19/07/2026
18-7-2026 (စနေနေ့)တွင် သန့်ရှင်းသောကားတိုင်သီလရှင်အဖွဲ့အစည်း (ရန်ကုန်)မှ သီလရှင်နှစ်ဦး (Sister Mary, Sister Anna)နှင့် ပြည်သာသနာပိုင်နယ်မှ လူငယ်အမျိုးသမီးများ (ဓမ္မပညာအကြီးတန်းမိန်းကလေးများ) နှင့် တစ်ရက်တာ မိတ်သဟာရ ဝတ်ပြုခြင်းကို ကောင်းမွန်စွာပြုလုပ်နိုင်ခဲ့သည့်အတွက် ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွှမ်းပါသည်။ ထိုအတူပင် သင်ခန်းစာများလာရောက်သင်ကြပေးပါသော (Sister တစ်ယောက်၏ဘဝအသက်တာ၊ ဆုတောင်းခြင်းပုံစံ၊ လက်ပတ်စိပ်ပုတီးပြုလုပ်ခြင်း) သီလရှင်များနှင့် အစီအစဉ်ဖြစ်မြောက်စေရန်အတွက် ခွင့်ပြုပေးပါသော သာသနာပိုင်ကြီးကလေးမင်ဆန်းဦး၊ အစားအသောက်များချက်ပြုတ်ပေးပါသော ဆရာမမြတ်မြတ်မွန်နှင့် ဘုန်းတော်ကြီးကတော်များ၊ မိခင်များ၊ အစီအစဉ်တွင်အဖက်ဖက်မှ ကူညီပံ့ပိုးကူညီပေးသောသူများ၊ လာရောက်ကြသော လူငယ်များ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြည်သာသနာပိုင်နယ် လူငယ်များအသင်းမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။