Myanmar Good News Church

Myanmar Good News Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Good News Church, Religious organisation, V4R8+69 Yangon, Myaungmya.

02/03/2023
 #ကျေးဇူးတော်ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ဆရာကြီးဦးထွန်းလင်း မြန်မာပြည်သို့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် ရ...
02/02/2023

#ကျေးဇူးတော်ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်
ဆရာကြီးဦးထွန်းလင်း မြန်မာပြည်သို့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် ရောက်ရှိလာပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျေးဇူးတော်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို
zoom (6930671117, pw 1111)
page; Passover tv
YouTube channel; Passover tv
တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါသည်။ ရန်ကုန်အသင်းတော်အပါအဝင် နယ်အသင်းတော်များမှလည်း social media မှတဆင့် အယောက် (၇၀၀)ကျော် ပါဝင်ခဲ့ကြပါသည်။

#ဆရာကြီးဦးထွန်းလင်းသည် နှုတ်ကပတ်တော်ထဲက တိကျတဲ့ယုံကြည်ခြင်းကမ္ဘာကို လက်တွေ့လျောက်လှမ်းပြီး မြန်မာပြည်သူ သားများအားလုံးကို တိကျတဲ့ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်စွာအသက်ရှင်နိုင်မည့် စိတ်ကမ္ဘာကိုလည်း သင်ပေးခဲ့ပါသည်။

ဆရာကြီးဦးထွန်းလင်း၏ နှုတ်ကပ‌တ်တော်ကောက်နုတ်ဖော်ပြချက်။ ။
ကျွန်တော် ၉နှစ်အရွယ် ကလေးဘဝကတည်းက ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ချင်တဲ့အတွက် မနက်အစောကြီးထပြီး အလုပ်ကိုကြိုးစားပြီးလုပ်ခဲ့ပါတယ်။ စည်းစိမ်၊ ဥစ္စာတွေနှင့် ချမ်းချမ်းသာသာအသက်ရှင်မယ်ဆိုရင် ပျော်ရွှင်နိုင်မယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဇာတိပကတိထဲက ရတဲ့ ပျော်ရွှင်ခြင်းက ခဏလေးအတွင်းမှာ ထွက်ပြေးသွားပါတယ်။ ဒါကြောင့် ကျွန်တော့်ဘဝက အသက်ရှင်တဲ့အခါမှာ အရမ်းကိုပင်ပန်းလာပါတယ်။
သခင်ယေရှုခရစ်တော် ကျွန်တော့်နှလုံးသားထဲ ဝင်ရောက်ကျိန်းဝပ်ခြင်းဖြင့် ဝမ်းမြောက်ခြင်းက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်လာပါတယ်။အဲဒီအချိန်ကစပြီး ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို ဘယ်သူ့မှ လုယူလို့မရသလို မှောင်မိုက်ခြင်းတွေ ကြီးစိုးနေတဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာမျှော်လင့်ခြင်းမျိုးစေ့စိုက်ပျိုးပေးခဲ့ပါတယ်။
မာရိအတွက် နာဒုဆီမွေးက တန်ဖိုးရှိပေမဲ့ ကျွန်မရဲ့ အပြစ်တွေကို ဆေးကြောပေးမဲ့ သခင်ယေရှုရဲ့ ပုဆစ်တော်ကို ဆီလိမ်းတဲ့အရာက ပိုပြီးတန်ဖိုးရှိနေပါတယ်။ ဆိုးညစ်ပြီး ညစ်ပတ်တဲ့ကျွန်မကို ဖြောင့်မတ်သောသူဖြစ်စေနိုင်တာက သခင်ယေရှုပဲဖြစ်ပါတယ်။ ဒီလိုစိတ်နှလုံးသားနှင့် သခင်ယေရှုကို ဆုံတွေ့တဲ့အခါ စစ်မှန်တဲ့ယုံကြည်ခြင်းဘဝအသက်တာကို ကြုံတွေ့ရပြီး ကောင်းချီးမင်္ဂလာခံစားခွင့်ရရှိခဲ့ပါတယ်။

🎄 2022 𝓒𝓱𝓻𝓲𝓼𝓽𝓶𝓪𝓼 𝓓𝓪𝔂 🎄🎁 ခရစ္စမတ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်အသင်းတော်တွင် Christmas Cantata ကို ဆက်လက်တင်ဆက်...
26/12/2022

🎄 2022 𝓒𝓱𝓻𝓲𝓼𝓽𝓶𝓪𝓼 𝓓𝓪𝔂 🎄

🎁 ခရစ္စမတ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်အသင်းတော်တွင် Christmas Cantata ကို ဆက်လက်တင်ဆက်ပြသခဲ့ပါတယ်။ တက်ရောက်သူ အယောက် ၈၀၀ ကျော်ရှိပြီး သာသနာပိုင်ချုပ်ကြီး စတီဗင်သန့်မြင့်ဦးမှလည်း တင်ဆက်မှုကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

🎁 အစီအစဉ်ကို သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး၏ ဆုတောင်းဆက်ကပ်ခြင်းဖြင့်အစပြုခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် Christmas Cantata ကို တင်ဆက်ပြသခဲ့ပါတယ်။

🎁 Christmas Cantata ပြသမှုအပြီးတွင် ဆရာဇာနည်လင်းမှ မိမိရဲ့နှလုံးသားက နွားတင်းကုတ်လိုနှိမ့်ချမယ်ဆိုရင် သခင်ယေရှုမွေးဖွားလာပြီး အပြစ်မှကယ်ချွတ်လို့ရတဲ့အကြောင်း တရားဒေသနာဝေငှပေးခဲ့ပါတယ်။

🎁 ကိုယ်တိုင်က ခရစ်ယာန်မဟုတ်သော်လည်း အခုမှ ခရစ္စမတ်၏ အဓိပ္ပာယ်နားလည်လာကြောင်းနှင့် အရေးကြီးကြောင်းသိရှိရတယ်လို့ ပါဝင်တက်ရောက်သူအချို့မှ မှတ်ချက်ပေးခဲ့ကြပါတယ်။

🎁 နောက်ဆုံး စိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်ဖြစ်တဲ့ ခရစ္စမတ်လက်ဆောင်ရွေးချယ်ခြင်းအစီအစဉ်ပြုလုပ်ခဲ့ပြီး ပါဝင်တက်ရောက်သူများအားလုံးကို စစ်မှန်သောခရစ္စမတ်လက်ဆောင်နဲ့အတူ ဝမ်းမြောက်ပျော်ရွှင်မှုများ မျှဝေခံစားစေတဲ့ ခရစ္စမတ်နေ့ရက်လေးဖြစ်ခဲ့ပါတယ်။

🌲Cantata Tour အပြီး ရန်ကုန်အသင်းတော်တွင် ဧဝံဂေလိတရား ဆက်လက်ဟောပြောခွင့်ရရှိခဲ့- ဒီနေ့  ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်မှာလည်း  Sh...
24/12/2022

🌲Cantata Tour အပြီး ရန်ကုန်အသင်းတော်တွင် ဧဝံဂေလိတရား ဆက်လက်ဟောပြောခွင့်ရရှိခဲ့

- ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်မှာလည်း Shine The Light Musical Drama ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၅၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ဤအစီအစဉ်နှင့်အတူ ခရစ္စမတ်ရဲ့ ရနံ့ကို ခံစားနိုင်ရန် ခရစ္စမတ်သီချင်းများသီဆိုချီးမွမ်းခဲ့ပြီး Azalea Stars အဖွဲ့မှလည်း ချစ်စရာကောင်းသော ခရစ္စမတ်အကများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ခရစ္စမတ်ရဲ့အစီအစဉ်တွင် စိတ်လှုပ်ရှားစွာဖြင့် ပါဝင်ကြရန် ကံစမ်းမဲအစီအစဉ်များကိုထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။

- Musical Drama ပြပြီးတဲ့နောက် ဆရာကြီး Kim Jong Ho မှ စစ်မှန်တဲ့ခရစ္စမတ်ရဲ့အဓိပ္ပာယ်အကြောင်းနှင့် ဧဝံဂေလိဟောပြောကာ စစ်မှန်သောခရစ္စမတ်လက်ဆောင်ကို ဝေမျှခွင့်ရရှိခဲ့ပါတယ်။ ၂၀၂၂ ၏ နောက်ဆုံးနှုတ်ဆက်လဖြစ်သော ဒီဇင်ဘာလအတွင်း မတူညီသည့်အစီအစဉ်ကောင်းများစွာဖြင့် ဧဝံဂေလိမျိုးစေ့ကြဲခွင့်ရရှိခဲ့ပါတယ်။

- မြင်နေရတဲ့အခြေအနေကို ကျော်လွန်ကာ ဘုရားသခင်ကျွန်ရဲ့ယုံကြည်ခြင်းအားဖြင့် အစီစဉ်တစ်ခုပြီးတစ်ခု ပြုလုပ်ခွင့်ရရှိတဲ့အရာက အံ့ဩဖွယ်နိမိတ်လက္ခဏာဖြစ်ပါတယ်။

- မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာလည်း ဆက်လက်ပြီး Christmas Cantata ပြသမှာဖြစ်ပါတယ်။

🌲Mandalay Christmas Cantata ဒီဇင်ဘာလ ၁၉ ရက်နေ့  ညနေ ၆ နာရီမှစတင်၍ မန္တလေးအသင်းတော်တွင် Christmas Cantata ကို တင်ဆက်ပြသခဲ...
19/12/2022

🌲Mandalay Christmas Cantata

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီမှစတင်၍ မန္တလေးအသင်းတော်တွင် Christmas Cantata ကို တင်ဆက်ပြသခဲ့ရာ လူဦးရေ စုစုပေါင်း အယောက် ၃၆၀ ကျော်ပါဝင်ပြီး ပထမဦးဆုံးပါဝင်သူ အယောက် ၂၁၀ ကျော်ရှိခဲ့ပါတယ်။

Cantata တင်ဆက်မှုအပြီးတွင် ဆရာကြီး Kim Jong Ho မှ သခင်ယေရှုမွေးဖွားလာတဲ့အရာက ကျွန်တော်တို့အတွက် ခရစ္စမတ်လက်ဆောင်ဖြစ်ပြီး ကျွန်ုပ်တို့စိတ်နှလုံးသားထဲမှာ မွေးဖွားလာတဲ့အချိန်မှာ ကျွန်ုပ်တို့အတွက် ကိုယ်ပိုင်ခရစ္စမတ်ဖြစ်ကြောင်း၊ သခင်ယေရှုက ကိုယ့်စိတ်နှလုံးသားထဲမှာ မွေးဖွားလာတဲ့အခါ အပြစ်တွေသာဆေးကြောတာမကဘဲ ကျွန်ုပ်တို့ရဲ့ဘဝအသက်တာအားလုံးကိုလည်း တာဝန်ယူ‌ပေးတဲ့အတွက် အမြဲတမ်းပျော်ရွှင်ဝမ်းမြောက်စွာ အသက်ရှင်လို့ရကြောင်း နှုတ်ကပတ်တော် ခွန်အားပေးခဲ့ပါတယ်။

လာရောက်ကြည့်ရှုတဲ့ ပရိသတ်များအားလုံးက ကိုယ်ပိုင်ခရစ္စမတ်ရရှိကြပြီး ဝမ်းမြောက်ပျော်ရွှင်ခြင်းများဖြင့် အဆုံးသတ်သွားသည့်ပွဲ ဖြစ်ခဲ့ပါတယ်။

🚌 Cantata Tour to Shwe Mandalay- ရန်ကုန် အသင်းတော်မှ လူငယ်များ၏ Cantata Tour အစီအစဉ်ကို တောင်ငူမြို့တွင် စတင်၍ ဒီဇင်ဘာလ ...
17/12/2022

🚌 Cantata Tour to Shwe Mandalay

- ရန်ကုန် အသင်းတော်မှ လူငယ်များ၏ Cantata Tour အစီအစဉ်ကို တောင်ငူမြို့တွင် စတင်၍ ဒီဇင်ဘာလ ၁၅၊ ၁၆ ရက်နေ့တို့တွင် ၂ ရက်တာ ကျင်းပခဲ့ပြီး လူအယောက် ၅၀၀ ကျော်နှင့် ခန်းမ အပြည့်ဖြစ်ခဲ့ပြီး ကျေးဇူးတော်ပြည့်ဝခဲ့ပါတယ်။ ဆက်လက်၍ ၁၇ ရက်နေ့ မနက် ၉ နာရီတွင် မန္တလေးမြို့သို့ ခရီးဆက်ခဲ့ပါတယ်။

- မန္တလေးသို့ မသွားမှီ ဘုရားသခင်ကျွန်ဆရာကြီးမှ "ကျွန်တော်တို့က မန္တလေး သွားမှာ ဖြစ်ပါတယ်။ ဘုရားသခင်က အားလုံးကိုပြင်ဆင်ပြီး ကျွန်တော်တို့ကို မန္တလေးမြို့ကနေ ကြိုတင်စောင့်နေပါတယ်။ လောကကြီးက ကျွန်တော်တို့ရဲ့ ဧဝံဂေလိတရားခြေလှမ်းများကို မျှော်လင့်စောင့်စား နေပါတယ်" ဟူ၍ ခွန်အားပေးခဲ့ပါတယ်။

- ဘုရားသခင်ကျွန်၏ ယုံကြည်ခြင်းဖြင့်ရရှိခဲ့သော Express ကား၏ ကားဘီးတလှိမ့်ချင်းစီက ဘုရားသခင်ရဲ့ ဧဝံဂေလိတရား သတင်းကောင်း သယ်ဆောင်နေတဲ့အတွက် အရမ်းတင့်တယ်လှပပါတယ်။ သတင်းကောင်း ယူဆောင်လာသည့် ကားဘီးက ရွှေမန္တလေးသို့ ဝမ်းမြောက်ခြင်း အပြည့်နဲ့ ခရီးဆက်ခဲ့ပါတယ်။ ရန်ကုန်လူငယ်များမှ လမ်း‌တလျှောက်လုံး ဘုရားသခင်က တောင်ငူအသင်း‌‌တော်တွင် အလုပ်လုပ်ပေးသည့် အရာများကို သက်သေခံရင်း ဝမ်းမြောက်ပျော်ရွင်စွာ ခရီးဆက်ခဲ့ကြပါတယ်။

- ညနေ ၃ နာရီခွဲတွင် ဆရာကြီးနဲ့အတူ မန္တလေးမြို့ သို့ရောက်ရှိခဲ့ပြီး မန္တလေး အသင်းတော် ညီအစ်ကိုမောင်နှမများမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ညနေစာကို Yummy Hot Pot & BBQ တွင် ကျွေးမွေးခြင်းဖြင့် ချစ်ခြင်းမေတ္တာပြသခဲ့ပါတယ်။

- ညနေ ၇ နာရီခွဲတွင် Night Bible Study ပြုလုပ်ခဲ့ပြီး ဘုရားသခင်ကျွန် ဆရာကြီးမှ ညီအစ်ကိုမောင်နှမများအား ယုံကြည်ခြင်းရဲ့ အခြေခံကတော့ "မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကိုကိုယ် ငြင်းပယ်၍ရမည်" လို့သခင်ယေရှုကပြောခဲ့သည့်အတိုင်း ကိုယ်က သိထားတဲ့အရာကို စွန့်ပစ်ပြီး နှုတ်ကပတ်တော်သို့ ပြောင်းရွှေ့တဲ့အရာ ဖြစ်ကြောင်း၊ အာနနိက သိထားတဲ့ ရှောလုနဲ့ ဘုရားသခင်ကပြောတဲ့ ရှောလုက မတူကြောင်း၊ အာနနိက ဘုရားသခင် နှုတ်ကပတ်တော်ကြားပြီးတဲ့အခါ ကိုယ်သိထားတဲ့အရာကို စွန့်ပစ်လိုက်တဲ့အခါ ဘုရားသခင်ရဲ့ အလုပ်လုပ်တဲ့အရာ ကြုံတွေ့ခဲ့ရသကဲ့သို့ ကျွန်တော်တို့က ဘေးပတ်ဝန်းကျင်၊ ကိုယ့်အကြံအစည်ထဲမှာ နှစ်မြုပ်သွားပေမဲ့ စိုးရိမ်စရာ မရှိကြောင်း ဘုရားသခင်ကျွန်နှင့် အသင်းတော် အသံကြားတာနဲ့ ကိုယ့်အသံကို စွန့်ပစ်ပြီး "အာမင်" ဟူ၍ လိုက်သွားမယ်ဆိုရင် ဘုရားသခင် အလုပ်လုပ်တဲ့အရာ ကြုံတွေ့နိုင်ကြောင်း" နှုတ်ကပတ်တော် ခွန်အားပေးခဲ့ပါတယ်။

- ဆက်လက်၍ ဒီဇင်ဘာလ ၁၉၊ ၂၀ တွင်ပြုလုပ်မည့် Christmas Cantata & Musical Drama အားဖြင့် မန္တလေးမြို့တွင်လည်း ဘုရားသခင်က ကြီးမားစွာ အလုပ်လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်။

🌟 Shine The Light Musical Drama (Taungoo) 🌟- ဒီဇင်ဘာလ ၁၆ ရက်နေ့မှာလည်း တောင်ငူအသင်းတော်မှာ ကိုဇိုင်းလတ်၏ မူးယစ်ဆေးဝါးမှ ...
16/12/2022

🌟 Shine The Light Musical Drama (Taungoo) 🌟

- ဒီဇင်ဘာလ ၁၆ ရက်နေ့မှာလည်း တောင်ငူအသင်းတော်မှာ ကိုဇိုင်းလတ်၏ မူးယစ်ဆေးဝါးမှ လွတ်‌‌မြောက်လာသည့် ဘဝဖြစ်စဉ်ကို ပြန်လည်သရုပ်ဖော်ထားသည့် Shine The Light Musical Drama ကို ဆက်လက်တင်ဆက်ပြသခဲ့ပါတယ်။

- ကိုဇိုင်းလတ်ဘဝမှာ Joy Band မရှိခင်က မူးယစ်ဆေးဝါးက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ မှကြိုးစားရှုံးမထွက်နိုင်ပေမဲ့ နှုတ်ကပတ်တော်၏ ဆွဲခေါ်ခြင်းခံကာ မူးယစ်ဆေးဝါးမှ လွတ်မြောက်လာခဲ့ပါတယ်။ အခုဆိုရင် မျှော်လင့်ခြင်း ကင်းမဲ့နေတဲ့လူတွေကို ဝမ်းမြောက်ခြင်း ပျော်ရွှင်ခြင်းတွေ စိုက်ပျိုးပေးတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

- ကြည့်ရှုသူပရိတ်သတ် အယောက် ၅၀၀ ကျော်ရှိခဲ့ပါတယ်။ ပရိသတ်များမှ "ဒီတင်ဆက်မှုက သာမန်တင်ဆက်မှု မဟုတ်ပါဘူး။ တကယ့် ပညာရှင်တွေတင်ဆက်နေသလိုခံစားရလို့ အရမ်းအံ့ဩမိပါတယ်။ တကယ့် ပရောဖက်ရှင်နယ် တင်ဆက်မှုဖြစ်ပါတယ်" ဟူ၍ မှတ်ချက်ပေးသွားခဲ့ပါတယ်။

- ပရိသတ်များက Musical Drama ကြည့်ရှုပြီးမှ နှုတ်ကပတ်တော် ဆက်လက်နားထောင်ခဲ့ကြပါတယ်။ ဆရာကြီး Kim Jong Ho မှ ကိုဇိုင်းလတ်၏ ပြောင်းလဲလာပုံမှာ သူ့ရဲ့ကြိုးစားခြင်းအားဖြင့် မဟုတ်ဘဲ စစ်မှန်သော ဦးဆောင်လမ်းပြသူ (mentor) ကြောင့် ပြောင်းလဲလာခြင်းဖြစ်တာ‌ကြောင့် အပြစ်တရားထဲမှာ နှစ်မြုပ်နေတဲ့ကျွန်တော်တို့ကလည်း ယေရှုခရစ်ကို သခင်အဖြစ်ယုံကြည်လက်ခံတဲ့အချိန်မှာ အပြစ်တရားကနေလွတ်မြောက်နိုင်ကြောင်း ဒေသနာဟောပြောခဲ့ပါတယ်။ ပရိသတ်များအားလုံးကလည်း သခင်ယေရှုကိုလက်ခံကာ အပြစ်မှလွတ်မြောက်ပြီဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

- ပွဲအဆုံးတွင် Joy Band အဖွဲ့မှ တေးသီချင်းများဖြင့် ကြည့်ရှုသူတို့၏ စိတ်ကို နူးညွတ်စေခဲ့ပြီး အလွန်ဝမ်းမြောက်ပျော်ရွင်ခြင်းနဲ့ ပြည့်ဝသော သာယာသော ညလေးတစ်ည ဖြစ်ခဲ့ပါတယ်။

🎄Taungoo Christmas Cantata🎄🎅 ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Cantata Tour ၏ ပထမဆုံးတင်ဆက်မှုအနေဖြင့် Christmas Cantata ပွဲကို...
15/12/2022

🎄Taungoo Christmas Cantata🎄

🎅 ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Cantata Tour ၏ ပထမဆုံးတင်ဆက်မှုအနေဖြင့် Christmas Cantata ပွဲကို တောင်ငူအသင်းတော်၌ ညနေ ၅ နာရီခွဲတွင် စတင်တင်ဆက်ပြသခဲ့ပါသည်။

🎅 ပါဝင်သူ အယောက် ၅၀၀ ကျော်ရှိခဲ့ပြီး ခန်းမတစ်ခုလုံး လျှံထွက်မတတ် လူအပြည့်ဖြစ်ခဲ့ပါသည်။ ဆရာကြီး Kim Jong Ho ၏ တရားဒေသနာ နားထောင်ခြင်းအားဖြင့် စစ်မှန်သော ခရစ္စမတ်ရရှိကာ ပျော်ရွှင်ဝမ်းမြောက်ခြင်းများ ကူးစက်သွားခဲ့ပါသည်။

🎅 ယခင်က တောင်ငူအသင်းတော်တွင် အစီအစဉ်‌များစွာ ပြုလုပ်ခဲ့ပေမဲ့ လာသည့်လူ အင်မတန်မှ နည်းပါးပါသည်။ ခန်းမများ ငှါးပြီး လုပ်ခဲ့သော်လည်း လူက အင်မတန်မှ နည်းပါးပါသည်။ ယခုအကြိမ်ပြုလုပ်သည့် အစီအစဉ်အားဖြင့် ဘုရားသခင်၏ ကြီးမားတဲ့ နိမိတ်လက္ခဏာကို ကြုံတွေ့ကာ ကောင်းကြီးမင်္ဂလာပြည့်ဝသည့် အစီအစဉ်ဖြစ်ခဲ့ပါသည်။

🎅 နောက်တစ်နေ့ ဒီ‌ဇင်ဘာ ၁၆ ရက်‌နေ့တွင်လည်း မူးယစ်ကျေးကျွန်ဘဝမှ လွတ်မြောက်လာခဲ့သည့် ကိုဇိုင်းလတ်၏ ဘဝဖြစ်ရပ်မှန်ကို တေးသရုပ်ဖော်ထားသည့် Shine The Light Musical Drama အား ဆက်လက်တင်ဆက်ပြသမှာ ဖြစ်ပါသည်။

"ယုံကြည်ခြင်းဘဝအသက်တာက ပျော်ရွှင်စရာကောင်းတယ်"ရှင်မာကုခရစ်ဝင်။  10:45 (MYJ)  အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်...
15/12/2022

"ယုံကြည်ခြင်းဘဝအသက်တာက ပျော်ရွှင်စရာကောင်းတယ်"
ရှင်မာကုခရစ်ဝင်။ 10:45 (MYJ) အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
သခင်ယေရှုကြွဆင်းလာတဲ့ အကြောင်းအရင်းနှင့် ကိုက်ညီမှုမရှိတဲ့ မှားယွင်းတဲ့ယုံကြည်ခြင်းဘဝအသက်တာကို နှုတ်ကပတ်တော်နှင့် ထောက်ပြပေးခဲ့ပါသည်။
အခက်အခဲ၊ဝန်ထုတ်ဝန်ပိုးကြုံတွေ့တဲ့အခါ အခက်အခဲကိုရှောင်သွားချင်တဲ့စိတ်နဲ့ ယုံကြည်ခြင်းအားဖြင့်ရှောင်သွားချင်တဲ့စိတ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကာနမြို့မင်္ဂလာဆောင်ပွဲမှာ စပျစ်ရည်ကုန်သွားတဲ့အချိန် ပြဿနာဖြစ်လာပြီး အားနည်းချက်ထွက်လာပါတယ်။ အားနည်းချက်က ပြဿနာမဟုတ်ပါဘူး။ ယေရှုခရစ်တော်အလုပ်လုပ်ဖို့ အခွင့်အရေးဖြစ်ပြီး ယေရှုမရှိတာကပြဿနာဖြစ်ပါတယ်။
ဘဝက ပင်လယ်ကိုကူးဖြတ်နေတဲ့လှေနဲ့တူပါတယ်။ ဘယ်အချိန်ပင်လယ်ရဲ့လွှမ်းမိုးခြင်းခံရမလဲမသိပါဘူး။ ယေရှုစီးတဲ့လှေကတော့ ယေရှုက တာဝန်ယူကာကွယ်စောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သခင်က ယေရှုဖြစ်တယ်ဆိုရင် ယေရှုကကျွန်​​ေတာ်တို့ဘဝရဲ့တာဝန်ခံဖြစ်ပါတယ်။ ပြဿနာဖြစ်ရင်ယေရှုကတာဝန်ယူဖြေရှင်းပေးမှာဖြစ်တယ်။
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်တာကဘာလဲ? ညီအစ်ကိုမောင်နှမများနှင့် အပြန်လှန်စကားပြောခဲ့ပြီး ဆရာကြီးက လက်တွေ့ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခဲ့သည့်အရာ ၊ဘုရားသခင်အသက်ရှင်နေသည့်အရာ၊ဘုရားသခင်မစပေးသည့်အရာ (မှော်ဘီကျောင်းဆောက်သည့်အရာ၊Bus Car ဝယ်သည့်အရာ၊ရန်ကုန်‌ေကျာင်းပြုပြင်သည့်အရာများ၊မြန်မာနိုင်ငံတွင်ဘုရားသခင်မစ‌ေပးသည့်အရာများကို ညီကိုမောင်နှမများအား ဝေငှပေးခဲ့ပါသည်။
ရန်ကုန်အသင်းတော်ဘေးရှိခြံမြေကွက်ကိုလည်း ဧဝံဂလိတရားအတွက်အသုံးပြုရန် ဝယ်ယူသွားမှာဧကန်အမှန်ဖြစ်တယ်လို့ယံုကြည်ခြင်းစကား‌ေပြာခဲ့ပါသည်။

Address

V4R8+69 Yangon
Myaungmya
11011

Telephone

+959400058750

Website

Alerts

Be the first to know and let us send you an email when Myanmar Good News Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Myanmar Good News Church:

Share