Hermon Church Myanmar

Hermon Church Myanmar Bear fruit much be Christ Disciple

26/05/2026

26.5.2026(Tuesday)
Sermon by Naw Angel Linda

အလွဲမတောင်းပါနဲ့❌

ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။
--ယာကုပ် 4:3

✋🏻ဆုတောင်းတဲ့အခါမှာ အလိုတော်တိုင်းတောင်းတာမဟုတ်ဘူး ကိုယ့်ဖို့နဲ့မကောင်းကြံဖို့တွေကြောင့် အလွဲတောင်းရင်လည်း ဘုရားသခင်က အဲ့ဆုတောင်းကိုပေးမှာမဟုတ်ပါဘူး။

✋🏻ဒီကမိတ်ဆွေတွေလည်းဆုတောင်းတဲ့အခါမှာလေ ကိုယ့်စိတ်ကြိုက်ကိုတောင်းမှာကတော့မှန်ပါတယ်နော်။ ဒါပေမဲ့ ကိုယ်တောင်းတဲ့အရာထက် ဘုရားသခင်အလိုတော်ရှိတဲ့အရာကိုသာ တောင်းဖို့ခွန်အားပေးချင်ပါတယ်။

✋🏻ဆုတောင်းတဲ့အခါမှာရလဒ်က Yes/No/Wait ဆိုပြီးရလဒ် သုံးခုရှိပါတယ်နော် ။ ဆိုတော့ကာ ကိုယ့်ဘက်ကနေလည်း ဒီလိုအဖြေရတဲ့အခါမှာ အလိုတော်ဝန်ခံနိုင်ဖို့ရယ် ရတဲ့အဖြေကို စိတ်ရှည်စွာစောင့်ဆိုင်းဖို့ကို ခွန်အားပေးချင်ပါတယ်။ ကြားနာသောသူအရောက်စီတိုင်ရအပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ။

25/05/2026

25.5.2026(Monday)
Quiet Tume Sharing
By Naw Thandar Soe

🫶"နှစ်သိမ့်ခြင်း"🫶

ရွှေကျမ်းချက်။ ။ ၂ကော ၁:၄

ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အားသက်သာစေတော်မူ၏။

🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷

🌷🌷ဘာအဓိပ္ပာယ်လဲ?
ဘုရားသခင်က ကျွန်မတို့ ဒုက္ခပြဿနာနဲ့ကြုံတွေ့ရချိန်မှာ နှိမ့်သိမ့်မှုကိုပေးတယ်။ ကျွန်မတို့ကဲ့သို့ ပြဿနာထဲရောက်နေသူအားလည်း ဘုရားပေးသော ထိုနှစ်သိမ့်မှုဖြင့် ထိုသူတို့အား ပြန်လည်နှစ်သိမ့်ပေးနိုင်ပါတယ်။

🦋🦋လက်တွေ့ကျင့်သုံးချက်

ဘုရားသခင်က နှစ်သိမ့်မှုပေးသကဲ့သို့ ညီအစ်ကိုမောင်နှမ များ နှစ်သိမ့်မှုလိုအပ်သောအခါ ခွန်အားပေးနှစ်သိမ့်ရမည်။

🌸🌸ဆုတောင်းချက်
အဘဘုရား ကိုယ်တော်ဆီမှလာသော နှစ်သိမ့်ခြင်းသည် သက်သာခြင်းသို့ရောက်ရပါ၏။ ထိုသက်သာခြင်းကို လိုအပ်သောသူများအား မျှဝနိုင်သောသူဖြစ်စေတော်မူပါ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷🫶🌷

24/05/2026
Sunday Service| May 24 th, 2026⏰ 11:00 AM Sunday ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို အသင်းတော်၌ အတူတကွ ပါဝင်မိဿဟာရဖွဲ့ရန် အယော...
23/05/2026

Sunday Service| May 24 th, 2026
⏰ 11:00 AM

Sunday ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို အသင်းတော်၌ အတူတကွ ပါဝင်မိဿဟာရဖွဲ့ရန် အယောက်စီတိုင်းကို သခင်ယေရှုနာမ၌ ဖိတ်ခေါ်လိုက်ပါတယ်…

23/05/2026

23.5.2026(Saturday)
Quiet Time Sharing
By Naw Kabaw Wah

🌨️🌨️ခေါင်းစဥ် -သမ္မာတရားကိုယေရှုတစ်ပါးတည်း၌သာနည်းခံပါ

💛💛ကျမ်းစာ-
သို့သော်သမ္မာတရားသည်ယေရှု၌ရှိသည်သည်နှင့်အညီ သင်တို့သည်ခရစ်တော်အကြောင်းကိုကြားနာလျက် ကိုယ်တော်၌သွန်သင်ခြင်းကိုခံယူခဲ့သည်မှန်လျှင် ခရစ်တော် ၌ထိုသို့နည်းခံခဲ့ကြသည်မဟုတ်။
ဧဖက် ၄:၁၉
🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁

🌹🌹အဓိပ္ပါယ်- တမန် တော်ပေါလုမှ သမ္မာတရားသည်ယေရှု၌သာရှိကြောင်း တ ခြားမည်သည့်အရာများထံမှ နည်းခံခဲ့ ခြင်းမဟုတ်ပဲသခင်ယေရှုတပါးတည်း၌သာလျှင်နည်းခံခဲ့ကြောင်းဧဖက်မြို့ယုံကြည်သူများထံသတိပေး

🎁🎁လက်တွေ့ - မိမိအသက်တာတွင် တခါတရံ သခင်ယေရှုဘုရားတပါးထံတွင်သာ သမ္မာတရားရှိသည်ကို လျစ်လျူရှုထားမိနေခဲ့ပါသည်။ဒါကြောင့် သမ္မာတရားကိုသခင်ယေရှုဘုရားထံတွင်ပဲရှာပါမည်။နည်းခံပါမည်။

🌱🌱ဆုတောင်းချက်- အဖဘုရားအသက်တာတွင် သမ္မာတရားကိုသခင် ယေရှု၌သာနည်းခံသောသူဖြစ်ရန်သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ကိုလျစ်လျူရှုခဲ့တဲ့အပြစ်တွေအတွက်၀န်ချတောင်းပန်ပါတယ်။ အသက်တာမှာသမ္မာတရားကို ကိုယ်တော်၌သာရှာဖွေနိုင်ရန် ဥာဏ်ပညာ ခွန်အားကိုပေးတော်မူပါ။ ယေရှုဘုရားနာမ၌ဆုတောင်းပါ၏။အာမင်။

🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁🌱🎁

22/05/2026

22.5.2026(Friday)
Sermon by Naw Hsar Gay Say

⚡"နာဇရိလူတစ်ယောက်၏ပြုရမည့်၀တ်"⚡

တောလည်ရာ 6:21
ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တတ်နိုင်သမျှမှတစ်ပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သကာနှင့်ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီ ပြုရမည်ဟု မိန့်တော်မူ၏။
⚡💎⚡💎⚡💎⚡💎⚡💎⚡💎⚡💎⚡💎

အဓိပ္ပါယ်
ကိုယ်ကိုကိုယ် သစ္စာပြုထားတဲ့ နာဇရိလူက ကိုယ်တတ်နိုင်တဲ့အလျောက်ကြိုးစားလုပ်ဆောင်တာအပြင် နာဇရိနဲ့ဆိုင်တဲ့အလုပ်ကိုလုပ်ဆောင်ရမည့်အရာတွေဆိုတာရှိတယ် ထိုအရာကိုသစ္စာပြုထားသောနာဇရိလူဟာ မိမိကိုယ်ကို အခြားသူထက်ခြားနားလျက်လုပ်ဆောင်ရမှာဖြစ်တယ်

လက်တွေ့
ခရစ်တော်အားဖြင့် ရွေးနှုတ်ခြင်းခံရပြီ နာဇရိလူဖြစ်တယ်။ခရစ်တော်နဲ့သက်ဆိုင်သောနာဇရိလူမှာပြုရမည့် လုပ်ဆောင်ရမည့်သစ္စာတရား၊အခြားသူထက် ကိုယ်ကိုခြားနားခြင်းအားဖြင့် ကြိုးစားလုပ်ဆောင်ခြင့်ဖြင့် ဘုရားဘုန်းထင်ရှားစေသော နာဇရိလူ ဖြစ်ရပါမည်။

နှုတ်ကပတ်တော်အားဖြင့် ဖတ်ရှုသူအယောက်စီတိုင်းပေါ် ဘုရားစကားပြောခြင်းရှိပါစေ။ အာမင်

⚡💎⚡💎⚡💎⚡💎⚡💎⚡💎⚡💎⚡💎

21/05/2026

21.5.2026(Thursday)
Sermon by Saw Kedoh Htoo

တိမောသေဩဝါဒစာပထမစောင်-၆:၂၀
အို တိမောသေ၊ သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားနှင့်မဆိုင်သည့် အကျိုးမဲ့သောစကားများနှင့် အသိပညာဟု လွဲမှားစွာခေါ်ဝေါ်ကြသည့် ကွဲလွဲဆန့်ကျင်သောအရာများကို ရှောင်ရှားလော့။
🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁

✍️ အဓိပ္ပာယ်
ပေါလုဟာ သူ၏တပည့်ဖြစ်သော တိမောသေအား သင်၌အပ်ထားသော တာဝန်ကိုသစ္စာရှိစွာလုပ်ဆောင်ပါ။ဘုရားတရားနှင့်မဆိုင်သော အကျိုးမဲ့သောစကား၊ကွဲလွဲဆန့်ကျင့်၍ မှားယွင်းသောအသိအညာများကို ရှောင်ပါ။

🍁🍁. ကျွန်ုပ်တို့ယုံကြည်သူများ၏အသက်တာတွင် ဘုရား‌အတွက်သစ္စာရှိစွာပါဝင်အစေခံရန် ဖြစ်ပါတယ်။ဘယ်လိုပင်အခြေအနေတွေဆိုးရွားပါစေ ‌ဘုရားရဲ့အမှုတော်မြတ်အတွက် မိမိတို့တတ်စွမ်းနိုင်သမျှ ရေကုန်ရေခမ်း ပါဝင်ကြပါစို့။လောကနှင့်မဆိုင်သောသူများဖြစ်သည်အားလျှော်စွာ အပျော်အပါးလွန်ကြူးခြင်း၊ဘုန်းတော်မထင်ရှားစေသော အပြုအမှု၊အပြောအဆိုများကို အင်မတန်သတိထားရှောင်ကြည်ရပေမည်။မှားယွင်းသော ဩဝါဒအဆုံးအမများ၏နောက်သို့ မလိုက်မိစေရန် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုဆင်ခြင်လျက် သစ္စာရှိသောငယ်သားကောင်းများဖြစ်ကာ အသီးသီးသော အသက်တာဖြစ်ရန် ဆန္ဒပြုပါသည်။

အယောက်တိုင်းအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။
🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁🍀🍁

20/05/2026

20.5.2026(Wednesday)
Sermon by Naw Moe Theint Theint

❝ 𝐕𝐢𝐜𝐭𝐨𝐫𝐲 𝐢𝐧 𝐇𝐢𝐦 ❞

📍ကျမ်းစာကဘာပြောသလဲ?
တောလည်ရာကျမ်း ၁၃:၃၀
ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး "ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့" ဟု ဆိုလေ၏။

Numbers 13:30 (NIV)
Then Caleb silenced the people before Moses and said, “We should go up and take possession of the land, for we can certainly do it.”

⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆

📍ဘယ်လိုအဓိပ္ပာယ်ရသလဲ?
ဣသရေလလူမျိုးတွေဟာ ကတိတော်ထားရာ ခါနာန်ပြည်ကို သွားရောက်ကြည့်ရှုတဲ့အခါ အဲဒီမှာရှိတဲ့ အတားအဆီးတွေနဲ့ လူသန်ကြီးတွေကိုကြည့်ပြီး "မဖြစ်နိုင်ဘူး" လို့ ယူဆကာ အားငယ်တုန်လှုပ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ကာလက်ကတော့ အခက်အခဲတွေကို အာရုံမစိုက်ဘဲ ဘုရားသခင်ရဲ့ ကတိတော်ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ လူအများက ကြောက်လန့်တုန်လှုပ်နေတဲ့အချိန်မှာ သူကတော့ "ငါတို့ အနိုင်ရမှာသေချာတယ်" လို့ ရဲရဲဝံ့ဝံ့ ယုံကြည်ချက်ရှိရှိ ကြွေးကြော်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ အသက်တာမှာလည်း တစ်ခါတစ်ရံ အခြေအနေတွေက လူသန်ကြီးတွေလို ရှေ့ကနေ ပိတ်ဆို့နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ဓာတ်ကျပြီး နောက်ဆုတ်သွားမယ့်အစား ကာလက်လိုပဲ ယုံကြည်ခြင်းနဲ့ ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။ ဘုရားသခင်သာ ကျွန်မတို့နဲ့အတူရှိရင် ဘယ်လိုအတားအဆီးမျိုးကိုမဆို သေချာပေါက် အောင်မြင်နိုင်တယ်ဆိုတာကို ယုံကြည်ထားရပါမယ်။

အခုဖတ်ရှုနေတဲ့ ညီအစ်ကိုမောင်နှမအယောက်စီတိုင်းကိုလည်း အခြေအနေတွေထက် ဘုရားသခင်ကို ပိုမိုယုံကြည်ကိုးစားပြီး မိမိတို့ရဲ့ ကတိတော်ပြည်ကို သိမ်းပိုက်နိုင်သူများဖြစ်လာဖို့ ခွန်အားပေးတိုက်တွန်းလိုက်ရပါတယ်။ အယောက်စီတိုင်းအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ အာမင်။

⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆ ˚ 。⋆

Sunday Service| May 17 th, 2026⏰ 11:00 AM Sunday ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို အသင်းတော်၌ အတူတကွ ပါဝင်မိဿဟာရဖွဲ့ရန် အယော...
16/05/2026

Sunday Service| May 17 th, 2026
⏰ 11:00 AM

Sunday ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို အသင်းတော်၌ အတူတကွ ပါဝင်မိဿဟာရဖွဲ့ရန် အယောက်စီတိုင်းကို သခင်ယေရှုနာမ၌ ဖိတ်ခေါ်လိုက်ပါတယ်…

16/05/2026

16.5.2026(Saturday)
Sermon by Naw Spatter Rose

✝️ဘုရားသခင်၏တန်ခိုးအာဏာ✝️

ထွက်၄:၁၁

ထာဝရဘုရား​က မောရှေ​အား “​လူ​၏​နှုတ်​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ဆွံ့အ​သော​သူ​၊ နားမကြား​သော​သူ​၊ မျက်စိမြင်​သော​သူ​၊ မျက်စိမမြင်​သော​သူ​တို့​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော။

💫💫💫💫💫💫💫💫💫💫💫💫💫

ထွက်၄:၁၁မှာ
မောရှေ အစ္စရေးလူမျိုးတွေကို ကယ်ထုတ်ဖို့ရန်ရွေးချယ်ခံရတဲ့အခါမှာ
သူရင်ဆိုင်ရမဲ့အရာတွေကိုသူသိတယ်
သူကြောက်တယ်
ဘုရားကိုသူဆင်ခြေပေးတဲ့ အချိန်မှာ ဘုရားကသူကို ခွန်အားပေးတဲ့ စကား (ဂတိတော်ဖြစ်တယ်)
ကျွန်ပ်တို့ကိုဖန်းဆင်းထားတာ ဘုရားသခင်ဖြစ်တယ်

ကျွန်ပ်တို့ရဲ့ ဖြစ်တည်မှုအလုံးစုံကို

🌼 သူသိတယ်

🌸 သူကြည့်နေတယ်

🌼 သူကာကွယ်ပေးနေတယ်

🌸 သူခွန်အားပေးနေတယ်

🌼သူလမ်းပြနေတယ်

😇သင့်ကိုယ်သင်ထက် သင့်ကိုဖန်းဆင်းထားသော အရှင်ကို ကြည့်ပါ

🌼သင့်ရဲ့အားနည်းခြင်းတွေ
မတက်နိုင်ခြင်းတွေ ထက်သင့်ကိုဖန်းဆင်းထားသောအရှင်ဟာ ကောင်းကင်နှင့်မြေကြီးကို ပိုင်သသော တန်ခိုးအာဏာကြီးမားသော ဘုရားသခင်ဖြစ်တယ်ဆိုတာကို မမေ့လျော့ပါနှင့်

🌸အသက်တာထဲမှာ ဘုရားသခင်၏တန်ခိုးတော်မစခြင်းကို အယောက်တိုင်းခံစားရရှိပါစေ။
ယေရှုနာမ၌ အာမင်။

Address

Tayote Gone Street, Insein Township
Myaungmya

Website

Alerts

Be the first to know and let us send you an email when Hermon Church Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share