Pa.OH Youth

Pa.OH Youth Peom
နက်ပြာဝတ်စုံ
ဝတ်လိုက်ရုံပင်
မျိုးဂုဏ်ကိုဖော်
ထိန်းစို့နော်။

စိတ်ရဲ့စေရာ #
26/05/2024

စိတ်ရဲ့စေရာ #

24/03/2024
ရန်ကုန်မြို့တွင် (၇၅)ကြိမ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ ကျင်းပသည့်ပုံရိပ်များ=======================မတ်လ (၂၄)ရက်၊ ၂...
24/03/2024

ရန်ကုန်မြို့တွင် (၇၅)ကြိမ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ ကျင်းပသည့်ပုံရိပ်များ
=======================
မတ်လ (၂၄)ရက်၊ ၂၀၂၄

ပအိုဝ်းသက္ကရာဇ်(2715ခု)ကောဇာသက္ကရာဇ်1385ခုနှစ် (75)နှစ်မြောက်စိန်ရတုပအိုဝ်းအမျိုးသားနေ့ကို
ရန်ုကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ဉာဏရပ်ကွက် ပင်လုံရတနာပအိုဝ်းကျောင်း၌ကျင်းပပါသည်//
တပေါင်းလ္ဆန်း(14)ရက်နေ့ကအလံတင်အခန်းအနားကျင်းပပြီး ပင်လုံရတနာပအိုဝ်းကျောင်းဦးခေမာစာရမှအဖွင့်အမှာစကားပြောကြားရာတွင်ပအိုဝ်းအမျိုးသားရေးလက္ခဏာတည်တံ့ခိုင်မြဲရေး
မိမိတို့၏မူဝါဒမတူညီသော်လည်း ပအိုဝ်းအမျိုးသား
ရေးစိတ်ဓာတ်တူညီနေရမည်ဟုမိန့်ကြားတော်ပြီး
ပအိုဝ်းသွီးသီးချင်းဖြင့်သံပြိင်သီဆိုဖွင့်လှစ်ပြီး
အကပဒေသာဖြင့်ကပြဖျော်ဖြေခြင်း
အဆိုတော်ခွန်ငယ်လင်းနှင့်တက်သစ်စပအိုဝ်းအဆိုတော်များပါဝင်သီဆိုပြီး
တပေါင်းလပြည့်နေ့မနက်ရွှေတိဂုံစေတီတော်မှာဘုရားဆွမ်းတော်ကပ်ခြင်းပင်လုံရတနာပအိုဝ်းကျောင်း၌တောင်ကြီးဆရာတော်ထံတွင်တရားတော်နာယူပြီး စာအောင်သံဃာတော်များ
အား ရန်ကုန်ပအိုဝ်းဌာနဆိုင်ရာအသီးသီးမှဂုဏ်ပြုဆက်ကပ်လှူဒါန်းပါသည်//

24-3-2024

Crd:

09/10/2023
သူလေးထံသို့=♥ တွယ်တာလှပေမဲ့        ကွယ်ရာကပဲ  ချစ်တော့မယ်။=♥ မင်းမျက်နှာလေးကို       အဝေးကနေ       ငေးနေရရင်  ကျေနပ်ပြီ။...
04/09/2023

သူလေးထံသို့

=♥ တွယ်တာလှပေမဲ့
ကွယ်ရာကပဲ ချစ်တော့မယ်။

=♥ မင်းမျက်နှာလေးကို
အဝေးကနေ
ငေးနေရရင် ကျေနပ်ပြီ။

=♥စိတ်ကူးယဥ်ဆန်တဲ့
ပုံပြင်လေးထဲကနေ
ကိုယ်ရုန်းမထွက်ချင်တော့တာ အမှန်ပါ
ပဲ။
=♥တကယ့်လက်တွေ့မဟုတ်ရင်လည်း
စိတ်ကူးပုံဖော်နေရတဲ့
စိတ်ကူးယဥ်ဇာတ်လမ်းလေးထဲမှာ
ကိုယ်ကမင်းသား မင်းလေးက မင်းသမီးပေါ့။

=♥လက်တွေ့အပြင်မှာ မဟုတ်လည်း
စိတ်ကူးယဥ်ပုံပြင်ထဲမှာတင်
ကိုယ်ပျော်ရွှင်နေပါပြီ။

@ဘဝဒိုင်ယာရီ #

လှပတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်တဲ့အခါ ---------------------------------------------------------------၁ ။ အနာဂတ်အတွက် ...
01/07/2023

လှပတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်တဲ့အခါ
---------------------------------------------------------------

၁ ။ အနာဂတ်အတွက် Plan ရှိပါ

" ချစ်တယ် " ဒါကို လူတိုင်းပြောတတ်တယ် ။
ဒါပေမဲ့ နီးစပ်အောင်မကြိုးစားဘူး ။ ချစ်သူဘဝမှာတင် ရပ်တန့်နေလို့မရပါဘူး ။ အသက်ရွယ်ရလာတာနဲ့ အမျှ ချစ်တဲ့သူနဲ့အတူ ဘဝတစ်ခုတည်ထောင်ဖို့ဆိုတဲ့ plan ဟာ သေချာပေါက်ရှိရပါလိမ့်မယ် ။

အဲ့ဒီအတွက် ကြိုးစားရမယ် ။ သူနဲ့ နီးစပ်ဖို့ အမြဲတွေးထားရမယ် ။ တစ်နေ့ကျရင် အတူရှိရမယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိနေရမယ် ။ ဘယ်လောက်ဝေးဝေး နီးရမယ် ၊ ပင်လယ်တွေခြားလဲ ရအောင်သွားမယ် ၊ တစ်နေ့ သူ့အနားရောက်ရမယ်ဆိုတဲ့ စိတ်ကလေးဟာ အချစ်ရဲ့ စွမ်းအားပါပဲ ။

ချစ်တယ် လို့အမြဲပြောနေပေမဲ့ နီးစပ်ဖို့ မကြိုးစားရင် တဖြည်းဖြည်းဝေးကွာ လာမှာပါပဲ ။ အနာဂတ်မှာ အတူရှိရမယ်ဆိုတဲ့ Plan လဲ ရှိထားဦးမှ အဆင်ပြေမှာပေါ့ ။

၂ ။ မာနတွေ မပြိုင်နဲ့

ရန်ဖြစ်တိုင်း ပြန်ချစ်ဖို့တွေးပါ ။ မတူညီတဲ့ ခံစားချက်တွေ အတွေးတွေနဲ့ သူစိမ်းနှစ်ဦးဟာ အခန့်မသင့်တဲ့ အချိန်တွေ ရှိလာမှာပါပဲ ။ တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်နိုင်သရွေ့ မဝေးပါဘူးတဲ့ ။

မာနတွေ မထားပါနဲ့ ။ သူငါ့ကို ပစ်ထားလို့ ၊ သူဘယ်သူနဲ့ ဘာလုပ်လို့ ဆိုပြီး အရွဲ့မတိုက်ပါနဲ့ ။ အရွဲ့တိုက်ခြင်း ၊ မာနထားခြင်း ၊ အနိုင်ယူလိုခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ အကြီးမားဆုံးရန်သူတွေပဲ ။ ဒီအရာတွေရဲ့ သက်ရောက်မှုဟာ ဝေးကွာခြင်းကိုသာ ဦးတည်ပါလိမ့်မယ် ။

၃ ။ Balance ကပွါ ။

တစ်ဦးကို တစ်ဦး မျှတူစာနာပါ ။ တစ်ဖက်တည်းကချည်း အမြဲနားလည်နေရမယ် ၊ ခွင့်လွှတ်နေရမယ်ဆိုရင် ဒီ relationship က သိပ်မကြာဘူး ၊ ပြတ်မှာပါပဲ ။

တစ်ယောက်ရဲ့ မပြည့်ဝမှုတွေကို တစ်ယောက်က နားလည်ပေးရမယ် ။ ကိုယ့်အလှည့်တုန်းကကျ သူ့ကိုနားလည်ပေးစေချင်ပြီး ၊ သူ့အလှည့်ကျ နားလည်ပေးဖို့ ခက်နေရင် လူတစ်ယောက်ကို မချစ်သင့်သေးပါဘူး ။ အချစ်မှာ ကိုယ်ချင်းစာစိတ်က သိပ်အရေးပါတယ် ။ ကိုယ့်ဒဏ်ရာမှ နာတယ်ထင်တဲ့ တစ်ကိုယ်ကောင်းဆန်ချင်တဲ့စိတ်ရှိရင်တော့ ဒါဟာ ချစ်ဖို့မထိုက်တန်သေးဘူး ။

လူတစ်ယောက်ကိုချစ်ရင် နားလည်မှုတွေ ၊ ဂရုစိုက်မှုတွေပါရမယ် ။ သူ့ဒဏ်ဟာတွေကိုလည်း စာနာပေးတတ်ရမယ် ။

အချစ်ဟာ စက်ဘီးလေးတစ်စီးလိုပဲ ။ နှစ်ဖက်လုံးက balance ကျနေရမယ် ။ ဒါမှ အမြဲလည်ပတ်ပြီး ၊ လိုရာခရီးရောက်နိုင်မှာ ။ တစ်ဖက်က ချို့ယွင်းနေရင် မကြာဘူး လှဲမှာပဲ ။

၄ ။ အချစ်မှာ Limit တွေရှိကြောင်း နားလည်ပါ

နေရာတိုင်းမှာ Limit ဆိုတာ ရှိတယ် ။
အရာဝတ္ထုမှာ ဖြစ်ဖြစ် ၊ အချစ်မှာ ဖြစ်ဖြစ်ပေါ့ ။

အမြဲတမ်းသည်းခံနေတဲ့ လူတွေမှာလည်း ပေါက်ကွဲချင်တဲ့နေ့တွေဟာ တကယ်ရှိတယ် ။
သူကငါ့ကို ချစ်တာပဲ ၊ ငါလုပ်သလို ရပါတယ် ဆိုတဲ့ စိတ်နဲ့ လူတစ်ချို့ ရှိတယ် ။ လုပ်ချင်ရာလုပ်မယ် ပြီးမှ ပြန်တောင်းပန်မယ် ဆိုတဲ့ လူတွေ ။

ဒါတွေက ကြာကြာမခံဘူး ။ ချစ်လို့ ခွင့်လွှတ်တာကို အနိုင်ယူစရာလို့ မှတ်ယူထားတဲ့လူတွေ ။ အမြဲသည်းခံပေးတဲ့ လူတွေက သည်းမခံနိုင်တော့ရင် သူများထက်ပိုတယ် ။ အရမ်းချစ်တတ်တဲ့လူတွေက ပြတ်သားလိုက်ရင် ဘယ်သူမှ လိုက်မမီဘူး ။

လူတိုင်းမှာ သည်းမခံနိုင်တဲ့ အရာတွေ ၊ ခွင့်မလွှတ်နိုင်တော့တဲ့ အဖြစ်ပျက်တွေရှိတယ် ။ ဒါကို ထပ်ခါထပ်ခါ ကျူးလွန်နေရင် အချစ်ဆိုတာကလဲ ပျောက်ကွယ်သွားမှာပဲ ။ လူတိုင်းမှာ သူသည်းခံနိုင်တဲ့ Limit က ရှိပြီးသား ။

အဲ့ဒီအချိန်ကျမှ သူ့ဘက်ကပြောင်းလဲ သွားတာဆိုပြီး နစ်နာသူလုပ်လို့ မရဘူး ။ Action and Reaction ပဲ ။

ဘယ်အရာက ကိုယ့်ချစ်သူကို နာကျင်စေလဲဆိုတာ ချစ်တဲ့သူတိုင်း သိတယ် ။
သူသဝန်တိုစရာတွေ ၊ သူသဘောမကျတာတွေကိုတောင်မှ ပြုပြင်မပေးနိုင်ပဲ ၊ ချစ်တယ်လို့ ပါးစပ်က အမြဲပြောနေတာဟာ အလကားပဲ ။

အဲ့တာ ချစ်တယ်လို့ မခေါ်ဘူး ၊ အနာပေးလိုက် ဆေးကျွေး လိုက်နဲ့ ကစားနေတာ ။ချစ်တယ်ဆိုတာ သူနာကျင်မှာစိုးတဲ့စိတ် ၊ ကိုယ်တိုင်က ကျူးလွန်ဖို့ နေနေသာသာ ၊ အဘက်ဘက်က ကာကွယ်ပေးချင်နေတဲ့ စိတ်မျိုးပါပဲ ။

၅ ။ ကိုယ်နဲ့ Chemistry မိတဲ့လူကိုသာ ရွေးချယ်ပါ

လှပတဲ့ ချစ်ခြင်းမေတ္တာလေးကို တည်ဆောက်ဖို့ဆိုရင် တစ်ဖက်လူက ကိုယ်နဲ့ Chemistry ညှိဖို့လိုပါတယ် ။

ကိုယ်နဲ့ စိတ်သဘောချင်း ညီမျှဖို့ သိပ်အရေးကြီးပါတယ် ။ အသွင်တူမှ ကြင်သူဖြစ်တာမျိုးပေါ့ ။

ကိုယ်အတွက် Comfortable ဖြစ်တဲ့ လူကိုတွဲမှ စိတ်ချမ်းသာရမယ် ။ မတူညီတဲ့ ပုံစံခွက်ကို အတင်းလိုက်ညှိယူရတာက အရမ်းပင်ပန်းပါတယ် ။ ချမ်းသာတဲ့လူကို တွဲပြီး သူကြွားသမျှ လိုက်နားထောင်နေရရင် ၊ သူတော်ကြောင်း တတ်ကြောင်းပြောပြီး အမြဲ ဆရာကြီးလုပ်နေရင် ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး ။ အနည်းဆုံးတော့ ကိုယ်ချင်းစာစိတ်လေးရှိပြီး ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်မှ အဆင်ပြေမယ်မဟုတ်လား ။

ချစ်ခြင်းမေတ္တာဆိုတာ ကောင်းခြင်း ၊ ဆိုးခြင်းတွေကို ထပ်တူထပ်မျှ ခံစားမျှဝေဖို့ပဲ ။ ငွေကြေးကြောင့် ကပ်တွယ်နေတဲ့ အချစ်တွေ ၊ နေရာတစ်ခုအတွက် ခုတုံးလုပ်ထားတဲ့ အချစ်တွေဆိုတာ ဘယ်တော့မှ မစစ်မှန်ဘူး ။ ဒါတွေဟာ ခဏပဲ ။

အလင်းရောင်အောက်မှာ အတူကပေးနိုင်တဲ့သူထက်
အမှောင်ထဲမှာ လက်ချင်းချိတ်ပြီး လျှောက်ပေးနိုင်တဲ့သူကမှ တကယ်တန်ဖိုးတန်တာ ။

ကိုယ်ဘယ်လိုလူကို တွဲနေတယ် ဆိုတာမျိုးထက်
ကိုယ်တွဲနေတဲ့လူက ကိုယ့်နဲ့ ထပ်တူကျတယ် ဆိုတာကမှ တကယ်ဂုဏ်ဆာစရာကောင်းတာ ။

- Thar Htwe -

မှ - " ဘဝ၏ ပျော်ရွှင်ခြင်း ၊ အချစ်၏ လှပခြင်း "

16/06/2023

Good night...ကလေး

တစ်နေ့တာကုန်ဆုံးခဲ့ပြန်ပြီနော်
မနက်ဖြန်တွေကိုအစပြုဖို့
ညတွေကိုပြန်ရောက်လာခဲ့ပြီ

ညဆိုတာကို
အထီးကျန်စရာလို့မမြင်စေချင်တော့ဘူး
ညတွေဟာတိတ်ဆိတ်တယ်
ညတွေဟာလှပတယ်

နေ့ဘက်တွေဆို ပွေလီရှုပ်ထွေးတဲ့
လူ့ဘဝ အခန်းကဏ္ဏတွေနဲ့
မပြုံးချင်ပဲ ပြုံးလိုက်ရတဲ့အခိုက်အတန့်တွေရှိမယ်
မလုပ်ချင်ပဲလုပ်လိုက်ရတဲ့
ကိစ္စရပ်တွေရှိမယ်

ညတွေမှာတော့အဲ့ဒီလိုမဟုတ်ဘူးကလေးရဲ့
ဘယ်အရာကိုမှလဲအားနာစရာမလိုဘူး
ကိုယ့်ကိုကိုယ်လဲအားနာစရာမလိုပဲ
ကိုယ့်စိတ်အတက်အကျအတိုင်းဖြတ်သန်းလို့ရတယ်လေ

အဲ့ဒါကြောင့်
ညတွေရောက်ရင်
နာကျင်စရာတွေကိုပဲ တွေးပြီး
ငိုမနေစေချင်ဘူး
အထီးကျန်တယ်လို့ မခံစားစေချင်ဘူး

‌ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်
ဘယ်သတ္တဝါကိုဖြစ်ဖြစ်
သတိရလို့ဖြစ်စေ သတိမရလို့ဖြစ်စေ
မေတ္တာပို့ပါ

ကလေးလေးကိုရင့်ကျတ်စေချင်ပြီ
ကိုယ့်ကိုကိုယ်ချစ်တက်တဲ့ကလေးလေးဖြစ်စေချင်ပြီ

ဒီညတော့ ဒီစာလေးနဲ့ပဲ‌
ချော့သိပ့်လိုက်မယ်နော်
Good night...ကလေး

#ကျေးကို

12/06/2023

သူ့ကို ဘာကြောင့်ချစ်လဲလို့ မေးလာရင်တော့😍..😍.😘😘.

သူ့ကို ဘာကြောင့်ချစ်လဲလို့ မေးလာရင်တော့

အဖြေက ရိုးရှင်းပါတယ်

သူက.....ကျွန်တော့်ကို ပျော်ရွှင်စေလို့ပါပဲ

ချစ်ခြင်းမေတ်တာကို ယုံလားလို့မေးရင်

"အင်း''လို့ ပြန်ဖြေမိမှာပါ

ဒါပေမယ့်..... ကျွန်တော် တကယ် မယုံပါဘူး

ကျွန်တော်တို့ဟာတစ်ဖက်လူက

ကိုယ့်ကို တကယ်ချစ်တာလား

မချစ်တာလား မသိနိုင်ဘူးလေ

ပါးစပ်က ချစ်တယ် ပြောနေပေမယ့်

တကယ်တမ်းကျ မချစ်တာလည်း

ဖြစ်နိုင်တာပဲ

ကျွန်တော်တို့ဘဝမှာ ကိုယ်က

ချစ်တယ်လို့ ထင်ခဲ့တဲ့သူတွေ

ကိုယ့်ကို ချစ်တယ်လို့ ထင်ခဲ့တဲ့သူတွေ အများကြီးပဲ

နောက်ဆုံး......

ကျွန်တော်သိလိုက်တာ တစ်ခုက

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို

ပျော်ရွှင်စေချသ်ကြတာ ပဲ

ကိုယ်ချစ် မြတ်နိုးတဲ့သူကို

စိတ်ဆင်းရဲအောင်

နာကျင်အောင်

ဘယ်သူမှ မလုပ်ကြပါဘူး

သူကတော့ ကျွန်တော့်ကို ပျော်ရွှင်စေတဲ့သူ...

ကျွန်တော့်ဒဏ်ရာတွေကို ဘယ်လိုခွာချပေးရမလဲ

လို့ တွေးပြီး

ကျွန်တော်ပျော်အောင် ဘယ်လို လုပ်ပေးရမလဲ လို့

အမြဲတွေးပေးနေတတ်သူမို့

ကျွန်တော့်ကို တစ်ကယ်ချစ်တယ် လို့ပဲ ယုံလိုက်ပါတယ်။

(တကယ်မချစ်တော့လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့လေ...)

သဘောကျရာ စာစုလေး

Crd.

ပျော်ရွှင်ခြင်း ပြတင်းပေါက်လေး

02/06/2023

😍😍😍
အစနေတုန်းက အကောင်း

မင်းလေးနဲဲ့ တွဲလာမှ

မျက်ရည်ကျရတာ

မင်းလေးက လူလား😁

ကြ က်သွန်နီလားကွယ်😁😘😘

သူတို့တေလို   ရှင်သန်ပါ ဘဝကို ဘယ်တော့မအရုံးမပေနဲ့အောင်မြင်တဲ့သူတိုင်းမာလည်း အခက်ခဲဆိုတာရှိတယ်ဘာအရာမဆို ရင်ဆိုင်မယ်ဆိုတဲ့...
26/05/2023

သူတို့တေလို ရှင်သန်ပါ
ဘဝကို ဘယ်တော့မအရုံးမပေနဲ့

အောင်မြင်တဲ့သူတိုင်းမာလည်း
အခက်ခဲဆိုတာရှိတယ်

ဘာအရာမဆို ရင်ဆိုင်မယ်ဆိုတဲ့
စိတ်ကို အမြဲမွေးထားပါ

တနေ့ မင်းအောင်မြင်တဲ့သူတယောက်
ဖြစ်ကိုဖြစ်ရမယ် အောင်မြင်သူတိုင်း
ကြိုးစားနေတယ်ဆိုတာ မမေ့နဲ့

ဘယ်အရာမ မဖြစ်ဖူးဆိုတာမရှိဘူး
မဖြစ်သေးတာဘဲရှိတယ်

ယနေ့ခေတ်မာ ပိုက်ဆံမရှိရင်
အရာရာ မျက်နာငယ်ရတယ်

ကြိုးစားပီး ဘဝကို ရှင်သန်ပါ
တွေဝေမနေနဲ့ အတွေးများပီ ဖစ်ပါ့မလားဆိုရင်တော့ သေချာတယ် မင်းဟာ ကိုယ်တိုင်ဦးဆောင်
နိုင်တဲ့ အရည်ချင်းမရှိတဲ့သူဖြစ်သွားလိမ့်မယ်

နောက်လိုက်စိတ်မမွေးနဲ့ အမြဲတမ်း
ခေါင်းဆောင်ကောင်း တယောက်စိတ်မွေးပါ

 #သန်မာနေမှဖြစ်မယ် ==================စာလို တတ်ပြီးလူလို မတတ်တဲ့ သူတွေကိုတွေ့တော့စိတ်ကောင်းရှိမှလူကောင်းဖြစ်မယ် ဆိုတဲ့ စက...
26/05/2023

#သန်မာနေမှဖြစ်မယ်
==================

စာလို တတ်ပြီး
လူလို မတတ်တဲ့ သူတွေကိုတွေ့တော့
စိတ်ကောင်းရှိမှ
လူကောင်းဖြစ်မယ် ဆိုတဲ့ စကားကို
ပိုပြီး လက်ခံ လာတယ် ။

အသက်တွေသာကြီးပြီး
စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့
လူတွေကို တွေ့တော့
အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီး
အသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။

လူက ချမ်းသာနေပြီးတော့
စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့
ဘယ်လို နေရနေရ ဘယ်လို စားရစားရ
လွတ်လပ် ပျော်ရွှင်ခြင်းကသာ
ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။

ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့
စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းက
လောကကို ဒုက္ခပေးတတ်တယ်
ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။

ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက
အခြောက်တိုက် ဘဝင်မြင့်နေပြီး
တစ်ဖက်သားကို လူရာမသွင်းချင်ကြတဲ့အခါ
ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲ
လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။

တစ်ထောင်ဖိုး ပေးလို့
တစ်ရာဖိုးလောက်တောင်
အကောင်းမမြင်ဘဲ
ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က
အပြစ်ပဲမြင်နေကြတဲ့အခါ
ကိုယ်မှန်တယ် ထင်ရင်
ဂရုမစိုက်ပဲ နေတတ်လာတယ် ။

စေတနာ မေတ္တာတွေက
ကိုယ်ပေးသလောက်မဆိုထားနဲ့
တစ်ခါတလေ တစက်လေးမှ
ပြန်မရတဲ့အခါ....
နောက်တခါ ပေးနိုင်ရင်ပေး
မပေးနိုင်ရင်လဲ ဥပေက္ခာပြုပြီးနေ
ဒါပေမယ့် မင်း မျော်လင့်ချက်တော့
သွားမထားမိစေနဲ့လို့
ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ် ။

လူတစ်ချို့က လိုမှခေါ်တယ်
လူတစ်ချို့က လိုမှ သုံးတယ်
လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်
လူတချို့က ဒုက္ခရောက်မှ သတိရတယ်
လူတချို့က ဒဏ်ရာတွေ ပေးပြီး
လိုသလို သုံးပြီးရင် ပြန်ထွက်သွားကြတယ်

ဒါတွေဟာ ဘဝထဲမှာ ခေါက်ရိုးကျိုး
နေတဲ့အခါ လူတွေနဲ့ အရောဝင်ရမှာ
ကြောက်လာတယ်

လူတွေကို ယုံကြည်ရမှာ ကြောက်လာတယ်
လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်
လူတွေအများကြီးနဲ့
တဟီးဟီး တဟားဟား နေရဖို့ထက်
တစ်ယောက်ထဲပဲ အေးအေးဆေးဆေး
နေချင်လာတော့တယ်
နေတတ်အောင်လဲ ကြိုးစားတယ် ။

မိုးရွာရင်လဲ ရွာမယ်
နေပူချင်လဲ ပူမယ်
တခါတေလ ဘဝက
ရာသီဥတု ဆန်တယ်
ကိုယ်က နေတတ်မှ

ဒီနေ့က မလွယ်ကူဘူး
နောက်နေ့က ပိုပြီးခက်ခဲနိုင်တယ်
ဒီနေ့ထက် မနက်ဖြန်မှာ
ခံနိုင်ရည် ပိုပြီးရှိနေရမယ်

အပင်မြင့်ရင်လဲ လေတိုက် ခံရမှာဘဲ
အပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲ
လောကဓံက ကွက်ကြားမိုး မဟုတ်ဘူး
ဘာပဲဖြစ်ဖြစ် ကိုယ်က သန်မာနေမှ ဖြစ်မယ် ။

Credit

Address

Pinlaung

Website

Alerts

Be the first to know and let us send you an email when Pa.OH Youth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Pa.OH Youth:

Share