မြိတ်မြို့ ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့ - 丹老 福德正神 青年组

  • Home
  • Myanmar
  • Myeik
  • မြိတ်မြို့ ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့ - 丹老 福德正神 青年组

မြိတ်မြို့ ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့ - 丹老 福德正神 青年组 ၂၀၁၇ စတင်တည်ထောင်ချိန်မှ ယနေ့အထိ မည်သည့် တရုတ်အဖွဲ့အစည်း၊ ဘုရားကျောင်း၏ ထိန်းချုပ်မှုအောက်တွင်မှမရှိဘဲ လွတ်လပ်သည့် လူငယ်ကလပ်ဖြစ်သည်

ထောင်ကဲကိုယ်စား စုပေါင်းကန်တော့ခြင်းနှင့် မွေးနေ့မင်္ဂလာအခမ်းအနားစတင်ခြင်း 🐉တတိယအကြိမ် မားကျော့မယ်‌တော် မွေးနေ့စုပေါင်းက...
18/05/2026

ထောင်ကဲကိုယ်စား စုပေါင်းကန်တော့ခြင်းနှင့် မွေးနေ့မင်္ဂလာအခမ်းအနားစတင်ခြင်း

🐉တတိယအကြိမ် မားကျော့မယ်‌တော် မွေးနေ့စုပေါင်းကန်တော့ခြင်းမှတ်တမ်းပုံရိပ် အပိုင်း(၁)

ကန်တော့ဖွယ်များနှင့် လိုအပ်သည်များကို ပြင်ဆင်ပြီးနောက် ထောင်ကဲကိုယ်စား စုပေါင်းကန်တော့ကြပြီး ကောင်းကင်ဘုရား ယွတ်အုံရှုံတေနှင့် မိုး၊မြေ၊ရေစောင့်နတ်မင်းကြီးများ ကို ကန်တော့ကာ

ထျင်ရှုံရှိန်းမော(天上聖母)၊ ချင်လိ့ပိုင်(千里眼)၊ စွင့်ဟုန်းလိ(順风耳) တို့၏ တန်ခိုးမေတ္တာများ ထောင်ကဲမိသားစုနှင့် ကုမ္ပဏီရှိ မိသားစုများအပေါ်ကျရောက်စေရန် စုပေါင်းကန်တော့ကြသည်။

#丹老 #福德正神 #青年组

နဂါးရုပ်တု ခိုင်းကွမ်းခြင်းနှင့် တတိယအကြိမ် မားကျော့မယ်‌တော် မွေးနေ့စုပေါင်းကန်တော့ခြင်းမှတ်တမ်းပုံရိပ် အပိုင်း(၁)ပြည်ဖြ...
18/05/2026

နဂါးရုပ်တု ခိုင်းကွမ်းခြင်းနှင့် တတိယအကြိမ် မားကျော့မယ်‌တော် မွေးနေ့စုပေါင်းကန်တော့ခြင်းမှတ်တမ်းပုံရိပ် အပိုင်း(၁)

ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်(PPT International Co., Ltd) ၏ ဥက္ကဌ တန်စုကွေ၏ ဖိတ်ကြားမှုဖြင့်

မြိတ်မြို့ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့သည် တရုတ် (၃) လပိုင်း (၂၃) ရက် (၉.၅.၂၀၂၆ ရက်နေ့ (စနေနေ့)) တွင် ကတ္တလူကျေးရွာ၌ ကိုးကွယ်ထားရှိသောမားကျော့မယ်တော်၏ မွေးနေ့မင်္ဂလာစုပေါင်းကန်တော့ခြင်းနှင့် အသစ်ထပ်မံ တပ်ဆင်ပြီးစီးသော နဂါးများခိုင်းကွမ်းခြင်းကို ဦးဆောင်ကျင်းပခဲ့သည်။

မြိတ်မြို့ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့မှ ဟွကွား၊ ကီတုံးများနှင့် အဖွဲ့သားများ စည်းလုံးစွာ "ရှေးတရုတ်ရိုးရာကိုးကွယ်မှု နည်းစနစ်များ" အတိုင်း စနစ်ကျစွာကျင်းပခဲ့ပြီး

ထောင်ကဲမိသားစုနှင့် ကုမ္ပဏီရှိ မိသားစုများ ‌ဘေးရန်ကင်းကွာပြီး အန်းကုန်းတို့၏ တန်ခိုးမေတ္တာများ လွှမ်းခြုံစေရန်ဆုတောင်းခဲ့ကြပြီး အန်းကုန်းများမှလည်း ကီတုံးဆင်းကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ထောင်ကဲ၏ ရုံးအတွင်း ကိုးကွယ်ထားရှိပြီး ကျွန်တော်တို့အဖွဲ့၏ ဆရာသခင်ဖြစ်သော လောင်ရယ် ထျန်နူးဝမ်စွေ(田府元帥)နှင့်အတူ ကီတုံးအသီးသီး၏ ရုပ်ပွားတော်များလည်း ကတ္တလူကျေးရွာသို့ လိုက်ပါခဲ့ပြီး ၂၀၂၆ ခုနှစ် မားကျော့မယ်တော် စုပေါင်းကန်တော့ခြင်း မှတ်တမ်းဖြစ်သည်။

#丹老 #福德正神 #青年组

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၃)စု...
12/03/2026

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၃)

စုပေါင်းကန်တော့ပြီးနောက် အီဟူးတွာလန်(尹府大人) မှ ဝေါယာဥ်ဖြင့် ဘုံကျောင်းတစ်ဝိုက် လှည့်လည်စစ်ဆေးကာ

မြိတ်မြို့ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့မှ အန်းကုန်များဖြစ်သည့်
• ရီလုံစင့်ကူး(二郎真君)
• ဟောရာကျုံကိုး(天虎將軍)
• ထျယ်ဟူးဝမ်စွေ(鐵府元帥)
• ကွမ်ရှင့်တေ့ကူး(關聖帝君)
• ဟွမ်ဟူးအုံယာ (范府王爺) တို့မှ ကီတုံးဆင်းကာ လာရောက်သည့် မိသားစုဝင်များနှင့် အသစ်လာရောက်သည့် အဖွဲ့ဝင်များအတွက် ကောင်းချီပေးခြင်းနှင့် အင်း၊ အဆောင်လက်ဖွဲ့များ စီရင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့် မှတ်တမ်းဖြစ်သည်။

#丹老 #龍山亭 #福德正神 #青年组

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၂) မ...
12/03/2026

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၂)

မိသားစုများစုံလင်စွာရောက်ရှိပြီးသည့်အခါ စင့်တန်မျိုး နွယ်ဘိုးတော် အီဟူးတွာလန်(尹府大人) နှင့် စင့်အုံမျိုးနွယ်ဘိုးတော် အုံဟူးတွာလန်(王府大人) နှစ်ပါးကို စုပေါင်းကန်တော့ကြပြီး

🐉 ကောင်းကင်ဘုရား ယွတ်အုံရှုံတေ(玉皇上帝) အား ရေနွေးနှင့် ကန်တော့ဖွယ်များဆက်ကပ်ခြင်း

🐉 မိသားစုဝင်အသီးအသီးမှ လာရောက်ဆက်ကပ်သည့် ကန်တော့ဖွယ်များနှင့်အတူ တွာလန်နှစ်ပါးအားကန်တော့ပြီး အရက်၊ ရေနွေးနှင့် ကို ပူ‌ဇော်ခြင်းတို့ကိုဆောင်ရွက်ပြီး

တွာလန်နှစ်ပါးနှင့် ကြွရောက်လာသည့် အန်းကုန်များထံမှ (၃)နှစ်ပြည့်မှစ နှစ်‌ပေါင်းများစွာ စီးပွားလာဘ်လာဘပွင့်လင်းပြီး ကောင်းချီးမင်္ဂလာများရောက်ရှိ‌လာစေရန် ဆုတောင်းကြသည်။

#丹老 #龍山亭 #福德正神 #青年组

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၁) တ...
12/03/2026

မြိတ်မြို့၊ ကလွင်ရပ်၊ လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့်အထိမ်းအမှတ် မိသားစုများစုပေါင်းကန်တော့ခြင်း မှတ်တမ်း(၁)

တရုတ်(၁)လပိုင်း(၂၀) ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် စင့်တန်၊ စင့်အုံ မျိုးနွယ် နှစ်စု စုပေါင်းတည်ထောင်သည့် လျောင်စန်ထျင်(龍山亭)ဘုံကျောင်း (၃)နှစ်ပြည့် အထိမ်းအမှတ် မိသားစုဝင်များစုပေါင်းကန်တော့ခြင်းကို

စင့်တန်မျိုး နွယ်ဘိုးတော် အီဟူးတိုင်လင်(尹府大人) နှင့် စင့်အုံမျိုးနွယ်ဘိုးတော် အုံဟူးတိုင်လင်(王府大人) နှစ်ပါး၏ ခွင့်ပြုချက်၊ မိသားစုအကြီးအကဲများ၏ ဖိတ်ကြားမှုနှင့်အတူ ဦးဆောင်စီစဥ်ပေးခဲ့သည့် မှတ်တမ်းပုံရိပ်များဖြစ်သည်

#丹老 #龍山亭 #福德正神 #青年组

Address

Myeik

Alerts

Be the first to know and let us send you an email when မြိတ်မြို့ ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့ - 丹老 福德正神 青年组 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မြိတ်မြို့ ဟုတ်တိတ်ကျစင်လူငယ်အဖွဲ့ - 丹老 福德正神 青年组:

Shortcuts

Share