19/07/2026
https://www.facebook.com/share/p/1GNFd7C7ua/?mibextid=wwXIfr
တရုတ်ပြက္ခဒိန် ၆ လ ၇ ရက်နေ့
(ထျန်းမင်ခိုင်း)သည် ကောင်းကင်ဘုံရှိ ယိ၀န်စန့်တိ (玉皇上帝)၏ ကောင်းကင်တံခါးမကြီးဖွင့်သည်ကိုဆိုလိုပါသည်။
ယင်းနေ့တွင် တရုတ်လူမျိုးများသည် မိမိလိုအင်ဆန္ဒများပြည့်ဝစေရန် ထျန်းကုန်းထံတွင် ဆုတောင်းခြင်းများ၊ ကျန်းမာရေးကောင်းမွန်စေရန် ယတြာခြေဆုတောင်းခြင်းများပြုလုပ်ကြသည်။
ယင်းနေ့တွင်တောင်းသောဆုသည် အစွမ်းထက်၍ ဆုတောင်းပြည့်သည်ဟုလည်း ယုံကြည်ကြသည်။
ဓလေ့ထုံးစံအရ ယိဝန်စန့်တိအား ထျန်းကုန်းနတ်မင်းဟုခေါ်ဝေါ်ကြသည်။
ယိဝန်စန့်တိနန်းဆောင်သည် လျှို့ဝှက်နက်နဲသော မိူးကောင်းကင်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ဆောက်ထားသည်။
ထျန်းကုန်းနတ်မင်းကြီးသည် ၃၁ဘုံကြင်လည်သော လူ၊ နတ်၊ သတ္တဝါအားလုံးကို စီမံအုပ်ချုပ်သည်။
ထို့ကြောင့်ထျန်းကုန်းနတ်မင်းကြီးသည တရုတ်လူမျိုးများ၏ အထွတ်အမြတ်ထားသော နတ်မင်းကြီးဖြစ်သည်။
တရုတ်၆လပိုင်းလဆန်း၇ရက်နေ့သည် မိုးကောင်းကင်တံခါးဖွင့်သော နေ့ဖြစ်သောကြောင့် တာအိုဘာသာဘုရားကျောင်းများတွင် ဘုန်းတော်ကြီးများပင့်ဖိတ်၍ ပရိတ်ရွတ်ယတြာချေခြင်းများပြုလုပ်ကြသည်။
တနည်းအားဖြင့် ကောင်းကင်ဘုံနတ်မင်းကြီးအား ကျေးဇူးးဆပ်တတ်ကြသည်။
နှစ်တစ်နှစ်၏တစ်ဝက်ကိုရောက်ရှိသောကြောင့် နှစ်ဝက်ကန့်တော့ခြင်းနှင့် နှစ်ဆန်း ၉ ရက်နေ့မိုးနတ်မင်းမွေးနေ့အား အလွန်ကြီးကျယ်ခန်းနားစွာကျင်းပကြသည်။
ယင်း ၆ လပိုင်း ၇ ရက်သည် မိုးနတ်မင်းကြီးမဂ်
တရားရသောနေ့လည်းဖြစ်သည်။
အရပ်၁၀မျက်နှာရှိနတ်ဒေဝါအပေါင်းတို့သည် ကောင်းကင်ဘုံသို့တက်ရောက်၍ မိုးနတ်မင်းကြီးအား ကောင်းချီးထောပနာပြုလုပ်ပေးကြသည်။
လူ့ပြည်ရှိပြည်သူများလည်း ၄င်းနေ့တွင် မိုးနတ်မင်း၏ စောင်မမှု ချမ်းမြေ့သာယာဖန်တီးပေးခြင်းကို ပြန်လည်ကျေးဇူးဆပ်ကြသည်။ ချမ်းသာခြင်းများ ပေးသနာရန် ယုံကြည်မှုဖြင့် မိုးနတ်မင်းထံဆုတောင်းကြသည်