Poetry in Translation

Poetry in Translation This page is a collection of poetry in translation from Myanmar to English and vice versa.

09/05/2023

#ပျော်ရွှင်စရာအနာဂါတ်ကို #ငါတို့မျက်ခြေမပြတ်
စစ်ကြီး ပြီးသင့်ပြီ ဆိုပေမယ့်လည်း
စစ်ကြီးက နေ့စဥ်ရက်ဆက်(စက်) နေတုန်းပဲ
ပြုံးဖို့လည်း သတိမရ၊ ဟန်လည်းမဆောင်နိုင်
ရှစ်ခွင်တိုင်းက စိတ်ပျက်ဖွယ် အုံ့မှိုင်းလို့
တယောက်ယောက်က အရေးတယူပြုလာနိုးနိုး
မျှော်ကိုးစောင့်စားလို့
မြို့တွေရွာတွေဟာလည်း ကျောရိုးမကြီးကနေ ပြိုလဲ ပျက်စီးလို့..
ငါတို့ စိတ်နှလုံးတွေ၊ အသက်ဝိဉာဉ်တွေနဲ့ မခြား..

ငါတို့တွေ မေ့လျော့နေကြ အိမ်တံခါးတိုင်းမှာ
အတုမရှိ သူ့ကိုယ်ပိုင် သော့တွေ ကိုယ်စီ ကိုယ်စီ ရှိနေတာ

ပျော်ရွှင်စရာ အနာဂါတ်ကို ငါတို့ မျက်ခြေမပြတ် ယုံကြည်ရင်း
အဲဒီအနာဂါတ်မှာ ငါတို့တွေ ညီညွတ် ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်ကြမယ်လေ
ကျဆုံးသွားသူတွေကို လုံးဝ ငါတို့ မမေ့
ဒါကြောင့် ငါတို့ ရှေ့ဆက် အသော့နှင်ဖို့ လိုပြီလေ။
(14 years old)
(ယူကရိန်းက ကလေးမလေးရဲ့ ကမ္ဘာ့ကဗျာနေ့ ကဗျာ)

#မင်းရဲအိမ်(ပြန်ဆိုသူ)
We still believe in a happy future
We were told the war should end
But it keeps going from day to day
And we forgot to smile and can't pretend
We were surrounded by despair
And keep waiting for someone to care
The towns and villages are ruined at their core
As are our hearts and souls

We forget that every door
Has its own unique lock
We still believe in a happy future
Where we will live in harmony and peace
We will not forget those who have fallen
That's why we need to hurry up.

(14 years old)

06/05/2023

#ဆန့်ကျင်ဘက်တွေနဲ့
#ရေတိမ်နစ်ရခြင်းတွေ
ဒီကဗျာဟာ ရိုးရှင်းအဆင့် ဘာသာစကားနဲ့ ဖွဲ့စည်းထားတာ။

ကြည့် .. သူ မင်းကို လှမ်း ပြောနေတာ။ ပြတင်းအပြင် လှမ်းကြည့်တာ

မဟုတ်ရင် ဂနာမငြိမ်သယောင် မင်း ဆောင်လိုက်တာပဲ။ မင်းကသာ မရတာ သူက မင်းဆီမှာ။

သူ့ကို မင်း မရ၊ မင်းကို သူ မရ၊ သူ မရ ကိုယ် မရ။

မင်းအပိုင် သူဖြစ်ချင်လည်း မစွမ်းသာတော့ ကဗျာက မှိုင်။

ဘာလဲ "ရိုးရှင်းအဆင့်"။ ထိုထိုသော အခြားသော အရာတွေ၊

သူတို့ရဲ့ စနစ်တမျိုးနဲ့ ကစားကွက် ခင်းကြတာ။ ကစားကွက်လား..

အင်း .. သိပ်ကို ဟုတ်တာပေါ့၊ ကိုယ့်သဘောအရတော့ သူက

ပိုနက်ရှိုင်းတဲ့ အပြင်ပန်း အရာမျိုး၊ စိတ်ကူးအိပ်မက်ခံ စံပြပုံစံမျိုး။

ရှည်ကြာလှတဲ့ ဒီ သြဂုတ်နေ့ရက်တွေမှာ ကျေးဇူးတော်ကို ပိုင်းခြားသတ်မှတ်နေကြသလိုမျိုး၊

အထောက်အထားမဲ့။ အပိတ်ပွင့်လျက်။ မင်း မသိလိုက်ခင်မှာပဲ

သူဟာ စာရိုက်သံ တချောက်ချောက်နဲ့ အခိုးအငွေ့တွေထဲ ကွယ်ပျောက်သွားတတ်ရဲ့။

နောက်တကြိမ် ကစားခံလိုက်ရပြန်ပြီ။ ကိုယ့်အထင် ကိုယ်ဒါကို

မင်းနဲ့တတန်းတည်း မလုပ်လုပ်မိအောင် မင်းက ရှိနေပေးရုံသက်သက်ပဲ။ ပြီးတော့လည်း မင်းက အဲဒီမှာ ရှိမနေတော့ပြန်၊

ဒါမှမဟုတ် မတူခြားနားတဲ့ ရှုထောင့်တမျိုးကို မင်းက ပြောင်းယူသွားတာ။ အဲဒီနောက် .. ကဗျာက ငါ့ကို

မင်းရဲ့နဘေးမှာ ညင်ညင်သာသာကလေး ချပေးသွားတယ်၊ ကဗျာ က မင်း။
#မင်းရဲအိမ်
#ဂျွန်အက်ရှ်ဘရီ ( ) ရဲ့

ကို ပြန်ဆိုပါတယ်။

07/02/2023

#မဟာဒေဝီသို့
--------------------------
မဟာဒေဝီ တဲ့
ဥရောပရဲ့အဆင်တန်ဆာတွေကိုချွတ်ခွါချလို့
ရှမ်းတောင်တန်းတွေ ပေါ်
အချစ်စိတ်တစ်ခုထဲနဲ့ရောက်လာခဲ့သူ

ကော်လိုရာဒိုထက်
လက်ဖက်ခူးရင်း
နတ်ကိုးကွယ်ရင်း
ဘီလူးရုပ္တုကို
အမဲသားဆက်ကြတဲ့
ရှမ်းပြည်သူကို ချစ်မက်ခဲ့သူ

လင်ဖြစ်သူရဲ့ မျက်နှာပေါ်မှ
တောင်တန်းများကိုငေးမောရင်း
ကျားဆိုးထက်
မင်းဆိုးမင်းညစ်ဒဏ်ကို
ခံခဲ့ရရွာသူ

ကမ္ဘာမြေရဲ့
စိမ်းညှို့တဲ့တောင်တန်းများပေါ်က
ပဒေသရာဇ်အိပ်မက်ကို
ဒီမိုကရေစီ သားမွှေးယပ်တောင်နဲ့လှုပ်နှိုးလိုသူ

လောင်းကစားပွဲနဲ့
အကျင့်ပျက်ချစားမှုများကို
စပါးကြီးမြွေထက်ပို၍ ကြောက်ရွံ့သူ

ဒဏ်ရာကို
ဆားနဲ့ထပ်ပက်လည်း
ထူးပြီးမစပ်တော့တဲ့ တိုင်းရင်းသားပြည်သူများနဲ့
အနောက်ဖက်ကိုကျောပေးပြီး
အရှေ့ရပ်ကို မျှော်ငေးသူ

အာဏာရှင်ရဲ့
ကော်ဇောနီလမ်းမကို ငြင်းပယ်ခဲ့လို့
အလောင်းဖျောက်ခံရသူ လင်တော်မောင်ကို
မီးတောက်အောင်ရှာခဲ့ရသူ

" လေဆိပ်မှာ ပါပါကကြိုနေမှာလား " ဆိုတဲ့
သမီးလေး ၂ ယောက်ရဲ့မေးခွန်းကို
ိုလက်မှာဆွဲလို့
ဘီလူးသဘက်တိုင်းပြည်က ထွက်ပြေးခဲ့ရသူ

ဒီကမ္ဘာမှာ
ဒီတောဒီတောင် ဒီရေဒီမြေနဲ့
မထိုက်တန်တဲ့ ပန်းကောင်းတစ်ပွင့်
စစ်ဖိနပ်အောက်မှာ
အညွန့်ကျိုးခဲ့ရပေါ့

ဒီကမ္ဘာမှာ
မုဆိုးမ ပြီး
နောက်ထပ် မုဆိုးမ
နောက်ထပ် မုဆိုးမများ
ထိုသို ့
ပဋာစာရီဇာတ်
ဘယ်မိန်းမကိုမှ ထပ်မကစေလိုတော့ပါ

အို...
မဟာဒေဝီ ငဲ့
သင့်လို
မုဆိုးမများ အကြောင်း
သင်နဲ့ဘဝတူ
မုဆိုးမများအကြောင်း
ဒီတောင်တန်းတွေပေါ်က
ကျနေဆဲ နှင်းများကတောင်
မေးခွန်းထုတ်နေကြရော့မယ်

ဒီတိုင်းပြည်မှာ
၂၀ ရာစုကတည်းက
ပျောက်ဆုံးနေဆဲ
အလောင်းတစ်လောင်း အကြောင်း
ခုချိန်ထိ
နှောင်းလူတွေ
မေးခွန်းထုတ်နေကြရော့မယ်
သွေးစက်လက်နဲ့ အဖြေများအကြောင်း။
#ကြည်ဇော်အေး
4 oct 2015....######xx....

" "
Known as " Mahadevi"
Leaving off her European adornments
She came to the Shan Mountains
With sheer love.

Over Colorado
She favored the Shan people
Who pick tea leaves,
Worship gods
And offer beef to a statue of ogre.

Gazing at the mountains
On the face of her husband
She didn't fall victim to a brutal tiger
But to a be***al dictator.

She would like to shake and awaken
The Dream of Monarchy
Over the Earth's greenish brown mountains
With a fur fan of Democracy.

She feared gamble
And corruption
More than a python.

Together with the indigenous people,
Who were undeterred by any act of adding salt (insult) to injury,
She stood tall
Looking ahead
With her back to the West.

She left no stone unturned
In her search for her husband
Whose dead body was hidden and obscured
Due to his rejection of the dictator's red-carpeted road.

" Will papa be at the airport? "
Taking the question from the two daughters in hand
She had to escape from the country of ogres.

On this Earth
A beautiful flower,
Not worthy of this forest,
This mountain, this water and this land,
Under the military boots,
Was nipped in the bud.

In this world
A widow
And another widow
And widows after widows
Likewise
No more Padasari tragedy
For any woman to take part in.

Oh!
Mahadevi!
About widows just like you
About fellow victims just like you
Even the falling snow over the mountains
Would have been asking questions.

In this land
Since the 20th century
About a dead body that has gone missing
Up to now
Posterity will be asking questions
About the bloodstained answers.


translated by
4 Oct 2015

29/11/2021


by
Freedom is a breath of air,
Pine-scented, or salty like the sea;
Freedom is a field new-plowed...
Furrows of democracy!
Freedom is a forest,
Trees tall and straight as men.
Freedom is a printing press...
The power of the pen!
Freedom is a country church,
A cathedral's stately spire;
Freedom is a spirit
That can set the soul on fire!
Freedom is man's birthright,
A sacred, living rampart;
The pulse-beat of humanity...
The throb of a nation's heart!
by Clara Smith Reber
"လွတ်လပ်ခြင်း"
ပင်လယ်ရေလို သောက်လေရှိူက်လေ
မက်မပြေနိုင်၊
ထင်းရှူးရနံ့ သင်းပျံ့ပျံ့ကြိုင်၊
လေစိုင်တစ်ချက် မက်မက်ရှိူက်သွင်း... လွတ်...လပ်..ခြင်း။
ဒီမိုကရေစီ ထယ်ရေးညီလျက်
ထွန်ယက်ပြီးစ တင့်လှလယ်ကွင်း... လွတ်...လပ်...ခြင်း။
ဖြောင့်ဖြောင့်လျားလျား မားမားမြင့်မြင့်
စိမ်းရင့်ပင်များ လူသားဟန်ယူ
တောအုပ်ထူသင်း...လွတ်..လပ်..ခြင်း။
နှုတ်တစ်ရာမှာ စာတစ်လုံးတဲ့
ဓား အသွားထက် ကလောင်ထက်တယ်
ပုံနှိပ်စက်လည် စာနယ်သတင်း...လွတ်...လပ်..ခြင်း။
စုလစ်မွန်းချွန် မြင့်မြတ်သွင်တင့်
မိုးယံမြင့်လျက် ကျေးလက်တည်ထား
ဘုရားကျောင်းခင်း...လွတ်..လပ်..ခြင်း။
အသက်ဝိဥာဉ် မီးတင်ပြာကျ
ဦးမချဟန် စိတ်မာန်ဟုန်ပြင်း...လွတ်..လပ်...ခြင်း။
လွတ်လပ်ခြင်းဟာ
မွေးရာပါတဲ့ အခွင့်အရေး။
လွတ်လပ်ခြင်းဟာ
ဦးခိုက်ထိုက်တန် ရှင်သန်နေတဲ့ ခံတပ်မြို့ရိုး။
လွတ်လပ်ခြင်းဟာ
လူသားတစ်မျိုးလုံး
လူညွန့်မတုံးစေတဲ့ နှလုံးသွေးသံ။
လွတ်လပ်ခြင်းဟာ
တစ်တိုင်းပြည်လုံးရဲ့
နှလုံးခုန်ပုတ် 'ဒုတ်ဒုတ်' သံပြင်း
ရင်ဘတ်တွန်းကန် ရင်ခုန်သံ။ ။
Freedom is never free. ~Author Unknown
လွတ်လပ်ခြင်းဆိုတာ ဘယ်တော့မှ အလကား(နေရင်း) ရတတ်တာမျိုးမဟုတ်။
Freedom has its life in the hearts, the actions, the spirit of men and so it must be daily earned and refreshed - else like a flower cut from its life-giving roots, it will wither and die. ~Dwight D. Eisenhower
လွတ်လပ်ခြင်းရဲ့ အသက်ဟာ လူသားတွေရဲ့ စိတ်ဓာတ်၊ လှုပ်ရှားဆောင်ရွက်မှုနဲ့ နှလုံးအိမ်တွေထဲမှာ ရှိနေတယ်။ ဒါကြောင့် နေ့စဉ်နဲ့အမျှ သူ့ကို ရယူမွေးမြူနေရမယ်။ လန်းဆန်းလတ်ဆတ်နေစေရမယ်။ နို့မဟုတ်ရင် ရေသောက်မြစ်က အဖြတ်ခံရတဲ့ ပန်းပွင့်ငယ်လို ညှိုးငယ်ကာ ပျောက်ကွယ်ရလိမ့်။
#မင်းရဲအိမ် (ပြန်ဆိုသူ)

20/11/2021

#တယောက်တပေါက်
တ ယောက်
တ ပေါက် ပေ မယ့်

တ ယောက် ဆို တ ယောက်
တ ပေါက် ဆို တ ပေါက်

မှန် အောင် သာ
ပေါက်

ပစ် မှတ် ဟာ ဘုံ ရန် သူ။
#မင်းရဲအိမ်

Some may feel like throwing in their hands
And some the opposite.

Still, every hand counts
And so does every throw.

Just try your best
A well-aimed throw

For the target is nothing but the common foe.

07/11/2021

"To a dictator"
in your time
you took away
the flowers of our freedom.

in your time
the weak defended
your weakness,
and the land cried;
the moon too
was dark
in your time.
by Chenjerai Hove

#အာဏာရှင်သို့
ခင် ဗျား အာ ဏာ ပိုက် ချိန်
ခင် ဗျား ခြွေ ပစ် ခဲ့
ကျုပ် တို့ ရဲ့ လွတ် လပ် ရေး ပန်း ပွင့် တွေ

ခင် ဗျား အာ ဏာ ပိုက် ချိန်
အား နည်း သူ တွေ တွန်း လှန် ခဲ့ တာ
ခင် ဗျား ရဲ့ အား နည်း ချက် ကို ပါ ပဲ
ပြီး တော့ ဒီ မြေ ဟာ အော် ဟစ် ငို ကြွေး ခဲ့ ရ
လ မင်း ဟာ လည်း
မှောင် မိုက်
ခင် ဗျား အာ ဏာ ပိုက် ချိန်။
#မင်းရဲအိမ် (ပြန်ဆိုသူ)
Chenjerai Hove ရဲ့ TO A DICTATOR ကို ပြန်ဆိုပါတယ်။

07/11/2021

#မဟာဒေဝီသို့
--------------------------
မဟာဒေဝီ တဲ့
ဥရောပရဲ့အဆင်တန်ဆာတွေကိုချွတ်ခွါချလို့
ရှမ်းတောင်တန်းတွေ ပေါ်
အချစ်စိတ်တစ်ခုထဲနဲ့ရောက်လာခဲ့သူ

ကော်လိုရာဒိုထက်
လက်ဖက်ခူးရင်း
နတ်ကိုးကွယ်ရင်း
ဘီလူးရုပ္တုကို
အမဲသားဆက်ကြတဲ့
ရှမ်းပြည်သူကို ချစ်မက်ခဲ့သူ

လင်ဖြစ်သူရဲ့ မျက်နှာပေါ်မှ
တောင်တန်းများကိုငေးမောရင်း
ကျားဆိုးထက်
မင်းဆိုးမင်းညစ်ဒဏ်ကို
ခံခဲ့ရရွာသူ

ကမ္ဘာမြေရဲ့
စိမ်းညှို့တဲ့တောင်တန်းများပေါ်က
ပဒေသရာဇ်အိပ်မက်ကို
ဒီမိုကရေစီ သားမွှေးယပ်တောင်နဲ့လှုပ်နှိုးလိုသူ

လောင်းကစားပွဲနဲ့
အကျင့်ပျက်ချစားမှုများကို
စပါးကြီးမြွေထက်ပို၍ ကြောက်ရွံ့သူ

ဒဏ်ရာကို
ဆားနဲ့ထပ်ပက်လည်း
ထူးပြီးမစပ်တော့တဲ့ တိုင်းရင်းသားပြည်သူများနဲ့
အနောက်ဖက်ကိုကျောပေးပြီး
အရှေ့ရပ်ကို မျှော်ငေးသူ

အာဏာရှင်ရဲ့
ကော်ဇောနီလမ်းမကို ငြင်းပယ်ခဲ့လို့
အလောင်းဖျောက်ခံရသူ လင်တော်မောင်ကို
မီးတောက်အောင်ရှာခဲ့ရသူ

" လေဆိပ်မှာ ပါပါကကြိုနေမှာလား " ဆိုတဲ့
သမီးလေး ၂ ယောက်ရဲ့မေးခွန်းကို
ိုလက်မှာဆွဲလို့
ဘီလူးသဘက်တိုင်းပြည်က ထွက်ပြေးခဲ့ရသူ

ဒီကမ္ဘာမှာ
ဒီတောဒီတောင် ဒီရေဒီမြေနဲ့
မထိုက်တန်တဲ့ ပန်းကောင်းတစ်ပွင့်
စစ်ဖိနပ်အောက်မှာ
အညွန့်ကျိုးခဲ့ရပေါ့

ဒီကမ္ဘာမှာ
မုဆိုးမ ပြီး
နောက်ထပ် မုဆိုးမ
နောက်ထပ် မုဆိုးမများ
ထိုသို ့
ပဋာစာရီဇာတ်
ဘယ်မိန်းမကိုမှ ထပ်မကစေလိုတော့ပါ

အို...
မဟာဒေဝီ ငဲ့
သင့်လို
မုဆိုးမများ အကြောင်း
သင်နဲ့ဘဝတူ
မုဆိုးမများအကြောင်း
ဒီတောင်တန်းတွေပေါ်က
ကျနေဆဲ နှင်းများကတောင်
မေးခွန်းထုတ်နေကြရော့မယ်

ဒီတိုင်းပြည်မှာ
၂၀ ရာစုကတည်းက
ပျောက်ဆုံးနေဆဲ
အလောင်းတစ်လောင်း အကြောင်း
ခုချိန်ထိ
နှောင်းလူတွေ
မေးခွန်းထုတ်နေကြရော့မယ်
သွေးစက်လက်နဲ့ အဖြေများအကြောင်း။
#ကြည်ဇော်အေး
4 oct 2015....######xx....

"To the Mahadevi of Hsipaw"
Known as " Mahadevi"
Leaving off her European adornments
She came to the Shan Mountains
With sheer love.

Over Colorado
She favored the Shan people
Who pick tea leaves,
Worship gods
And offer beef to a statue of ogre.

Gazing at the mountains
On the face of her husband
She didn't fall victim to a brutal tiger
But to a be***al dictator.

She would like to shake and awaken
The Dream of Monarchy
Over the Earth's greenish brown mountains
With a fur fan of Democracy.

She feared gamble
And corruption
More than a python.

Together with the indigenous people,
Who were undeterred by any act of adding salt (insult) to injury,
She stood tall
Looking ahead
With her back to the West.

She left no stone unturned
In her search for her husband
Whose dead body was hidden and obscured
Due to his rejection of the dictator's red-carpeted road.

" Will papa be at the airport? "
Taking the question from the two daughters in hand
She had to escape from the country of ogres.

On this Earth
A beautiful flower,
Not worthy of this forest,
This mountain, this water and this land,
Under the military boots,
Was nipped in the bud.

In this world
A widow
And another widow
And widows after widows
Likewise
No more Padasari tragedy
For any woman to take part in.

Oh!
Mahadevi!
About widows just like you
About fellow victims just like you
Even the falling snow over the mountains
Would have been asking questions.

In this land
Since the 20th century
About a dead body that has gone missing
Up to now
Posterity will be asking questions
About the bloodstained answers.


translated by
4 Oct 2015

14/10/2021

Lenin Entering City Mart
At the doorway, from the chest of the old man´s T-shirt
The clash of the hammer and the sickle
Startled the security officer.

His body covered with dirt all over,
His shoulders with pigeon droppings,
His fist ice-cold,
The old man entered.

Turning a blind eye to
The laughing dolls,
Along the escalator
With his fist stretched forward
He got carried up standing tall.

Upon seeing a baby
In the trolley
He looked blank
Wondering whether it was a product too.

Seeing the ghosts throwing
Some packs of milk powder, coffee packets
And frozen meat into the basket
He started to sweat.

While he was skimming
Through the trade marks and the country names
There was a loud noise of a juicer falling
From the shelf.

As if toy workers were coming around,
The ghosts were looking at him
And all the dirt on his whole body started to melt down.

Furiously did he pick up a nearby hammer,
From a random shelf
Pulled down a loaf of bread
And queued up at the counter.

Melting dirt were dripping
Down the floor.
Damp and moist were pigeon droppings.

When it was his turn,
He throwed his commodity-buying book
Onto the counter.

The counter doll-girl kept trying to talk to him
With her eyes wide-open and her hands fluttering,
Nothing at all did he hear, though.

Knowing it wouldn´t make any difference
He decided to take nothing but the escalator
And got carried down standing tall
As if the whole era sank deep down.

At the ground floor noodle shop
Some idealists were, while having a taste of noodle there,
Giving him a goggle-eyed stare at the melting hammer
And the sickle on his chest.

The security officer at the doorway
Like a brand new bronze statue
Was still standing tall there.

"Comrade! You are nothing but a member
Of the fu***ng foolish class calling the Bread "the Rose".
So saying strictly,
The old man with a fist
Disappeared.
Zaw Lu Seim
Khit Yanant Magazine, January, 2018
Translated by ksw

******

#အနောက်မြောက်လွင်ပြင်ကဗျာဆု(2018)
#ဆုရကဗျာ
#စီးတီးမတ်ထဲ လီနင် ဝင်ရောက်လာခြင်း
အပေါက်ဝမှာ အဘိုးကြီးရဲ့တီရှပ်ရင်ဘတ်
တူတံစဉ်ပေါ်က အသံ ထမြည်တော့
လုံခြုံရေးသမားက လန့်ဖျပ်လို့

တကိုယ်လုံး ဖုန်အလိမ်းလိမ်းနဲ့
ပခုံးပေါ်မှာ ခိုချေးတွေနဲ့
အေးခဲနေတဲ့ လက်သီးဆုပ်ကြီးနဲ့
အထဲဝင်သွားပြီ

ရယ်မောနေတဲ့ အရုပ်တွေကို
မမြင်ဟန်ဆောင်ပြီး
စက်လှေကားအတိုင်း
လက်သီးဆုပ် ရှေ့ဆန့်ထုတ်ပြီး
မတ်မတ်ကြီး တက်သွားတာ

တွန်းလှည်းခြင်းထဲမှာ လိုက်ပါလာတဲ့
ကလေးလေးကို မြင်ပြီး
ထုတ်ကုန်ပဲလားလို့ တစ်ချက်တွေသွား

နို့မှုန့်၊ ကော်ဖီထုပ်နဲ့ အသားအေးအေးတွေ
ခြင်းထဲ ပစ်ထည့်နေတဲ့
သရဲတစ္ဆေတွေကို မြင်ပြီး
ချွေးပြန်လာတယ်၊

ကုန်အမှတ်တံဆိပ်နဲ့ နိုင်ငံအမည်တွေ
ဘိုးတော် လှန်လှောကြည့်နေရင်းက
သစ်သီးဖျော်စက်တစ်လုံး
စင်ပေါ်ကပြုတ်ကျသံ ကျယ်လောင်လို့

အလုပ်သမားအရုပ်တွေ ဝိုင်းအုံလာသလို
သရဲတစ္ဆေတွေက ကြည့်နေကြတော့
ကိုယ်ပေါ်ကဖုန်တွေ အရည်ပျော်ကျလာတာပေါ့

ဒေါသတကြီးနဲ့ အနီးနားက
တူကြီးတစ်လက်ဖြုတ်ယူပြီး တွေ့ကရာ စင်က
ပေါင်မုန့်တစ်ထုပ် ဆွဲယူပြီး
ကောင်တာမှာ တန်းစီနေလိုက်မိ

အရည်ပျော်နေတဲ့ ဖုန်တွေဟာ
ကြမ်းပြင်ပေါ် တောက်တောက်အိုင်ကျလို့
ခိုချေးတွေကလည်း အစိုပြန်လို့

သူ့အလှည့်ရောက်တော့
ကောင်တာပေါ်
ကုန်ဝယ်စာအုပ်
ပစ်ချပေးလိုက်တယ်၊

ငွေတွက်နေတဲ့ အရုပ်မလေးက
မျက်လုံးကြီးပြူးပြီး လက်တခါခါနဲ့ပြောပေမယ့်
သူ ဘာမှမကြားရဘူး

မထူးတော့တဲ့အတူ ဘာမှမယူတော့ဘဲ
စက်လှေခါးအတိုင်း ချွေးရည်စက်လက်နဲ့
မတ်မတ်ကြီး ပြန်ဆင်းချသွားတာ
ခေတ်ကြီးတစ်ခုလုံး ကျွံဝင်သွားတဲ့အတိုင်းပဲ

အောက်ဘက်ဆိုင်မှာ
ခေါက်ဆွဲအရသာခံနေတဲ့ စိတ်ဝါဒီတွေလည်း
စားနေရင်းကနေ သူ့ရင်ဘတ်ပေါ်က
အရည်ပျော်ကျနေတဲ့ တူနဲ့တံစဉ်ကို
ပြူးကြည့်နေကြတုန်း

အဝက လုံခြုံရေးဝန်ထမ်းဟာလည်း
ကြေးရုပ်အသစ်တစ်ရုပ်လို ဝါဝင်းပြီး
တောင့်တောင့်ကြီးရပ်နေတုန်း

ရဲဘော်ဟာ ပေါင်မုန့်ကို နှင်းဆီနာမည်ပြောင်းခေါ်နေတဲ့
စောက်ရူးလူတန်းစားထဲကပဲလို့
တင်းတင်းစေ့ပြောပြီး
လက်သီးဆုပ်နဲ့ အဘိုးကြီးဟာ
ပြန်လစ်သွားတယ်။
#ဇော်လူစိမ်း
ခေတ်ရနံ့မဂ္ဂဇင်း။ ဇန်နဝါရီ ။၂၀၁၈

28/09/2021

၁၉၃၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၆ ဒီဇင်ဘာ မှာ ကွယ်လွန်သွားခဲ့တဲ့
အိန္ဒိယ ကဗျာဆရာ၊ စာရေးဆရာ Daya Pawar ရဲ့ "Buddha" အမည်ရ ကဗျာ တစ်ပုဒ် နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
#ဗုဒ္ဓ
ဇေ တ မင်း သား ရဲ့ ဇေ တ ဝန် ဥ ယျာဉ် သာ မှာ
ကြာ ပလ္လင် ဖွဲ့ ခွေ ထိုင် ရင်း
စျာန် သ မာ ပတ် ဝင် စား နေ ဟန်
သို့ မ ဟုတ်
အ ဇ န ္တာ နဲ့ အယ် လို ရာ ဂူ များ အ တွင်း
ကျောက် သား နှုတ် ခမ်း တော် တွေ စေ့ တင်း ပြီး
ဘ ဝ ရဲ့ နောက် ဆုံး မှေး စက် ခြင်း ကို ပြု နေ ဟန် မျိုး နဲ့
အ ရှင့် အား ဘယ် တုန်း က မှ ဘု ရား တ ပည့် တော် မ ဖူး မြင် မိ ပါ။
အ ရှင် ကား
ဒေ သ စာ ရီ ကြွ ချီ ၊ တ ရား ဒေ သ နာ ဟော ကြား
မီး တုတ် အား လက် ဝယ် ဆောင်
ဒု က္ခ အ မှောင် တွင်း က
တဲ အိမ် တစ် အိမ် မှ တစ် အိမ် ကူး လူး
ဆင်း ရဲ အား နည်း သူ တို့ ရဲ့ ပူ ဆွေး သော က အ ပေါ်
ညင် သာ စွာ ရှိုက် ယူ ကု စား
ကူး စက် ရော ဂါ တစ် မျိုး လို သွေး သား ကို ခမ်း ခြောက် စေ သည့်
ပူ ဆွေး ဝမ်း နည်း မှု အား
အ နက် အ ဓိ ပ္ပါ ယ် အ သစ် ဖွင့် ဆို ပေး သွား
ဤ ဟန် ဤ အ နေ အ ထား မျိုး နှင့် သာ
အ ရှင့် အား တ ပည့် တော် ဖူး မြင် မိ ပါ တယ် ဘု ရား။ ။
Daya Pawar (From Kondvada published in 1974)
translated into Burmese (Myanmar) by Min Ye Eain
#မင်းရဲအိမ် (ပြန်ဆိုသူ)
#ငြိမ်းချမ်းရေးရောင်းတဲ့ဆိုင်

I never see you sitting in
Jeta's garden
sitting with your eyes closed
in meditation, in the lotus position,
or
in the caves of Ajanta and Ellora
with your stone lips sewn shut
sleeping the last sleep of your life.
I see you
walking, talking
breathing softly, healingly,
on the sorrow of the poor, the weak,
going from hut to hut
in the life-destroying darkness,
torch in hand,
giving the sorrow
that drains the blood
like a contagious disease
a new meaning.

translated into Burmese (Myanmar) by Min Ye Eain
#မင်းရဲအိမ် (ပြန်ဆိုသူ)

Address

Monywa

Alerts

Be the first to know and let us send you an email when Poetry in Translation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share