17/06/2026
သာသနာတော်နှစ် ၂၅၇၀ နှစ်
ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်
ပထမဝါဆိုလဆန်း ၃ ရက်နေ့
27.6.2026
ပခုက္ကူမြို့အနောက်ဘက်
ပခုက္ကူ မင်းတပ်လမ်းမကြီးပေါ်ရှိ
ရတနာဥယျာဥ် ဗုဒ္ဓသာသနာပြုကျောင်းတိုက်
တွင် တည်ထားကိုးကွယ်လျက်ရှိသော၊
ဇေယျသုခစေတီတော်မြတ်ကြီး ၏
ဘုရားဒါယကာ ဘုရားဒါယိကာမ များဖြစ်ကြသည့်၊
မကွေးတိုင်းဒေသကြီး
ပခုက္ကူမြို့နယ်
ငဖောင်ကန်ကျေးရွာနေ
ဦးစန်းထွန်း +ဒေါ်တုတ်
သမီး ဦးဇော်ဝင်းထွဋ် +ဒေါ်အိဇာအောင်
သား သမီး မြေး
မိသားစုတို့ က လှူဒါန်းသော
ယာနဒါနအလှူတော်
အလှူရှင်မိသားစုအပေါင်းတို့သည်
"ယာနဒေါ သုခဒေါ ဟောတိ"
"ယာဥ်လှူဒါန်းတာသည်ချမ်းသာသုခကိုပေးလှူ"
ကြသည်ဆိုသည့်အတွက်
ချမ်းသာသုခ အဖြာဖြာတို့နှင့် ပြည့်စုံ
ကြပြီး ချမ်းသာအစစ်ဖြစ်သော နိဗ္ဗာနသုခ ကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ။@