15/08/2026
14.8.2026 (သောကြာနေ့) …..
ဧရာဝတီတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ် (ပုသိမ်) ဗုဒ္ဓဝေယျာဝစ္စအသင်း၏ အပတ်စဉ် ကုသိုလ်ပြုလှုပ်ရှားမှုအဖြစ် သမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ဘုရားပန်းလဲလှယ်ခြင်းနှင့် ရင်ပြင်တော် သန့်ရှင်းရေးလုပ်ငန်းများကို အဋ္ဌမအကြိမ်မြောက်အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
ယခုအပတ် ကုသိုလ်ရေးရာများတွင် -
- လုပ်အားဒါနဖြင့် နည်းပညာတက္ကသိုလ် (ပုသိမ်) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားပန်းအလှူအနေဖြင့် သင်းပျံ့စိုပြေ မုန့်လုပ်ငန်းနှင့် စုပေါင်းအလှူရှင်များက ကျပ် (၁၀၅,၀၀၀) (တစ်သိန်းငါးထောင်ကျပ်တိတိ) လှူဒါန်းခဲ့ကြပါတယ်။
- အာဟာရဒါနအနေဖြင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဗုဒ္ဓဝေယျာဝစ္စအသင်းမှ မုန့်ဖက်ထုပ် (၄၀) ကို လှူဒါန်းခဲ့ကြပါတယ်။
ထို့အပြင် အသင်း၏ လုပ်ငန်းလည်ပတ်မှုနှင့် လိုအပ်ချက်များအတွက် ရန်ပုံငွေအဖြစ် -
ဒေါ်မေမြန်မွန် မှ ကျပ် (၂၀,၀၀၀) (နှစ်သောင်းကျပ်တိတိ)
ဦးသူရဖြိုး မှ ကျပ် (၃၀,၀၀၀) (သုံးသောင်းကျပ်တိတိ) တို့ကို အသီးသီးလှူဒါန်းပေးခဲ့ကြပါသည်။
အပတ်စဉ်တိုင်း မပျက်မကွက် အဘက်ဘက်မှ လုပ်အားဒါန၊ ငွေအားဒါနတို့ဖြင့် ပါဝင်ကုသိုလ်ယူပေးကြသော အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို နည်းပညာတက္ကသိုလ် (ပုသိမ်) ဗုဒ္ဓဝေယျာဝစ္စအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
#နည်းပညာတက္ကသိုလ်ပုသိမ်
#ဗုဒ္ဓဝေယျာဝစ္စအသင်း