01/09/2026
🫶🏼🫂🫶🏼
∆လူ့ဘဝဆိုတာ အမှားနဲ့ မကင်းနိုင်သလို တချို့အမှားတွေက ကိုယ်တိုင် မသိလိုက်ဘဲနဲ့တောင်ထပ်ခါထပ်ခါ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့နဲ့ နောင်တ အစစ်အမှန်နဲ့ လမ်းမှန်ပေါ် ပြန်ရောက်လာဖို့ လာဇလက်(Our lady of La Salette)မယ်တော်သခင်မရဲ့ မေတ္တာတော်ကို ခိုလှုံတာထက် ပိုကောင်းတဲ့ အာမခံချက် မရှိပါဘူး။ဒီနေ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြင်ဆင်ရင်းနဲ့ တစ်နိုင်ငံလုံးမှာ အဖက်ဖက်က ခက်ခဲဒုက္ခအတိရောက်နေကြရတဲ့ အမိမြန်မာပြည်ကြီးအတွက်လည်း အထူးဆုတောင်းရန်လိုအပ်နေချိန် ဖြစ်ပါတယ်။ အားလုံး၀ိုင်း၀န်း၍အတူတကွဆုတောင်းပေးကြရအောင်။ 🙏🏼🫂🌱
Hello everyone .. 📢
လာဇလက်မယ်တော်သခင်မပွဲနေ့ (ပြည်သာသနာနေ့) အကြို (၉) ရက်တိုင်တိုင် Online နိုဗီနားဆုတောင်းခြင်း အသိပေးဖိတ်ကြားချက်
ချစ်လှစွာသော ပြည်သာသနာမှလူငယ်အပေါင်းတို့ မကြာမီ ကျရောက်တော့မည့် ပြည်သာသနာတော်၏ အထူးနေ့မြတ်ဖြစ်သော "လာဇလက်မယ်တော်သခင်မပွဲနေ့"(ပြည်သာသနာနေ့)" ကို ကြိုဆိုသောအားဖြင့် Pyay Catholic Youth Commission မှ ဦးဆောင်၍ (၉) ရက်တာ အထူးနိုဗီနားဆုတောင်းခြင်း အစီအစဉ်ကို Online မှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။
ပြည်သာသနာတော်အတွက်၊ မိသားစုများနှင့် လူငယ်များအတွက် အတူတကွစုဝေး၍ လက်ဆုပ်လက် ကိုင်ပြုကာ ဆုတောင်းကြရန် ရပ်နီးရပ်ဝေး၊ ပြည်တွင်းပြည်ပရှိ ကက်သလစ်ဘာသာဝင် ညီအကိုမောင်နှမများအားလုံးကို မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။ လာဇလက်မယ်တော်သခင်မ၏ အဆောင်အယောင်၊ ပြည်သာသနာတော်၏ သက် တမ်းနှင့် သာသနာပိုင်နယ်မြေတစ်ခုလုံးအတွက်၀ိညာဉ်ရေးရာ ခွန်အားများ ပြည့်ဝလာစေရန် ဤ(၉)ရက်တာ ဆုတောင်းခြင်း အစီအစဉ်တွင် ပါဝင်အားဖြည့်ပေးကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
🗓️ DATE 🗓
10th ~ 18th September 2026
🕰️ TIME 🕰️
🇲🇲 Myanmar - 8:00 PM
🇹🇭 Thailand - 8:30 PM
🇸🇬 Singapore - 9:30 PM
Zoom ID - 638 186 9203
Passcode - 123