ကိုးနဝင်းရိပ်သာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ သလ္လာရပ်၊မုံရွာမြို့။

  • Home
  • Myanmar
  • Monywa
  • ကိုးနဝင်းရိပ်သာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ သလ္လာရပ်၊မုံရွာမြို့။

ကိုးနဝင်းရိပ်သာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ သလ္လာရပ်၊မုံရွာမြို့။ ရင်သွေးငယ်တို့ လိမ္မာဖို့ ဓမ္မစကူးလ် ?

 #သံဝေဃဉာဏ်ပွါးများခြင်းနှင့်အကြောင်းကြားလွှာမုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်နှင့် ရွှေတောင်ဦးတိပိဋကဓမ္မပါလကျောင်းတိုက်...
18/04/2025

#သံဝေဃဉာဏ်ပွါးများခြင်းနှင့်အကြောင်းကြားလွှာ

မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်နှင့် ရွှေတောင်ဦးတိပိဋကဓမ္မပါလကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဒွိပိဋကဓရ ၊ ဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီဥက္ကဌ၊
ဆရာတော်
ဘဒ္ဒန္တပညာဝံသ သက်​တော် ၇၃ သိက္ခာ ၅၃ သည် ၁၃၈၇ ခုနှစ်၊ ဦးတန်ခူးလဆန်း ၆ ရက်
(18.4.25) နံနက်တွင် ဘဝနတ်ထံပျံလွန်တော်မူသည့်အတွက် တပည့်သံဃာတော်များနှင့် တပည့်ဒကာဒကာမအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။
ဈာပနကျင်းပမည့်ရက်ကို ပြန်လည်ကြေငြာပေးပါမည်။

သံဝေဂဉာဏ်ပွားရပါသည်ဘုရား။

ကြေးစည်တီးခြင်း၏ အကျိုး*************************ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးပြီး အမျှပေးဝေပါဘာဖြစ်လို့လဲ ဆိုတော့…ကြ...
07/01/2024

ကြေးစည်တီးခြင်း၏ အကျိုး
*************************

ဘုရားရှိခိုးပြီးတိုင်း
ကြေးစည်တီးပြီး အမျှပေးဝေပါ

ဘာဖြစ်လို့လဲ ဆိုတော့…

ကြေးစည် ဆိုတာ…
သူတော်ကောင်းတို့၏ နားတွင်
အေးမြသော အသံရှိ၏

(နာနာ ဘာဝ)တို့၏ နားတွင်
ပူလောင်သော အသံရှိ၏

ကောင်းသော သူတို့သည်
သာဓုခေါ်ပြီး
မကောင်းသော သူတို့သည်
အဝေးသို့ ပြေး၏၊

ကြေးစည်သည်
အအေးဓာတ်ကို ပေးသဖြင့်
ကိလေသာအပူကို
ငြိမ်းစေပါတယ်၊

မိမိမှာ…ကံဆိုးနေပြီ
ကံ ညံ့နေပြီ ထင်လျှင်တော့
ပို၍ တီးသင့်ပါသည်။

ဒီလို တီးခြင်းဟာ…
ကိုယ့်ကို
မကောင်းကြံမဲ့ သူတွေကို
ဝေးကွာ သွားစေပါတယ်။

အမျှဝေရာတွင်လည်း

လူ၏ အသံအားဖြင့်
အမျှဝေသည့်အခါ
အဝေးသို့ မရောက်နိုင်ပါဘူး။

ကြေးစည်ကသာ
အေဝး သို့
ပဲ့တင်သံဖြင့် သွားနိုင်ပါတယ်။

အဝေးတွင်ရှိသော
နတ် လူတို့ ကြားနိုင်သလို
သာဓုလည်း ခေါ်နိုင်တယ်။

ကြေးစည်တီးပြီး မေတ္တာပို့
အမျှဝေလျှင်
ပို၍ ထိရောက်ပါသည်။

ထို့ကြောင့်…
ဘုရားရှိခိုးပြီးတိုင်း
ကြေးစည်တီး၍ အမျှဝေပါ။

Ashin Jotika. 6/1/2022

အိန္ဒိယနိုင်ငံ၊ ဂရိတ်ဒါးနွိုက်ဒါမြို့၊ဂေါတမ်တက္ကသိုလ်ကြီးမှာ၂၀၁၄-၂၀၁၆ ထိ ပညာသင်နှစ်၊ MA ဘွဲ့ကိုတက္ကသိုလ်ကြီးမှ ချီးမြှင်...
24/12/2023

အိန္ဒိယနိုင်ငံ၊ ဂရိတ်ဒါးနွိုက်ဒါမြို့၊

ဂေါတမ်တက္ကသိုလ်ကြီးမှာ

၂၀၁၄-၂၀၁၆ ထိ ပညာသင်နှစ်၊ MA ဘွဲ့ကို

တက္ကသိုလ်ကြီးမှ ချီးမြှင့်ပေးအပ်ခံခဲ့ရပါသည်။

တက္ကသိုလ်ကြီးမှ ကျေးဇူးကြီးမား ဆရာသမားများနှင့်

ဝိုင်းဝန်းကူညီပေးကြပါသော တက္ကသိုလ်ကျောင်းတော်သားများကို

အထူးဥပကာရ ကျေးဇူးတင်ရှိပါကြောင်းနှင့်

ဘွဲ့ရရန် ပစ္စည်းလေးပါးဖြင့် ပင်တိုင်ထောက်ပံ့မှုများ၊

တတ်စွမ်းသမျှ ထောက်ပံ့မှုများ

ပညာဒါန ကုသိုလ်ယူကြပါသော

ကိုးနဝင်းပညာဒါန ပဋ္ဌာန်းဆက်များသည်လည်း

ပညာအရာ ဧတဒဂ် ရဟန္တာကဲ့သို့

သစ္စာလေးပါး ဆိုက်ပွါးကာ ချမ်းမြေ့နိဗ္ဗူ တိုင်ကြပါစေရန်

တောင်းဆုပန်လျှက်

ဒေါက်တာတန်း ခေါ် PhD ပညာဒါန ဆက်လက်ကုသိုလ်ယူနိုင်ပါစေ။

ကိုးနဝင်းပဋ္ဌာန်းဆက်များ

ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

Online နဝမတန်း သင်ရိုးညွှန်းတမ်းမိတ်ဆက်သင်တန်းသင်တန်းသား/သူများ ဖိတ်ခေါ်ခြင်း
27/08/2023

Online နဝမတန်း သင်ရိုးညွှန်းတမ်းမိတ်ဆက်သင်တန်း
သင်တန်းသား/သူများ ဖိတ်ခေါ်ခြင်း

မြေပြင်ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ပြီဖြစ်ကြောင်းအသိပေးကြေညာခြင်းနှင့် အထူးမေတ္တာရပ်ခံ တိုက်တွန်းခြင်း---...
19/06/2023

မြေပြင်ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ပြီဖြစ်ကြောင်း
အသိပေးကြေညာခြင်းနှင့် အထူးမေတ္တာရပ်ခံ တိုက်တွန်းခြင်း
------------------------------------------------------------------------------------
Crd:

လူသားများ မဖူးရတဲ့ စေတီတော် သုံးဆူ🙏🙏🙏🙏🙏🙏(၁) စူဠာမဏိစေတီတော်၊(၂) ဒုဿစေတီတော်၊(၃) မဟေသရစေတီတော်တို့ဖြစ်သည်။" #စူဠာမဏိစေတီတ...
15/09/2022

လူသားများ မဖူးရတဲ့ စေတီတော် သုံးဆူ
🙏🙏🙏🙏🙏🙏

(၁) စူဠာမဏိစေတီတော်၊
(၂) ဒုဿစေတီတော်၊
(၃) မဟေသရစေတီတော်တို့ဖြစ်သည်။

" #စူဠာမဏိစေတီတော်"

တာဝတိံ ံသာနတ်ပြည်မှာ
သိကြားမင်းတည်ထားတဲ့စေတီတော်ဖြစ်သည်။

သိဒ္ဓတ္ထမင်းသားသည် ကဏ္ဍကမြင်းကို စီးပြီး
မောင်ဆန်နှင့် အတူ တောထွက်လာရာ
အနော်မာမြစ်ကမ်းကို ရောက်သောအခါ
ကဏ္ဍကမြင်းနှင့်မောင်ဆန်ကို ပြန်လွှတ်၍
အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော်
"ငါသည် ... အကယ်စင်စစ်ဘုရားဖြစ်မည်ဆိုပါက
ဤ ဆံတော်သည်ကောင်းကင်၌တည်စေသတည်း။
အကယ်၍ဘုရားမဖြစ်ပါကမြေ၌ကျစေသတည်း
ဟု ... အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့
မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့်တကွသော
ဆံထုံးတော်သည်အထက်သို့ တစ်ယူဇနာတိုင်တိုင်
တက်၍ ကောင်းကင်၌တည်၏။

ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍
ရတနာ ပန်းတောင်းဖြင့်ခံယူပြီးလျှင် မိမိနေရာ
တာဝတိံသာနတ်ပြည်၌ စူဠာမဏိစေတီတော်ကို
တည်ထားကိုးကွယ်လေ၏။

" #ဒုဿစေတီတော်"

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည်
ဆံတော်ကိုပယ်ပြီးနောက် ယခု.ငါဝတ်ထားတဲ့
အဝတ်တွေဟာ ရဟန်းများနှင့်မလျောက်ပတ်ဘူး။
သူတို့ကိုလည်း ပယ်စွန့်မှတော်မယ်လို့
ကြံစည်တော်မူတော့ ၊ အဲဒီအခါမှာ ...

ကဿပဘုရားရှင်လက်ထက်တော်က
မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ
ကမ္ဘာဦးက နိမိတ်အဖြစ်ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း
ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက
အလောင်းတော်ထံ လာရောက်ကပ်လှူလေ၏။

အလောင်းတော်က ထို ပရိက္ခရာကို
ဆင်မြန်းပြီး ဝတ်လဲတော်ကို
ကောင်ကင်သို့ မြှောက်ပစ်လိုက်တယ်။
အဲ့ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး
သုဒ်ဓါဝါသဗွဟ်မာဘုံမှာ စေတီတည်ထားလေ၏။

စေတီတော်ဟာ ၁၂ ယူဇနာမြင့်တယ်လို့
ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ - မှာဆိုထားသည်။

" #မဟေသရစေတီတော်"

ဟိမဝန္တာတောင်အတွင်းမှာ
မန္ဒာဂီရိအမည်ရှိတဲ့ တောင်၌
မဟေသရမည်သော
တန်ခိုးကြီးသော
နတ်တစ်ပါး ရှိလေသည်။

အခါတစ်ပါး ဘုရားရှင်သည်
ဟိမဝန္တာအရပ် နံ့သာတောသို့
ကြွပြီး နေ့သန့်တော်မူ၏ ။

ထိုအခါ ... "မဟေသရနတ်မင်း"က
လာရောက်ပြီး ဘုရားရှင်နှင့်ယှဉ်ပြိုင်
ကစားလိုပါတယ်လို့ လျှောက်သတဲ့။

အဲ့ဒီခါ ... ဘုရားရှင်က
ဒီ နတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ်။
သာသနာတော်ကို ကြည်ညိုလာလျှင်
များစွာအကျိုးရှိလိမ့်မယ်။

ဒါကြောင့် သူ့အလိုကိုလိုက်ဦးမှလို့

အချင်းနတ်မင်း ငါနှင့် ...
ဘယ်လိုကစားချင်သလဲလို့ မေးသတဲ့။

မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့
တူတူပုန်းတမ်း ကစားချင်ပါတယ်လို့
လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့်
သင်က ဦးစွာပုန်းပါ၊ ငါက .. ဖော်ပါ့မယ်လို့ ပြောသတဲ့၊
ဒီလိုဆိုလျှင် မျက်စိကို ပိတ်ထားပါ။

ၾကႇန်ဳပ်ပုန်းကွယ်ပါမည်ေၾလႇာက်ထားပြီး
မဟေသရနတ်မင်းဟာ သူ့ကိုယ်ကိုကွယ်ကာ
မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ။

ဖော်ပါလို့ အသံပြုလိုက်သတဲ့။

ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ
လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို
ယက်ချကာ အချင်း မဟေသရထလော့လို့ ဆိုသတဲ့။

ဒီအခါ ..မဟေသရက အမှန်မှာ
ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ
ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊

ဒီအခါ.ဘုရားရှင်က
အချင်း မဟေသရဒီလိုမကြံနှင့်၊
ငါဟာ ...
သင်ရဲ့ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက
အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ
ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ
အမှန်တစ်ကယ် တန်ခိုးကြီးပါတယ်၊

သို့သော်.အရှင်ပုန်းပါဦး၊
အရှင့်ကို ..ကြှနျုပျ ရှာပါဦးမယ်လို့၊
ပြောလေ၏ ။

မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော်
သင်၏မျက်လုံးများကို လက်နှင့်
ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး
ကိုယ်တော်ကို ပရမာဏုမြူမျှလောက်
ဖန်ဆင်းလေပြီးနောက် နတ်မင်းရဲ့
မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူကာ။

ကောင်းကင်က အသံပေးလိုက်တယ်။

မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊
ထက်ဝန်းကျင်အနှံ့ကြည့်သော်လည်း ဘုရားရှင်ကိုမမြင်ဘူးတဲ့၊
ဒါကြောင့်ရေမြေတောတောင်
သမုဒ္ဒရာမကျန်အောင်ဘယ်လိုရှာဖွေလို့မျှ
မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရလေ၏။

အဲဒီအခါမှ ဘုရားရှင်က
မဟေသရနတ်မင်းရဲ့ မျက်မှောက်အကြားက
ဆင်းသက်တော်မူလာသတဲ့။

ဘုရားရှင်ရဲ့တန်ခိုးတော်များ မြင်ရမှ
မဟေသရနတ်မင်းဟာ
ဘုရားရှင်အားကြည်ညိုကာ

ဘုရားရှင်ထံသရဏဂုံယူ၍
ဥပသကာအဖြစ်ခံယူပြီးနောက်
မြတ်စွာဘုရားရှင်ဟာလူသားဖြစ်သော်လည်း
လူတို့စားသောဆွမ်းကွမ်းများနှင့်မတန်ဘူး။

ဒါကြောင့် .မန္ဒာဂိရီတောင်မှာအမြဲ
သီတင်းသုံးပါ။
နတ် ဆွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့
လျှောက်ထားတဲ့အခါမှာ
ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ။

ဘုရားရှင်ရဲ့ရုပ်ပွားသဏ္ဍာန်တော်ကို
ကိုးကွယ်ခွင့်ကို ပေးတော်မူပါလို့
လျှောက်ထားလေ၏။

ဘုရားရှင်က ခွင့်ပြုတော်မူတဲ့အခါ
မန္ဒာဂီရိတောင်မှာ...
ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့
ကျောင်းတော်ကြီးကို တည်ဆောက်ကာ
ထို.ကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋီတိုက်ကိုဖန်ဆင်းလျက်။

ဂန္ဓကုဋီတိုက်အတွင်းမှာ
လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့
ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး
ကိုးကွယ်တော်မူလေ၏ ။
🙏🙏🙏🙏🙏🙏🙏🙏🙏

"ဓမ္မစကူးလ်သီချင်း MP3 ပေါင်းချုပ်" # # # # # # # # # # # # # # # # # # # #----------------------------------------ဓမ္မစ...
07/08/2022

"ဓမ္မစကူးလ်သီချင်း MP3 ပေါင်းချုပ်"
# # # # # # # # # # # # # # # # # # # #
----------------------------------------
ဓမ္မစကူးလ်ဖောင်ဒေးရှင်း (၆) နှစ်ပြည့် နှစ်ပတ်လည် တေးသီချင်းများ
************************************************
၁။ ဓမ္မစကူးလ်စုံညီပွဲတော်
http://www.mediafire.com/file/8o87vqbi57w7ukf/01._Dhamma_School_Sone_Nyi_Pwae_-_KL_Shine_Lay%252C_Sai_Han%252C_Chan_Chann%252C_Su_Myat_Htet%252C_Pyone_Htet_Thar%252C_Thinzar_Kyaw.mp3/file
၂။ ဓမ္မစကူးလ်မှာ ပျော်စရာ
http://www.mediafire.com/file/v7bcdp9vxwydicv/1._%2528KG%2529_Dhamma_School_Hmar_Pyaw_Sa_Yar.mp3/file
၃။ ညောင်ရေသွန်းပွဲတော်
http://www.mediafire.com/file/7iksfora9ru7dmd/2._%2528KG%2529_Nyaung_Ye_Thoon_Pwae_Daw.mp3/file
၄။ ကြင်ကြင်နာနာ ကစားမယ်
http://www.mediafire.com/file/tzkw9p7wh670l3q/3._%2528KG%2529_Kyin_Kyin_Nar_Nar_Player.mp3/file
၅။ ဓမ္မစကူးလ်ဆရာ
http://www.mediafire.com/file/x9akfa36zzdf6wt/02._Dhamma_School_Teachar_-_Shon_Lae_Aung.mp3/file
၆။ အနာဂတ် တို့ပြည်
http://www.mediafire.com/file/lzwz0p25ltt2tub/03._Anar_Gart_Doz_Tine_Pyi_-_Saung_Hnin_Wai.mp3/file
၇။ ဗုဒ္ဓ ဓမ္မအမွေ ခံယူကြစို့လေ
http://www.mediafire.com/file/12fvfo4cbvvcy7s/04._Buddha_Dhamma_A_Mway_Khan_Yu_Kya_Sot_Lay_-_Su_Myat_Htet.mp3/file
၈။ မြေ ရေ လေ မီး လနေမှီး၍ အောင်ပါစေ
http://www.mediafire.com/file/3sncxetfw5v3c27/05._Myay_Ye_Lay_Me_La_Nay_Hmee_Ywae_Aung_Par_Say_-_Shon_Lae_Aung.mp3/file
၉။ ဓမ္မစကူးလ်ကျောင်းများ တည်ပါစေ
http://www.mediafire.com/file/op89ipe8gh8c602/06._Dhamma_School_Kyaung_Myar_T_Par_Say_-_Star_Lay.mp3/file
၁၀။ လူတော်လူကောင်း ဓမ္မစကူးလ်ကျောင်း
http://www.mediafire.com/file/d8nxktr907n6vwq/07._Lu_Daw_Lu_Kg_Dhamma_School_Kyaung_-_Shon_Lae_Aung.mp3/file
၁၁။ အနာဂတ်ရဲ့ ဓမ္မစကူးလ်
http://www.mediafire.com/file/ovwv5zl5oxhpyn6/08._Future_Dhamma_School_-_KL_Shine_Lay%252C_Su_Myat_Htet.mp3/file
(၆) နှစ်ပြည့်သီချင်းပေါင်းချုပ်
http://www.mediafire.com/file/pmvnr3ujd22r6eb/Dhamma_School_Foundation_%25286%2529_Year_Anniversary_Song.rar/file
-------------------------------------------------
-------------------------------------------------

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (၅) နှစ်ပြည့် နှစ်ပတ်လည် တေးသီချင်းများ
************************************************
၁။ မင်္ဂလာပါ
http://www.mediafire.com/file/8sys44m40pen7to/01_Mangalarpar_-_May_Thet_Hter_Swe.mp3/file
၂။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း
http://www.mediafire.com/file/ubf5j3wl2hjboku/02_Dhamma_School_Foundation_-_Khin_Mg_Par_%2528Myat_Zi_Ma_Hlaine%2529.mp3/file
၃။ လူတော်လူကောင်း ဓမ္မစကူးလ်ကျောင်း
http://www.mediafire.com/file/kxaskxklbj1ansc/03_Lu_Daw_Lu_Kg_Dhamma_School_Kyaung_-_Shoon_Lae%2527_Aung.mp3/file
၄။ တို့လည်းလိုက်မယ်
http://www.mediafire.com/file/iao97xiau49b465/04_Doz_Lae%2527_Like_Mal_-_KL_Shine_Lay.mp3/file
၅။ ဓမ္မစကူးလ်သွားစို့ သွေးချင်းတို့
http://www.mediafire.com/file/drs7f5351kq58x5/05_Dhamma_School_Thwar_Sot_Thway_Chin_Dot_-_Myae_Chit_That.mp3/file
၆။ ဓမ္မစကူးလ်ဆိုသည်မှာ
http://www.mediafire.com/file/13odeg8b2hgz884/06_Dhamma_School_So_Ti_Hmar_-_Lin_Wati_Thin.mp3/file
၇။ ဓမ္မစကူးလ်သင်တန်း သွားကြမယ်
http://www.mediafire.com/file/0d1qip5m8zcrn4i/07_Dhamma_School_Thin_Tan_Thwar_Kya_Mal_-_Khin_Poe_Pa_Chi.mp3/file
၈။ ဓမ္မပန်းခိုင်
http://www.mediafire.com/file/4qel8ythr0mw82u/08_Dhamma_School_Pan_Khing_-_Ei_Thet_Htar_Mon.mp3/file
၉။ ညီညီညာညာ ခရီးဆက်ကြစို့
http://www.mediafire.com/file/2zz82lu2179y199/09_Nyi_Nyi_Nyar_Nyar_Khayee_Set_Kya_Soh_-_Shoon_Lae%2527_Aung.mp3/file
-------------------------------------------------
-------------------------------------------------

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (၄) နှစ်ပြည့် နှစ်ပတ်လည် တေးသီချင်းများ
************************************************
၁။ အမွေ
http://www.mediafire.com/file/r1iqi3zgrobqo57/01_A_Mway_-_Yoe_Yoe.mp3/file
၂။ အားလုံးပဲ မင်္ဂလာပါ
http://www.mediafire.com/file/z45d4l2r34qbmvq/02_Hello_All_-_Khine_Myae%2527.mp3/file
၃။ ဓမ္မမိုးတွေ စွေနေပြီ
http://www.mediafire.com/file/77eeg1o12ia8zae/03_Dhamma_Moe_Tway_Sway_Nay_Pyi_-_Shon_Lae%2527_Aung.mp3/file
၄။ တနင်္ဂနွေ ဓမ္မစကူးလ်
http://www.mediafire.com/file/to2i76bmeu7n7mh/04_Sunday_Dhamma_Schoo_-_Khine_Myae%2527.mp3/file
၅။ လေးနှစ်ပြည့်စုံညီပွဲတော်
http://www.mediafire.com/file/li449l35l31fr6d/05_%25284%2529_Anniversiry_-_Khin_Poe_Pa_Chi.mp3/file
၆။ ဓမ္မစကူးလ်မောင်မယ်လေးများ
http://www.mediafire.com/file/acsuf7ns6ebb135/06_Dhamma_School_Mg_Mal_Lay_Myar_-_Khine_Myae%2527.mp3/file
၇။ ပန်းတို့ပွင့်နေပြီ
http://www.mediafire.com/file/354gjudvp9zyjc8/07_Pann_To_Pwint_Nay_Pyi_-_Shon_Lae%2527_Aung.mp3/file
၈။ အများချစ်တဲ့ ဓမ္မစကူးလ်
http://www.mediafire.com/file/avja27kpmy5e1b1/08_A_Myar_Chit_Tae%2527_Dhamma_School_-_Khine_Myae%2527.mp3/file
၉။ ဓမ္မစကူးလ်တက်မယ်
http://www.mediafire.com/file/axtan75zt6ghg7b/09_Dhamma_School_T%2At_Mal_-_Key_Shane.mp3/file
၁၀။ လမ်းပြကြယ်ဓမ္မစကူးလ်
http://www.mediafire.com/file/cnt8r1zwmpd01yn/10_Lan_Pya_Kyal_Dhamma_School_-_Khine_Myae%2527.mp3/file
၁၁။ ဓမ္မစကူးလ်ဖြင့် အလှဆင်မည်
http://www.mediafire.com/file/ze3cng5rwglkzg2/11_Dhamma_School_Phyint_A_Hla_Sen_Myi_-_Khin_Poe_Pa_Chi.mp3/file
၁၂။ သံယောဇဉ် ဓမ္မစကူးလ်
http://www.mediafire.com/file/d2eam5aqzgkxw1f/12_Thanyawzin_Dhamma_School_-_Khine_Myae%2527.mp3/file
-------------------------------------------------
-------------------------------------------------
ဓမ္မစကူးလ်ဖောင်ဒေးရှင်း နှစ်ပတ်လည်တေးသီချင်းပေါင်းချုပ်
http://www.mediafire.com/file/8id9m7sf09lhcro/DSF_%25284%252C5%252C6thAnniversary_Songs%2529.apk/file

မှတ်ချက်။ ။ ဖုန်း App မို့ ဒေါင်းပြီးရင် Install လုပ်ပြီး နားဆင်လို့ ရပါပြီ။
-------------------------------------------------
-------------------------------------------------

ဖောင်ဒေးရှင်းမှ ထွက်ရှိသော ဓမ္မစကူးလ်နှိုးဆော် တေးသီချင်းများ
**********************************************
၁။ ဓမ္မစကူးလ်သွားကြမယ်
http://www.mediafire.com/file/yibinnykt9xynah/01_Go_to_Dhamma_School.mp3/file
၂။ ဓမ္မစကူးလ်ဆီသို့
http://www.mediafire.com/file/k35gcjhn7kai42l/02_Dhamma_School_Se_to.mp3/file
၃။ နိုးကြားတက်ကြွ ကြိုးစားကြ
http://www.mediafire.com/file/f0u98au8acthygd/03_Noe_Kyar_That_Kwya_Kyoe_Sar_Kya.mp3/file
၄။ ဖိတ်ခေါ်ပါသည် ဓမ္မစကူးလ်ဆီ
http://www.mediafire.com/file/jp1v43h2c6kig6u/04_Feat_Call_Par_Te_Dhamma_School_Se.mp3/file
၅။ နွေးထွေးမေတ္တာ
http://www.mediafire.com/file/e51zfex7huf314d/05_Nway_Htway_Matter.mp3/file
၆။ ဓမ္မစကူးလ်
http://www.mediafire.com/file/5r369uvks8af85l/06_Dhamma_School.mp3/file
၇။ ပျော်စရာဓမ္မစကူးလ်
http://www.mediafire.com/file/y0zf3j8sezorb2a/07_Pyaw_Sa_Yar_Dhamma_School.mp3/file
၈။ ဓမ္မစကူးလ်ထောင်သောင်းများစွာ
http://www.mediafire.com/file/f4wgh9452fr0tmu/08_Dhamma_School_Htaung_Taung_Myar_Swar.mp3/file
၉။ အိမ်ပြန်မယ်
http://www.mediafire.com/file/g3psdt7i6b45j7s/09_Home_Pyan_Mal.mp3/file
၁၀။ ဓမ္မစကူးလ်ဆီသို့ (ရွှန်းလဲ့အောင်)
http://www.mediafire.com/file/137tk903x31x2o7/10_Dhamma_School_Se_To.mp3/file
-------------------------------------------------
-------------------------------------------------

KG ဓမ္မစကူးလ်တေးကဗျာများ
**********************
ကလေးများ ဆိုရန် -

၁။ ဓမ္မစကူးလ်မှာ ပျော်စရာ
http://www.mediafire.com/file/r2glo8gmmxinu22/01_%2528KG%2529_Dhamma_School_Hmar_Pyaw_Sa_Yar_-_Baby_Group.mp3/file
၂။ ရတနာသုံးပါး
http://www.mediafire.com/file/28c2i6xc0ja61pb/02_%2528KG%2529_Yadanar_3_Par_-_Baby_Group.mp3/file
၃။ အနန်တငါးပါး
http://www.mediafire.com/file/dnomobuekdu0gu7/03_%2528KG%2529_Ananda_5_Par_-_Baby_Group.mp3/file
၄။ ဘုရားရှိခိုးကြစို့
http://www.mediafire.com/file/5ay7ui8rzpyhcfw/04_%2528KG%2529_Buddha_Shikho_Kya_Soht_-_Baby_Group.mp3/file
၅။ ကူညီတတ်သူလေး
http://www.mediafire.com/file/t52c29buvwcc9k8/05_%2528KG%2529_Kunyi_Tathu_Lay_-_Baby_Group.mp3/file
၆။ ကြင်ကြင်နာနာ ကစားမယ်
http://www.mediafire.com/file/u7i70h9udio8mdb/06_%2528KG%2529_Kyin_Kyin_Nar_Nar_Ka_Sar_Mal_-_Baby_Group.mp3/file
၇။ ဂုဏ်ယူစရာ ဓမ္မစကူးလ်ကျောင်းသား
http://www.mediafire.com/file/a9y3qvzq1f72f78/07_%2528KG%2529_Gone_Yu_Sayar_Dhamma_School_Kyaung_Thar_-_Baby_Group.mp3/file
၈။ နေ့စဉ်ကုသိုလ်
http://www.mediafire.com/file/f1lc4wma9sjo88y/08_%2528KG%2529_Nayt_Sin_Kudo_-_Baby_Group.mp3/file
၉။ ဗုဒ္ဓဘာသာ ကလေးလေး
http://www.mediafire.com/file/cew972485zdbvmz/09_%2528KG%2529_Buddha_Bathar_Baby_-_Baby_Group.mp3/file
၁၀။ မိသားစုအတွင်း ယဉ်ကျေးခြင်း
http://www.mediafire.com/file/zkyocs34sajl5co/10_%2528KG%2529_Family_A_Twin_Yin_Kyay_Chin_-_Baby_Group.mp3/file
၁၁။ သတိထားလို့ ကြည့်
http://www.mediafire.com/file/fuziohndb20rbm2/11_%2528KG%2529_Thadi_Htar_Lot_Look_-_Baby_Group.mp3/file
၁၂။ ယဉ်ကျေးသူ
http://www.mediafire.com/file/nbbztfsv8d1d621/12_%2528KG%2529_Yin_Kyay_Thu_-_Baby_Group.mp3/file
၁၃။ ပြုံးပြုံးပျော်ပျော်
http://www.mediafire.com/file/k2l8hdu2ml7nqty/13_%2528KG%2529_Pyone_Pyone_Pyaw_Pyaw_-_Baby_Group.mp3/file
၁၄။ ဘုရားလောင်း မိသားစု
http://www.mediafire.com/file/jpc8un8782o6gnp/14_%2528KG%2529_Buyarlong_Family_-_Baby_Group.mp3/file
၁၅။ ဖွားဖက်တော်များ
http://www.mediafire.com/file/35m4ji58uoxvo78/15_%2528KG%2529_Phwar_Bat_Taw_Myar_-_Baby_Group.mp3/file
၁၆။ အသက်သတ်တာ ရှောင်ကြဉ်ပါ
http://www.mediafire.com/file/h3e4tsouvsdkjp3/16_%2528KG%2529_A_Thit_That_Tar_Shonud_Kyin_Par_-_Baby_Group.mp3/file
၁၇။ ဘုရားလောင်းမင်းသား ဇနက
http://www.mediafire.com/file/69d8mkl15pb4vda/17_%2528KG%2529_Buyarlong_Minthar_Janaka_-_Baby_Group.mp3/file
၁၈။ ညောင်ရေသွန်းပွဲတော်
http://www.mediafire.com/file/j37p2m7u36ndqcv/18_%2528KG%2529_Nyoung_Ye_Thoon_Pwae_Daw_-_Baby_Group.mp3/file
၁၉။ ကြယ်စင်နှင့်အပြိုင်
http://www.mediafire.com/file/7hp7iu8jqm4wfbu/19_%2528KG%2529_Kyal_Sin_Hnint_A_Pyine_-_Baby_Group.mp3/file
၂၀။ မြတ်သင်္ကန်း
http://www.mediafire.com/file/oo8a1d6f1hzl576/20_%2528KG%2529_Myat_Thin_Gan_-_Baby_Group.mp3/file
၂၁။ လူကြီးမိဘ ကန်တော့ကြ
http://www.mediafire.com/file/b2nh3w1tf2ngkxn/21_%2528KG%2529_Lu_Gyi_Miba_Kantot_Kya_-_Baby_Group.mp3/file
၂၂။ ကျေးဇူးတင်စရာ မိသားစု
http://www.mediafire.com/file/8pj5s8153hhq7al/22_%2528KG%2529_Kyay_Zuu_Tin_Sayar_Family_-_Baby_Group.mp3/file
-------------------------------------------------
ဆရာများ ဆိုရန် -

၁။ ဓမ္မစကူးလ်မှာ ပျော်စရာ
http://www.mediafire.com/file/kak6dvvr77dri3j/01_%2528KG%2529_Dhamma_School_Hmar_Pyaw_Sa_Yar_-_Tun_Tun.mp3/file
၂။ ရတနာသုံးပါး
http://www.mediafire.com/file/xojchmly3h55chc/02_%2528KG%2529_Yadanar_3_Par_-_Tun_Tun.mp3/file
၃။ အနန်တငါးပါး
http://www.mediafire.com/file/z8nb7ld0yo380yz/03_%2528KG%2529_Ananda_5_Par-_Chan_Chann.mp3/file
၄။ ဘုရားရှိခိုးကြစို့
http://www.mediafire.com/file/h6b55jkqbpoqeb4/04_%2528KG%2529_Buddha_Shikho_Kya_Soht_-_Tun_Tun.mp3/file
၅။ ကူညီတတ်သူလေး
http://www.mediafire.com/file/ac9a4ccy1ehq8a3/05_%2528KG%2529_Kunyi_Tathu_Lay_-_Tun_Tun.mp3/file
၆။ ကြင်ကြင်နာနာ ကစားမယ်
http://www.mediafire.com/file/bsh9cli79h32348/06_%2528KG%2529_Kyin_Kyin_Nar_Nar_Ka_Sar_Mal_-_Tun_Tun.mp3/file
၇။ ဂုဏ်ယူစရာ ဓမ္မစကူးလ်ကျောင်းသား
http://www.mediafire.com/file/moyppmsppyyuebf/07_%2528KG%2529_Gone_Yu_Sayar_Dhamma_School_Kyaung_Thar_-_Tun_Tun.mp3/file
၈။ နေ့စဉ်ကုသိုလ်
http://www.mediafire.com/file/e757dpu5773lm19/08_%2528KG%2529_Nayt_Sin_Kudo_-_Tun_Tun.mp3/file
၉။ ဗုဒ္ဓဘာသာ ကလေးလေး
http://www.mediafire.com/file/mqdz37z6dz1dhur/09_%2528KG%2529_Buddha_Bathar_Baby_-_Tun_Tun.mp3/file
၁၀။ မိသားစုအတွင်း ယဉ်ကျေးခြင်း
http://www.mediafire.com/file/a833xhammsoiidd/10_%2528KG%2529_Family_A_Twin_Yin_Kyay_Chin_-_Chan_Chann.mp3/file
၁၁။ သတိထားလို့ ကြည့်
http://www.mediafire.com/file/5b3xf630171niva/11_%2528KG%2529_Thadi_Htar_Lot_Look_-_Tun_Tun.mp3/file
၁၂။ ယဉ်ကျေးသူ
http://www.mediafire.com/file/5zm396dw2f4oqpd/12_%2528KG%2529_Yin_Kyay_Thu_-_Tun_Tun.mp3/file
၁၃။ ပြုံးပြုံးပျော်ပျော်
http://www.mediafire.com/file/f50x1992r7o8h1g/13_%2528KG%2529_Pyone_Pyone_Pyaw_Pyaw_-_Tun_Tun.mp3/file
၁၄။ ဘုရားလောင်း မိသားစု
http://www.mediafire.com/file/6uau9jg4ion49ma/14_%2528KG%2529_Buyarlong_Family_-_Tun_Tun.mp3/file
၁၅။ ဖွားဖက်တော်များ
http://www.mediafire.com/file/p4bte4hzet7jx8h/15_%2528KG%2529_Phwar_Bat_Taw_Myar_-_Tun_Tun.mp3/file
၁၆။ အသက်သတ်တာ ရှောင်ကြဉ်ပါ
http://www.mediafire.com/file/stf2waw7fwdujju/16_%2528KG%2529_A_Thit_That_Tar_Shonud_Kyin_Par_-_Tun_Tun.mp3/file
၁၇။ ဘုရားလောင်းမင်းသား ဇနက
http://www.mediafire.com/file/n86jufjg9w3t567/17_%2528KG%2529_Buyarlong_Minthar_Janaka_-_Tun_Tun.mp3/file
၁၈။ ညောင်ရေသွန်းပွဲတော်
http://www.mediafire.com/file/viyqgnf1biiwstv/18_%2528KG%2529_Nyoung_Ye_Thoon_Pwae_Daw_-_Tun_Tun.mp3/file
၁၉။ ကြယ်စင်နှင့်အပြိုင်
http://www.mediafire.com/file/2hihq338dvit6sp/19_%2528KG%2529_Kyal_Sin_Hnint_A_Pyine_-_Tun_Tun.mp3/file
၂၀။ မြတ်သင်္ကန်း
http://www.mediafire.com/file/bz1dey765fowg2o/20_%2528KG%2529_Myat_Thin_Gan_-_Tun_Tun.mp3/file
၂၁။ လူကြီးမိဘ ကန်တော့ကြ
http://www.mediafire.com/file/v4aa02ol57fpfkf/21_%2528KG%2529_Lu_Gyi_Miba_Kantot_Kya_-_Tun_Tun.mp3/file
၂၂။ ကျေးဇူးတင်စရာ မိသားစု
http://www.mediafire.com/file/35tyqxsdu7u6n33/22_%2528KG%2529_Kyay_Zuu_Tin_Sayar_Family_-_Tun_Tun.mp3/file
-------------------------------------------------
-------------------------------------------------
ဓမ္မစကူးလ်ဖောင်ဒေးရှင်း Lesson တေးကဗျာပေါင်းချုပ် (Grade 1 to 7)

http://www.mediafire.com/file/lbfs9iaqyr354ua/Dhamma_School_Foundation_%2528Grade_1_to_7_Lesson_Song%2529.rar/file

မှတ်ချက်။ ။ သီချင်းအပုဒ်ရေ ၁၃၅ ပုဒ် ရှိတာကြောင့် Zipfile နဲ့ စုစည်းထားပါတယ်။
ဖုန်းထဲဒေါင်းပြီးရင် Zipfile ကို ပြန်ဖြည်ပေးရပါလိမ့်မယ်။ မသိနားမလည်ရင် Comment မှာ ချမေးသွားပါ။
-------------------------------------------------
-------------------------------------------------

တနင်္ဂနွေရင်ခွင်(ဓမ္မစကူးလ်နှိုးဆော်တေးသီချင်းများ)
*************************************
တနင်္ဂနွေရင်ခွင်
http://www.mediafire.com/file/j8gldau8y5wbkrm/Khin_Phone_Pwint_San_-_Sunday_Yin_Khwin_%2528master%2529.mp3/file
လူတော်လူကောင်းတို့ မွေးဖွားရာ
http://www.mediafire.com/file/ylulrold0d65tst/Lin_Htike_-_Lu_Daw_Lu_Kaung_To_Mway_Fwar_Yar.mp3/file
ဓမ္မစကူးလ်ကျောင်းတော်သို့
http://www.mediafire.com/file/ned80os7mw0wt81/Dhamma_School_Kyaung_Taw_To_-_Kyal_Sin_Hmu_Ko.mp3/file
ဓမ္မစကားလေးတွေ နေ့တိုင်းကြားတော့
http://www.mediafire.com/file/9i54wnzq4t50q0p/Lin_Htike_-_Dhamma_Sakar_Lay_Tway_Daily_Kyar_Tot.mp3/file
တို့ချစ်တဲ့ ဓမ္မစကူးလ်
http://www.mediafire.com/file/1f0tnxdktus8420/Doz_Chit_Tae%2527_Dhamma_School_-_Saung_Eain_Dray_Khin.mp3/file
အပြုံးလေးနဲ့ မင်္ဂလာပါ
http://www.mediafire.com/file/mqlc3szrh2mb2o4/Lin_Htike_-_A_Pyone_Lay_Nae_Mingalar_Par.mp3/file
-------------------------------------------------
-------------------------------------------------

အခြားသော ဓမ္မစကူးလ်နှိုးဆော် တေးသီချင်းများ
***********************************
အခုကောင်းမှ နောင်ကောင်း
http://www.mediafire.com/file/6g44p71f3rauc9n/A_Khu_Kg_Hma_Now_Kg_-_Ma_Naw.mp3/file
လေးနှစ်လေးမိုး ဓမ္မစကူးလ်
http://www.mediafire.com/file/oadj3achl1tbcsg/02_4_year_4_Moe_Dhamma_School_-_Htet_Nay_Kyi%252C_Shwe_Yi_Phyoe_Maung%252C_Khin_Thidar_Khine.mp3/file
ဓမ္မစကူးလ် ပျိုးခင်းသာ
http://www.mediafire.com/file/zjguzf9idp11sv9/01_Dhamma_School_Pyo_Khinn_Thar_-_Kyaw_Thi_Ha_%252B_Mot_Mot_Lwin.mp3/file
ဓမ္မအလင်း
http://www.mediafire.com/file/a88bm2bvx24vsgm/03_Dhamma_Ah_Lin_-_Phyoe_Pyae_Sone%252C_Kyaw_Ko_Ko_Myat%252C_Mot_Mot_Lwin.mp3/file
ဓမ္မစကူးလ်အလင်းရောင်
http://www.mediafire.com/file/4t1d1wbfonuu7p0/Dhamma_School_Light_-_Hanthar_Soe_Min%252C_Nan_Htike_Shwe_Sin%257E1.mp3/file?fbclid=IwAR35J_yIlGrnROA3myQPOeGUKwSXtG5UtoUaZgpuO70_oZtqGr2MvPLQmpw
မျိုးဆက်သစ်ဓမ္မစကူးလ်
http://www.mediafire.com/file/dl6ejdzpv3kqddo/Myo_Set_Thit_Dhamma_School_-_Pholay_Phyoe.mp3/file

ကျန်ရှိသောသီချင်းများ အချိန်အားရင် အားသလို ဖြည့်စွက် သွားပါမည်။
ဒီနေ့ညတော့ အချိန်မအားလို့ ဒီလောက်ပါပဲ
-------------------------------------------------
-------------------------------------------------
Dhamma school music channel
ပြန်လည်မျှဝေပါသည်။

ကိုယ်စောင့်နတ်အကြောင်းကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမ...
09/01/2022

ကိုယ်စောင့်နတ်အကြောင်း

ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊

တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊

ရှေးက ဗာရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊

အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊

ဒါကို ဗာရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊

နောက်မေးခွန်းတခုက ......
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊

လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊

နောက်မေးခွန်းတခု ....
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊

များသောအားဖြင့် တန်ခိုးသေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး
သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊

တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊

ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊

ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ.....၊

"အရှင်ဘုရား တပည့်တော် အား ကိုယ်စောင့်နတ်နှင့် ပတ်သတ်သော အကြောင်းအရာများကို ဖြေကြားပေးပါဘုရား
ကိုယ်စောင့်နတ်သည် မည်သည့် နတ်အနွယ်ဝင် ဖြစ်ပါသလဲ ဘုရား
ကိုယ်စောင့်နတ်သည် အစဉ်အမြဲ စောင့်ရှောက်ခြင်း ရှိပါသလား ဘုရား
ကိုယ်စောင့်နတ် အဖြစ်ကို မည်သည့် ပုဂ္ဂိုလ်များ ရောက်ရှိနိုင်ပါသလဲ ဘုရား
အရှင်ဘုရားကို ရှိခိုးဦးချပါတယ် ဘုရား"

နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏရဲ့ အဖြေ -
ဗုဒ္ဓဘာသာမှာ ကိုယ်စောင့်နတ်ရှိလိုတယ်ဆိုရင် ခြောက်နည်း ဖြစ်နိုင်ပါတယ် -

၁။ ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ ကိုယ်စောင့်နတ်ဖြစ်နိုင်ပါတယ်။ ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီး ဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝက သူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။ (ကုသမှု မှန်ကန်လို့ PhD ဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားပါပြီ။) ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ဓမ္မမဟုတ်တဲ့
အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေ့ဖို့ နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။

၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ် ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)

၃။ သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် - ရှိခိုးတောင် ရှိခိုးပါတယ်။ သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် - ဗြာဟ္မဏပုဏ္ဏား၊ ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃၀ကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။ သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။

၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။ သီရိလင်္ကာမှာ အိမ်က ဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ "ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ"လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် -

အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ၊
ပုညံ တံ အနုမောဒိတွာ
စိရံ ရက်ခန်တု မံ ပရန်တိ။"

၅။ မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့ အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက "ဒေဝတာ ရက္ခန္တိ" (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။ ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အင်္ဂုတ္တိုရ်နိကာယ် ၁ ဧတဒဂ္ဂဝဂ္ဂမှာ မြတ်စွာဘုရား ပိလိန္ဒဝစ္ဆမထေရ်ကြီးကို ဒီလို ချီးမွမ်းတော်မူပါတယ်

"ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။"
"ရဟန်းတို့ ငါဘုရား တပည့်သာဝကာတို့တွင် နတ်တို့၏ချစ်ခြင်းမှာ အမြင့်မြတ်ဆုံးရဟန်းသည် ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါတယ်။"

၆။ မဂ် ဖိုလ် ရမယ်ဆိုလိုရှိရင်လည်း နတ်တွေက ကာကွယ်လိမ့်မယ်။ ဓမ္မပဒ အဋ္ဌကထာရဲ့ ပထမဆုံး ပုံဝတ္ထုဟာ စက္ခုပါလမထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ပြောပြပါတယ်။ အဲဒီမှာ စက္ခုပါလမထေရ်ကြီးက ရဟန္တာဖြစ်ပြီး သူ့မျက်စိတွေက ပျက်သွားပါတယ်။ မမြင်နိုင်တော့ပါဘူး။ ခရီးထွက်တဲ့အခါ လမ်းပြတဲ့ ရဟန်းတော်ဟာ မိန်းမတစ်ယောက်နဲ့ ပါရာဇိကကျတော့ စက္ခုပါလမထေရ်ကြီးက သူ့ကို နှင်ထုတ်တော်မူပါတယ်။ ဒါကြောင့်လည်း တစ်ပါးတည်းပဲ လမ်းပေါ်မှာ ကျန်တော်မူတယ်။ဒါကို သိကြားမင်းက သိသွားပြီး စက္ခုပါလမထေရ်ကြီးကို ကိုယ့်တိုင်လာပြီး လမ်းပြပါတယ်။

အတိုချုပ်ပြောမယ်ဆိုရင် ကိုယ့်စောင့်နတ်ရဖို့ - (၁) အရင်ဘဝမှ ဆွေမျိုးရှိရမယ်၊ (၂) ပရိတ်ရွတ်ရမယ် (၃) သီလပြည့်စုံရမယ် (၄) လှူဒါန်းပြီး အနုမောဒနာပြုရမယ် (၅) မေတ္တာဘာဝနာ ကျင့်ကြံအားထုတ်ရမယ် (၆) မဂ်ဖိုလ်အောင်မြင်ရမယ်။

ကိုယ့်စောင့်နတ်တွေ ဘယ်နှစ်ပါး ဖြစ်ပါသလဲလို့ သိဖို့ မလွယ်ပါဘူး။ သူတို့ကလည်း ကူညီပေးချင်စိတ်ရှိမှပဲ ကူညီပေးကြပါတယ်။ အဲ့လို သူတို့ကို တာဝန် ပေးမထားပဲနဲ့ လွတ်လပ်စွာ စောင့်ရှောက်ကြပါတယ်။ ကုသိုလ်မလုပ်ဘဲ အကုသိုလ်များရင်တော့ ပြေးကြမှာပေါ့။

ဒါကြောင့် ဒကာ ဒကာမတွေက ကုသိုလ်တွေ အတတ်နိုင်ဆုံး လုပ်ပြီး နတ်တို့ရဲ့ အချစ်ကို မပျောက်စေတဲ့ ရဟန္တာဆုကို အောင်မြင်နိုင်ကြပါစေကုန်သတည်း။

သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏပါ။

ဦးဇင်းရေးထားတဲ့ မြန်မာစာကို Cathy Hlaing ပြင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အမြဲကျန်းမာချမ်းသာပါစေ။

သောက်တော်ရေ အမြဲ ကပ်ပါ ဂါထာတွေ , မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ … ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အော...
13/10/2021

သောက်တော်ရေ အမြဲ ကပ်ပါ


ဂါထာတွေ , မန္တာန်တွေ
အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ …

ဘုရားပန်း
အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင်
ထားမယ် …

သောက်တော် ရေချမ်းလေးကိုလည်း
အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင်
အိမ်တွင်းရေးလည်း အေးချမ်း
စီးပွားလမ်းလည်းဖြောင့်
အစစအရာရာ အဆင်ပြေမှာပါ …

သောက်တော်ရေ
တနေ့ ဘယ်နှစ်ခါလဲတုန်း
❝ နှစ်ခါ ❞ …

နှစ်ခါလဲတဲ့ သူ
တော်တော်နည်းမယ် ထင်တယ်နော် …

ကဲ ကိုယ်ကတော့
❝ ရေ ❞ တနေ့ဘယ်နှစ်ခါ သောက်တုန်း
❝ ဆယ်ခါ ❞ …

တော်တော် တရားတယ်
ဘုရားကျတော့ ရေငတ်ထားတယ်
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ် …

အမှန်ကတော့
ကိုယ် ရေသောက်တိုင်း ဘုရားကို
သောက်တော်ရေ လဲပြီးကပ်မယ် ဆိုရင်
ပိုကောင်းတယ်နော် …

အဲဒီလောက်ကြီး အထိ
မလဲနိုင်ဘူး ဆိုရင်တောင်မှ
❝ မနက်တခါ , နေ့လယ်တစ်ခါ , ညတစ်ခါ ❞
တစ်နေ့ သုံးကြိမ် လောက်တော့
သောက်တော်ရေလေး
လဲပြီး ကပ်ရင်ကောင်းတာပေါ့ …

ကိုယ် ရေသောက်တိုင်း , သောက်တိုင်းလည်းပဲ
ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်
ကိုယ်သောက်မယ့် ခွက်ကို
လက်ကလေးနဲ့ ကိုင်ထားပြီးတော့
❝ မြတ်စွာဘုရားရှင်အား
သောက်တော်ရေ လှူဒါန်းပါတယ် ❞ လို့
စိတ်ကအာရုံပြုပြီးတော့
မြတ်စွာဘုရားရှင်ကို
သောက်တော်ရေ ကပ်လိုက်ပေါ့ …

ကိုယ် သောက်တဲ့
ရေအိုးစင်နားလေးက နေပြီးတော့
ကပ်လိုက်ရုံပါပဲ
ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး …

ဘယ်နေရာမှာပဲ ရပ်ပြီးတော့
ရေသောက် သောက်
ကိုယ် ရေသောက်တိုင်း မြတ်စွာဘုရားကို
သောက်တော်ရေချမ်း လှူဒါန်းပြီးမှ
ကိုယ်က စွန့်သောက်ပါ …

အရက်သမား ,
ဘီယာသမား တချို့တောင်
အရက် သောက်ခါနီး , ဘီယာ သောက်ခါနီး
ကိုယ်သောက်မယ့်
အရက်ပုလင်း , ဘီယာပုလင်းကို
အရက်သမားနတ် ကိုကြီးကျော် ကို
ပသတဲ့ အနေနဲ့
နဖူးရှေ့ လက်နဲ့ မြှောက်ပြီး
အာရုံပြုကြသေးတယ် မဟုတ်လား ? …

ကိုကြီးကျော် တပည့်တွေထက်
ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော် …

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး
ဘာပဲ စားစား
သကြားလုံးလေး ငုံတာပဲ ဖြစ်ဖြစ်
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်
မြတ်စွာဘုရားကို
စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား …

မစားခင်
❝ သရဏဂုံလေး ဘာလေး ❞ လည်း ရွတ်ပေါ့
သရဏဂုံ ရွတ်နေတဲ့ အချိန်က
မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့
သဘောထားပေါ့ …

သရဏဂုံလေး
❝ သုံးခေါက် ရွတ်ပြီးသွားပြီ ဆိုတော့မှ ❞
မြတ်စွာဘုရား မြတ်စွာဘုရား
ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို
ဆေးအဖြစ် စွန့်တော်မူပါဘုရား လို့
စွန့်ပြီး စားပေါ့နော် …

မြတ်စွာဘုရားရှင်က -
တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့
ခဏလေးနဲ့ ပြီးပြီးပေါ့ …

ယောဂီတို့ က
စွန့်စားတာ ကြိုက်တယ် မို့လား ?

အဲဒီတော့
ဘုရားကပ်ပြီးတော့ စွန့်စားလိုက်တော့
စွန့်စားတဲ့သူ ဖြစ်သွားတာပေါ့ …

နိဗ္ဗာန် ဆိုတာ
စွန့်စားတဲ့သူတွေမှ ရောက်တာနော် …

အဲဒီတော့
ဘုရားပန်း မညှိုးပါစေနဲ့
သောက်တော် ရေချမ်းမနွေးပါစေနဲ့
ဒါ အရေးကြီးပါတယ် …

#ဆရာတော်_အရှင်_ဆန္ဒာဓိက ( ရွှေပါရမီတောရ )

📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
Credit , Original Uploader

#မေတ္တာဖြင့်...
မိ.ဘ.မေ.တ္တာ.ကို.ရင်
သ.ထုံ.ရာ.မ.ည.မြေ
©©©©©©©

Address

Thazi
Monywa

Telephone

+959695161668

Website

Alerts

Be the first to know and let us send you an email when ကိုးနဝင်းရိပ်သာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ သလ္လာရပ်၊မုံရွာမြို့။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share