18/06/2026
🌱🌱 Green Campaign, 2026 🌱🌱
English Below👇
ကရုဏာကျေးလက်လူမှုစည်းလုံးညီညွတ်ရေးအသင်း-မြစ်ကြီးနား (KMSS-Myitkyina) နှင့် ကက်သလစ်သာသနာ နောင်းချိန်းဘုန်းတော်ကြီးတပိုင်နယ်တို့ လက်တွဲပူးပေါင်းကာ အနာဂတ် အမိကမ္ဘာမြေကြီး ပိုမိုကျန်းမာလာစေရန်၊ သဘာဝဘေးအန္တရာယ် ပိုမိုလျှော့ကျလာစေရန်နှင့် ဒေသအတွင်း၌ သစ်ပင်ပန်းမန်များ ပွင့်ဖူးဝေဆာကာ စိမ်းလန်းစိုပြေ သာယာလှပသော ပတ်ဝန်းကျင် ဖြစ်လာစေရန် ရည်ရွယ်၍ Queen of Heaven ဘုရားကျောင်းဝင်းတွင် Green Campaign ကို ဇွန်လ ၁၁ ရက်နေ့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
ပျဉ်းကတိုးပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ အာရှသပြေပင်၊ မှည့်လိမ်ပင်နှင့် စက္ကူပန်းပင် စသည်ဖြင့် စုစုပေါင်း အပင်ရေ (၂၂၅) ပင်တို့ စိုက်ပျိုးနိုင်ခဲ့သည်။ ကျေးလက်နေပြည်သူများ၊ စစ်ရှောင်ပြည်သူများနှင့် ဝန်ထမ်းများစုစုပေါင်း လူဦးရေ (၉၉) ဦး ပါဝင်စိုက်ပျိုးခဲ့ကြသည်။
KMSS-Myitkyina အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နေရေး (Environmental Conservation) လုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်နေလျက်ရှိပြီး၊ နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ကောက်ခြင်း၊ Pope Francis ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ Laudato Si စာချွန်တော်အကြောင်း ဟောပြောခြင်း၊ အမြင်ဖွင့်သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
In collaboration with Nawng Hkying Parish, KMSS-Myitkyina successfully organized a Green Campaign at the Queen of Heaven Church in Nawng Hkying Village on June 11, 2026. The planted species included Pyinkado (ironwood), Gangaw (Ceylon ironwood), Seinban (flamboyant), Asian Eugenia, Mhai-Lein, and bougainvillea, a total of 225 trees and flowers together with the active participation of (99) participants—including local villagers, internally displaced persons (IDPs), and staff.
The campaign aimed to protect the environment, reduce disaster risks, and create a greener, and more beautiful local community.
As part of its ongoing commitment to environmental conservation, KMSS-Myitkyina regularly carries out activities such as annual tree planting, trash/waste collection, and awareness training based on Pope Francis’s environmental encyclical, Laudato Si’.
Code_1/2026