Khin Oo Sayardaw

Khin Oo Sayardaw ထိုင်းနိုင်ငံ စူလက်ဌာနီ
တရားများများနာကြားပါ

ကိုသက်ကိုဦး မလွင်လွင်မော်မိသားစု ရည်စူးကုသိုလ်တော် ကောင်းကျိိုးလိုရာဆန္ဒပြည့်ဝကြပါစေ 7.11.25.ခနုံမြို့ ထိုင်းနိုင်ငံ
07/11/2025

ကိုသက်ကိုဦး မလွင်လွင်မော်မိသားစု
ရည်စူးကုသိုလ်တော်
ကောင်းကျိိုးလိုရာဆန္ဒပြည့်ဝကြပါစေ
7.11.25.ခနုံမြို့ ထိုင်းနိုင်ငံ

"ဝေဘူဆရာတော်ဘုရား၏ တရားထူးရဖို့"ဒကာ - တပည့်တော်တို့ ပါရမီများ နည်းပါးနေလို့လား မသိဘူးဘုရား။ မှတ်တော့ မှတ်တာပဲ။ မှတ်ပြီးတ...
19/11/2023

"ဝေဘူဆရာတော်ဘုရား၏ တရားထူးရဖို့"

ဒကာ - တပည့်တော်တို့ ပါရမီများ နည်းပါးနေလို့လား
မသိဘူးဘုရား။ မှတ်တော့ မှတ်တာပဲ။
မှတ်ပြီးတဲ့နောက် ပျောက်၊ ပျောက်သွားပါတယ် ဘုရား။

ဆရာတော် - ဒါကတော့ ဒကာကြီးရယ်၊
အခု မိုးတွေ၊ ဘာတွေ ရွာတယ် မဟုတ်လား။

ဒကာ - ရွာပါတယ် ဘုရား။

ဆရာတော် - ရွာတဲ့ အခါကျတော့ အိမ်က မိုးယိုရောဗျ။
အဲသည်လို မိုးယိုတာဟာ အိမ် ကောင်းလို့လား ၊
အိမ်မ ကောင်းလို့လား၊ ဘယ်ဟာ မကောင်းတာလဲ။

ဒကာ - မိုးယိုတာကတော့ အိမ် မကောင်းလို့ပါ ဘုရား။
တရား အားထုတ်တုန်း ဖားအော်သံ ကြားတာကတော့
တပည့်တော်မှာ ပါရမီ နည်းလို့ပါ ဘုရား။

ဆရာတော် - အိမ်က ညံ့လို့လား၊ အိမ်ရှင်က
မပြင်လို့လား။

ဒကာ - အိမ်ရှင်က မပြင်လို့ပါ ဘုရား။

ဆရာတော် - ဒါနဲ့များ မိုးယိုတာ အိမ်ကို အပြစ်တင်
ရသလားဗျ။

ဒကာ - အိမ်က ဘာမှ ပြန်မပြောတတ်တော့
အိမ်ကိုပဲ အပြစ်အားလုံး ပုံချလိုက်ရတာပါ ဘုရား။

ဆရာတော် - ဒါ အိမ်ရှင် အပြစ်လား၊
အိမ်ရဲ့အပြစ်လားဗျ။

ဒကာ _ အိမ်ရှင် အပြစ်ပါ ဘုရား။

ဆရာတော် - ဒါဖြင့် ဖားအော်တဲ့ ဆူညံတာတွေ
ကြားတာကကော ပါရမီ နည်းပါးလို့လားဗျ။

ဒကာ - ပါရမီရှိတဲ့ လူတွေက ခုလို ဆူညံသံတွေ
ရှိလည်း မှတ်နိုင်တယ်လို့ မှတ်သားဖူးပါတယ် ဘုရား။
တပည့်တော်တို့က ပါရမီနည်းပါးတော့ စိတ်ထဲလည်း
ထားလျက်၊ ဆူညံသံကလည်း ကြားလျက်နဲ့
စိတ်က ဟိုရောက်၊ သည်ရောက်။ တရားထူး ရဖို့ကို
တော့ လိုချင်လိုက်တာ၊ တပည့်တော်ထက်
လိုချင်တဲ့သူ မရှိဘူးလို့ ထင်မိပါတယ် ဘုရား။

ဆရာတော် - ကောင်းပါ့ဗျာ။
တရားထူး ရဖို့ လိုချင်တယ်ဆိုရင် ဒကာကြီး
ထမင်းဆာရင် စားချင်တယ် မဟုတ်ပါလား။

ဒကာ - စားချင်ပါတယ် ဘုရား။

ဆရာတော် - အဟုတ်စားချင်တဲ့ အခါကျတော့
ဒကာမကြီး ခူးမကျွေးရင် ဘယ့်နှယ်လဲ။

ဒကာ - ကိုယ်တိုင်ခူးပြီး စားလိုက်တာပါပဲ ဘုရား။

ဆရာတော် - ခူးမပေးရင် ငါတော့ မစားသေးဘူး လို့များ
လုပ်သေးသလား။

ဒကာ - ခူးပြီး စားပါတယ် ဘုရား။

ဆရာတော် - အခုလည်း တရားအားထုတ်ပါ ဆိုတော့
ဆူညံသံတွေ ကြားတယ်၊ အနှောက်အယှက်တွေ
ဖြစ်တယ် ဆိုတာက တရားထူး ရဖို့ကို အဟုတ်
လိုချင်ရင် ကြားပါ့မလားဗျ။

ဒကာ - တပည့်တော် သံသရာဝဋ်ဆင်းရဲကနေ
လွတ်မြောက်တဲ့ တရားထူး ရဖို့ကို အဟုတ်တော့
လိုချင်ပါတယ် ဘုရား။
တပည့်တော်ရဲ့ ပါရမီက နည်းပါးနေလို့
ထင်ပါတယ် ဘုရား။

ဆရာတော် - အခုန ထမင်း အဟုတ်စားချင်တယ်
မဟုတ်လား။

ဒကာ - စားချင်ပါတယ် ဘုရား။

ဆရာတော် - အဟုတ်စားချင်တော့ သူတို့က
မကျွေးလည်း နေပါစေ ဆိုပြီး နေသလားဗျ။

ဒကာ - မကျွေးလည်း နေပါစေ ဆိုပြီး မနေပါ ဘုရား။
ကိုယ်တိုင် ခူးခပ်ပြီး စားလိုက်တာပါပဲ ဘုရား။

ဆရာတော် - အခုလဲ သံသရာဝဋ်ဆင်းရဲက
လွတ်မြောက်ဖို့ တရားထူး ရဖို့ကို အဟုတ်
လိုချင်ရင် ဘယ့်နှယ်လဲ၊ သည်ဖားတွေ အော်နေလို့
ဆိုပြီး လှည့်ပတ် နေဦးမှာလား။

ဒကာ - ဖားတွေကို လှည့်ပတ် မချတော့ပါဘူး ဘုရား။
ဖားသံအပေါ်မှာ ကိုယ့်နားကိုပဲ ဝီရိယ တင်ပေး ရမှာပါ
ဘုရား။

ဆရာတော် - ဒါဖြင့် သည်လိုလုပ်ဗျ။
သာသနာတော်နဲ့ ကြုံရတဲ့ ခေတ်မှာ လူလာဖြစ်တာ
ဆိုတော့ လူတိုင်းမှာ ရှေးပါရမီက နည်း၊ များ မဆို
ရှိကြပါတယ်ဗျာ၊ ဘာက လိုနေတာလဲဗျာ့။

ဒကာ - ဝီရိယ လိုနေပါတယ် ဘုရား။

ဆရာတော် - ဟုတ်တယ်။
တရားထူး ရဖို့က ဝီရိယ တင်ပေးဖို့ လိုတယ်။

#ကျေးဇူးတော်ရှင်
ဝေဘူ ဆရာတော်ဘုရားကြီး
🙏🙏🙏

- Original Writer🙏

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ

14/11/2023

သောက လျော့နည်း
🙏🙏🙏🙏🙏

ရုပ် နဲ့ နာမ်
တစ်ခုဆီ ခွဲကြည့်ရင်..
ငါဆိုတာ တကယ်မရှိဘူး..
🙏🙏🙏🙏🙏🙏

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီး

🙏🙏🙏🙏🙏🙏🙏🙏🙏

"တကယ်တော့ အရှုံးပေးတာက   အနိုင်ရလိုက်တာနော်"   🙏🙏🙏🙏🙏သည်းခံခြင်းမရှိတဲ့ ပုဂ္ဂိုလ်ဟာ ကုသိုလ်အရ နည်းတယ်။မေတ္တာထားခြင်း သည်းခံ...
14/11/2023

"တကယ်တော့ အရှုံးပေးတာက
အနိုင်ရလိုက်တာနော်"
🙏🙏🙏🙏🙏

သည်းခံခြင်းမရှိတဲ့ ပုဂ္ဂိုလ်ဟာ
ကုသိုလ်အရ နည်းတယ်။
မေတ္တာထားခြင်း သည်းခံခွင့်လွှတ်ခြင်းဖြင့်
မိမိက အရှုံးပေးလိုက်တာဟာ
အနိုင်ရခြင်းပဲဖြစ်တယ်။
သည်းခံပြီး တုန့်ပြန်မှု မပြု တဲ့ ပုဂ္ဂိုလ်
သည်းခံခြင်းတရား လက်ကိုင်ထားတဲ့
ပုဂ္ဂိုလ်ကသာလျှင် အနိုင်ရတာပါ။

စိတ်ဆိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
တုန့်ပြန်ပြီးတော့ စိတ်ဆိုးလို့ရှိရင်
နဂို စိတ်ဆိုးတဲ့ ပုဂ္ဂိုလ်ထက် ပို
မိုက်မဲရာရောက်တယ်။
ဒေါသကို ဒေါသနဲ့ ပြန် တုန့်ပြန်ရင်
ပို မိုက်မဲရာရောက်တယ်။

သူတစ်ပါးက
ကိုယ့်အပေါ်ဒေါသဖြစ်လာတယ်ဆိုတာ
သိလို့ရှိရင် သတိနဲ့ မေတ္တာနဲ့ ခန္တီနဲ့
ဒီလို သည်းခံခွင့်လွှတ်ခြင်းနဲ့ပဲ တုန့်ပြန်ပါ။
တစ်ခြားနည်းနဲ့ မတုန့်ပြန်ပါနဲ့။

အဲဒီလို တုန့်ပြန်ခြင်းကို
လောကလူသားတွေက အရှုံးလို့ထင်ကြတယ်။
တကယ်တော့
အောင်နိုင်ခဲတဲ့ စစ်ပွဲကြီးတစ်ခုကို
အောင်လိုက်ရသလို
ကြီးမားတဲ့ အောင်မြင်မှုပဲဖြစ်တယ်လို့
မြတ်စွာဘုရားက ဒီလိုဟောတာ..
လူတစ်ယောက်က ဒေါသဖြစ်ပြီး
ကိုယ့်ကိုလာဆဲတယ်။
ဆဲရေးတိုင်းထွာတာဟာ သူ့ရဲ့အရှုံးပဲ။

ဘယ်သူ့ကို ရှုံးတုန်းဆိုရင် ဒေါသကိုရှုံးတယ်။
ကိုယ္က ပြန်ဆဲလိုက်လို့ရှိရင် သူဆဲတာ
အသိအမှတ်ပြု လိုက်သလိုဖြစ်သွားတယ်။
သူဆဲသော်လည်း တုန့်ပြန်မှုမပြုလိုက်လို့ရှိရင်
အသိအမှတ် မပြု ရာရောက်တယ်။
သူပေးတာကို လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်
လာပေးတဲ့ဆဲရေးတိုင်းထွာမှုကို လက်မခံတာဟာ
လာပေးတဲ့လက်ဆောင်ကို လက်မခံသလိုပဲ။

သည်းခံပြီးတော့ ခွင့်လွှတ်ပြီးတော့
စဉ်းစားဆင်ခြင်အသိဉာဏ်နဲ့နေတဲ့ပုဂ္ဂိုလ်က
အနိုင်ရလိုက်တာ ဘာကိုအနိုင်ရတုန်းဆိုရင်
ကိုယ့်သန္တာန်မှာ ဒေါသမဖြစ်အောင်
ကိုယ့်စိတ်ကို ထိန်းလိုက်နိုင်တာဟာ
စိတ်အပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်။
ဒေါသအပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်။

အရှုံးပေးသူက အနိုင်ရခြင်းဆိုသည်မှာ
မေတ္တာနဲ့ ကရုဏာနဲ့ မုဒိတာနဲ့ ဥပေက္ခာနဲ့
ဗြဟ္မစိုရ်တရားနှလုံးသားထဲမှာ ခိုင်ခိုင်မာမာ
ထားပြီးတော့ သည်းခံခွင့်လွှတ်ခြင်းဆိုတဲ့
သဘာဝတရားတွေနဲ့ ကိုယ့်ရဲ့စိတ်ကို
ပိုင်ပိုင်နိုင်နိုင်နဲ့ တစ္ဖက်သားကို တုန့်ပြန်မှုမပြု ပဲနဲ့
ကျေအေးသည်းခံခြင်းဟာ အနိုင်ရခြင်းပဲဖြစ်ပါတယ်။

#ဒီအနိုင်ရခြင်းသည်
သူတော်ကောင်းတို့၏ အနိုင်ရခြင်းဖြစ်တယ်။

#ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

#ကုသိုလ်ကောင်းမှုများကို
မေမ့မေလ်ာ့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏

13/11/2023

တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလအခါတော်နေ့
🙏🙏🙏

ကြည်ညိုဖွယ်ရာလေး
13/11/2023

ကြည်ညိုဖွယ်ရာလေး

Address

Shwebo

Website

Alerts

Be the first to know and let us send you an email when Khin Oo Sayardaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share