30/04/2022
🙏 အရှင်ဘုရား ❗
လောကမှာ အပြစ်အကြီးဆုံး အကုသိုလ်က ဘာလဲဘုရား ••❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
လောကမှာ အပြစ်အကြီးဆုံး အကုသိုလ်က "နိယတမိစ္ဆာဒိဋ္ဌိ" ပဲ လို့ ဘုရားဟောထားတယ်၊
ကျမ်းညွှန်းကတော့ အင်္ဂုတ္တိုရ်၊ ဧကကနိပါတ်၊ နှာ - ၃၅ မှာ ကြည့်နိုင်ပါတယ်။
အမေသတ် အဖေသတ် အစရှိတဲ့ ပဉ္စာနန္တရိယကံတွေက ငရဲကျမယ်ဆိုရင် ဘယ်လောက်ခံရမယ်ဆိုတာ အကန့်အသတ် ရှိသေးတယ်၊
ဒီမိစ္ဆာအယူကျတော့ ဘယ်လောက်ခံရမယ်ဆိုတာ အကန့်အသတ် မရှိဘူး၊
ကမ္ဘာပျက်ရင်တောင် အာကာသမှာ နေရာပြောင်းပြီး ခံရပါသတဲ့။
ဗဟုဿုတအနေနဲ့ #နိယတမိစ္ဆာဒိဋ္ဌိ အကြောင်းပြောရရင် -
(၁) #အဟေတုကဒိဋ္ဌိ
••••••••••••••••••••••••••
လောကမှာ ကုသိုလ်ကံ / အကုသိုလ်ကံဆိုတာ မရှိဘဲ ကောင်းတာ ဆိုးတာတွေကို ရရှိနေကြတယ် လို့ ယူဆခြင်း။
==
(၂) #အကိရိယဒိဋ္ဌိ
•••••••••••••••••••••••
ကုသိုလ်/ အကုသိုလ်ကို လုပ်ပေမယ့် ဘာမှ မဖြစ်ဘူး လို့ ယူဆနေခြင်း။
==
(၃) #နတ်ထိကဒိဋ္ဌိ
•••••••••••••••••••••••
ကုသိုလ်စေတနာ/ အကုသိုလ်စေတနာရဲ့ အကျိုးဆိုတာ မရှိဘူး လို့ ယူဆခြင်း။
==
ဒီအယူအဆ (၃) မျိုးကို #နိယတမိစ္ဆာဒိဋ္ဌိ လို့ ခေါ်ပါတယ်။
လောကမှာ အယူလွဲခြင်းဟာ အလွန်ဆိုးဝါးလှပါတယ်၊
နိယတမိစ္ဆာဒိဋ္ဌိဖြစ်နေသူကို "သံသရာသစ်ငုတ်" လို့တောင် စာပေထဲ တင်စားပြောဆိုကြပါတယ်၊ 👑
🙏🌺 Bhikkhu Abhayalankara 🌺🙏🙏
ဘုရားဆင်းတုတော်တွေဟာ သက်မဲ့ဖြစ်ပြီး ဘာလို့တန်ခိုးကြီးတာလဲ
https://m.facebook.com/story.php?story_fbid=369315838572258&id=100064815335204
https://www.facebook.com/profile.php?id=100064815335204