Min Htet .

Min Htet . ႏွလံုးသား၏ခံစားမူ .

21/09/2021

ဝေဆာမဲ့
မင်းအနာဂတ်အတွက်
မသေချာတဲ့
ကိုယ့်လက်ကို
မင်းခွာခဲ့တာ
မှန်ပါတယ်..

21/09/2021

တန်ဖိုးမသိတဲ့ လူတယောက်ရဲ့အနားမှာ တန်ဖိုးမရှိသလိုနဲ့ အရမ်းကြီး တွယ်ကပ်နေရတာ မပင်ပန်းဘူးလား ညီမလေး..
မလိုချင်တော့လို့ အသုံးမဝင်တော့လို့မို့ ထားခဲ့တာကို မင်းကလိုက်ဆွဲထားရတာ အနေရမခက်ဘူးလား ညီမလေး..
မမှေ ျာ်လင့်သင့်တဲ့ တချို့အရာတွေက မင်းလက်လျော့လိုက်ပါ ဘာမှထပ်ပီး ဆုံးရှုံးစရာမရှိတော့ဘူးပေါ့ စွန့်လွတ်ခြင်းရဲ့ တဖက်ကမ်းမာ ရယူခြင်ဆိုတဲ့ နွေးထွေးတွေက ရှိနေအုံးမှာပါ ညီမလေး..

21/09/2021

သတိမရတတ်အောင်နေပါ သေသေချာချာ စုတ်ကိုင်ပီး ဆွဲထားတဲ့ လက်တစုံက နွေးထွေးလှတဲ့မေတ္တာကို မင်းရပါစေ ပန်းခင်းတဲ့လမ်းတေလို့ မြင်ယောင်ပေးရင်း ဝေဝါးခြင်းရဲ့ နိယာမ ကြေကွဲရတဲ့ ဝိဟာရတေအတိုင်း ခပ်ရိုင်းရိုင်းစကားတွေနဲ့ မပစ်ပေါက်ချင်တော့ ကိုယ့်အတတ်နဲ့ ကို ဆူးသလို ကိုယ့်အချစ်နဲ့ကို ရှုးရတာ တန်ပါတယ်လေ..

21/09/2021

ကျနော်က ရှင်းပါတယ် သူမချစ်လဲ နဲနဲလောက် ချစ်နေတုန်းပါဘဲ အရင်လို နေခွင့်တေ ဂရုစိုက်တေသာ မရှိတော့သာ စိတ်ပူတာတော့ မလျော့လို့မရသေးပါဘူး.
ချစ်တယ် တကယ်လဲ ချစ်မိခဲ့တာပါဘဲ ဘာလိုပီးမယ်ဆိုတာသာ ကျွန်တော် ကြိုမသိခဲ့တာ ကျွန်တော်သိခဲ့တာက သူကအချစ်ကို အလေးမထားတတ်တာပါဘဲ ကံတရားပါဘဲလို့ ဝိုင်းဆဲကြတဲ့ သူငယ်ချင်းအရင်းတေကို ကျေးဇူးတင်နေမိတယ်.

21/09/2021

တချို့ဆက်ဆံရေးတေမာ နားလည်ရခက်တဲ့ ပုဒ်စာတပုဒ်ကို အဆုံးသတ်မာ ချထားသလိုဘဲ နှစ်တွေအတော်အတန်ကြာအောင် မြဲခဲ့ကြပေမဲ့ ဘာမဟုတ် အရာလေးတေက သူ့တို့ရဲ့ အမြင်ထဲမာ ပုံကြီး ေတချဲ့လာကြတယ် အရမ်းနာလည်တတ်ခဲ့တဲ့သူလဲ နောက်ဆုံးတော့ ခွဲထားခဲ့တယ်လေ
မဖြစ်နိုင်မှန်းသိတော့မှ ချစ်ခဲ့မိသမျှတေက မှားခဲ့သလိုလို မင်းကိုစိတ်တိုမိသလိုန​ ့ဲကိုယ့်ကိုကို ပိုပီးကြေကွဲမိရတယ် အတူတွဲထားတဲ့ လက်တစ်စုံက အခြားရင်ခွင်တခုမာ ဒါမဟုတ် သူပျော်တဲ့ အရပ်ဒေသလေးမာ ေအးအေးချမ်းချမ်းမှ ဖြစ်ပမလား
အချိန်ကာလတခုက ဆုံဖြတ်ချက်ခိုင်ခိုင်မာမာတွေ ချက်မှတ်ပေးလို့ အရင်လို ဖော်ဝေးရဲ့ ကဗျာတေ အောင်ချိမ့်တွေတောင် မဖတ်ဖြစ်တော့ဘူး
''ကျွန်တော်က အရှုးအမူးသမား ခံစားမူကိုပဲ ယုံတယ် ခင်ဗျား ဘယ်လို ခံစားရသလဲ ဘုရားပဲ သိမယ်.'' အောင်ချိမ့်

21/09/2021

ကျနော် မှတ်မိသေးတယ်ဗျာ အသဲကွဲတာ ဘဝပျက်မတတ်ဘဲလို့ ပြောတတ်တဲ့ သူငယ်ချင်းတွေ ခံစားချက်နှလုံးသားကို အရှေ့ကမောင်းနှင်ပီး ဦးနှောက်က အလိုလိုက်ခံထားရတဲ့ ကောင်မျိုးပေါ့ နေ့လည်ဘက်မာ အလင်းပျောက်နေသလို ညဘက်မာလဲ ပုလင်းတွေတောင် ဘေးမှာရောက်တတ်နေတယ်တဲ့ အခုတော့ သိရတယ့်အရသာက ခံစားရတာ သိမ့်မကောင်းဘူးဘဲ မေ့သွားအောင်ဘဲ သောက်လိုက်ခါမှ မူးလာမှ မေ့နေတာတောင် ပြန်ပေါ်လာတယ် မစဥ်းစားဘဲ တွေးနေမိတဲ့ သူကို ဘာလိုခေါ်ရမလဲ ခေါင်းစဥ်မပါဘဲ ဒေါသတွေထွက်လို့ ပါးစပ်ပေါက်ကရတေရွတ် သောက်သမျှတေနဲ့ ပလက်​ေတွကျွတ်လို့ မူးနေတာတောင် နင်လုပ်တာမဟုတ်ပါဘူးဟာ ဆိုတာက တတွတ်တွတ် ငါဘာဖစ်လို့လဲဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်ပြန်မေးပီး အဖြေမရှိတဲ့ ကိုယ့်ကို အပြစ်မြင်တတ်လာတယ် ကျေနပ်စရာတွေမရှိဘဲ အချိန်နဲ့အမျှ ကျေနပ်ချင်ရောင်ဆောင်နေခဲ့ရတယ်ပေါ့ဟာ..

21/09/2021

ကျနော်စိတ်တွေကသာ ဝိဥာဥ်တခုလို ပူးကပ်နေမိတာ သူ့စိတ်တေက ကျနော့် ကမ္ဘာနဲ့ အဝေးကြီးမာ ဗျာ့..

21/09/2021

တကယ်တော့ ကျနော်က ဆက်မရှိသင့်တော့တဲ့ ကမ္ဘာတခုထဲ အတင်းဝင်နေသလိုမျိုးဘဲ အချိန်ကာလတခုရဲ့ စေစားသမျှတေကို အရမ်းတွယ်ကပ်မိနေတယ် မှန်တယ်လို့ ထင်တဲ့စိတ်ကူးရေးရေးလေးကို ပန်းချီကားလှလှတချပ်လို့ မြင်ယောင်ကြည့်နေရင်း ကိုယ့်ကိုညာနေတာကို အပျော်တွေလို့ဘဲ ရင်ထဲမာသိမ်းထားနေတုန်းဘဲ ဘယ်သူတွေ​ပြောပြောပေါ့ အမှန်တရားဆိုတာတော့ မချိုဘူးလို့ဆိုပီး ခေါင်းငုံပီး ငြင်းပြနေတယ် မသေချာတယ် သေချာဆိုတာက အနာဂတ်တခုပါဘဲ လက်ရှိမာဘဲ အပျော်တဝက်နဲ့ ​မှေ ျာ်လင့်ချက်မဲ့မဲ့လေးကို အတင်းရောင်စိူးလို့ ဘာမှ မသိတော့သလို ခံစားမူမျိုးကို သိမ့်သဘောကျမိတယ် အပေါ်ယံစကား ခပ်လှလှ ခပ်လွယ်လွယ် ပြောတတ်တဲ့ မင်းနဲ့မှ အရည်ပျော်မကျရအောင် ကိုယ့်နှလုံးသားက ဘာလိုရေခဲထုကြီးမို့လဲကွာ အချိန်ဟာ အချိန်ပါဘဲလို့ ငါ့ကိုယ်ငါ မညာချင်ဘဲ ညာနေမိခဲ့တာဘဲလေ..

အရေးမပါတဲ့သူကိုအလေးပေးပီးသူ့ဘေးနားကဟိုခွေးသားတွေကိုဒဲ့မေးချင်တယ်ငါလောက်ချစ်နိုင်လို့လားလို့..
28/08/2021

အရေးမပါတဲ့သူကို
အလေးပေးပီး
သူ့ဘေးနားက
ဟိုခွေးသားတွေကို
ဒဲ့မေးချင်တယ်
ငါလောက်ချစ်နိုင်လို့လားလို့..

ဝမ်းနည်းစရာတွေအပြည့်နဲ့လမ်းခွဲခဲ့ကြတဲ့နေ့အားကိုးစရာတွေကအခုကျတော့တွေ့နေပီလား သဲအုရေ..
28/08/2021

ဝမ်းနည်းစရာတွေ
အပြည့်နဲ့
လမ်းခွဲခဲ့ကြတဲ့နေ့
အားကိုးစရာတွေက
အခုကျတော့
တွေ့နေပီလား
သဲအုရေ..

တကယ်တော့မင်းအချစ်တွေကိုေမျှာ်လင့်နေရတာကအဆိပ်ပင်ကိုရေလောင်းရသလိုဘဲအချိန်ကြာလေပိုဆိုးလေပါဘဲ..
28/08/2021

တကယ်တော့
မင်းအချစ်တွေကို
ေမျှာ်လင့်နေရတာက
အဆိပ်ပင်ကို
ရေလောင်းရသလိုဘဲ
အချိန်ကြာလေ
ပိုဆိုးလေပါဘဲ..

ဒီတကြိမ်လဲအရင်လိုပါဘဲငါ အနိူင်မယူခဲ့ပါဘူး.ချစ်ခြင်းတရားကလွဲလို့ငါ့ဘဝထဲမှာပေးစရာမရှိခဲ့..
28/08/2021

ဒီတကြိမ်လဲ
အရင်လိုပါဘဲ
ငါ အနိူင်မယူခဲ့ပါဘူး.
ချစ်ခြင်းတရားကလွဲလို့
ငါ့ဘဝထဲမှာ
ပေးစရာမရှိခဲ့..

Address

Shwebo

Website

Alerts

Be the first to know and let us send you an email when Min Htet . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category