19/08/2026
အသိဉာဏ်နည်းတဲ့သူတွေဆိုတာ
စေတီတည်ပြ တရားပွဲလေးလုပ်ပြရင်
ဘုရားတရားလုပ်တယ်ဆိုပြီးချီးမွမ်းကြတယ်၊
နေ့စဉ်သရဏဂုံတည်ပြီးသီလစောင့်ထိန်းတဲ့သူကိုတော့
မျက်ကွယ်ပြုထားတယ်စော်ကားကြတယ်၊
အဲ့တော့ဘာသာတရားကိုင်းရှိုင်းတာနဲ့
ဘုရားတရားလုပ်တာမတူဘူးနော်
ဘုရားတရားလုပ်ပြတာ ပိုက်ဆံရှိရင်ရတယ်
ဘာသာတရားကိုင်းရှိုင်းတာကမရဘူး၊
ဒါကိုခွဲခြားမသိဘဲလူလည်လုပ်တယ်
တွေ့သမျှလူအကုန်အပြစ်ပြောတယ်ကောက်ကျစ်တယ်ပေါ့၊
စာသင်သားသံဃာတွေကိုအပြစ်ပြောတယ်
နှစ်လုံး သုံးလုံးပေးဗေဒင်ဟောစတဲ့ဒုဗ္ဗစသံဃာတွေကိုတော့
ချီးမွမ်းတယ်ဆည်းကပ်တယ်ပေါ့၊
စာသင်သားပိုက်ဆံကိုင်တော့ဝေဖန်တယ်၊
အဲ့ဒိစာသင်သားစာဖတ်ဖို့ဘယ်သူကများ
ဘယ်သူဌေးကများလာလှူပါလိမ့်၊
သံဃာတွေအပြစ်တစ်ခုလုပ်လို့ကဲ့ရဲ့ပြစ်တင်မဲ့အစား
မိမိငါးပါးသီလကိုလုံခြုံအောင်စောင့်ထိမ်းလိုက်ပါလား၊
ရှက်လို့သေမယ်ဆိုရင်မြန်မာပြည်မှာ
လူဦးရေမရှိသလောက်ဖြစ်လို့မယ်နော်၊
တကယ်တော့အားလုံးကိုကြည့်ရင်အသိဉာဏ်မရှိလို့ပါ
ဒါကြောင့် အသိဉာဏ်ပြည့်ဝပြီးလူပီသနိုင်ကြပါစေ။
မေတ္တာအနန္တဖြင့်
သာသနာပြု ရဟန်းငယ်