သာသနာ နုဂ္ဂဟ သဟာယ အသင်း

သာသနာ နုဂ္ဂဟ သဟာယ အသင်း အဖွဲ့အစည်း တည်နေရာ - အမှတ် (၅၄)၊ ဝါးခယ်မလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

အသင်း၏ သမိုင်းအကျဉ်း

“သာသနာ နုဂ္ဂဟ သဟာယ” အသင်းကို မြန်မာသက္ကရာဇ်(၁၃၀၆) ခုနှစ်- ( ခရစ်နှစ် ၁၉၄၅ ခုနှစ်) တွင် စမ်းချောင်းရပ်ကွက်များမှ ပင်စင်စားများက စုပေါင်း၍ ဖွဲ့စည်းခဲ့သည်။ တည်ထောင်စက “သဟာယ သမဂ္ဂအသင်း” အမည်ဖြင့် ခေါ်တွင်ခဲ့ပါသည်။
အသင်းကိုစတင်တည်ထောင်သူ ဦးသိန်း၏ မှတ်တမ်းအရ မြေပိုင်ရှင် ဒေါ်တင်မြထံမှ ငွေ (၄၀၀၀) ကျပ်ဖြင့်ဝယ်ယူပြီး အသင်းအဆောက်အဦကို စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် ရပ်ကွက်များသို့ အလှူခံထွက်ပြီး ရရှိသောငွေဖြင့် ယခုလက်ရှိ တိုက်ခံပျဉ်ထောင် နှစ်ထပ်အဆောက်အဦကို ဆောက်လုပ်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ဥက္ကဋ္ဌ ဦးဘ၀ လက်ထက်တွင် “သဟာယ သမဂ္ဂ” အမည်မှ “သာသနာ နုဂ္ဂဟ သဟာယ” အသင်းအမည်သို့ ပြောင်းလဲရန် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့ပါသည်။ အသင်း မှတ်ပုံတင်အမှတ် - ၃၃/၈၈ ဖြစ်သည်။

အသင်း တည်နေရာ

အမှတ် (၅၄)၊ ဝါးခယ်မလမ်း၊ လင်းလွန်း (တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

အသင်း၏ ဆောင်ပုဒ်နှင့်လမ်းညွှန်ချက်

ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တည်းဟူသော သာသနာသုံးရပ် ရေရှည်တည်တံ့ရန် အတွက် စွမ်းနိုင်သမျှ အထောက်အပံ့ပြုရန်။
ဝါတွင်း သုံးလ အပတ်စဉ် အလှူခံထွက်ရန်။
နှစ်စဉ် ဝါတွင်း သုံးလ စနေနေ့တိုင်း ဆွမ်းလောင်းလှူမှုကို မပျက်ကွက်စေရန်။
အလှူခံရငွေဖြင့် ဆွမ်းလှူဒါန်းရန် မလုံလောက်ပါက အသင်းအမှုဆောင်များက ကိုယ်ပိုင်ငွေဖြင့် ထည့်ဝင်ရန်။

အသင်း ဖွဲ့စည်းပုံ

ဦးသိန်းသည် အသင်း၏ မူလပထမ ဥက္ကဋ္ဌဖြစ်သည်။ ဦးဘဝ၊ ဦးသန်းရွှေ၊ ဦးအောင်သိန်း၊ ဦးလှမြင့်၊ ဦးသိန်းဟန်တို့က ထိုတာဝန်ကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး လက်ရှိဥက္ကဋ္ဌမှာ ဦးလှမြင့် ဖြစ်သည်။

နာယကကြီးများ
၁။ ဦးစံအောင်
၂။ ဒေါ်ခင်သန်းနွဲ့
၃။ ဦးသိန်းထွန်း
၄။ ဒေါ်ဥမ္မာကြည်

အလုပ်အမှုဆောင်ကော်မီတီ (၂၀၂၁)
၁။ ဦးလှမြင့် (ဥက္ကဋ္ဌ)
၂။ ဦးဋ္ဌေးအောင်(ဒု-ဥက္ကဋ္ဌ)
၃။ ဦးမောင်ကြည် (ဒု-ဥက္ကဋ္ဌ)
၄။ ဦးသန်းနိုင် (အတွင်းရေးမှူး)
၅။ ဦးခင်မောင်သိန်း (တွဲဖက် အတွင်းရေးမှူး-၁)
၆။ ဦးစောနောင် (တွဲဖက် အတွင်းရေးမှူး-၂)
၇။ ဦးလှမြင့် (လင်းလွန်းလမ်း) (တွဲဖက် အတွင်းရေးမှူး-၃)
၈။ ဒေါ်မျိုးနွဲ့နွဲ့သန်း (ဘဏ္ဍာရေးမှူး)
၉။ ဦးတင်စိုး (တွဲဖက် ဘဏ္ဍာရေးမှူး ၁)
၁၀။ ဒေါ်သက်သက်ဦး (တွဲဖက် ဘဏ္ဍာရေးမှူး ၂)
၁၁။ ဒေါ်မြင့်မြင့်စိုး (စာရင်းစစ်)
၁၂။ ဒေါ်စမ်းစမ်းအေး (တွဲဖက် စာရင်းစစ်)

အလုပ်အမှုဆောင်
၁။ ကိုကျော်မင်း
၂။ ဒေါ်မွှေး
၃။ မသန္တာ
၄။ မလင်းလင်းဖြိုး
၅။ ဒေါ်ကြည်ကြည်မြင့်
၆။ ဒေါ်သန်းသန်းဝင်း
၇။ ဒေါ်ချိုချိုထွေး


အသင်း၏ လုပ်ဆောင်ချက်များ

အသင်း စတင်တည်ထောင်စဉ်က စာကြည့်တိုက်နှင့် အားကစား လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်ကတည်းက ပင်စင်စားကြီးများက မိမိတို့ကိုယ်ပိုင်ငွေဖြင့် ဆန် (၁) ပြည်ချက်မှစ၍ ဝါတွင်း သုံးလ စနေနေ့ အရုဏ်တိုင်း ဆွမ်းလောင်းလှူခဲ့ကြသည်မှာ ယခု၂၀၁၉ ခုနှစ်အကုန်တွင် ၇၅ နှစ်မြောက် တိုင်ခဲ့ပါပြီ။

ယခုနှစ် (၂၀၁၉) တွင် အသင်းကြီးမှ (ဆွမ်း နှင့်ဆွမ်းဟင်း) လောင်းလှူရသော သံဃာအရေအတွက်မှာ စုစုပေါင်း အပါး ၁၀၀၀ ကျော် ဖြစ်သည်။ ဗားကရာတိုက်၊ ဥယျဉ်တိုက်၊ စမ်းချောင်းမြို့နယ်တွင်းရှိ ကျောင်းပေါင်းစုံတို့မှ ဖြစ်သည်။ ကျွန်းတောလမ်းရှိ မြန်အောင်ကျောင်းတိုက် ဒေါ်ဉာဏစာရီ သီလရင်ကျောင်းမှ သီလရင်အပါး ၂၀၀ ကျော် အတွက်လည်း မချန်လှပ်ဘဲ လှူဒါန်းပါသည်။
သီတင်းကျွတ် ဆွမ်းလောင်းပြီးလျှင် ဆွမ်းအောင်ပွဲ တရားပွဲများကို ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ အသင်းမှ တစ်ပါးလျှင် ၅၀,၀၀၀ ကျပ်မတည်ပြီး အများလှူငွေနှင့်ပေါင်းကာ ဝတ္ထုငွေ လှူဒါန်းပါသည်။

တရားပွဲပြီးလျှင် ဘုန်းကြီးကျောင်း (၄၅) ကျောင်းခန့်သို့ပင့်စာများပို့ပြီး အသင်းမှဦးစီးပြီး သံဃာများကို စာရေးတံမဲ နှစ်စဉ် ကပ်လှူနေသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

*** (ယခု ၂၀၂၀-ခုနှစ်တွင် Covid-19 ကပ်ရောဂါကာလဖြစ်သဖြင့် အသင်း၏ ဆောင်ရွက်ချက်များကို ယာယီ ဆိုင်းငံ့ထားပါသည်။)

14/08/2026
ဋီကာကျော်မြန်မာပြန် (ပဌမတွဲ)
22/07/2026

ဋီကာကျော်မြန်မာပြန် (ပဌမတွဲ)

08/07/2026
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မြန်မာပြန် (ပဌမတွဲ)
17/06/2026

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မြန်မာပြန် (ပဌမတွဲ)

Address

Sanchaung
11111

Website

Alerts

Be the first to know and let us send you an email when သာသနာ နုဂ္ဂဟ သဟာယ အသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to သာသနာ နုဂ္ဂဟ သဟာယ အသင်း:

Shortcuts

Share