buddha dhama

Call Directions

buddha dhama ဘာသာရေး

24/02/2025

စစ်သားတွေက ပါးရိုက်တာခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ကျေးရွာအတွင်း ဆဲဆိုသောင်းကျန်း

CJ Platform

စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် တိုက်မှုကို သွားရောက် စစ်ဆေးမိတဲ့ ညောင်ငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအေးကို စစ်သားတွေက ပါးရိုက်လွှတ်လိုက်တာကြောင့် ဖေဖေါ်ဝါရီ ၂၃ရက်နေ့ ညပိုင်းမှာ ကျေးရွာအတွင်း ဆဲဆိုသောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ပိတောက်ချောင်လမ်းဆုံအနီးမှာ ဖေဖေါ်ဝါရီ ၂၁ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်တစ်စီးဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်မိသွားတာကို ညောင်ငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအေးနဲ့ ယာဉ်ထိန်းရဲတွေက လာရောက်စစ်ဆေးခဲ့တာပါ။

“အရပ်ဝတ်နဲ့ဆိုတော့ စစ်သားတွေမှန်း မသိဘူး၊ သူတို့က သွားဖြဲတာ ဟိုက ပါးရိုက်လွှတ်လိုက်တာ၊ ကားပေါ်မှာ လက်နက်သေတ္တာတွေပါ ပါတယ်”လို့ ညောင်ငူကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သားတွေ ပါးရိုက်တာ ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ဦးလှအေးဟာ သူ့ကို ပါးရိုက်ခဲ့တဲ့ စစ်သားတွေကို အရေးယူပေးဖို့ ရေကြည်မြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘူးလို့ သိရပါတယ်။

“မနေ့ညနေက ရွာပြန်ရောက်လာတယ်၊ မျက်နှာကရောင်ကိုင်းနေတာပဲ ညလည်းကျရော မူးပြီးတော့ ရွာထဲမှာ ငါ-ိုးမ စစ်သားတွေဆိုပြီး ပတ်ဆဲနေတယ်”လို့ ညောင်ငူကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုမှာ ပါဝင်တဲ့ စစ်သားတွေဟာ သူတို့ အခင်းဖြစ်ပွားစဉ် အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ ဖုန်းတွေကိုလည်း အခင်းဖြစ်စဉ်ကို ဓာတ်ပုံရိုက်ထားတာ ရှိမရှိ တောင်းယူစစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပေးပို့

ပုံစာ - စစ်ကောင်စီတပ်သားတွေ ပါးရိုက်တာကို ခံခဲ့ရသူ အုပ်ချုပ်ရေးမှူးကို မြင်ရပုံ

#ညောင်ငူကျေးရွာ #ရေကြည်မြို့နယ် #ဦးလှအေး

20/02/2025
15/02/2025
15/02/2025

Address

မြိတ် မြန်မာ
Myeik

Telephone

+9672403971

Website

Alerts

Be the first to know and let us send you an email when buddha dhama posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share