် ငယ်စဉ်ကလေးဘဝမှ အစပြုကာ အဓိဋ္ဌာန်ချက် ပါရမီများ ချမှတ်၍ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခဲ့ပြီး ရဟန်းဖြစ်ပြီးသည့် အချိန်မှစ၍ ယနေ့ သက်တော်(၈၄)နှစ် ဝါတော်(၆၃)နှစ်အထိ မြင့်မြတ်သော ရဟန်းကျင့်ဝတ် သီလကို မြဲ့မြံစွာ စောင့်ထိန်းနေသော သာသနာပြု ရဟန်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ အဓိဋ္ဌာန်ချက်များမှာ
+ ဓူတင် (၁၃)ပါး နှစ်ဆယ့်ခုနှစ်နှစ်၊
+ စေတီအဆူပေါင်း (၁၈ဝ)၊
+ မြတ်စွာဘုရားရှင် (၄၅)ဝါ သီတင်းသုံးခဲ့သည်ကို ရည်မှန်း၍ RCတံတား ပျဉ်းကတိုးတံတားပေါင်း (၄၅)စင်း၊
+ အိမ်မက်တော်အရ မဟာပထဝီမြေကြီးထဲမှ ဖော်ထုတ်ခဲ့သော အသီတိရှစ်ကျိပ် ရဟန္တာ(၈ဝ) ရဟန္တာကြီးများနှင့် မြတ်စွာဘုရားရှင်တော်ကြီးကို ပူဇော်ထားရှိကာ (၂ဝဝ၆)ခုနှစ်မှ ယနေ့အထိ တိုင်အောင် (၁ဝ)နှစ်တိတိ အရုဏ်ဆွမ်း၊ မုန့်ဆွမ်း၊ သစ်သီးဆွမ်း၊ နေ့လည်ဆွမ်း များကို တစ်ရက်မပျက် ကပ်လှူပူဇော်ခြင်း နှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊
+ ကမ္ဘာလုံးအမြင့်ပေ(၉ဝ) ရပ်တော်မူပုံမြတ်စွာဘုရားကြီးအမြင့်ပေ(၉ဝ) စုစုပေါင်းဉာဏ်တော်ပေ(၁၈ဝ) အမြင့်ဆောင်သော ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံ မြတ်စွာဘုရားကြီးကို တည်ထားနေဆဲ ဖြစ်ခြင်းနှင့်
+ ဒကာ ဒကာမများ ဓမ္မပါလသတို့သားကဲ့သို့၊ ဓမ္မပါလလူမျိုးတို့ကဲ့သို့ ဖြစ်စေရေး အလိုငှာ ရဟန္တာ(၈ဝ) ဇီဝီတဒါန ကုသိုလ်ဖြစ် သံဃာ့ဆေးရုံကြီးကို ကျွမ်းကျင်ပါရဂူ ဆေးဝါးစုံလင်စွာဖြင့် အခမဲ့ကုသ ဆေးဝါးလှူဒါန်းမှူ များအား အဓိဋ္ဌာန်ထား ဆောင်ရွက်နေသော ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။

Address

Rahandar 80 (Yangon-Pyay Road)
Shwedaung

Website

Alerts

Be the first to know and let us send you an email when ရဟန္တာ၈ဝ ရှေးဟောင်းမဟာသိမ်တော်ကြီး Ancient 80 Arhats & Great Ordination Hall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရဟန္တာ၈ဝ ရှေးဟောင်းမဟာသိမ်တော်ကြီး Ancient 80 Arhats & Great Ordination Hall:

Shortcuts

Share