Myanmar Baptist Churches Union (MBCU)

Myanmar Baptist Churches Union (MBCU) MBCU was registered at Home and Religious Ministry as religious based organization under regis

12/08/2026
🎬 သက်သေခံချက် VIDEO CHALLENGE 🎬“ထာဝရဘုရားသည် ငါ့အဖို့ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို လာ၍ နားထောင်ကြလော့။”— ဆာလံ ၆၆:...
12/08/2026

🎬 သက်သေခံချက် VIDEO CHALLENGE 🎬

“ထာဝရဘုရားသည် ငါ့အဖို့ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို လာ၍ နားထောင်ကြလော့။”— ဆာလံ ၆၆:၁၆

မိမိတို့၏ အသက်တာ၌ ဘုရားသခင် ပြုတော်မူခဲ့သော အံ့ဖွယ်ကျေးဇူးတော်များ၊ ပို့ဆောင်ခြင်းများနှင့် ယုံကြည်ခြင်းအတွေ့အကြုံများကို အခြားသူများနှင့် မျှဝေသက်သေခံနိုင်ရန် “သက်သေခံချက် Video Challenge” ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အတူတကွပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

သင့်ရဲ့ သက်သေခံချက်တစ်ခုက တစ်စုံတစ်ယောက်ရဲ့ ယုံကြည်ခြင်းကို ခွန်အားပေးနိုင်ပါတယ်။ မျှော်လင့်ချက်ပျောက်ဆုံးနေသူတစ်ဦးကို မျှော်လင့်ခြင်း ပြန်လည်ပေးနိုင်သလို ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာကိုလည်း အခြားသူများ သိမြင်ခံစားစေနိုင်ပါတယ်။

📌 ပါဝင်ယှဉ်ပြိုင်ရန် စည်းမျဉ်းစည်းကမ်းများ

၁။ မိမိကိုယ်တိုင်၏ အသက်တာတွင် အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသော ဘုရားသခင်၏ ကျေးဇူးတော်၊ လမ်းပြပို့ဆောင်မှု၊ ကယ်တင်ခြင်း၊ ပြောင်းလဲခြင်းနှင့် ယုံကြည်ခြင်းအတွေ့အကြုံ တို့ကို သက်သေခံတင်ပြရမည်။

၂။ Video ကြာချိန်သည် ၇ မိနစ်မှ ၁၀ မိနစ်အတွင်း ဖြစ်ရမည်။

၃။ သက်သေခံချက်သည် ရိုးသားမှန်ကန်ပြီး နားလည်ရလွယ်ကူစွာ တင်ပြထားရမည်။

၄။ အခြားသူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ၊ ဂုဏ်သိက္ခာနှင့် အသင်းတော်၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သော အကြောင်းအရာများ မပါဝင်စေရ။

၅။ Video အတွင်း အသံနှင့် ရုပ်ပုံကို ကြည်လင်စွာ ရိုက်ကူးထားရန် လိုအပ်သည်။ အထူးအဆင့်မြင့် ရိုက်ကူးရေးပစ္စည်းများ အသုံးပြုရန် မလိုအပ်ပါ။

၆။ Video ကို သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်မီ 09-971983348 ၏ Telegram သို့ပေးပို့နိုင်သည်။

🏆 ချီးမြှင့်မည့်ဆုများ

🌟 အကောင်းဆုံး သက်သေခံချက်ဆု❤️ Viewer နှင့် Like အများဆုံးဆု

📊 အကောင်းဆုံး သက်သေခံချက်ဆုအတွက် အကဲဖြတ်စံနှုန်းများ

အကြောင်းအရာနှင့် သက်သေခံချက်၏ ရိုးသားမှန်ကန်မှု — ၃၀ မှတ်

ဘုရားသခင်၏ ကျေးဇူးတော်နှင့် လုပ်ဆောင်မှုကို ထင်ရှားစွာ ဖော်ပြနိုင်မှု — ၂၅ မှတ်

နားထောင်သူများအတွက် ခွန်အားနှင့် ဝိညာဉ်ရေးရာ အကျိုးသက်ရောက်မှု — ၂၀ မှတ်

တင်ပြပုံ ရှင်းလင်းပြေပြစ်မှု — ၁၅ မှတ်

ဖန်တီးမှုနှင့် Video အရည်အသွေး — ၁၀ မှတ်

စုစုပေါင်း — ၁၀၀ မှတ်

❤️ Viewer နှင့် Like အများဆုံးဆု

သတ်မှတ်ထားသော ကာလအတွင်း MBCU လူငယ်လုပ်ငန်းဌါန၏ Page တွင် တင်ထားသော Video များ၏ Viewer နှင့် Like အရေအတွက် အပေါ် အခြေခံ၍ ဆုရွေးချယ်သွားမည် ဖြစ်ပါသည်။

📅 Video တင်သွင်းရန် နောက်ဆုံးရက် ၂၀. ၈. ၂၀၂၆
📅 Voting ကာလ ၂၀. ၈. ၂၀၂၆ မှ ၃၁. ၈. ၂၀၂၆ အထိ
📢 ဆုရရှိသူများ ကြေညာမည့်နေ့ - ၁၁. ၉. ၂၀၂၆
📩 Video ပေးပို့ရန် - 09-971983348 (Nyin Thar Moe ၏ Telegram သို့)

သင့်အသက်တာသည် သက်သေတစ်ခု ဖြစ်ပါသည်။သင့်အသံသည် တစ်စုံတစ်ယောက်အတွက် ခွန်အားဖြစ်ပါသည်။သင့်အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ ကျေးဇူးတော်ကို လူများ မြင်တွေ့နိုင်ကြပါစို့။

🎥 ရိုက်ကူးလိုက်ပါ။ မျှဝေလိုက်ပါ။ သက်သေခံလိုက်ပါ။

ဘုရားသခင်၏ ကျေးဇူးတော်ကို အတူတကွ ကြွေးကြော်ကြပါစို့!

၃/၂၀၂၆ လူငယ်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို2026 ခုနှစ် ၊ဩဂုတ်လ (6 - 7) ရက်များတွင် Zoom မှတစ်ဆင့် လုပ်ဆောင်နိုင်ခဲ့ပါသည်...
12/08/2026

၃/၂၀၂၆ လူငယ်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို
2026 ခုနှစ် ၊ဩဂုတ်လ (6 - 7) ရက်များတွင် Zoom မှတစ်ဆင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။

မိသားစု၊ အသင်းတော်နှင့်ထပ်တူကြေကွဲရပါသည်။
12/08/2026

မိသားစု၊ အသင်းတော်နှင့်ထပ်တူကြေကွဲရပါသည်။

30/07/2026

I got over 200 reactions on one of my posts last week! Thanks everyone for your support! 🎉

မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါသည်။Rest In Peace 💐🌷🌹
30/07/2026

မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါသည်။
Rest In Peace 💐🌷🌹

ရမည်းသင်းတပည့်တော်စု၊ ဗိမာန်တော်သစ်ဆက်ကပ်ဝတ်ပြုခြင်း
26/07/2026

ရမည်းသင်းတပည့်တော်စု၊ ဗိမာန်တော်သစ်ဆက်ကပ်ဝတ်ပြုခြင်း

အသင်းတော် မိသားစုများနှင့်ထပ်တူဝမ်းနည်းရပါသည်။ Rest In Peace 🌼 🌺
21/07/2026

အသင်းတော် မိသားစုများနှင့်ထပ်တူဝမ်းနည်းရပါသည်။ Rest In Peace 🌼 🌺

With MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန – I just got recognized as one of their to...
09/07/2026

With MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန – I just got recognized as one of their top fans! 🎉

Address

၁၄၃ မင်းရဲကျော်စွာလမ်း လမ်းမတော်မြို့နယ်
Rangoon Ahlone
၁၁၁၃၁

Opening Hours

Monday 09:30 - 04:30
Tuesday 09:30 - 04:30
Wednesday 09:30 - 04:30
Thursday 09:30 - 04:30
Friday 09:30 - 04:30

Telephone

+9595080700

Website

Alerts

Be the first to know and let us send you an email when Myanmar Baptist Churches Union (MBCU) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Myanmar Baptist Churches Union (MBCU):

Shortcuts

Share