25/05/2026
အသိပေးနှိုးဆော်ခြင်း
🔸🔹🔸🔹🔸🔹🔸
မွန်ပြည်နယ် ၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ ရတနာတောင် ဝင်းစိန်တောရကျောင်း အတောင်(၄၀၀)ပြည့် ဇိနသုခ ရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီး နှင့် အတောင်(၆၀၀)ပြည့် လျောင်းတော်မူဘုရားကြီးအား တည်ထားပေးတော်မူခဲ့သော ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး အားဦးထိပ်ပန်ဆင်၍
🔹လျောင်းတော်မူဘုရားကြီးနှစ်ဆူအား ဆက်သွယ်ဖူးမျှော်နိုင်ရန် ရင်ပြင်တော်၊ နတ်လမ်းတည်ဆောက်လှူဒါန်းထားသော အလှူရှင်
🔹 ဦးသန်းဝင်း + ဒေါ်မိလေး မိသားစု
(မော်လမြိုင်မြို့) မှ
လစဉ်(၂၇)ရက် အဓိဌါန်မပျက် လုပ်အားဒါန၊ အလှူတော်ငွေပဒေသာပင်နှင့် ဆွမ်းဆက်ကပ် လှူဒါန်ခြင်း အကြိမ်(၄၀၀)ပြည့် အထိမ်းအမှတ်အဖြစ် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကို စည်ကားသိုက်မြိုက်စွာ အောက်ပါအစီအစဉ်အတိုင်း ပြည့်စုံစွာဖြင့် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း (အယုတ်၊အလတ်၊ အမြတ်မရွေး) ရပ်နီး၊ ရပ်ဝေးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား (ကြွ)လာရောက်သုံးဆောင်ကြပါရန် လေးစားစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည်။
#အစီအစဉ်
နေ့ရက် ~ (27,5,2026) နယုန်လဆန်း(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့
အချိန် ~ နံနက် (၈:၀၀)နာရီမှ နေ့လယ် (၁၁:၀၀)နာရီထိ
နေရာ ~ ရတနာတောင် ဝင်းစိန်တောရကျောင်း၊
ရင်ပြင်တော် ဓမ္မာရုံ