05/06/2026
✍ #ပညာပါရမီ ထူးချွန်သူဆရာလေး🌻
🙏ပါဠိပထမပြန်အတန်း လေးတန်းကို ပါဠိဘာသာဖြင့် နှစ်ခြင်းပေါက် အောင်မြင်တော်မူသော ပါရမီရှင်🙏
အသက်တော်(၂၂)နှစ်၊သိက္ခာ (၅)ဝါရှိ ဆရာလေး မိသုဝဏ္ဏသိင်္ဂီသည် ၊ ရာမညနိကာယ၊စိတ္တဝိဝေကာရာမကျောင်းတော်၌ ၊
၁၃၈၄-ခုနှစ် အခြေပြုမူလတန်း (ပါဠိ) ဒုံ-၂၆၇
၁၃၈၅-ခုနှစ် ပထမငယ်တန်း (ပါဠိ) ဒုံ-၂၈၇
၁၃၈၆-ခုနှစ် ပထမလတ်တန်း (ပါဠိ) ဒုံ-၃၁
၁၃၈၇-ခုနှစ်တွင် ခုံနံပါတ် ဒုံ- ၅၇ ဖြင့် မွန်ပြည်နယ်တစ်နယ်လုံးတွင် ပါဠိဘာသာဖြင့် လေးပါးသာ အောင်မြင်တော်မူသော ပထမကြီးတန်းကို ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင့်ခဲ့ပါသည်။
🙏ရာမညနိကာယပရိယတ္တိအသင်းကြီးတွင်လည်း မူ /ငယ် /လတ်/ ကြီး လေးတန်းလုံးတွင် ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသေးသည်။
✍️ပရိယတ္တိစာပေ သင်ကြားနေစဥ်ကာလအတွင်း B.A (Eng) အဝေးသင်တက္ကသိုလ်အတန်းကိုလည်း ပထမ ဒုတိယ တတိယ စတုတ္ထနှစ်များကို ဝင်ရောက်ဖြေဆိုပြီး 2025 ခုနှစ်မှာ အောင်မြင်ထားပြီး လာမည့်ဘွဲ့နှင်းသဘင်ပွဲတွင် B.A (Eng) ဘွဲ့ ရရှိတော်မူသော ဆရာလေး မိသုဝဏ္ဏသိင်္ဂီအား တပည့်တော်တို့ စိတ္တဝိဝေကာရာမကျောင်းတိုက်မှ အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
💪🙏နောက်လာမည် ဓမ္မာစရိယအတန်းကိုလဲ လွယ်ကူစွာ ဆွတ်ခူးနိုင်လိမ့်မယ်ဟု ယုံကြည်မိပါသည်ဘုရား။
အားလုံးသာဓု ခေါ်ဆိုနိုင်ပါစေသောဝ်🙏🙏🙏 5.6.2026