Pakkoku Evangelical Baptist Church

Pakkoku Evangelical Baptist Church Sweet december

ဒီနေ့သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့်အရှင်သခင်ဖြင့်ယုံကြည်လက်ခံသော ဘုရားသားသမီးများရေနှစ်ခြင်းမဂ်လာခံကြပါသည်။ပါ...
29/03/2026

ဒီနေ့သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့်အရှင်သခင်ဖြင့်ယုံကြည်လက်ခံသော ဘုရားသားသမီးများရေနှစ်ခြင်းမဂ်လာခံကြပါသည်။ပါဝင်ကြသူ၊ဆုတောင်းပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။
#ရောမ​ဩဝါဒစာ။ 6:22-23 (MYJ) ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

21/12/2025

#ဘုရားသခင်အမိန့်တော် -100
ရောမ​ဩဝါဒစာ။ 12:12
မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။

20/12/2025

#ဘုရားသခင်အမိန့်တော် -99
သုတ္တံကျမ်း။ 13:13
နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။

19/12/2025

#ဘုရားသခင်အမိန့်တော် -98
သုတ္တံကျမ်း။ 14:31
ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

18/12/2025

#ဘုရားသခင်အမိန့်တော် -97
သုတ္တံကျမ်း။ 28:27
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။

17/12/2025

#ဘုရားသခင်အမိန့်တော် -96
တိမောသေဩဝါဒစာပဋ္ဌမစောင် 5:22
အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။

16/12/2025

#ဘုရားသခင်အမိန့်တော် -95
ဧဖက်​ဩဝါဒစာ။ 4:25
ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။

15/12/2025

#ဘုရားသခင်အမိန့်တော် -94
ရောမ​ဩဝါဒစာ။ 13:8
အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။

14/12/2025

#ဘုရားသခင်အမိန့်တော် -93
ဂလာတိ​ဩဝါဒစာ။ 5:16
ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။

13/12/2025

#ဘုရားသခင်အမိန့်တော် -92
ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ 3:16
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။

Address

Quarter 11/17 Street
Pakokku

Website

Alerts

Be the first to know and let us send you an email when Pakkoku Evangelical Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share