ဓမ္မလက်ဆောင်

17/10/2025
သူတစ်ပါးမကောင်းတာကို တွေးနေရင် ကိုယ့်အတွက်ကောင်းတာတွေ တွေးဖို့အချိန်တွေ ဆုံးရှုံးတယ်။ သူတစ်ပါး မ‌ကောင်းကြောင်းတွေပြောနေရ...
14/09/2025

သူတစ်ပါးမကောင်းတာကို
တွေးနေရင် ကိုယ့်အတွက်
ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ်။

သူတစ်ပါး မ‌ကောင်းကြောင်းတွေ
ပြောနေရင် ကိုယ့်အတွက်
ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ်။

ဘဝက
အချိန်ခဏလေး နေရတာ

ဘယ်နေ့ ဘယ်အချိန်
ဘယ်ဘေးနဲ့ သေရမယ်မှန်းမသိတဲ့
ဘဝအတွက် ပြင်ဆင်ပြီးသား ဖြစ်ရမယ်။

ကုသိုလ်၊ ပညာ၊ ဥစ္စာ မရသည့်
အလုပ်တွေနဲ့ အချိန်မဖြုန်းပါနဲ့။

ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ်
အေးချမ်းတယ်။
အကုသိုလ်က ဆူတယ်၊ ပူတယ်။

ဒါကြောင့်
တိတ်တိတ်လေးသာနေ
ဘဝက သိပ်မြန်လွန်းလို့ပါ...။

#အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

🌷ကိုယ့်ကိုယ်ကိုယ်တောင်အားကိုးရာမဖြစ်သေးတဲ့ ဘဝမှာတစ်ချို့လူတွေကိုစိတ်ပူနေဖို့ လုံးဝမသင့်ပါဘူး။🌷အချိန်တန်ရင်သူတို့လည်း သူ့...
11/09/2025

🌷ကိုယ့်ကိုယ်ကိုယ်တောင်
အားကိုးရာမဖြစ်သေးတဲ့ ဘဝမှာ
တစ်ချို့လူတွေကို
စိတ်ပူနေဖို့ လုံးဝမသင့်ပါဘူး။

🌷အချိန်တန်ရင်
သူတို့လည်း သူ့လမ်းသူလျှောက်ပြီး
ကိုယ်လည်း
ကိုယ့်လမ်းကိုယ် ပြန်သွားရမှာပါ။

🌷ဘယ်လောက် သံယောဇဥ်ရှိရှိ
အတူသွားလို့ မရနိုင်သလို...
အတူပြန်သွားလို့လည်း မဖြစ်ပါဘူး။

🌷ကိုယ့်အနာဂတ်ရဲ့ ဘဝခရီးကို
မိမိကိုယ်တိုင်ပဲ
ကောင်းအောင် ဖန်တီးယူရမှာပါ။

🌷သူများအတွက်ကို ပူပြီးတော့
ကိုယ့်အတွက်လည်း မမေ့ပါစေနဲ့။

🌷ကိုယ်မရှိလည်း
ဖြစ်သွားမှာပါဆိုတဲ့ အတွေးနဲ့
ကိုယ့်ဘဝကို
အပူ အစွဲနည်းအောင်ပဲ ကြိုးစားပါ။
~~~~~~~~~~

သာရ ဂ ဝေ သီ

ဘဝ ဆိုတာ...မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာဖြစ်အောင် လုပ်ချင်တဲ့ တံခါး ပေါက်လေး ရှိတယ်။ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှ...
06/09/2025

ဘဝ ဆိုတာ...

မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ
ဖြစ်အောင် လုပ်ချင်တဲ့
တံခါး ပေါက်လေး ရှိတယ်။

ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှာ
တဖန် အောင်မြင် ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။

နာကျင်ခြင်း ရဲ့ နောက်ကွယ် မှာ
မခံချင် စိတ်တွေ ရှိတယ်။

အနိမ်ခံ ဘဝ ရဲ့ နောက်ကွယ် မှာ
ခံပြင်းစိတ် နဲ့ ကြိုးစားချင်
စိတ်တွေ ရှိတယ်။

စွန့်လွှတ်မှု ရဲ့ နောက်ကွယ် မှာ
တမ်းတ ငိုကြွေး ခြင်းတွေ ရှိတယ်။

အစွန့်လွတ်ခံ ရခြင်းရဲ့ နောက်ကွယ် မှာ
အရာရာကို နားလည် သွားနိုင်တဲ့
ဘဝ သင်ခန်းစာတွေ ရှိတယ်။

ဘဝဆိုတာ
ကိုယ့်ဒူးကိုယ်ချွန် ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက် ရမယ်။
ကိုယ့်သမိုင်း ကိုယ် ရေးရမယ်။

တကယ်တော့ ဘဝဆိုတာ
အားကိုးရှာဖို့ ရောက်လာတာ မှ
မဟုတ်တာပဲ

ကိုယ်ဖောက် ရမဲ့ လမ်း အတွက်
သင်ခန်းစာယူဖို့ ရောက်လာ ကြတာပါ

အဲဒီ တော့
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊

ဘာလို့ လဲကျသွားလဲ ...
သင်ခန်းစာယူ၊

ရအောင် ပြန်မတ်တပ် ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ ဘဝ ပါပဲ သူငယ်ချင်း

❛ဘာမှလုပ်စရာမရှိရင်
•စာဖတ်နေခြင်းဟာ
•အကောင်းဆုံးအလုပ်ပါပဲ

ဘဝမှာ တစ်ယောက်ယောက် ကြောင့်နာကျင်မှုတွေ ကြုံခဲ့ရင် ကိုယ် ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့သဘောထားလိုက်ပါ။ကိုယ်ပါသွားလို့ပြန်...
03/09/2025

ဘဝမှာ
တစ်ယောက်ယောက် ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ် ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့
သဘောထားလိုက်ပါ။

ကိုယ်ပါသွားလို့
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့ အချိန်မှာ
အကြွေး တစ်ခု ဆပ်ခွင့်ရလိုက်တာပဲလို့
ဖြေကြည့်လိုက်ပါ။

ကိုယ် ခံစားရသလို
ပြန် ခံစားစေရမယ် ဆိုတဲ့
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့ ။

အတုံ့အလှည့်တွေက
ထပ်လာနေအုံးမှာပဲလေ …
ကိုယ့်မှာခံစားရတဲ့
ဒုက္ခတွေ ကကြီးလွန်းတဲ့ အခါ
ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ လို့
သဘာထားပါ။

အတိုး မများခင်ဆပ်ရတာ
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်း ကြီးပါစေ
ဆိုတာမျိုးနဲ့တော့ မတုန့်ပြန်ပါနဲ့
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့
သတ္တဝါတွေမှာ
❝ ကံသာ ❞ အားကိုးရှိတာပါ။
ကိုယ့် သံသရာ ကောင်းဖို့
ကိုယ်ပဲလုပ်ရ မှာလေ
ကိုယ့်သံသရာ ပြတ်ဖို့လဲ
ကိုယ်ပဲ ဖြတ်ရ မှာ
ကိုယ့် ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ ။

အကြွေးဆပ်ရင်း
အကြွေးတွေ ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်ဖို့ပါပဲလေ ။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

လောကမှာ...ချစ်စရာအကောင်းဆုံးဟာလည်း လူ  ကြောက်စရာ အကောင်းကလည်း လူပဲ~~~~~~~~~~~~~~~~~~~~ကြောက်စရာအကောင်းဆုံးလူ လောက မှာ ကြ...
02/09/2025

လောကမှာ...
ချစ်စရာအကောင်းဆုံးဟာလည်း လူ
ကြောက်စရာ အကောင်းကလည်း လူပဲ
~~~~~~~~~~~~~~~~~~~~

ကြောက်စရာအကောင်းဆုံးလူ
လောက မှာ ကြောက်စရာ အကောင်းဆုံး
သတ္တဝါဟာ ဘယ်သူလဲလို့ ,
လိုက်ရှာကြည့်ပါ ။

တရားကင်းကွာနေတဲ့
ဒေါသ အပူအခိုးအငွေ့ထွက်နေတဲ့
ဒေါသနှလုံးသားပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ
လောကမှာ ကြောက်စရာအကောင်းဆုံး...။

လူဟာ တရားကင်းကွာနေပြီဆိုရင်,
ဒေါသအပူအခိုးအငွေ့ထွက်နေပြီ ဆိုရင်,
တိရစ္ဆာန်ထက်တောင်ကြောက်စရာအဖြစ်
ရောက်သွားတတ်ပါတယ်။

လူကြောင့်ဖြစ်တဲ့ အန္တရာယ်ဟာ
လောက မှာ ကြောက်စရာ
အကောင်းဆုံး ။

ဒါကြောင့် - လောကမှာ ကြောက်စရာအကောင်းဆုံးဟာ လူပဲ ။

ချစ်စရာအကောင်းဆုံးလူ
တရားစွမ်းအားနဲ့ တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်စွာနေထိုင်တတ်တဲ့
မေတ္တာနှလုံးသားပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်။

လောကမှာ -
ချစ်စရာ ~ မြတ်နိုးစရာ
အားကိုးစရာ ~ အကောင်းဆုံး လူဟာ
တကယ်ကောင်းလာပြီ ဆိုရင်
မိမိ , သူတစ်ပါး , လောက
သာသနာအတွက် အားကိုး ရတဲ့
ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ် ။

အများရဲ့ချစ်ခင် လေးစားမှုကိုလည်း ခံရတယ် ။

ဒါကြောင့် -
လောက မှာ ချစ်စရာ
အကောင်းဆုံးကလည်း လူ
ကြောက်စရာ
အကောင်းဆုံးကလည်း လူ


ကျေးဇူးတော်ရှင်တိပိဋကယောဆရာတော်ဘုရားကြီး

လောက လူ့ဘဝဆိုသည်မှာဘယ်သူတွေနဲ့ ဘယ်အချိန်ထိရှိနေမယ် ဆိုတာကို ရေစက်က ဖန်တီးတယ်လို့ ဆိုခဲ့ရင်ဘယ်အချိန်မှာ ဘယ်သူတွေနဲ့လမ်းခွ...
12/08/2025

လောက လူ့ဘဝဆိုသည်မှာ
ဘယ်သူတွေနဲ့
ဘယ်အချိန်ထိရှိနေမယ် ဆိုတာကို
ရေစက်က ဖန်တီးတယ်လို့ ဆိုခဲ့ရင်

ဘယ်အချိန်မှာ ဘယ်သူတွေနဲ့
လမ်းခွဲရမယ် ဆိုတာကိုလည်း
ကံတရားက ဖန်တီးပါလိမ့်မယ် ။

ဒါကြောင့်....ကိုယ့်အပေါ်
ကောင်းခဲ့သည်ဖြစ်စေ ဆိုးခဲ့သည်ဖြစ်စေ
ငွေနဲ့ပေးဝယ်လို့မရတဲ့ အတွေ့ကြုံတွေပေးခဲ့တဲ့
လူတချို့ကို ကျေးဇူးတင်ပါတယ် ။

တစ်ခါတလေတော့လည်း
အချိန်တွေကပေးတဲ့ အဖြေဟာ
ကိုယ့်အတွက်တော့
အရမ်းကို တန်ဖိုးရှိနေတတ်ပါတယ် ။

Address

Myawadi

Alerts

Be the first to know and let us send you an email when ဓမ္မလက်ဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share