ကုန်းတန်း တိုက်ကျောင်းကြီး

  • Home
  • Myanmar
  • Pyapon
  • ကုန်းတန်း တိုက်ကျောင်းကြီး

ကုန်းတန်း တိုက်ကျောင်းကြီး အဇ္ဇေဝ ကိစ္စံ ကာတဗ္ဗံ ။

26/10/2025

ရွာအဝင် အလှ

Video By - Nay Bhone Khant ( Khant Photography )

"ခြ​​​င်္သေ့အောင်းသော ဤရွှေဂူ”                                 (၁)         ဆရာတော်များ၏ စကားဝိုင်းတွေမှာ မကြာခဏဆိုသလို က...
15/02/2024

"ခြ​​​င်္သေ့အောင်းသော ဤရွှေဂူ”

(၁)
ဆရာတော်များ၏ စကားဝိုင်းတွေမှာ မကြာခဏဆိုသလို ကြားရတတ်သည့် စကားတစ်ခုရှိသည်။ တစ်ချို့ဆရာတော်များက ညည်းညည်းညူညူ ဆိုသည်။ တစ်ချို့က တွေးတွေးဆဆ ပြောသည်။ တစ်ချို့သော်ကား လွမ်းလွမ်းဆွတ်ဆွတ်...။
ထိုစကားက အခြားမဟုတ်။ ကျောင်းတိုက်တွေမှာ ရှင်သာမဏေငယ်တွေ နည်းပါးလာရသည့် အကြောင်းပင် ဖြစ်သည်။ ယခင်ကဆို ကျောင်းတိုက်ထဲဝင်သွားလျှင် သာမေဏငယ်များ၏ စာအံသံများ၊ သွားလာလှုပ်ရှားနေမှုများဖြင့် ဝေဝေဆာဆာ ရှိလှသည်။ သားသမီးများကို အိမ်တစ်အိမ်၏ ဆည်းလည်းဟု ဆိုကြသည်။ သားသမီးရှိသည့် အိမ်သည် စိုစိုပြေပြေနှင့် သိုက်သိုက်ဝန်းဝန်း။ သားသမီးမရှိသည့် အိမ်သည်ကား ခြောက်ခြောက်ကပ်ကပ် နိုင်လွန်းလှသည်။
ကျောင်းတိုက်တွေမှာ အဆောက်အအုံတွေ တိုးပွားလာသော်လည်း ရှင်သာမဏေငယ်များကား နည်းသထက် နည်းပါးသွားသည်။ ရှင်သာမဏေမရှိသည့် ကျောင်းတိုက်များသည် ဘယ်လောက်ပင် ခမ်းနားထည်ဝါနေပါစေ သာယာစိုပြေမှုတော့ ရှိလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် မိမိတို့ အောက်ပြည်အောက်ရပ်တွင် ရှင်သာမဏေငယ်တွေ ပို၍ နည်းပါးသည်။ မြို့တက်၍ စာပေသင်ယူရချိန်တွင်လည်း စာသင်သားအများစုက အထက်အညာသားတွေသာ ဖြစ်နေသည်။ တစ်ကျောင်းလုံးပေါင်းသော်မှ အောက်သားတစ်ပါးသာရှိသော ကျောင်းတိုက်မျိုးကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။
တစ်ချို့နေရာများတွင် အောက်ပြည်အောက်ရပ်ဖြစ်သော်လည်း ကျောင်းထိုင်ဆရာတော်က အထက်အညာသားများ ဖြစ်နေတတ်သည်။ တွေးတောချင်စရာ ကောင်းသည်က မိမိတို့အောက်သားတွေကိုယ်တိုင်က သာသနာ့ဘောင်သို့ ဝင်ရောက်မှုအားနည်းသည်လား၊ မွေးထုတ်ပေးသည့် ဆရာဘက်က ချီးမြောက်မှုအားနည်းလားဟုပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိမိတို့နယ်ဘက်မှာ သာမဏေငယ်များစွာ၊ စာသင်သားများစွာကို မွေးထုတ်ပေးနေသည့် ကျောင်းတိုက်တစ်တိုက်တော့ ရှိပါသည်။
ဖျာပုံ ကျုံကဒွန်း ကားလမ်းမဘေးက သမိန်ထောရွာကြီး၏ ကုန်းတန်းထိပ်၊ သပ်ရပ်ခန့်ညားသည့် တိုက်ကျောင်းကြီးများဖြင့် ဝင့်ဝင့်ထည်ထည်၊ အမည်သညာကိုကား သူ၏ မှီတည်ရာများနှင့် တွဲယှဉ်လျက် သမုတ်ခေါ်ဝေါ်သည်။
"ကုန်းတန်းတိုက်ကျောင်းကြီး...။

(၂)
အရှေ့ဘက်၊ မှော်ဝန်းကျောက်တန်း။ ဘိုးရွှေနွယ်သည် သည်နေရာ၌ လယ်ယာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်။ တစ်ခါသော် ဘိုးရွှေနွယ်တို့ နေထိုင်ရာ၊ မှော်ဝန်းကျောက်တန်းသို့ ဆရာတော်တစ်ပါး ကြွလာသည်။
ဆရာတော်၏ အသက်ကား သုံးဆယ်ငါးနှစ်အရွယ်ခန့်။ ရုပ်သွင်ဟန်သည် ​ပျိုမြစ်နုနယ်ခြင်းနှင့် ထက်မြတ်မှုတို့ ရောယှက်သွယ်ဖောက်ထားသည်။ အရည်အချင်းကလည်း ခေလှသူမဟုတ်ပေ။ သာသနာပိုင်ဆရာတော် ဦးဉေယျနှင့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ စာပေအကျော်အမော်များထံမှ ပိဋကတ်စာပေကို ဆယ်နှစ်တိုင်တိုင် ဆည်းပူးလေ့လာထားသည့် ဆရာတော် ဖြစ်သည်။ ပခုက္ကူစာသင်နည်းဖြင့် လမ်းသစ်ဖောက်သွားသော မဟာဝိသုတာရာမတိုက်တည် ရေစကြိုဆရာတော်နှင့် အတူတကွ စာသင်ဖော်စာသင်ဘက်များလည်း ဖြစ်သည်။ ကျမ်းမာရေးအခြေအနေကြောင့် အောက်ပြည်သို့ ဆုန်ဆင်းလာရင်း ရန်ကုန်၊ ဗားကရာကျောင်းတိုက်မှာ စာပေပို့ချနေသည်ဟုလည်း ကြားသိရသည်။
ဘိုးရွှေနွယ်သည် သာသနာကို ကြည်ညိုမြတ်နိုးသူ ဖြစ်သည်။ ဆရာတော်ကို ဖူးမြင်ရသည့်ခဏမှာပင် ဆရာရင်း၊ ဒကာရင်းတွေ ဖြစ်သွားကြသည်။ ထိုမှော်ဝန်း၊ ကျောက်တန်း၌ ဆရာတော် ဘယ်လောက်ကြာကြာ သီတင်းသုံးသွားသည်ကို သေသေချာချာ မှတ်တမ်းတင်ထားခြင်း မရှိပေ။ ဘိုးရွှေနွယ်နှင့် ဆရာတော်တို့၏ တွေ့ဆုံမှုသည် သိပ်မကြာမြင့်လိုက်ဟု ခန့်မှန်းရသည်။ သို့သော်လည်း ထိုတွေ့ဆုံမှုက နောင်တစ်ချိန် ကုန်းတန်းတိုက်ကျောင်းကြီးနှင့် သမိန်ထောရွာကြီးတို့ ပေါ်ပေါက်လာရခြင်း၏ နိဒါန်းပင် ဖြစ်လေသည်။
ဆရာတော်သည် ရန်ကုန်၌ သိကျွမ်းဖူးသည့် ပခန်းမင်းကျောင်းဘုန်းတော်ကြီး ဦးပုညရှိရာ ဖျာပုံသို့ လာရောက်လည်ပတ်ရင်း ထိုကျောင်းမှာပင် စာဝါပို့ချကာ ရန်ကုန်သို့ မပြန်ဖြစ်တော့ပေ။ ဆရာတော်သည် တရားဟောလည်း အလွန်ကောင်းသည့်အတွက် ဆရာတော့်ဂုဏ်သတင်းသည် ဘိုကလေးဘက်သို့ပင် ကြိုင်လှိုင်မွှေးပျံ့သွားသည်။ ဘိုကလေးသားတွေက ဆရာတော်ကို မိမိတို့နေရပ်သို့ ပင့်ဖိတ်ကာ ကျောင်းဆောက်ကိုးကွယ်လိုက်ကြသည်။
ဘိုးရွှေနွယ်သည်လည်း မိမိနေထိုင်ရာ မှော်ဝန်းကျောက်တန်းနှင့် ရေမြေသဘာဝချင်း နီးနီးစပ်စပ်တူသည့် ဖျာပုံအောက်ဘက်၊ ခုနှစ်မိုင်ခန့်တွင် ချုံနွယ်များကို ရှင်းလင်းကာ လယ်ယာစိုက်ပျိုးနေလေသည်။ ထိုနေရာကား "သမိန်ထော”ဟူသော ရာဇဝင်တွင်သည့် နာမည်ဖြင့် အုံ့မှိုင်းရီဝေနေသည်။ သမိန်ထောသည် ထိုအချိန်က တောကျွဲ၊ ကျားသစ်တို့ ခိုးအောင်းနိုင်လောက်အောင်ပင် တောထူထပ်သေးသည်ဟု ဆိုသည်။ ဖျာပုံကလည်း မြို့ဟူ၍ ပီပီသသ မဖြစ်သေး။ ရိုးပုံရိုးလတ်နှင့် အိမ်ခြေတစ်ရာလောက်သာ ရှိသည့် ရွာကလေးသာ ဖြစ်သည်။
ဆရာတော်နှင့် ဘိုးရွှေနွယ်တို့သည် ဖျာပုံ၊ မင်းကျောင်းတွင် အခန့်သင့် ပြန်လည် ဆုံစည်းကြသည်။ ဘိုးရွှေနွယ်က ဆရာတော်ကို မိမိနေထိုင်ရာ သမိန်ထောသို့ ပင့်ဆောင်သည်။ ဆရာတော်သည်လည်း သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့် ငြိမ်ဆိတ်အေးချမ်းလှတာကြောင့် ကျောင်းငယ်ဖြင့် ဖြစ်သလိုပင် ကြွရောက်သီတင်းသုံးသည်။ သူတော်ကောင်းတို့၏ နှလုံးသားသည် ဗဟိဒ္ဓ ရုပ်ဝတ္ထုတွေကို မတောင်းတ၊ အဇ္ဈတ္တကြည်လင်ချမ်းမြရေးသာ ပဓာနလိုရင်းဖြစ်သည်။ ဘိုးရွှေနွယ်လည်း မိမိ၏ နေရပ်ဖြစ်သည့် မှော်ဝန်း၊ ကျောက်တန်းသို့ မပြန်ဖြစ်တော့ပေ။ သမိန်ထောမှာပင် ဆွေးမျိုးသားချင်း ဆယ့်တစ်အိမ်ထောင်စုနှင့် ရွာတည်၍ အခြေချနေထိုင်သွားသည်။ သည်ပုံသည်နည်းဖြင့် ကုန်းတန်းတိုက်ကျောင်ကြီးနှင့် သမိန်ထောရွာကြီးတို့သည် ကောင်းစွာ သန္ဓေတည် မွေးဖွားလာလေသည်။

(၃)
ဆရာတော်သည် သမိန်ထောသို့ ရောက်ခါစက ယခုသမိန်ထောရွာ၏ အရှေ့ဘက်စူးစူးတွင် သီးတင်းသုံးသည်။ နောက်မှ ကျောင်းဒကာကြီးနှင့် တိုင်ပင်ကာ မြောက်ဘက် ကုန်းတန်းထိပ်သို့ ပြန်လည် ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုနေရာနှင့် ကပ်ရပ် တောင်ဘက်တွင် ချုံနွယ်များပိတ်ဖုံးလျက်ရှိသည့် ဘုရားကုန်းကြီးတစ်ခုကို ဖူးတွေ့ရသည်။ ထိုဘုရားကုန်းကြီးကို သုတ်သင်ရှင်းလင်းကာ "ဆုတောင်းပြည့် မဟာစေတီတော်ကြီး” ဟူသော ဘွဲ့အမည်ဖြင့် အသစ်တစ်ဖန် ပြန်လည်တည်ထားသည်။ ထိုဘုရားကြီး၏ မူလဒါယကာသည် ဟံသာဝတီ၏ နောက်ဆုံးမင်းဆက်၊ ဘုရင်သုရှင်တကာရွတ်ပိ၏ မိဖုရားတစ်ပါးဖြစ်သည့် တလပရော်သမီပင် ဖြစ်သည်။
အင်းဝနှင့် ဟံသာဝတီ နှစ်လေးဆယ်လောက် စစ်ဖြစ်နေသည့်အတွက် လေဟာနယ်ဖြစ်နေသည့် တောင်ငူက စစ်ရေး၊ စီးပွားရေးတိုးတက်လာသည်။ တောင်ငူသည် အစဉ်အဆက် မင်းသိမ်၊ မင်းငယ်လေးတွေ အုပ်ချုပ်လာသော်လည်း မင်းကြီးညို လက်ထက်မှ စ၍ အင်အားကြီးထွားလာသည်။ မင်းကြီးညို၏ သားတော် တစ်ပင်ရွှေထီးသည် ဟံသာဝတီပိုင်နက်၊ ရွှေမောဓောဘုရားမှာ လာရောက်၍ နားထွင်မင်္ဂလာ ပြုသည်။ ထိုချိန် ဟံသာဝတီကို အုပ်ချုပ်နေသူကား ဘုရင်သုရှင်တကာရွတ်ပိ။ သူသည် "မင်းသားငယ်ပင် ရှိသေးသည့် တစ်ပင်ရွှေထီးသည် ငါ၏ ဟံသာဝတီကို လာရောက်ထိပါးဝံ့သည်၊ နောင်တစ်ချိန် သူသာ ရှင်ဘုရင်ဖြစ်လာခဲ့သော်”ဟု ကြိုတင်ကာ တွက်ဆပြင်ဆင်မှုအားနည်းခဲ့သည်ဟု ဆိုရမည်ထင်သည်။ တကယ်တမ်း တစ်ပင်ရွှေထီး စစ်လာတိုက်သည့်အချိန်မှာလည်း မခုခံမကာကွယ်နိုင်ဘဲ ယောက်ဖတော် နရပတိရှိရာ ပြည်သို့ ထွက်ပြေးရသည်။
သုရှင်တကာရွတ်ပိ၏ မိဖုရားတစ်ပါးဖြစ်သည့် တလပရော်သမီသည် ပြည်သို့ မလိုက်ပါခဲ့။ ဒဂုံကနေ ဒလသို့ကူးသည်။ ဒလကနေ တွံတေး၊ ကော့မှူး၊ ကွံခြံကုန်းလမ်းအတိုင်း ဒေးဒရဲဘက်သို့ ဆုန်ဆင်းလာခဲ့သည်။ ထို့မှတစ်ဆင့် ဖျာပုံသို့...။ ဖျာပုံသည် မိုးရာသီ၌ နေလို့ အဆင်မပြေလှ။ ထို့ကြောင့် ဖျာပုံ၏ တောင်ဘက် သဲကုန်းတန်းဘက်သို့ ဆက်လက် ထွက်ခွာသွားသည်။ သမိန်ထောကုန်းတန်း၌ နေထိုင်နေရင်း တစ်ပင်ရွှေထီး၏ နတ်ရွာစံကြောင်းသတင်းကို ကြားသိရသည်။ တလပရော်သမီသည် ရန်သူမင်း နတ်ရွာစံခြင်းက မိမိတို့၏ အောင်ပွဲဖြစ်သည်ဟု မှတ်ယူသည်။ ဟံသာဝတီထီးနန်းကိုလည်း မိမိတို့ လူမျိုးများ ပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်ဟု တွေးထင်လေသည်။ ထို့ကြောင့် အောင်အတိတ်၊ အောင်နိမိတ်အနေဖြင့် ဘုရားကြီးတစ်ဆူကို တည်ထားသည်။ ထိုဘုရားကို "ကျိုက္ကျနွမ်း”ဟု ဘွဲ့တော်သမုတ်လေသည်။
"အောင်တော်မူဘုရား” ဟူလို။

(၄)
"မင်းက ငါအိုမှ လာတွေ့ရသကွာ”။ တိုက်တည်ဆရာတော်ကြီး၏ နှုတ်မှ မချိတင်ကဲ ပွင့်အန်ကျလာသည့် စကားတော်။ မိမိတပည့်လေး၏ ဉာဏ်ရည်ထက်မြတ်မှုနှင့် ရှေ့အလားအလာကို မြင်တော်မူသည့်အတွက် သည်စကားတော်ကို မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ဆရာတော်ကြီး၏ သက်တော် ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်အတွင်းသို့ ချင်းနင်းလာသည့်အချိန်မှာ ဘယ်လက်ရုံး၊ ညာလက်ရုံးအသွင် အားကိုးရမည့် တပည့်ကြီးနှစ်ပါးပေါ်ပေါက်လာသည်။ တစ်ပါးက အရှင်ကေတုမာလာ၊ တစ်ပါးကား အရှင်အတုလ။
ထိုတပည့်ကြီးနှစ်ပါးသည် အချင်းချင်း နားလည်မှုရယူကာ တစ်လှည့်စီ စာသင်ထွက်ကြသည်။ အရင်ဆုံး အရှင်ကေတုမာလာသည် ပုဇွန်တောင်၊ ညောင်ကုန်းကျောင်းတိုက်၌ ပညာသင်ကြားသည်။ ထိုမှတစ်ဆင့် သထုံမြို့၊ မွန်ကုန်းကျောင်းတိုက် အင်္ကုရဋီကာကျမ်းပြုဆရာတော်ကြီးထံမှ ပိဋကတ်ပညာများကို ဆက်လက်လေ့လာ ဆည်းပူးသည်။
အရှင်အတုလအလှည့်တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်ကြီးသို့ ကြွရောက်ပညာသင်ကြားသည်။ သုံးနှစ်သုံးမိုး သင့်နိုးရာရာ နိကာယ်ပိဋကတ်များကို ဆိုဝါဖြင့် လိုက်ရသည်။ အရှင်အတုလသည် မိမိရပ်ရွာ၌ပင် ပိဋကတ်စာပေများကို ဆရာတော်ကြီးထံမှ အခြေခံကျနစွာ သင်ယူပြီးဖြစ်သည်။ ပခုက္ကူတိုက်ကြီးမှာကား အထက်တန်းစာပေများကို အထွတ်တင် မွန်းမံသည့်သဘောမျိုး သွားရောက်သင်ကြားခြင်း ဖြစ်သည်။ သုံးနှစ်လောက် သင်ကြားပြီးကာမျှဖြင့်ပင် စာချခန့်အပ်ရန် လျာထားခြင်းရခံသည်ဟု ဆိုပါသည်။
ဘုရားဒါယကာ ဆာဘိုးသာက ခြောက်ထပ်ကြီးဘုရားအနီးတွင် မဟာဗုဒ္ဓါရာမ ( ဘုရားကြီးတိုက်) ကို တည်ဆောက်၍ ဆရာတော် ဦးကောဏ္ဍညကို လှုဒါန်းသည်။ ဆရာတော်၏ စာဝါပို့ချသင်ကြားမှုကြောင့် ဘုရားကြီးတိုက်သည် ပခုက္ကူ မဟာဝိသုတာ ရာမ တိုက်ခွဲအဖြစ် ထင်ရှားလာသည်။ ထိုဆရာတော်နှင့် အရှင်အတုလသည် မခုက္ကူတိုက်ကြီးတွင် အတူစာသင်ဖက်များ ဖြစ်သည်။ ဆရာတော်သည် သမိန်ထောသို့ ကြွလာခိုက် သူနှင့်အတူ မြို့ကိုလိုက်၍ စာဝါပို့ချရန် ခေါ်သည်ဟု ဆိုပါသည်။ အရှင်အတုလသည် မြို့ကို မလိုက်ဖြစ်သော်လည်း ပိဋကတ်စာပေများ မပြတ်ကြည့်ရှုကာ "ဓမ္မယာနပ္ပကာသနီကျမ်းနှင့် ဝိဝါဒဝိနိစ္ဆယကျမ်း”တို့ကို ရေးသားပြုစုခဲ့သည်။ တိုက်တည်ဆရာတော်ကြီးသည်ကား ဤအသီးအပွင့်များကို မြင်ခွင့်ရမသွားရှာပေ။ ထို့ကြောင့်ပင် အထက်ပါ စကားကို မိန့်ဆိုသွားဟန်တူပါသည်။
ကုန်းတန်းတိုက်ကျောင်းကြီးအနွယ်ဝင် ပညာရှင်တစ်ပါးကား အရှင်ဇနိန္ဒာဘိဝံသ ဖြစ်သည်။ ထိုအရှင်သည် ကဗျာလင်္ကါဖွဲ့စပ်မှုနှင့် ဂါထာဗန္ဓသီကုံးရာမှာ သူမတူအောင် ထူးချွန်ပြောင်မြောက်လှသည်။ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးတစ်ခွင်လုံး သူ၏ ကဗျာလင်္ကါ၊ ဂါထာဗန္ဓတို့နှင့် ကင်းသည့် အခမ်းအနားမျိုးကား မရှိသလောက်ရှားသည်ဟု ဆိုသည်။ နောင်တော် အရှင်ဂုဏိကနှင့်တွဲဖက်၍ စေတီတော်ကြီးကို မွန်းမံတည်ဆောက်ရေး၊ ဘုရားသမိုင်းပြုစုနိုင်ရေးတို့ကိုလည်း အားထုတ်ကြိုးပမ်းခဲ့သေးသည်။ မဇ္ဈိမဒေသနှင့် သီဟိုဠ်တို့တွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီး သီဟိုဠ်ခရီးသွားလမ်းညွှန်အဖြစ် "သီဟိုဠ့်အဆီကျမ်း”ကိုလည်း ပြုစုခဲ့သည်။

(၅)
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ၊
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။
ဟိမဝန္တာတောနက်အတွင်း ပတ္တမြားဂူကြီး၌ ဝက်အပေါင်းနေထိုင်ကြသည်။ ထိုပတ္တမြားဂူသည် ခြင်္သေ့တစ်ကောင် ရေသောက်ဆင်းရာလမ်းဘေး ကျရောက်နေသည်။ ထိုလမ်းကို ဖြတ်၍ ရေသောက်ဆင်းသည့်အခါ ခြင်္သေ့၏ ပုံရိပ်သည် ပတ္တမြားဂူ၌ လာရောက်ထင်ဟပ်လေသည်။ ဝက်တို့က ခြင်္သေ့ပုံရိပ်ကို မြင်ရသည့်အခါ မိမိတို့အား ရန်ပြုမည်လားဟူသော အတွေးဖြင့် ကြောက်ရွံ့တုန်လှုပ်ကြရသည်။
ခြင်္သေ့ကလည်း နေ့တိုင်း ထိုလမ်းကပင် ဖြတ်သည်။ ထိုအခါ ဝက်တွေက ခြင်္သေ့ပုံရိပ်မထင်နိုင်အောင် ပတ္တမြားဂူကို ရွှံ့ညွန်ဖြင့် ဝိုင်းသုတ်ကာ ဖျက်စီးကြလေသည်။ ပတ္တမြားဂူသည်ကား ပွတ်လေ၊ ပြောင်လေ၊ အရောင်ထွက်လေသာ ဖြစ်သည်။ နောက်ဆုံး ဝက်အပေါင်းသည်သာ ထိုအရပ်မှ ထွက်ခွာသွားကြရသည်။
ကုန်းတန်းတိုက်ကျောင်းကြီးသည် ဆရာစဉ်ဆက် စာတတ်ပေတတ်များ၊ ကျမ်းပြုအကျော်အမော်များ နေထိုင်သွားကြသည် ဖြစ်၍ ဖျာပုံမြို့ပေါ်ကပင် လေးစားခန့်ညားကြသည်။ ဆရာတော်ကြီးများက "ခြင်္သေ့အောင်းသော ဂူ”ဟုပင် တင်စားပြောဆိုကြသည်။
ဤရွှေဂူကြီးသည် လောကဓံ လှိုင်းကြမ်း၊ လေကြမ်းတွေကြားမှာ မတုန်မလှုပ်၊ တည်တည်ငြိမ်ငြိမ်၊ ရွှေအိုရောင် ဖိတ်ဖိတ်လက်လက်။ ဘယ်လိုဆိုးရွားသည့် လောကဓံမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ပင်ဖြစ်စေ ပရိယတ္တိအညွှန့်အဖူးတွေနှင့် ဆက်လက် တောက်ပနေမည်သာ ဖြစ်သည်။

မိုးသန့်
ကိုးကား
ထေရဝံသမှတ်တမ်း (ဦးဇနိန္ဒာဘိဝံသ)
စေတီတော်ကြီးသမိုင်း (ဖျာပုံစိုး)
တိုက်ကျောင်းကြီနွယ်ဖွားတို့၏ ပြောပြချက်များ

နှစ်ဦး ဝိပဿနာ (၇)ရက် တရားစခန်းပွဲ ဖိတ်ကြားလွှာ20.1.2023 မှ 26.1.2023 အထိအားထုတ်လိုသော ယောဂီများ ကြိုတင် စာရင်းပေးသွင်းန...
06/01/2023

နှစ်ဦး ဝိပဿနာ (၇)ရက် တရားစခန်းပွဲ ဖိတ်ကြားလွှာ
20.1.2023 မှ 26.1.2023 အထိ
အားထုတ်လိုသော ယောဂီများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။
ဆက်သွယ်ရန်-
09421108542/09698801499/09683883975

နိုင်ငံတော်မှ ဆက်ကပ်ခြင်း ခံရသော ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်
04/01/2023

နိုင်ငံတော်မှ ဆက်ကပ်ခြင်း ခံရသော ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း) အလှူရှင်မှတ်တမ်း (၃)   ဦးသောင်း+ဒေါ်တင်ကြည် မိဘနှစ်ပါးအားရည်စ...
02/03/2022

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း) အလှူရှင်မှတ်တမ်း (၃)

ဦးသောင်း+ဒေါ်တင်ကြည် မိဘနှစ်ပါးအားရည်စူး၍ သ္မီး ဆရာမများ (500000) ၅သိန်း။

ဒေါ်တင်ရွှေ မိသားစု ရှမ်းပိုင်း (500000) ၅သိန်း။

ဦးခိုင်စိန်+ဒေါ်အုန်း မိသားစု (500000) ၅သိန်း။

ဦးဆန်းညွန့်+ဒေါ်မြမြဝင်း မိသားစု (500000)၅သိန်း

ဦးလှမြိုင်+ဒေါ်လှမြင့် မိသားစု (500000) ၅သိန်း။

တို့ကို နိဗ္ဗာန်ရည်မှန်းလှူဒါန်းပါသည်။
ကုသိုလ်ရှင်မိသားစုများ ကျန်းမာပြီး ချမ်းသာကြပါစေ အိမ်မက်ရာမက် ကောင်းစွာမက်၍ နှစ်ခြိုက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကောင်းစွာမိုးသောက် အလင်းရောက်အောင် ထမြောက်နိုးကြား နိုင်ပါစေ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်နိုင်ကြပါစေ မကောင်းညစ်ဆိုးဒုစရိုက်မျိုးကို ကုသိုလ်လက်နက်တရားစက်ဖြင့် ဖြိုးဖျက်နိုင်ကြပါစေ။

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း)အလှူရှင်များ  (ထပ်တိုး)(ဦးချစ်)+ဒေါ်သန်း သ္မီး ဒေါ်မြမြဝင်း သာ...
27/02/2022

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း)အလှူရှင်များ (ထပ်တိုး)

(ဦးချစ်)+ဒေါ်သန်း သ္မီး ဒေါ်မြမြဝင်း
သား မောင်ထိန်လင်း(စင်္ကာပူ) မိသားစုမှ
(500000) (၅) သိန်း။

ဦးစိုးမြင့်+ဒေါ်မြင့်မြင့်အေး
သ္မီး မကေသွယ်စိုး (စင်္ကာပူ) မိသားစုမှ
(500000) ၅သိန်း။

ကုသိုလ်ရှင် မိသားစုများ ကျန်းမာပြီး ချမ်းသာကြပါစေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ စိုးရိမ်ခပ်သိမ်းကင်းငြိမ်းကြပါစေ ရောဂါခပ်သိမ်း ကင်းငြမ်းကြပါစေ စိုးရိမ်ကင်းကွာစိတ်ချမ်းသာစွာဖြင့် အသက်ရှည်ကြပါစေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ကြပါစေ အနာကင်းစွာ ကျန်းမာစွာဖြင့် အသက်ရှည်ကြပါစေ။

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း) အလှူရှင်များ မှတ်တမ်း (၂ ) ဦးသင်း+ဒေါ်တင်အေး အား ရည်စူး၍  ဦးမ...
26/02/2022

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း) အလှူရှင်များ မှတ်တမ်း (၂ )

ဦးသင်း+ဒေါ်တင်အေး အား ရည်စူး၍
ဦးမြင့်အေး+ဒေါ်မြင့်မြင့်ခိုင် ။
သား မောင်သီဟံမင်းသန့် မိသားစုမှ (500000) ကျပ်။

နှစ်ဘက်မိဘများအား ရည်စူး၍
ဦးတင်စိုး+ဒေါ်ဝင်းကြည် မိသားစုမှ (500000) ကျပ်။

နှစ်ဘက်မိဘများ အမှူးထား၍
မောင်စိုင်းဝေဖြိုး+မအေးသန္တာ။
သ္မီး မရတီလင်း မိသားစုမှ (500000) ကျပ်။

နှစ်ဘက်မိဘများ အမှူးထား၍
မောင်စည်သူဖြိုး+မဝေမာသင်း မိသားစုမှ
(500000) ကျပ် ။

နှစ်ဘက်မိဘများ ရည်စူး၍
ဦးလှမြင့်+ ဒေါ်ကျင်သန်း မိသားစုမှ (500000) ကျပ်။

သံဃာတော်တွေ သွားရာ နတ်လမ်း ဆောက်လှူကြသော ဒါယိကာ ဒါယိကာမ အပေါင်း သူတော်ကောင်းတို့သည် လျှောက်ရာ လမ်းခရီး ခလုတ်မထိ ဆူးမငြိပဲ
လိုရာ ပန်းတိုင် အရောက်လှမ်းနိုင်ပြီး ဘေးဒုက္ခ အန္တရာယ် အပေါင်းကို ကျော်လွှားနိုင်ကာ
မဂ်ဖိုလ် နိဗ္ဗာန်ကို ဘဝတိုတိုနဲ့ မျက်မှောက်ပြုနိုင်ကြပါစေ။

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း)ကုသိုလ်ရှင်များမှတ်တမ်း (၁)ဦးပိုက်+ဒေါ်သန်းနွဲ့ မိသားစု  (၁၀)သ...
26/02/2022

ကုန်းတန်းတိုက်ကျောင်းကြီး၌ ဆောက်လုပ်ဆဲ နတ်လမ်း(စောင်းတန်း)ကုသိုလ်ရှင်များမှတ်တမ်း (၁)

ဦးပိုက်+ဒေါ်သန်းနွဲ့ မိသားစု (၁၀)သိန်း။

ဦးမြင့်ကြည်+ဒေါ်စိန်ရံ မိသားစု (၅)သိန်း။

ဦသောင်းတင်+ဒေါ်ခင်ဝင်း မိသားစု (၅)သိန်း။

(ဦချစ်စိန်)+ဒေါ်မြင့်ကြည်မိသားစု(၅)သိန်း။

(ဦးတင်ညွန့်+ဒေါ်ခင်ရီ)အား ရည်စူး၍ သ္မီး ဆရာမဒေါ်ရီရီလွင် မိသားစု (၅)သိန်း။

ဦးအောင်သောင်း+ဒေါ်တင်တင်မိုး မိသားစု ရန်ကုန် (၅)သိန်း။

ဦးမျိုးဝင်း+ဒေါ်မာမာအေး မိသားစု ရန်ကုန် ၅ (သိန်း)။

ဤကုသိုလ် ကောင်းမှုကြောင့် စေတနာရှင် ဒါယိကာ ဒါယိကာမ အပေါင်း သူတော်ကောင်းတို့သည်
ဘေးဒုက္ခ အန္တရာယ် ရောဂါဘယ အန္တရာယ် အစရှိသော ဘေးဘယာ အပေါင်းမှ ကင်းလွတ်ငြိမ်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ဘဝတိုတိုနဲ့ မျက်မှောက်ပြုနိုင်ကြပါ​စေ။

သမိန်ထောကုန်းတန်းတိုက်ကျောင်းကြီး၊မုခ်ဦး နှင့် နတ်လမ်း အသစ်ပြုလုပ်နေမှု။ကွန်ကရစ်တိုင် ၊ အမိုးကလည်း စလစ်လောင်းပါမည်။အခန်း...
25/02/2022

သမိန်ထောကုန်းတန်းတိုက်ကျောင်းကြီး၊
မုခ်ဦး နှင့် နတ်လမ်း အသစ်ပြုလုပ်နေမှု။

ကွန်ကရစ်တိုင် ၊ အမိုးကလည်း စလစ်လောင်းပါမည်။
အခန်းတစ်ခန်းလျှင်
အမြင့်..... ၉ ပေ
အလျား .၁၅ ပေ
အနံ ...၁၃ ပေ

မုဒ်ဦးမှ တိုက်ရှေ့အထိ အခန်းပေါင်း
တစ်ဆယ့်ငါးခန်း ထိရှိမည်။

Ashin Munainda

16/07/2021

မိမိအိမ်တွင်းတွင် လာဘ်မတိတ်အောင် အောက်ပါ အချက်များရှောင်ပါ။

( ၁ ) မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၊

( ၂ ) အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၊

( ၃ ) မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၊

( ၄ ) စားသောက်သော အိုးခွက်ပန်းကန်များ အား လွှင့် ပြစ်ခြင်း ၊

( ၅ ) ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၊

( ၆ ) နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၊

( ၇ ) နေဝင် မိုးချုပ် လေချွန်ခြင်း ၊

( ၈ ) နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း ၊

( ၉ ) နေဝင် နေထွက်ချိန် သန်းရှာခြင်း ၊

( ၁၀ ) နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ၊

( ၁၁ ) နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း ၊

( ၁၂ ) နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း ၊

( ၁၃ ) အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း ၊

( ၁၄ ) အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း ၌ ထားခြင်း စွန့်ပစ်ခြင်း ၊

( ၁၅ ) မိမိ ဝတ်သော ပုဆိုး ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း ၊

( ၁၆ ) အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း ၊

( ၁၇ ) မျက်နှာမသစ်ပဲ အစာ စားခြင်း ၊

( ၁၈ ) မိမိ ခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ် အတွင်းစွန့်ပစ်ခြင်း ၊

( ၁၉ ) သောက်ရေအိုး ရေ မလဲပဲခြောက်နေခြင်း ၊

( ၂၀ ) သောက်ရေအိုး မှ ရေကို ထမင်း ဟင်းချက်ရာတွင် သုံးခြင်း ၊

( ၂၁ ) လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း ၊

( ၂၂ ) သား သမီး ဇနီး ကို လင်သားက ငွေ ( သို့ ) အစားအစာ ပစ်ပေးခြင်း ၊

( ၂၃ ) အဝတ်အစား များ ပြောင်းပြန် ဝတ်ခြင်း ၊

( ၂၄ ) အိမ် အပေါက်အား ကျောခိုင်း ထိုင်ခြင်း ၊

( ၂၅ ) ထမင်းစားရင်း အိပ်ငိုက်ခြင်း ၊

( ၂၆ ) အိမ် ၏ မျက်နှာစာတွင် ကလေးငယ် အား အပေါ့ အလေး စွန့်ခိုင်းခြင်း ၊

( ၂၇ ) ထမင်းရည်ပူ အား မြေကြီးပေါ်သို့ တိုက်ရိုက် ငှဲ့ချခြင်း ၊

( ၂၈ ) မိမိ အိမ်သို့ လာသော တောင်းစားသူများ အား ဆဲဆိုလွှတ်ခြင်း ၊

( ၂၉ ) အိမ်သာတက်ရင်း အစားစားခြင်း ၊

( ၃၀ ) စားသောက်ပြီး အိုး ခွက် ပန်းကန် များကို အချိန် ကြာမြင့်စွာ မဆေးပဲထားခြင်း ၊

( ၃၁ ) အိုး ခွက် ပန်းကန်များ ကို တီး၍ သီချင်း ဆိုခြင်း ၊

( ၃၂ ) အိမ်ရှေ့ တည့်တည့် တွင် ထမိန် စကတ် များကို လှန်းခြင်း ချွတ်ထားခြင်း ၊

( ၃၃ ) မိမိအိမ်တွင် မွေးမြူ ထားသော တိရိစ္ဆာန် များအား အစာမကျွေးပဲ လှောင်ထားခြင်း ရိုက်နှက်ခြင်း ၊

တို့ ကိုရှောင်ပါ။ ။

________________________

Credit:ငွေတာရီ

#အထွေထွေဗဟုသုတ.

Address

Pyapon

Website

Alerts

Be the first to know and let us send you an email when ကုန်းတန်း တိုက်ကျောင်းကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share