30/01/2026
https://www.facebook.com/share/1Z9JAqBtth/
ခရစ်ယာန်ယုံကြည်သူ ဖခင်များမှ မိမိတို့၏
သားသမီးများအပေါ် ပြုလုပ်ရမည့်တာဝန်ဝတ္တရားများ….
🔰ခရစ်ယာန်ယုံကြည်သူ ဖခင်တစ်ယောက်
အနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို ဘုရား
သခင်ရဲ့လမ်းစဉ်အတိုင်း ပြုစုပျိုးထောင်ခြင်း
ဆိုတာ အင်မတန်မှ မွန်မြတ်တဲ့တာဝန်ဝတ္တရား
တစ်ခုဖြစ်ပါတယ်။
🔰သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဖခင်တွေက
မိမိတို့သားသမီးကို ဘယ်လိုလမ်းညွှန်ဖို့
သွန်သင်ထားသလဲဆိုတာ အချက် (၅)ချက်နဲ့
အနည်းငယ်ဖော်ပြပေးချင်ပါတယ်။
၁။ နှုတ်ကပတ်တော်ကို သွန်သင်ခြင်း (Teaching the word of God)
👨👦 ဖခင်တစ်ဦးရဲ့ အဓိကတာဝန်မှာ သားသမီး
တွေကို ဘုရားသခင်အကြောင်းနဲ့ ပညတ်
တော်တွေကို သိရှိနားလည်အောင် ငယ်စဉ်
ကတည်းက သွန်သင်ပေးဖို့ လိုအပ်ပါတယ်။
🔰တရား ၆:၆-၇
"ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်း
ရမည်။ ထိုစကားကို မိမိသားသမီးတို့အား
အထပ်ထပ် သွန်သင်ရမည်။"
၂။ သားသမီးများကို စိတ်ဆိုးအောင်မပြုခြင်း
(Not making them angry)
👨👦 တင်းကျပ်လွန်းသော စည်းကမ်းများ (သို့)
အကြောင်းမဲ့ခံစားချက်နဲ့ အုပ်ချုပ်ခြင်းက
သားသမီးတွေကို စိတ်ပျက်အားလျော့စေ
တတ်ပါတယ်။ မေတ္တာဖြင့်သာ လမ်းပြဖို့
လိုအပ်ပါမယ်။
🔰 ဧဖက် ၆:၄
"အဘတို့၊ မိမိသားသမီးကို စိတ်ဆိုးစေခြင်း
ငှါ မပြုကြနှင့်။ သခင်ဘုရား၏ အဆုံးအမ၊
ဩဝါဒတွင် ကျွေးမွေးပြုစုကြလော့။"
🔰ကောလောသဲ ၃:၂၁
"အဘတို့၊ မိမိသားသမီးတို့သည် စိတ်ပျက်
ခြင်းသို့ မရောက်စေခြင်းငှါ၊ သူတို့ကို
စိတ်ဆိုးအောင် မပြုကြနှင့်။"
၃။ မှန်ကန်သော လမ်းပြခြင်းနှင့် ဆုံးမသွန်သင်ခြင်း (The correct guiding and instructing)
👨👦 သားသမီးတွေ လမ်းမှားမရောက်အောင်
လိုအပ်တဲ့အချိန်မှာ မေတ္တာနဲ့ ဆုံးမပဲ့ပြင်ဖို့
လိုအပ်ပါတယ်။ အဲဒါဟာ သူတို့ရဲ့အနာဂတ်
အတွက် အခြေခံကောင်းဖြစ်စေပါတယ်။
🔰သုတ္တံ ၂၂:၆
"သူငယ်သွားရမည့်လမ်း၌ သွန်သင်လော့။
သို့ပြုလျှင် သူသည် အိုသောအခါ၌ပင်
ထိုလမ်းမှ မလွဲမရှောင်ဘဲ နေလိမ့်မည်။"
🔰သုတ္တံ ၁၃:၂၄
"ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို
မုန်းရာသို့ ရောက်၏။ မိမိသားကို ချစ်သောသူ
မူကား၊ ငယ်သောအရွယ်၌ပင် ဆုံးမတတ်၏။"
၄။ သားသမီးများအတွက် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးခြင်း(Providing all their needs)
👨👦 ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်သာမက ဝိညာဉ်
ရေးရာနှင့် နွေးထွေးမှုရှိသော မိသားစုဘဝကို
ပေးစွမ်းဖို့ အထူးတာဝန်ရှိပါတယ်။
🔰 ၁ တိ ၅:၈
"မိမိလူတို့ကို မပြုစု၊ အထူးသဖြင့် မိမိအိမ်သူ
အိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊
ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ၊
မယုံကြည်သောသူထက် သာ၍ဆိုးသောသူ
ဖြစ်၏။"
၅။ စံနမူနာကောင်းပြသခြင်း(Being a good Example)
👨👦စကားနဲ့ပြောတာထက် လက်တွေ့လုပ်ဆောင်
မှုက ပိုထိရောက်ပါတယ်။ ဖခင်ကိုယ်တိုင်
ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဖြောင့်
မတ်စွာ နေထိုင်ခြင်းက သားသမီးတွေအတွက်
အကောင်းဆုံး သင်ယူစရာဖြစ်ပါတယ်။
🔰သုတ္တံကျမ်း ၂၀:၇
"ဖြောင့်မတ်သောသူသည် တရားသဖြင့်
ကျင့်တတ်၏။ သူ၏နောက်၌ သူ၏သား
သမီးတို့သည် မင်္ဂလာရှိကြ၏။"
🔰နိဂုံးအနေနဲ့ပြောရရင်
👨👦 ယုံကြည်သူဖခင်တစ်ဦးဟာ မေတ္တာ (Love)၊
သည်းခံခြင်း (Patience) နှင့် နှုတ်ကပတ်တော်
(Word of God) တို့ကို အခြေခံပြီး သားသမီးများ
ကို ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။
👨👦 မိသားစုဝတ်ပြုခြင်း(Family Altar)တွေလည်း
သားသမီးများနှင့်အတူ နေ့စဉ်/ညစဉ် ပြုလုပ်ဖို့
အရေးကြီးပါတယ်။
အမှုတော်မြတ်၌
John Bi San