02/10/2026
#လူ့ပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲရေးနှင့်ပညာရေးနယ်ပယ်၏တာဝန်
#လူ့ပတ်ဝန်းကျင်ကို ဦးဆောင်နိုင်သူ အရည်အချင်းရှင်တွေက အများကြီးမထွက်ပေါ်ပါဘူး။လူအများစုက သာမာန်အဆင့်(သို့မဟုတ်) သာမာန်ထက်နိမ့်သောအဆင့်၌သာရှိကြပါသည်။ #ကုရ်အာန်ကျမ်းမြတ်၌လည်းလာရှိထားသည်မှာ "သို့သော်လူအများစုသည် မသိရှိကြပေ" ဟူ၍ဖြစ်ပေသည်။ထို့ကြောင့် အရည်အချင်းရှင်များ မွေးထုတ်ရာ၌ အရေအတွက်နည်းမည်သာဖြစ်ပေသည်။သာမာန်အဆင့်နှင့်ထူးချွန်အဆင့်ဟူ၍ ခွဲခြားသတ်မှတ်လုပ်ဆောင်မှုမရှိပါကလည်း အရည်အချင်းရှိပါရမီရှင်များ ပေါ်ထွန်းရန်ခက်ခဲလာမည်ဖြစ်ပြီး လူ့ပတ်ဝန်းကျင်ကို စနစ်တကျဦးဆောင်နိုင်သူလည်း ပေါ်ထွက်ရန် ခက်ခဲလာပေမည်။ #ဤသည်တို့ကို လုပ်ဆောင်ရန် တာဝန်အရှိဆုံးသူတို့မှာ ပညာရေးနယ်ပယ်၏တာဝန်ခံများသာဖြစ်ကြပေသည်။