02/07/2026
မှ
********************
#ပိုလို့သတ္တိရှိသူ
လူတစ်ယောက်ကို အနိုင်ယူလိုတာထက်၊
မိမိရဲ့အမှားကို "ငါမှားသွားတာပါ"လို့ ဝန်ခံ
ရဲသူက ပိုပြီး သတ္တိရှိတဲ့သူပါ။
#အမှားထက်_အမှား
နောင်တရသူ တော်တော်များများရဲ့
အကြီးမားဆုံးပြဿနာက-
အမှားလုပ်မိတယ်ဆိုတာထက်၊
အမှားလုပ်မိပြီးတော့ အဲဒီအမှားကို
ကာကွယ်ဖို့ နောက်ထပ်အမှားတွေ
ဆက်လုပ်မိတာပါ။
#အတ္တနဲ့_အမှန်တရား
ကျွန်ုပ်တို့ တော်တော်များများက-
အမှန်ကို မမြင်တော့တာလား၊
အမှန်ကို မမြင်ချင်တော့တာလား။
အတ္တနဲ့ အမှန်တရား ဘယ်အရာကို
ဦးစားပေးထားမိနေတာလဲ။
အစွဲမထားဘဲ ကျွန်ုပ်တို့ တွေးကြည့်ဖို့ပါ။
#ရုန်းကန်ရမှု
မိမိဘဝမှာ ရုန်းကန်မှုဆိုတာကြီးကို
ဘယ်တော့မှ ကြောက်မနေပါနဲ့၊
ရုန်းကန်မှုဆိုတာ သဘာဝကပေးတဲ့၊
သင့်ကို သန်မာစေတဲ့ နည်းလမ်းပါပဲ။
ဘဝဆိုတာရှိရင် ရုန်းကန်ရမှုတွေက
တစ်မျိုးမဟုတ် တစ်မျိုး ရှိနေအုံးမှာပဲ။
#အမှန်ကိုတွေးတတ်အောင်
စည်းကမ်းတွေ စနစ်တွေ မရှိတဲ့ နေရာမှာ
ဆိုရင်- လူကောင်းတောင် လူဆိုးဖြစ်သွား
တတ်တယ်။
ကိုယ့်ကိုယ်ကိုယ် အမှန်လမ်းပေါ်တင်ဖို့ဆိုရင်-
ကိုယ်ကိုယ်တိုင်က အမှန်အမှား ခွဲခြားတတ်ဖို့
လိုပါတယ်။
အမှန်ကိုတွေးတတ်အောင်ဆိုရင်- စာများများ
ဖတ်တယ်ဆိုတာကလည်း ကောင်းမွန်တဲ့
အထောက်အကူတစ်ခုပါ။
#အသိကူ
လောကဓံလှိုင်းတွေကြားမှာ ကျင်လည်နေရတဲ့
မိမိတို့ရဲ့ဘဝဖြစ်တည်မှုကို ဟန်ချက်ညီအောင်
ထိမ်းတတ်ဖို့ အသိဉာဏ်အကူအညီ ပြုတာပါ။