23/09/2026
အတူတူအောက်မေ့သတိရကြရအောင်
🌸🌼🌺🌸🌼🌺🌸🌼🌺🌸🌼🌺🌸
ခုလာမည့် 26’ Set;2026(sat)နေ့ မနက် 10:00Am အချိန်၊ ပြည်မြို့ရဲ့ကမ်းနားလမ်းမှာတည်ရှိတဲ့ ပထမမြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်မှာ ကျွန်တော့်အမ နန့်တင်တင်အေးရဲ့ (၁)နှစ်ပြည့် အောက်မေ့ဘွယ် ဝတ်ပြုခြင်း အစီအစဉ်ကိုပြုလုပ်မှာဖြစ်ပါတယ်။
ဒေသနာကိုတော့ Rev-ဦးဇော်မင်းထွန်းမှဟောကြားမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ကျွန်တော်ကိုယ်တိုင်အမအတွက်ရည်စူးပြီးရေးစပ်ထားတဲ့သီချင်းလေးကို ကျွန်တော် ဂုဏ်ပြုသီဆိုပေးမှာပါ။
အထူးအစီအစဉ်အနေနဲ့ ကျွန်တော် (၁)နှစ်တိတိအချိန်ယူပြီး ကြိုးစားဖန်တီးထားတဲ့ ဆရာမဒေါ်နန့်တင်တင်အေးရဲ့ အတ္ထုပ်ပတ္တိကို အသံထွက်ကောင်းကောင်း ရုပ်ထွက်ကြည်သော projecterဖြင့်ပြသပေးမှာဖြစ်ပါတယ်။ အမကို ချစ်ခင်ကြတဲ့ ဓမ္မမိတ်ဆွေများ၊လုပ်ဖေါ်ဆောင်ဖက်များ၊ တပည့်ဟောင်းများကို မေတ္တာဖြင့်ဖိတ်ခေါ်ပါတယ်။
အမရဲ့အောက်မေ့ဘွယ်အစီအစဉ်မှာ ကျန်ရစ်တဲ့မိသားစုနဲ့အတူ အမကိုအောက်မေ့သတိရကြရအောင် လာခဲ့ကြနော်။
မျှော်နေမယ်။