Immanuel Union Baptist Church-Namtu

Directions

Immanuel Union Baptist Church-Namtu သင်တို့သည် ဤ​လောက၏ အလင်းဖြစ်ကြ၏

အသင်းတော်ဖခင်ကြီး တစ်ဦးဖြစ်သော  အဖိုး ဦးမာန်ခေါ်ထန် (အသက် 93 နှစ် ) ၃၀.၈.၂၀၂၆  (တနင်္ဂနွေနေ့)မနက် 10:00 ခန့်တွင်  မန္တလ...
30/08/2026

အသင်းတော်ဖခင်ကြီး တစ်ဦးဖြစ်သော အဖိုး ဦးမာန်ခေါ်ထန် (အသက် 93 နှစ် ) ၃၀.၈.၂၀၂၆ (တနင်္ဂနွေနေ့)မနက် 10:00 ခန့်တွင် မန္တလေးတိုင်း စဥ့်ကိုင် တွင် ခရစ်တော်အိပ်ပျော်သွားပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေး မိတ်ဆွေ အသင်းသူ/သားများအား ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်။

✝️✝️✝️✝️အသင်းတော်  ၏ အသင်းသားဖြစ်သော စောဆာယူ  သည်(၃၁ . ၅ . ၂၀၂၆) ရက်နေ့  မူဆယ် မြို့တွင်  ခရစ်တော်၌ အိပ်ပျော်သွားပြီးဖြစ...
02/06/2026

✝️✝️✝️✝️အသင်းတော် ၏ အသင်းသားဖြစ်သော စောဆာယူ သည်(၃၁ . ၅ . ၂၀၂၆) ရက်နေ့ မူဆယ် မြို့တွင် ခရစ်တော်၌ အိပ်ပျော်သွားပြီးဖြစ်၍ ကြွင်းကျန်ရစ် အရိုးပြာ အား မြေသို့ အပ်နှံခြင်းနှင့် အောက်မေ့သတိရဝတ် ပြုခြင်း ကို အောက်ပါ အတိုင်း ပြုလုပ်ရန် ရှိကြောင်း
➡️ နေ့ရက် - ၃.၆.၂၀၂၆ (ဗုဒ္ဓဟူး)
➡️ ဝတ်ပြုချိန် - နံနက် (၉ ၀၀) နာရီ
➡️ ဧည့်ခံချိန် - နံနက် ( ၁၀ ၃၀ နာရီ မှ ၁၂ ၃၀ နာရီ အထိ)
➡️နေရာ - ဦးမြင့်လွင်ဦး နေအိမ် ၊ ပန်ဟိုက် ၁၀
✝️ အရိုးပြာ မြေအပ်ခြင်းအစီအစဥ် - နေ့လယ် (၁၂ ၃၀) နာရီ
နေအိမ် မှ ဆိုက်ခေါင် ခရစ်ယာန် သုသာန် သို့

21/05/2026
ဒေါ်ယိမ်းဆောင်၏ ချစ်လှစွာသော ခင်ပွန်း ဦးစောသန်းထွန်း ညနေ(3:45)အချိန်တွင် ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်ကြောင်း ရပ်ဝေး ရပ...
20/05/2026

ဒေါ်ယိမ်းဆောင်၏ ချစ်လှစွာသော ခင်ပွန်း
ဦးစောသန်းထွန်း ညနေ(3:45)အချိန်တွင် ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်ကြောင်း ရပ်ဝေး ရပ်နီးမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။

✨️🙏🏻မှတ်တမ်း  ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်သော  ဦးအောင်နိုင် (ခ) မန်းဟွိုင်း ကိုအောက်မေ့သတိရလျှက် သား ချစ်စိုးစံ မိသား...
19/04/2026

✨️🙏🏻မှတ်တမ်း
ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်သော ဦးအောင်နိုင် (ခ) မန်းဟွိုင်း ကိုအောက်မေ့သတိရလျှက် သား ချစ်စိုးစံ မိသားစု အသင်းတော်သို့
ကား(၁)စီးပေးလှူခြင်းအား အသင်းတော်မှ ဝမ်းမြောက်စွာ လက်ခံလျှက် အသင်းသူ/သားများမှ ကားအား သာသနာ ကျယ်ပြန့်ဖို့ရန် ဆုတောင်းဆက်ကပ်ခြင်း အစီအစဥ်

🚩 ပေးလှူသော မိသားစုအား ဘုရားသခင်ဆက်လက် ကောင်းကြီးပေးပါစေကြောင်းဆုတောင်းပေးလျက်

🚩 အသင်းသူ/သား များ ဆုတောင်းချက် အား ဘုရားသခင် နားညောင်း တော် မူခြင်း အားကျေးဇူးတော်ချီးမွမ်းလျက်

11/12/2025
✝️သိက္ခာတင် ဖြစ်မြောက်ရေး မှတ်တမ်း✝️🚩 12.6.2025 ရက်နေ့တွင်ပြုလုပ်သော အသင်းတော် အလုပ်အမှုဆောင် အစည်းအဝေး စတင်၍ ဆွေးနွေးကာ...
11/12/2025

✝️သိက္ခာတင် ဖြစ်မြောက်ရေး မှတ်တမ်း✝️
🚩 12.6.2025 ရက်နေ့တွင်ပြုလုပ်သော အသင်းတော် အလုပ်အမှုဆောင် အစည်းအဝေး စတင်၍
ဆွေးနွေးကာ အသင်းတော်ရှိ ဓမ္မအမှုတော်ဆောင် သိက္ခာတင်ခြင်းနှင့် ပတ်သက်၍ အသင်းတော် ကောင်စီ ထံ တင်ပြရန် ဆုံးဖြတ်ခဲ့
🚩 9.7.2025 ရက်နေ့တွင် ပြုလုပ်သော အသင်းတော် ကောင်စီ၏ ဆုံးဖြတ်ချက်အရ အသင်းတော် ဓမ္မအမှုတော်ဆောင် (၃)ပါးဖြစ်သည့် ဆရာမအေးအေးတင့် ၊ ဆရာဗျာခန့်ဆွတ်၊ ဆရာစိုင်းနန္ဒခိုင် တို့အား သိက္ခာတင် ပေးနိုင်ရန်အတွက် သဘောတူ ဆုံးဖြတ်ချက်ကြောင့် ၎င်းနေ့တွင် ပင် ဆရာမအေးအေးတင့် ၏ ဆန္ဒအားမေးမြန်းရာ ဆရာမအေးအေးတင့် မှ သဘောတူ၊ ထို့အပြင် အိမ်ထောင်ဖက် ဦးမန်းသက်နိုင်အား လည်း သဘောထားမေးမြန်ရာ သဘောတူ ခဲ့ကြောင်း
🚩 16.7.2025 ရက်နေ့တွင် အသင်းတော် အလုပ်အမှုဆောင် အဖွဲ့မှ ဆရာဗျာခန့်ဆွတ် နှင့်တွေဆုံ ဆန္ဒသဘောထား မေးမြန်ရာ လက်ခံ သဘောတူ ၊ ထို့အပြင် အိမ်ထောင်ဖက် ၏ သဘောထား တောင်းခံရာ ကန့်ကွက်ရန် မရှိ ကြောင်း အကြောင်းပြန်ကြား ခြင်းရရှိခဲ့
🚩9.8.2025 ရက်နေ့တွင် အသင်းတော် အလုပ်အမှုဆောင် အဖွဲ့မှ ဆရာစိုင်းနန္ဒခိုင် နှင့်တွေဆုံ ဆန္ဒသဘောထား မေးမြန်ရာ လက်ခံ သဘောတူ ၊ ထို့အပြင် အိမ်ထောင်ဖက် ၏ သဘောထား တောင်းခံရာ ကန့်ကွက်ရန် မရှိ ကြောင်း အကြောင်းပြန်ကြား ခြင်းရရှိခဲ့
🚩10.8.2025 ရက်နေ့တွင် အသင်းတော် ရှိ အသင်းတော်သူ အိမ်ထောင်စုများ အားလုံး ဖိတ်စာဖြင့်ဖိတ်ကာ သင်းလုံးကျွတ် အစည်းအဝေး (အရေးပေါ်) ပြုလုပ်ရန် ဆုံးဖြတ်
- 🚩၎င်း 10.8.2025 ရက်နေ့ အသင်းတော် ပုံမှန် ဝတ်ပြုခြင်းအပြီး အသင်းတော် သင်းလုံးကျွတ် (အရေးပေါ်) ပြုလုပ်ခဲ့
အသင်းတော် ရေးဆွဲကျင့်သုံးလက်ရှိသော အခြေခံကျင့်သုံးမှု စည်းမျည်း များအရ သိက္ခာတင်ခြင်း နှင့် ပတ်သက်၍ အသင်းတော် သူ/သား များ၏ သဘောထားရရှိနိုင်ရန် လျို့ဝှက် ဆန္ဒမဲ ပေးခြင်းဖြင့်ဆောင်ရွက်ခဲ့
အသင်းတော်မှ ရေးဆွဲထားသော အခြေခံစည်းမျဉ်းအရ တက်ရောက် အသင်းတော်သူ/သားများ၏ ဆန္ဒသဘောထား ၇၅ ရာခိုင်နှုန်း ကျော်လွန်မှသာ သိက္ခာတင်ခြင်းများ ဆောင်ရွက်ရန် ဖြစ်သဖြင့် လျို့ဝှက် ဆန္ဒမဲများ အသီးသီးရေတွက်ရာ ဖော်ပြပါ အမှုတော်ဆောင်များသည် သတ်မှတ်ထားသော ရာခိုင်နှုန်း အသီးသီး ကျော်လွန်စွာ ရှိသည်။ ထို့ကြောင့် ဆက်လက် ဆောင်ရွက်ရန် သင်းလုံးကျွတ် မှ နောက်ဆုံး သဘောတူ ဆုံးဖြတ်
🚩 သင်းလုံးကျွတ်မှ အခြေခံစည်းမျဉ်းပါအရ သိက္ခာတင်ခြင်းနှင့်စပ်ဆိုင် ၍ အသင်းတော် (၁၉)ပါးဖြင့် ဖွဲ့စည်းထားသော လူမျိုးပေါင်းစုံနယ်အသင်းတော်များအဖွဲ့ နှင့် ဆက်လက် လက်တွဲ ဆောင်ရွက်နိုင်ရန် အသင်းတော် အလုပ်အမှုဆောင်အဖွဲ့အား သိက္ခာတင်ဖြစ်မြောက်ရေး အဖြစ် တာဝန်ပေးအပ်သည်။
🚩 27.8.2025 ရက်နေ့တွင် အမှုတော်ဆောင် (၃)ပါးအား သိက္ခာတင်ခြင်း မင်္ဂလာများဆက်လက် ဆောင်ရွက်သွားနိုင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည့် အတွက် နယ်အသင်းတော်များအဖွဲ့၏ စည်းမျဉ်း/စည်းကမ်း လုပ်ထုံးလုပ်နည်းများ အတိုင်း ဆက်လက် စိစစ် /စီမံ ဆောင်ရွက် ပေးသွားနိုင်ရန်အတွက် နယ်အသင်းတော်များအဖွဲ့ ဓမ္မဝန်ဆောင်ဌာန နှင့် နယ်အသင်းတော်များအဖွဲ့ ထံ လိပ်မူ၍ စာ (၂) စောင် ပေးပို့
🚩 19.9.2025 ရက်နေ့တွင် နယ်အသင်းတော်များအဖွဲ့ ဓမ္မဝန်ဆောင်ဌာနမှ ဖွဲ့စည်းပေးအပ်သော ရှေ့ပြေး စိစစ်ရေး ကော်မတီ မှ သိက္ခာတော်ရ ဆရာ (၄)ပါး ဖြစ်သည့် Rev: လခေါင် ၊ Rev: Hp တူးအောင်၊ Rev: စောဆားဆက်၊ Rev: လျန်နိုး တို့မှ လာရောက်ခဲ့
🚩 20.9.2025 လာရောက်သော ဆရာတော် (၄) မှ အသင်းတော်သူ/သား များ အားလုံးအား တွေ့ဆုံ မေးမြန်း ၊ သိက္ခာခံယူမည့် ဆရာ/မ (၃) ဦး အားလည်း တွေ့ဆုံ
🚩 30.10.2025 ကျင်းပပြုလုပ်သော နယ်အသင်းတော်များအဖွဲ့ ၏ ၁/၂၀၂၅ -၂၀၂၈ အစည်းအဝေးမှ ဆက်လက် လုပ်ဆောင်နိုင်ရန် နယ် ဓမ္မအမှုတော်ဆောင် ဌာန သို့ လွှဲအပ်
🚩 17.11.2025 ရက်နေ့ တွင် အသင်းတော်အလုပ်အမှုဆောင် ကိုယ်စားလှယ်များနှင့် နယ်အသင်းတော် ဓမ္မအမှုတော်ဆောင်ဌာန မှ လားရှိုး နယ်အသင်းတော်များအဖွဲ့ ရုံး၌ တွေ့ဆုံ ဆွေးနွေး
🚩 ၎င်းနေ့တွင်ပင် နယ်အသင်းတော်များအဖွဲ့ ဓမ္မအမှုတော်ဆောင်ဌာနမှ အသင်းတော်အတွက် သိက္ခာတော်ရ ဆရာ(၉)ပါး ဖြစ်သည့် Rev: လခေါင် ၊ Rev: Hp တူးအောင်၊ Rev: စောဆားဆက်၊ Rev: လျန်နိုး၊ Rev: ခုတ်ငိုက်ကျင့်၊ Rev: စောရှိုင်းနား၊ Rev: နေထူးဆိုင်းနော်၊ Rev: ကျော်သန်း၊ Rev: အောင်မျိုးလှိုင် တို့ဖြင့် သိက္ခာတင်ကောင်စီ ဖွဲ့စည်း ပေးခဲ့
🚩 17.11.2025 ရက်နေ့တွင် ဖွဲ့စည်းပေးထားသော သိက္ခာတင်ကောင်စီမှ အသင်းတော်သို့ လာရောက်ကာ သိက္ခာတင် ခံယူမည့် ဆရာ/မ (၃) ပါးအား စိစစ် မေးမြန် ခြင်း နှင့် အသင်းတော် ကောင်စီ အား စိစစ် မေးမြန်ခြင်း ဆောင်ရွက်ကာ သိက္ခာတင်ခြင်း အား ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ် ပြီး နေ့ရက် အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ(၁၀)ရက် နေ့ နံနက် (၁၀)နာရီ တွင် သိက္ခာတင်မင်္ဂလာ ဝတ်ပြုခြင်းအား သိက္ခာတော်ရ ဆရာတော်ကြီး( ၁၃)ပါးဖြင့် ဆောင်ရွက် နိုင်ရန် ညှိနှိုင်း ဆုံးဖြတ်သည်။
🚩 10.12.2025 ရက်နေ့တွင် နယ်အသင်းတော်များအဖွဲ့ ၏ ကောင်းကြီးဖြင့် ၎င်း၊ အသင်းတော် အသင်းသီးမှ ကောင်းကြီးများဖြင့် ၎င်း ကျေးဇူးတော်အားဖြင့် ကောင်းမွန်စွာ သိက္ခာတင်မင်္ဂလာ ဝတ်ပြုခြင်းအား ဆောင်ရွက်နိုင်ခဲ့ကြောင်း သိက္ခာတင် ဖြစ်မြောက် ဆောင်ရွက်မှု မှတ်တမ်းအား ပြုစုအပ်ပါသည်။

✝️ကျေးဇူးတင်မှတ်တမ်း✝️
🚩 လမ်းခရီးသစ် ရှုပ်ထွေး ၊နယ်မြေအသစ် ဖြစ်သော် လည်း လာရောက်ပါဝင်ပေးကြသော အသင်းတော် အသီးသီး မှ အမှုတော်ဆောင်များ၊ အသင်းတော် အသီးသီး မှ ကိုယ်စားလှယ်များ၊ နယ်၊ အဖွဲ့ချုပ်မှ တာဝန်ရှိ အမှုတော်များ နှင့် လာရောက် ပါဝင်ခဲ့ကြသော အသင်းတော် အသီးသီးမှ အသင်း/သူ သားများ ၊ အလှူတော်ငွေများဖြင့် ပါဝင်ပေးကြသောသူများ နှင့် ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင် မှတ်တမ်း တင်ရှိပါကြောင်း ၊
🚩လာရောက်ပါဝင် အားဖြည့် အစေခံခြင်း ဆောင်ရွက်ပေးသော ဇိုမီးနှစ်ခြင်း ခရစ်ယာန် အသင်းတော်( ဘော်တွင်း)၊ လူမျိုးပေါင်းစုံ အသင်းတော် (ဘော်တွင်း/ကျားစခန်း) မှ လူငယ်များ ကျေးဇူးတင်ရှိကြောင်း
🚩 အိုးခွက် ပစ္စည်းငှားရမ်းပေးပါသော ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်၊ နမ္မတူ ကို လည်း အထူးကျေးဇူ တင်ရှိကြောင်း
🚩 လာရောက် ချက်/ပြုတ် ခြင်းဖြင့် ကူညီပေးပါသော ဆရာမနန်းထွေးငင်း နှင့် အဖွဲ့သူသားများကို လည်း ကျေးဇူးအထူးတင် ရှိကြောင်း
🚩 အမည်အားဖြင့် ဖော်ပြနိုင်ခြင်း မရှိသော်လည်း စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ပေးသူ အယောက်တိုင်း ဘုရားသခင် ဆက်လက် ကောင်းကြီးပေး ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်

အဝေးရောက် / အနီး အသင်းသူ၊ အသင်းသား များ သို့
25/11/2025

အဝေးရောက် / အနီး အသင်းသူ၊ အသင်းသား များ သို့

ဧမာနွေလလူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ နမ္မတူ ၏ အသင်းသူ/သားများအတွက် သတိရ ဆုတောင်း ပေးလျှက်ရှိသော အသင်းတော်...
30/10/2025

ဧမာနွေလလူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ နမ္မတူ ၏ အသင်းသူ/သားများအတွက် သတိရ ဆုတောင်း ပေးလျှက်ရှိသော အသင်းတော်အသီးသီး နှင့် ဆရာ/ မိဘ/ ခရစ်ယာန် ယုံကြည်သူ မိသားစု နှင့် အခြားသော ဘာသာဝင်မိသားစု အယောက်စီတိုင်းအား ကျေးဇူးတင်ရှိပါကြောင်း နှင့် အလှူငွေများအားဖြင့် ပါဝင်ပေးပါသော အောက်ဖော်ပြပါ အယောက်အစီတိုင်းအား ကျေးဇူးတင်ရှိ၍ ဘုရားသခင် ဆက်လက် ကောင်းကြီးပေး အသုံးပြုနိုင်ပါစေကြောင်း ဆုတောင်းလျှက်
 နယ် အမျိုးသမီးဌာန (ရှမ်း/မြောက်)
 သန့်ရှင်းသောအသင်းတော်၊ လားရှိုး
 လူမျိုးပေါင်းစုံနှစ်ခြင်းအသင်းတော်၊ ကျောင်းခမ်း
 Rev: Dr, ကမ်ရှင်ထန် မိသားစု ( U.S.A)
 Rev: Dr, အောင်သက်ညွန့် မိသားစု (ရန်ကုန်)
 ဦးစိုင်းဦး မိသားစု ( လားရှိုး)
 ဆရာမဒေါ်ခင်နှင်းမေ ( ရန်ကုန်)
 မနွယ်နွယ်လှိုင် (တာချီလိတ်)
 ကိုညီညီဇင် (လားရှိုး)၊
 ဒေါ်နန်းအုံ (လားရှိုး) ၊
 ဒေါ်လီလီဝါ နှင့် ဒေါ်လုဘူ မိသားစု (ရန်ကုန်) ၊
 အမည်မဖော်သူ မိသားစု (၂)စု တို့မှ ပေးပို့သောအလှူတော်ငွေများဖြင့် တိုက်ပွဲရှောင်၍ အခြားမြို့များသို့ ရောက်ရှိနေသော အသင်းသူ/သားများ နှင့် အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် မိမိတို့ နေအိမ်၊ တောင်ယာများ တွင်သာ နေထိုင်ပြီး မရှောင်တိမ်းနိုင်ဘဲ နေထိုင် လျှက်ရှိသော အသင်းသူ/သားများထံသို့ မေတ္တာမျှဝေခြင်းအား ကူညီမစရေး ကော်မတီမှ လုပ်ဆောင်လျှက် ရှိပါသည်။

ထို့အပြင် လားရှိုးမြို့ရောက်ရှိနေသော အသင်းသူ/သားများအတွက် သတိရ ပံ့ပိုး ‌ပေးလှူပေးကြသော အလှူရှင် အသီးနှင့် အသင်းတော် အသီးသီး၊ အဖွဲ့ အသီးသီးအား လည်း ကျေးဇူးတင်ရှိပါသည်။

👋ဒေသအခြေအနေ အရ အသင်းသူ/သား များသည်👉နီးစပ်ရာ မြို့ များသို့ ၎င်း 👉ပတ်ဝန်းကျင် ရွာများသို့၎င်း👉မိမိတို့၏ တောင်ယာများ၌၎င်း ...
20/10/2025

👋ဒေသအခြေအနေ အရ အသင်းသူ/သား များသည်
👉နီးစပ်ရာ မြို့ များသို့ ၎င်း
👉ပတ်ဝန်းကျင် ရွာများသို့၎င်း
👉မိမိတို့၏ တောင်ယာများ၌၎င်း
👉မိမိတို့၏ အခြေအနေအရ မိမိတို့၏ အိမ်၌သာ နေထိုင်သော အသင်း/သူ သားများ အိမ်ထောင်စု (၉၀) စု ရှိ ပါသည်။

ထို့ကြောင့် အသင်းတော် မှ ကူညီမစ အားပေး နိုင်ဖို့အလိုငှာ လက်ရှိတွင်
🚩ဆရာဗျာခန့်ဆွတ် Ph- 09694634008
🚩ဆရာစိုင်းနန္ဒခိုင်. Ph- 09697908880
🚩ဆရာလင်းဝဏ္ဏပို. Ph -09974000110
🚩သင်းထောက်ဦးစောဂျော်ဒင် Ph- 09668040181
🚩သင်းထောက် ဒေါ်လျန်းခန်းကျိန်
🚩ဒေါ်ကေသွယ်ကို Ph - 09681680667
ကူညီမစရေးကော်မတီ အဖြစ် ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ရပ်ဝေးရောက် အသင်းသူ/သားများ သတိရ ဆုတောင်းပေးခြင်း ဖြင့် ၎င်း /ကူညီမစ ခြင်းများအားဖြင့် ၎င်း သတိရ နိုင်ဖို့ အလိုငှာ မေတ္တာဖြင့် အသိပေးအကြောင်း ကြားအပ်ပါသည်။

Address

Phan Haigh Block (10)
Namtu

Website

Alerts

Be the first to know and let us send you an email when Immanuel Union Baptist Church-Namtu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share