Aung Ko Ko - Gospel

Call Directions

Aung Ko Ko - Gospel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Ko Ko - Gospel, Religious organisation, Myitkyina.

အလှတရားဆိုတာ ထွက်ပြေးတတ်တဲ့သာယာမှု တစ်မျိုးပါပဲ ...မြစ်ရေကို ဆုတ်ကိုင်ထားကာလေပြေကို ဖက်ရမ်းပြီးနေဝင်ချိန်ကို ဖမ်းဆုပ်ရသလ...
02/05/2024

အလှတရားဆိုတာ ထွက်ပြေးတတ်တဲ့
သာယာမှု တစ်မျိုးပါပဲ ...

မြစ်ရေကို ဆုတ်ကိုင်ထားကာ
လေပြေကို ဖက်ရမ်းပြီး
နေဝင်ချိန်ကို ဖမ်းဆုပ်ရသလိုပါပဲ
သူ့ကို ထိန်းချုပ်ထားလို့ မရပြန်ဘူး ...

သို့သော်လည်း
ကောင်းစွာ အသုံးပြုလို့ရပါရဲ့ ...

ဧသတာရဲ့ လှပခြင်းဟာ
သခင်ရွှေးချယ်တဲ့ လူမျိုးနွယ်စု
အသက်ဘေးလွှတ်မြောက်ရာ ကျေးဇူးပြုဖို့
ဖြစ်စေခဲ့သလို ....

သင်နဲ့ ကျွန်ပ်မှာ သခင်ပိုင်ဆိုင်စေတဲ့ ...
နုပျိုခြင်း ၊အစွမ်းအစ ၊ခွန်အား ညာဏ်ပညာက
သခင့်ရဲ့ ကျေးဇူးတရား ထင်ရှားစေဖို့ပါပဲ ...

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ကျေးဇူးတရားကို ဝန်ခံသောနှလုံးသားရှိလာတဲ့အခါ ...စစ်မှန်တဲ့ နှုတ်ကပတ်တော်စီးဆင်းလာသလို ၊အမှိုက်တွေ ကင်းလို့ကြည်လင်တဲ့ အသက်...
26/04/2024

ကျေးဇူးတရားကို ဝန်ခံသောနှလုံးသား
ရှိလာတဲ့အခါ ...

စစ်မှန်တဲ့ နှုတ်ကပတ်တော်
စီးဆင်းလာသလို ၊အမှိုက်တွေ ကင်းလို့
ကြည်လင်တဲ့ အသက်ရေ ဖြစ်လာလိမ့်မယ် ...

မှန်ကန်တဲ့ ထောက်ပြ ၊တည်ဆောက်ခြင်းမှာ
အတ္တတွေကင်း ၊မေတ္တာပါ‌နေသလို
တည်ဆောက်စရာ ဖြစ်နေပါလိမ့်မယ် ...

အမှန်တရားနဲ့ ၊သမ္မာတရားကြား
ရပ်တည်ရချိန်မှာလည်း ၊ပြတ်သားစွာရပ်တည်
နိူင်ဖို့ ဝိညာဉ်တော်ဘုရားက မစနေပါလိမ့်မယ် ...

စိတ်ထက်သန် အားကြီးခြင်းမှာလည်း
မာန်မာနတွေ ကင်းလို့ ၊သခင့်နာမ အတွက်
ဘုန်းပေးဖို့သာ ဖြစ်နေပါလိမ့်မယ် ...

ခြေရာတော်တို့ကို ဖြောင့်စေပြီး
သခင်နှစ်သက်ရာ " ယဇ် " ဖြစ်နေစေဖို့
ကျေးဇူးတော်ကို အစဉ်အမြဲ ဝန်ခံ ၊ဖြတ်သန်းဖို့လိုအပ်လှပါတယ် ...

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ဒီကာလတွေမှာ မြင်နေရတဲ့ ၊ကြားနေရတဲ့ သတင်းအချက်အလက်တွေကြားမှာ ကြောက်ရွှံနေရမယ့် ကာလမဟုတ်ဘူး...ဝိညာဉ်တော် ဘုရားရဲ့ ဖွင့်ပြခ...
17/04/2024

ဒီကာလတွေမှာ မြင်နေရတဲ့ ၊ကြားနေရတဲ့
သတင်းအချက်အလက်တွေကြားမှာ ကြောက်ရွှံ
နေရမယ့် ကာလမဟုတ်ဘူး...

ဝိညာဉ်တော် ဘုရားရဲ့ ဖွင့်ပြချက်တွေထဲမှာ
ကျေးဇူးတရားနဲ့အတူ ရဲရင့်စွာ လျှောက်လှမ်းရမယ့် ကာလ တစ်ခုဖြစ်တယ် ...

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ဒီနေ့တော့ ပန်ဝါမြို့ ၊တရုတ်ပြည်နယ်စပ်စည်းမျဉ်း တောင်တန်းဒေသဆီ ညီအကိုတွေနဲ့သာသနာခရီး ထွက်ခွါကြရင်းပေါ့ဗျာ 😍☺️...
27/02/2024

ဒီနေ့တော့ ပန်ဝါမြို့ ၊တရုတ်ပြည်နယ်စပ်စည်းမျဉ်း တောင်တန်းဒေသဆီ ညီအကိုတွေနဲ့သာသနာခရီး ထွက်ခွါကြရင်းပေါ့ဗျာ 😍☺️...

နှစ်သစ်မှာ ပထမဉီးဆုံး ဖားကန့် ကျမ်းစာသင် ၊ဧဝံဂေလိခရီးစဉ်ကိုမိတ်ဆွေသစ်တွေနဲ့ ဖြတ်သန်းခြင်းပေါ့ဗျာ 😍
14/01/2024

နှစ်သစ်မှာ ပထမဉီးဆုံး ဖားကန့်
ကျမ်းစာသင် ၊ဧဝံဂေလိခရီးစဉ်ကိုမိတ်ဆွေသစ်
တွေနဲ့ ဖြတ်သန်းခြင်းပေါ့ဗျာ 😍

ပြည်တော်ကြီး မီးလောင်လို့ ၊အဆောက်အဉီးတွေပြိုပျက် ၊တစ်ဉီးကိုတစ်ဉီးသတ်ဖျက်ရင်း ၊နိူင်လိုမင်းထက်ပြုမှုနေတာကမှ ပြည်ပျက်တယ်လိ...
05/01/2024

ပြည်တော်ကြီး မီးလောင်လို့ ၊အဆောက်အဉီးတွေပြိုပျက် ၊တစ်ဉီးကိုတစ်ဉီးသတ်ဖျက်ရင်း ၊
နိူင်လိုမင်းထက်ပြုမှုနေတာကမှ ပြည်ပျက်တယ်လို့ ထင်နေကြတာ ...

တကယ်တော့ စိတ်ဓါတ်တွေပျက်ပြားနေရင်လည်း ပြည်ပျက်တာပါပဲ ညီအကိုတို့ ...

မြင်နေရတဲ့ ပြည်တော်ကို ၊ငြိမ်းချမ်းပြီး
လှပစေချင်လျှင်တော့ ....

မမြင်ရတဲ့ အတွင်းမနော ၊စိတ်သဘောတွေကို
ဉီးစွာ ပထမ တည်ဆောက်လှည့်ပါ ..

အရာရာ လှပလာပါလိမ့်မယ် ....

{ ၃ ယော 1:2 }
အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့်
ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ဒီနေ့ အသုဘ ပို့သွားခဲ့ကြတယ် ...သေဆုံးသူက အရင်က မိတ်ဆွေဟောင်းတစ်ဉီးပဲ...အသက်က ကိုယ့်ထက်ငယ်တယ် ...အခုက နေ့မြင် ၊နေ့ပျောက် ...
16/12/2023

ဒီနေ့ အသုဘ ပို့သွားခဲ့ကြတယ် ...
သေဆုံးသူက အရင်က မိတ်ဆွေဟောင်းတစ်ဉီးပဲ...
အသက်က ကိုယ့်ထက်ငယ်တယ် ...
အခုက နေ့မြင် ၊နေ့ပျောက် ခေတ်ကြီးထဲမှာ ...

ငိုတဲ့သူကငို ၊ဝမ်းနည်းတဲ့သူက ဝမ်းနည်းနဲ့ ၊
သံဝေဂရစရာတွေ အပြည့်နဲ့နေ့လေးပါပဲ...

တစ်နေ့ မဆိုဆို ကိုယ်လည်း ဒီလမ်းလျှောက်ရမှာ
ဆိုတော့ ...အဲ့ဒီနေ့မှာ ချစ်တာတွေ ၊မုန်းတာတွေ ၊ဂုဏ်ပုဒ်တွေလည်း ဘာဆိုဘာမှ မသိနိူင်တော့တဲ့
နေ့ပေါ့ ...

ဆုတောင်းသံတွေကြားတယ် ...
ငိုရှိုက်သံတွေက သဲ့သဲ့လေးထွက်နေတုန်းပဲ ...

သေသူက ဘာမှမသိတော့ပေမယ့် ...
ရှင်သူတွေကတော့ ရှုပ်နေကြတုန်းပါပဲ ...

ဆင်းရဲ ၊ချမ်းသာ ၊လူဖြူ ၊လူမဲ အနိမ့်အမြင့်
လူအားလုံးရဲ့ နောက်ဆုံးဆုံရမယ့် နေရာတစ်ခုမှာ ...နေရာယူနေရတယ် ...

ပတ်သက်ခဲ့သူတွေ ၊ခင်မင်ခဲ့သူတွေကြားမှာ
ငြိမ်ငြိမ်လေးနေပေးရင်း ...

ဆုတောင်းသံတွေ တိတ်ဆိပ်ပြီး
အနားကလူတွေလည်း ထွက်သွားကုန်ပြီ ...

သေတ္တာပုံးလေးထဲက ငါဆိုတာ
ဘာမှမဟုတ်တော့ဘူးပဲ ...

4ပေ၊6ပေ အခန်းငယ်လေးက ငါ့ရဲ့ကြိုးစားခဲ့မှုရဲ့ နောက်ဆုံးတစ်ခုပဲပေါ့ ...

ငါ့အိမ် ၊ငါ့ဇနီး ၊ငါ့ကား ၊ငါ့ ဂုဏ်တွေကော...
အရာရာမှောင်မဲသွားတယ် !!!...
ဒါပါပဲ ...ဘဝဆိုတာ !!!

အချိန်များစွာ တည်ဆောက် ၊အဖိုးအခပေးခဲ့တဲ့အရာတွေကလည်း နောက်ဆုံး ဘာမှယူသွားလို့မရဘူးပဲ ..!!!.
သုသာန်ဆိုတာ သေသူနဲ့ ရှင်သူကိုခွဲခြားပေးပြီး
နောက်ဆုံး လမ်းခွဲစေတဲ့နေရာပေါ့ ...!!!

မသေခင်မှာ ကြိုတင်ရိက္ခာပြင်ဆင်ရင်း ..

နောင်တမလွန်အတွက် စိတ်ချမှုပေးနိူင်တဲ့ ကယ်တင်ရှင် သခင်‌ယေရှုထံပြန်လှည့်ရင်း ရှင်သန်ကြပါစို့ ...

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ဟိုးထား ...ကားဆရာအသံလာရာ လှည့်ကာကြည့်ရင်း ...မင်္ဂလာပါ ညီအကိုတို့ရေ မာပါ၏လော ...သာပါသလောလို့ ဆိုမိတော့ မင်္ဂလာပါက အသာထား...
14/12/2023

ဟိုးထား ...ကားဆရာ
အသံလာရာ လှည့်ကာကြည့်ရင်း ...

မင်္ဂလာပါ ညီအကိုတို့ရေ
မာပါ၏လော ...သာပါသလောလို့ ဆိုမိတော့
မင်္ဂလာပါက အသာထား
ငွေအသပြာသာ လာထားစမ်းပါတဲ့ ...😯😲

ဒါနဲ့ ...ငါလည်း ရင်းနှီးမှုတွေကို
ကုန်ကြမ်းထုတ်၊ ငွေအသပြာကို သံစဉ်လုပ်ရင်း
သူတို့အတွက် ပန်းတစ်ခင်း ပျိုးခဲ့လိုက်တယ် ...

ငါပျိုးတဲ့ ပန်းကိုသူတို့
ကြိုက်မကြိုက်တော့ ငါမသိပေမယ့်
ပန်းပျိုးတဲ့ လက်ကတော့ နာကျင်တယ်ဟ ...

ငါပျိုးတဲ့ ပန်းကိုသူတို့
နမ်းမနမ်းတော့ ငါမသိပေမယ့်
သူတို့တွေ အကျိုးရှိစေဖို့ ငါဆုတောင်းမိတယ်..

တကယ်ပါပဲ ...
အရောင်တွေမတူ ၊ပခုံးဘက်တွေ မတူတာကို
ကြည့်ရင်း မင်းသားလိုလူလို့ပဲ ငါတွက်ချက်တာ
မှားခဲ့ပြန်လေပြီလား ....

ထားပါလေ ...အခုတော့
မှန်တာတွေ /မှားတာတွေတော့ ငါမပြောလိုပေမယ့် စာနာတတ်ခြင်းက ဘဝမှာ အရေးကြီးတဲ့ ရင်းနှီးမှုတစ်ခုလို့တော့ သိစေချင်တယ် ...

အရောင်တွေ ၊ပခုံးဘက်တွေ ကွဲမှ
အရာရာ ပြောင်းလဲမယ်လို့ ‌တွေးထင်ရင်း ...

ကြွေးကြော်သံတွေ ၊မိန့်ခွန်းသံတွေကို
နာခံ ကြရင်း ၊ငါတို့ရဲ့ နှလုံးသားတွေ မာကျောခဲ့
ပြန်လေပြီလား ...

ဒီလိုနဲ့ ...အတွေးတွေကိုနယ်ချဲ့ရင်း
သခင့်ထံပါးမှာ တောင်းဆုပြုရင်း...

တကယ်တော့ ...ငါတို့ကမ္ဘာမှာ
အရောင်တွေပြောင်းရင်း ၊ပါဝါရှင်တွေလို
လူတွေကို မလိုအပ်သလို ...

ရှိတာတွေ ဝေငှ ၊အားနည်းသူတွေကို ဖေးမ
နှစ်ခုရှိရင် တစ်ခုပေး ၊တစ်ခုရှိရင် တစ်ဝက်ကျွေးလို့ ဘဝတွေကို အတူတကွ ဝေမျှတည်ဆောက်ကြမယ့် ဉယျာဉ်မှူးတွေကို လိုအပ်နေတာပါ ...

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ပစ်မှတ်တွေ ဘာကြောင့်လွဲနေတာလဲ ...?🏹🎯✍️လူတစ်ချို့‌တွေဟာ ...သူတို့ နှစ်ပေါင်းများစွာ လေ့ကျင့် ၊သင်ကြားလာတဲ့ အသိပညာ ၊အတတ်ပည...
21/11/2023

ပစ်မှတ်တွေ ဘာကြောင့်လွဲနေတာလဲ ...?🏹🎯

✍️လူတစ်ချို့‌တွေဟာ ...
သူတို့ နှစ်ပေါင်းများစွာ လေ့ကျင့် ၊သင်ကြားလာ
တဲ့ အသိပညာ ၊အတတ်ပညာ အစွမ်းတွေပြည့်ဝ
နေကြပေမယ့် ...

တကယ်တမ်း လက်တွေ့ ၊ မြေပြင်ဘဝမှာ
နှလုံးတွေတုန်ပြီးပစ်မှတ်တွေကို လွဲချော်နေမိ
တတ်ကြတာ ...

ဘာကြောင့်ပါလဲ ...?

သခင့်မေတ္တာတရား ၊ကျေးဇူးတရားနဲ့
မပေါင်းစပ် ၊မတည်ဆောက်ထားတဲ့ အစွမ်းအစ၊
ဆုကျေးဇူးတွေဟာလည်း ၊မြေပြင် ဆိုတဲ့ လက်တွေ့ဘဝ ဖြတ်သန်း ချိန်မှာ ပစ်မှတ်တွေ ဝေဝါးပြီး လွဲချော်တတ်တာပေါ့ ...

သခင့်မေတ္တာ ၊ကျေးဇူးတရားနဲ့ ပေါင်းစပ်ပြီး
အသိပညာ ၊အတတ်ပညာ အစွမ်းအစတွေကို အသုံးပြုခြင်းကသာလျှင် ....

စစ်မှန်ထိရောက်တဲ့ ပစ်မှတ်တိုင်းကို
ထိမှန်စေပြီး ပတ်ဝန်းကျင်နဲ့ အရာရာကို အကျိုးပြုလာပါလိမ့်မယ် ...

{ ရောမ 11:36 }
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ကျေးဇူးတော်ကို အစဉ်ဝန်ခံလျှက်
အောင်ကိုကို ( ကိုအောင် )

ရန်ကုန်မှ မြစ်ကြီးနားဆီသို့ 😇✈️
19/11/2023

ရန်ကုန်မှ မြစ်ကြီးနားဆီသို့ 😇✈️

Address

Myitkyina

Telephone

+959459740789

Website

Alerts

Be the first to know and let us send you an email when Aung Ko Ko - Gospel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share