Toung Oo-Nut Mouk

Toung Oo-Nut Mouk Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Toung Oo-Nut Mouk, Buddhist Temple, Natmauk.

05/12/2025
,၂၈/၁၀/၂၀၂၄ # # # # # # # # #၁၃၈၆ခု သီတင်းကျွတ်လပြည်ကျော်(၁၁)ရက် # # # # # # #$$ # # # # # # # # # # # # # #သုခအောင်ဓမ္မ...
28/10/2024

,
၂၈/၁၀/၂၀၂၄
# # # # # # # # #
၁၃၈၆ခု သီတင်းကျွတ်လပြည်ကျော်(၁၁)ရက်

# # # # # # #$$ # # # # # # # # # # # # # #
သုခအောင်ဓမ္မဗိမာန်မတည်အလှူရှင်မှတ်တမ်း
အမှတ်စဉ်(၄၃)
# # # # # # # # #
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
တောင်ဦးမြောက်ရွာ
တောင်ဦးမြောက်ကျောင်းတိုက်
အတွင်း တည်ဆောက်လျက်ရှိသော
သုခအောင်ဓမ္မဗိမာန်တော်ကြီး
မြန်ဆန်စွာအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက်ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေးမြို့နေဦသိန်းလင်း‌အောင်+ဒေါ်နန်းစိုးရီ (မော်တော်ကားပြုပြင်ရေး)မိသားစုမှ

မတည်အလှူတော်ငွေ(၃သိန်း)ကျပ်,ဤအရှင်၏ပစ္စည်းလေးပါးအလို့ငှာ၃သောင်းကျပ် ၊ဤအရှင်ထံသို့ပေးပို့လှူဒါန်းလာပါကြောင်းအများသူငါ မုဒိသာပွားသာဓုခေါ်ဆိုနိုင်ရေးတင်ပြအပ်ပါသည်။
ဘာသာသာသနာကျိုးဆထက်တိုး၍ဆောင်ရွက်နိုင်ပြီး အားထုတ်ဆဲအားထုတ်လတ္တံသော တရားထူးများ အမြန်ရရှိနိုင်ပါစေ။
အလှူရှင်မိသားစုများ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ။
အိမ်ဆောက်ကားဝယ်ကုဋေကြွယ်သူဌေးကြီးများ
မနှေးအမြန်ဖြစ်ကြပါစေ။
‌ဆက်သွယ်လှူဒါန်နိုင်ရန်
# # # # # # # # # # # # # # #
AShin Inn Ku Ra
KBZPAY. 09250950171

၁၃/၁၀/၂၀၂၄ # # # # # # # # #၁၃၈၆ခု သီတင်းကျွတ်လဆန်း(၁၁)ရက် # # # # # # #$$ # # # # # # # # # # # # # #သုခအောင်ဓမ္မဗိမာန်...
13/10/2024

၁၃/၁၀/၂၀၂၄
# # # # # # # # #
၁၃၈၆ခု သီတင်းကျွတ်လဆန်း(၁၁)ရက်

# # # # # # #$$ # # # # # # # # # # # # # #
သုခအောင်ဓမ္မဗိမာန်မတည်အလှူရှင်မှတ်တမ်း
အမှတ်စဉ်(၄၂/)
# # # # # # # # #
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
တောင်ဦးမြောက်ရွာ
တောင်ဦးမြောက်ကျောင်းတိုက်
အတွင်း တည်ဆောက်လျက်ရှိသော
သုခအောင်ဓမ္မဗိမာန်တော်ကြီး
မြန်ဆန်စွာအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက် နှစ်ဘက်သောမိဘများကိုအမှူးထာ၍၍‌ရှမ်ပြည်နယ်‌ဆိုက်ခေါင်မြို့နေကိုဉာဏ်လင်း+မသန္တာစိုး(ခေတ္တ မိုင်းလာ)မိသားစုတို့က မတည်အလှူတော်ငွေယခင်(၁သိန်း)ကျပ် ၊ဤအရှင်၏ပစ္စည်းလေးပါးအလို့ငှာ(၅၀၀၀၀)ကျပ်ဤအရှင်ထံသို့ပေးပို့လှူဒါန်းလာပါကြောင်းအများသူငါ မုဒိသာပွားသာဓုခေါ်ဆိုနိုင်ရေးတင်ပြအပ်ပါသည်။
ဘာသာသာသနာကျိုးဆထက်တိုး၍ဆောင်ရွက်နိုင်ပြီး အားထုတ်ဆဲအားထုတ်လတ္တံသော တရားထူးများ အမြန်ရရှိနိုင်ပါစေ။
အလှူရှင်မိသားစုများ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ။
အိမ်ဆောက်ကားဝယ်ကုဋေကြွယ်သူဌေးကြီးများ
မနှေးအမြန်ဖြစ်ကြပါစေ။
‌ဆက်သွယ်လှူဒါန်နိုင်ရန်
# # # # # # # # # # # # # # #
AShin Inn Ku Ra
KBZPAY. 09250950171

၁၃/၁၀/၂၀၂၄ # # # # # # # # #၁၃၈၆ခု သီတင်းကျွတ်လဆန်း(၁၁)ရက် # # # # # # #$$ # # # # # # # # # # # # # #သုခအောင်ဓမ္မဗိမာန်...
13/10/2024

၁၃/၁၀/၂၀၂၄
# # # # # # # # #
၁၃၈၆ခု သီတင်းကျွတ်လဆန်း(၁၁)ရက်

# # # # # # #$$ # # # # # # # # # # # # # #
သုခအောင်ဓမ္မဗိမာန်မတည်အလှူရှင်မှတ်တမ်း
အမှတ်စဉ်(၄၁/)
# # # # # # # # #
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
တောင်ဦးမြောက်ရွာ
တောင်ဦးမြောက်ကျောင်းတိုက်
အတွင်း တည်ဆောက်လျက်ရှိသော
သုခအောင်ဓမ္မဗိမာန်တော်ကြီး
မြန်ဆန်စွာအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက် တောင်ဦးမြောက်ရွာနေ မိဘများများရည်စူး၍‌ရှမ်ပြည်နယ်‌ေတာင်ပိုင်း‌ေတာင်ကြီး‌ေအးသာယာ‌ေန ကျောင်းအမကြီး ဒေါ်ခင်သန်းမြင့်ခေါ် ဒေါ်မဲမိသားစုတို့က မတည်အလှူတော်ငွေယခင်(၁သိန်း)ကျပ် ယခု(၅)သိန်းကျပ်စုစုပေါင်း(၆)သိန်းကျပ်တိတိဤအရှင်ထံသို့ပေးပို့လှူဒါန်းလာပါကြောင်းအများသူငါ မုဒိသာပွားသာဓုခေါ်ဆိုနိုင်ရေးတင်ပြအပ်ပါသည်။
ဘာသာသာသနာကျိုးဆထက်တိုး၍ဆောင်ရွက်နိုင်ပြီး အားထုတ်ဆဲအားထုတ်လတ္တံသော တရားထူးများ အမြန်ရရှိနိုင်ပါစေ။
အလှူရှင်မိသားစုများ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ။
အိမ်ဆောက်ကားဝယ်ကုဋေကြွယ်သူဌေးကြီးများ
မနှေးအမြန်ဖြစ်ကြပါစေ။
‌ဆက်သွယ်လှူဒါန်နိုင်ရန်
# # # # # # # # # # # # # # #
AShin Inn Ku Ra
KBZPAY. 09250950171

22/09/2024

ရွှေဦးသူ/သားများသတိရှိကြပါ
တောင်ကန် အောက်တွင်းအပေါ်နားပြိုနေပါတယ် ဝိုင်းဝန် ပြုပြင်သင့်ပါတယ်။ နောင်မှနောင်တမရကြပါနဲ့ဗျာ။ မိမိတို့ အသက်သွေးကြောမှမပြုပြင်ကြရင်ဖြင့် သင်တို့ကိုယ်တိုင်ခံစားကြလိမ်မည်။
မေတ္တာများစွာဖြင့်

၁၀/၈/၂၀၂၄ # # # # # # # # #၁၃၈၆ခု ဝါခေါင်လဆန်း(၆)ရက် # # # # # # #$$ # # # # # # # # # # # # # #သုခအောင်ဓမ္မဗိမာန်မတည်အလ...
10/08/2024

၁၀/၈/၂၀၂၄
# # # # # # # # #
၁၃၈၆ခု ဝါခေါင်လဆန်း(၆)ရက်

# # # # # # #$$ # # # # # # # # # # # # # #
သုခအောင်ဓမ္မဗိမာန်မတည်အလှူရှင်မှတ်တမ်း
အမှတ်စဉ်(၃၈)
# # # # # # # # #
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
တောင်ဦးမြောက်ရွာ
တောင်ဦးမြောက်ကျောင်းတိုက်
အတွင်း တည်ဆောက်လျက်ရှိသော
သုခအောင်ဓမ္မဗိမာန်တော်ကြီး
မြန်ဆန်စွာအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက် တာချီလိတ်မြို့နေဦးမြင့်သိန်း+ဒေါ်ခင်မြင်ထွေးမိသားစု(၃)သိန်း၊ဦးစိုးစိုး+ဒေါ်စန္ဒာမိသားစုတို့က(၁/)သိန်းဤအရှင်ထံသို့ပေးပို့လှူဒါန်လာပါကြောင်းအများသူငါ မုဒိသာပွားသာဓုခေါ်ဆိုနိုင်ရေးတင်ပြအပ်ပါသည်။
ဘာသာသာသနာကျိုးဆထက်တိုး၍ဆောင်ရွက်နိုင်ပြီး အားထုတ်ဆဲအားထုတ်လတ္တံသော တရားထူးများ အမြန်ရရှိနိုင်ပါစေ။
အလှူရှင်မိသားစုများ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ။
အိမ်ဆောက်ကားဝယ်ကုဋေကြွယ်သူဌေးကြီးများ
မနှေးအမြန်ဖြစ်ကြပါစေ။
‌ဆက်သွယ်လှူဒါန်နိုင်ရန်
# # # # # # # # # # # # # # #
AShin Inn Ku Ra
KBZPAY. 09250950171

❛ဆုတောင်း မေတ္တာပို့❜※ မိုးလေဝသ၊ ညီမျှပါစေဆန်ရေစပါး၊ ပေါများပါစေတိုင်းပြည်သာကြောင်း၊ မင်းကောင်းတည်စေအရောင်လွှမ်း၊ အောင်ပ...
03/08/2024

❛ဆုတောင်း မေတ္တာပို့❜

※ မိုးလေဝသ၊ ညီမျှပါစေ
ဆန်ရေစပါး၊ ပေါများပါစေ
တိုင်းပြည်သာကြောင်း၊ မင်းကောင်းတည်စေ
အရောင်လွှမ်း၊ အောင်ပန်းပွင့်ပါစေ။

အောင်ပါစေ ချမ်းကြည်အေးမြစေ၊
တို့ယခု တောင်းဆုပြည့်ပါစေ။

※ ဒါန သီလ၊ ညီမျှပါစေ
ဆန်ရေစပါး၊ ပေါများပါစေ
တိုင်းပြည်သာကြောင်း၊ မင်းကောင်းတည်စေ
အရောင်လွှမ်း၊ အောင်ပန်းပွင့်ပါစေ။

အောင်ပါစေ ချမ်းကြည်အေးမြစေ၊
တို့ယခု တောင်းဆုပြည့်ပါစေ။

※ ရုမ်နာမ်ဓာတ်မျှ၊ အနတ္တမြင်စေ
ဆန်ရေစပါး၊ ပေါများပါစေ
တိုင်းပြည်သာကြောင်း၊ မင်းကောင်းတည်စေ
အရောင်လွှမ်း၊ အောင်ပန်းပွင့်ပါစေ။

အောင်ပါစေ ချမ်းကြည်အေးမြစေ၊
တို့ယခု တောင်းဆုပြည့်ပါစေ။

※ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ရောင်ဝါနေသို့ လင်းပါစေ။
※ တို့နိုင်ငံမှာ၊ သာသနာ၊ ရောင်ဝါနေသို့ လင်းပါစေ။
※ တို့သာသနာ၊ တိုးတက်ရာ၊ တို့မှာ တာဝန်ရှိပါစေ။
※ သာသနာတွက်၊ တို့ဆောင်ရွက်၊ ထက်မြတ် ညီညာရှိပါစေ။
※ သက်ရှည် ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ပါစေ။
※ မရှိဆိုငြား၊ ထိုစကား၊ မကြားရသည် ဖြစ်ပါစေ။
※ အလှူရေစက်၊ နေ့တိုင်းဆက်၊ လက်နဲ့မကွာရှိပါစေ။
※ နှလုံးစိတ်ဝမ်း၊ ရွှင်ကာလန်း၊ မနွမ်းထာဝရရှိပါစေ။
※ အလုပ်ကိုယ်စီ၊ ဘေး မသီ၊ ကြံစည်ထမြောက်ကြပါစေ။
※ လမင်းပမာ၊ သတ္တဝါ၊ ကြည်သာရွှင်လန်းပါစေ။
※ နေမင်းပမာ၊ သတ္တဝါ၊ မျက်နှာပွင့်လန်းကြပါစေ။
※ စမ်းရေပမာ၊ သတ္တဝါ၊ ရင်မှာ အေးချမ်းကြပါစေ။
※ ပန်းပွင့်ပမာ၊ သတ္တဝါ၊ ကိုယ်မှာ ခန့်ကျန်းကြပါစေ၊
※ သတ္တဝါအားလုံး၊ ကြည်ရွှင်ပြုံး၊ ပီတိဖုံးနိုင်ကြပါစေ။
※ ဓမ္မအရသာ၊ ကိုယ်စီရှာ၊ သေချာမုချ တွေ့ပါစေ။
※ သူတော်စိတ်မြတ်၊ အငြိမ်းဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
※ မေတ္တာစိတ်မြတ်၊ အအေးဓာတ်၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။
※ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
※ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
※ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
※ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
※ သတ္တဝါမှန်သမျှ၊ ဘေး မခ၊ အေးမြကြပါစေ။
※ သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့ကြပါစေ။

🔰 ဒုက္ခပ္ပတ္တာ နိဒ္ဒုက္ခာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲဟု နှစ်ဖြာသော ဆင်းရဲခြင်းသို့ ရောက်နေကြကုန်သော သတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။

🔰 ဘယပ္ပတ္တာ နိဗ္ဘယာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ကြောက်ဖွယ် လန့်ဖွယ် အသွယ်သွယ်မအေး ဘေးသို့ ရောက်နေကြကုန်သော သတ္တဝါတွေ ဘေးကင်းကြပါစေ။

🔰 သောကပ္ပတ္တာ နိေဿာကာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
စိုးရိမ် ပူဆွေး စိတ်မအေးဘဲ သောကရောက်နေကြကုန်သော သတ္တဝါတွေ သောကကင်းဝေးကြပါစေ။ ။

တက္ကသိုလ် လုလင်
၁၃၈၆-ခု၊ ဝါဆိုလပြည့်ကျော် (၁၄)ရက်
2024၊ August - 3၊ စနေနေ့

(14/7/2024)==========(၃)ကြိမ်မြောက်ဘောဂဗလရှုခင်းသာမိသားစု၏မဟာပဌာန်းပူဇော်ပွဲမကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပ/ဂွေးကုန်...
14/07/2024

(14/7/2024)
==========
(၃)ကြိမ်မြောက်
ဘောဂဗလရှုခင်းသာမိသားစု၏
မဟာပဌာန်းပူဇော်ပွဲ

မကွေးတိုင်းဒေသကြီး
နတ်မောက်မြို့နယ်
ပ/ဂွေးကုန်းအုပ်စု
တောင်ဦးရွာ
အရှေ့ဘက် အရပ်ခေါ် ပန်းညိုတောင်

ဘောဂဗလရှု့ခင်းသာရိပ်သာ

၁၃၈၆ခု ဝါဆိုလဆန်း(၉)ရက် မှ (၁၃)ရက်နေ့အထိ

နတ်လူသာဓုခေါ်စေသော်။

"ရဟန်း နှစ်မျိူ း"*************ရဟန်းဟူသည်… လူ့အလိုကျရဟန်း ဗုဒ္ဓအလိုကျရဟန်း ဟုနှစ်မျိုးရှိသည်။လူ့အလိုကျ ရဟန်းဟူသည် ပစ္စည်...
12/07/2024

"ရဟန်း နှစ်မျိူ း"
*************
ရဟန်းဟူသည်… လူ့အလိုကျရဟန်း ဗုဒ္ဓအလိုကျ
ရဟန်း ဟုနှစ်မျိုးရှိသည်။

လူ့အလိုကျ ရဟန်းဟူသည် ပစ္စည်းလေးပါးရဖို့သာ အဓိက ထားသည်။ တရားရဖို့ အဓိကမထားပေ။

ဗုဒ္ဓအလိုကျရဟန်းသည်တရားရဖို့သာအဓိကထား၏။ ပစ္စည်းလေးပါးရဖို့အဓိကမထားပေ။

ထို့ကြောင့်လူ့အလိုကျရဟန်းသည် ခင်စရာကောင်း၏။
သို့သော် ကြည်ညိုစရာမကောင်း။ဗုဒ္ဓအလိုကျရဟန်း
ကားကြည်ညိုစရာကောင်း၏။ ခင်မင်စရာ မကောင်း။

ဆရာအဖြစ်ကိုးကွယ်ခြင်းဖြစ်သောကြောင့် ရဟန်း
လောကတွင်ခင်စရာကောင်းသောရဟန်းကို မရှာသင့်၊
ကြည်ညိုစရာကောင်းသော ရဟန်းကိုသာ ရှာသင့်သည်။

လူ့အလိုကျ ရဟန်းသည် အိမ်လည်မည်။ဗေဒင်ဟော
မည်။ ဓာတ်ရိုက်မည်။ ဂဏန်းပေးမည်။ လူအထင်ကြီး
အောင်ဘုရားတည်ပြမည်။

ဗုဒ္ဓအလိုကျရဟန်းကား ရဟန်းဖြစ်သည့် နေ့ကစ၍
စာပေအလုပ်(သို့) တရားအလုပ် ဤနှစ်မျိုးအနက်
တစ်မျိုးမျိုးကို သေတပန် သက်တစ်ဆုံး လုပ်သွားသည်။

တချို့သောပရိယတ်ပဋိပတ်ဆရာတော်များဆိုလျှင်
ကျောင်းကိုလှူဖို့လာသော ဒကာ ဒကာမ များကိုပင်
ဧည့်ခံစကားပြောဖို့ အချိန်မရကြပေ။

အချိန်ကုန်ခံပြီးမိမိကိုစကားပြောဧည့်ခံသော ရဟန်း
ထက်မိမိကိုဧည့်ခံစကားပြောခြင်းမပြုဘဲ စာပေအလုပ်
တရားအလုပ်ကို အချိန်ပြည့် အားထုတ်နေသောရဟန်း
ကို ပို၍ကြည်ညိုကိုးကွယ် သင့်သည်။

ဆရာမှားလျှင် တစ်သံသရာလုံး မှောက်တတ်သော
ကြောင့် ဆရာကောင်းကို ဘုရားပေးသောနည်းအ
တိုင်းရှာဖွေသင့်သည်။

နာမည်ကြီးသောဆရာတော် ဘွဲ့တံဆိပ်များစွာ
ရသောဆရာတော် တိုက်တာခြံမြေတွေများစွာ
ပိုင်သောဆရာတော် ရုပ်ချောသောဆရာတော်
အသံကောင်းသောဆရာတော် အပြောကောင်းသောဆရာတော် ရုပ်ပွားစေတီအများကြီးတည်နိုင်သော ဆရာတော်များ
ကိုဗုဒ္ဓကဆရာကောင်းဟု မသတ်မှတ်ချေ။

ဘုရားရှင်သတ်မှတ်သောဆရာကောင်း၏ အင်္ဂါ၇
ချက်ကိုအင်္ဂတ္တိုရ်ပါဠိတော် ကလျာဏမိတ္တသုတ်၌
တွေ့ရသည်။

၄င်းတို့မှာ-

၁။ရိုသေထိုက်သောဂုဏ်ရှိခြင်း။
၂။ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း။
၃။ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း။
၄။တပည့်လွဲမှားနေလျှင်အမုန်းခံပြီးတည့်မတ် ပေးခြင်း။
၅။မေးလာသမျှကိုဖြေဆိုပေးနိုင်ခြင်း (စာပေဗဟုသုတရှိခြင်း)။
၆။နက်နဲသောတရားတို့ကို ဟောကြားပေးနိုင်ခြင်း။
၇။အကျိုးနည်းမည့်နေရာသို့မတိုက်တွန်းပဲအကျိုးများ
မည့်နေရာသို့တိုက်တွန်းညွှန်ပြခြင်းတို့ ဖြစ်သည်။

ထို၇-ချက်တွင်,,,

ရိုသေထိုက်သောဂုဏ်ချစ်ခင်ထိုက်သောဂုဏ် ချီးမွမ်းထိုက်သောဂုဏ်ဟူသည်-

ဒါန=စွန့်ကြဲပေးကမ်းခြင်းလောဘနည်းကြောင်းပြ
သောသင်္ကေတဖြစ်သည်။လောဘနည်းသူ လောဘ
ကုန်အောင်ကျင့်နေသူ ဖြစ်ရမည်ဟု ဆိုလိုသည်။

ပေယျဝဇ္ဇ=ချစ်ဖွယ်သောစကားရှိခြင်း
ဒေါသနည်းကြောင်းပြသောသင်္ကေတဖြစ်သည်။

ဒေါသနည်းသူဒေါသနည်းအောင် ကျင့်နေသူ
ဖြစ်ရမည်ဟု ဆိုလိုသည်။

အတ္တစရိယာ=တပည့်တို့၏ကောင်းကျိုးကို အမြဲကျင့်
ဆောင်သူဖြစ်ရမည်။ ပရဟိတ= အများအကျိုးကို
လက်တွေ့ဆောင်ရွက်သူ ဖြစ်ရမည်ဟု ဆိုလိုသည်။

သမာနတ္ထာတာ=တန်းတူရည်တူဆက်ဆံရမည်။
တပည့်တို့ကို နှိမ်ပြီးဆက်ဆံသူမဖြစ်စေရ။ မာနကင်း
သူ မာနကုန်အောင် ကျင့်သူဖြစ်ရမည်ဟု ဆိုလိုသည်။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
မည်သူမဆိုလွတ်လပ်စွာကူးယူမျှဝေနိုင်ပါသည်။

#အရှင်အင်္ကုရ (ရွှေဦးအရှင်)(ဝေဠုဝန်) #
မှထပ်ဆင့်မျှဝေပါသည်။

Address

Natmauk

Website

Alerts

Be the first to know and let us send you an email when Toung Oo-Nut Mouk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share