13/08/2026
ပခုက္ကူခရစ်ယာန်သုသာန်သန့်ရှင်းရေးလုပ်အားပေးတွင်
ပခုက္ကူမြို့ပေါ်ရှိအသင်းတော်များ၏အမှုတော်ဆောင်များနှင့်အသင်း တော်လူကြီများအားထက်သန်စွာပါဝင်လုပ်အားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါသည်။
လောက၌အသက်ရှင်စဥ်လေးမှာကောင်းသောအလုပ်ကိုကြိုးစားလုပ်ဆောင်ခြင်း၊အဖွဲ့အစည်းဖြင့်ပူးပေါင်းပါဝင်လုပ်ဆောင်တတ်ခြင်း၊အသင့်သင့်ပေါင်းဖော်နေထိုင်တတ်ခြင်းသည်လည်းဘုရားသခင်နှစ်သက်ပါသည်။
တနေ့မှာမသွားချင်ပေမဲ့လိုက်ပို့ကြမည့်နေရာလေးတစ်ခုဆိုရင်မမှားလောက်ဘူးထင်တယ်။ဒါပေမဲ့ခရစ်ယာန်တွေအတွက်တော့လမ်းဆုံးမဟုတ်ပါဘူး။သခင်ယေရှုမိန့်တော်မူခဲ့တယ်။ငါ့ကိုယုံကြည်သောသူသည်သေလွန်သော်လည်းရှင်
လိမ့်မည်။သခင်ယေရှုလည်းသုသာန်သို့သွားခဲ့ပါတယ်။သခင်ယေရှုကိုလည်းလိုက်ပို့ခဲ့ကြပါတယ်။သို့သော်လည်းသုံးရက်မြောက်သောနေ့မှာသချိုင်းတွင်းထဲမှရှင်ပြန်ထမြောက်ခဲ့ပါတယ်။
လုပ်အားပေးလာသူများကိုရေသန့်နှင့်အချိုရည်ဖြင့်ဧည့်ခံပေးသောBPCအသင်းတော်မှဆရာတော်လိန်းခွီရှိန်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပခုက္ကူသုသာန်ကော်မီတီကိုယ်စားပြောကြားလိုပါတယ်။
အားလုံးကိုလေးစားပါတယ်။