St.Joseph Catholic Church - "Monywa"

St.Joseph Catholic Church - "Monywa" St.Joseph….Pray for us

08/05/2026

10.5.2025 (Sunday)
မစ္ဆားတရားမရှိပါ

25/04/2026

(26.4.2026)
တနင်္ဂနွေနေ့ မစ္ဆားတရား မနက်မရှိပါ
နိုဗီနာမစ္ဆားတရား ညနေ၅:၀၀ သာရှိမည်

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများ(မြန်မာ) ၏ ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့ (ကောင်းသော သိုးထိန်းတနင်္ဂနွေနေ့)အတွက် နှိုး...
24/04/2026

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများ(မြန်မာ) ၏ ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့ (ကောင်းသော သိုးထိန်းတနင်္ဂနွေနေ့)အတွက် နှိုးဆော်စာ။

စိန်ဂျိုးဇက် အလံတင်ခြင်းနိုဗီနာ ပထမနေ့
22/04/2026

စိန်ဂျိုးဇက် အလံတင်ခြင်း
နိုဗီနာ ပထမနေ့

20/04/2026

စိန်ဂျိုးဇက်နိုဗီနာ မစ္ဆားတရားတော်မြတ်ကို
၂၂ရက်နေ့မှစ၍ ညနေ၅:၀၀ တွင်ပြုလုပ်မည်ဖြစ်ပါသည်။

Happy Easter 🐣🐇🐰
05/04/2026

Happy Easter 🐣🐇🐰

ကြာသပတေးနေ့ကြီး    ➕ ဧပြီလ  ( ၂ ) သန့်ရှင်းသောကြာသပတေးနေ့➕        2 - Maundy Thursday (Holy Thursday)         #ဖတ်ဖြစ်အေ...
02/04/2026

ကြာသပတေးနေ့ကြီး
➕ ဧပြီလ ( ၂ ) သန့်ရှင်းသောကြာသပတေးနေ့➕
2 - Maundy Thursday (Holy Thursday)
#ဖတ်ဖြစ်အောင်ဖတ်ပါဓမ္မနဲ့ရင်းနီးပါလိမ့်မည်။
“ သန့်ရှင်းတဲ့ကြာသပတေးနေ့သည် နောက်ဆုံးညစာစားပွဲ
ကို ကျင်းပ ခဲ့ပြီး သခင်ယေဇူက ရဟန်းသိက္ခာတင်ခြင်း
နှင့် ကိုယ်တော်မြတ် စက္ကရမင်တူး နှစ်ခုကို ဖွဲ့စည်း
တည်ထောင် ခဲ့သည့် နေ့ထူး​နေ့မြတ် ဖြစ်ပါသည်။
“ ယုံကြည်သူများအတွက် လျှို့ဝှက်ဆန်းကြယ်သည့်
နက်နဲလှသည့် အချက် ( ၃၂ ) ချက်။
၁။ သန့်ရှင်းသော ကြာသပတေးနေ့သည် သမိုင်း
တစ်လျှောက် အရေးကြီးဆုံးနေ့များထဲမှ တစ်ခု
ဖြစ်သည်။
၂။ ယေဇူးခရစ်တော်၏ အသက်တာတွင်လည်း သူ၏
သာသနာ သွန်သင်းခြင်း၏ နောက်ဆုံးသောနေ့ ဖြစ်
သလို အရေးကြီးဆုံးသောည တစ်ညလည်း ဖြစ်ခဲ့
ပါသည်။
#ဒါတွေကတော့သိထားသင့်တဲ့အချက်များဖြစ်သည်။
၃။ သခင်ယေရှုသည် နောက်တစ်နေ့တွင် ကားတိုင်ပေါ်
တွင် အသေခံမည်ကို သိတော်မူ၏။
၄။ ထို့ကြောင့် ပသခါပွဲကျင်းပရန် အထက်ခန်းသုံးဆောင်
ရန် ပေတရု နှင့် ယောဟန်တို့ကို စေလွှတ်ခဲ့သည်။
( လုကာ ၂၂:၈ )
၅။ သခင်ယေဇူးသည် ကိုယ်တော်မြတ် စက္ကရာမ္မင်းတူး နှင့်
ရဟန်းသိက္ခာစက္ကရာမ္မင်းတူးကို ထိုညတွင်တည်ထောင်
ပြီး၊ တမန်တော်များနှင့်အတူ ပွဲတော်ကို ကျင်းပခဲ့
ကြသည်။( မသဲ ၂၆:၂၆-၂၈ ➕ လုကာ ၂၂:၂၉၊၃၀ )
၆။ ထိုည၌ ပူဇော်သက္ကာဟူသည်မှာ သန့်ရှင်းသော
အသင်းတော်ကို အစပြုခြင်းလည်း ဖြစ်ပေသည်။
၇။သူသည် တစ်ဖန်ပြန်ကြွလာမချင်း ခေတ်ကာလ
တစ်လျှောက်လုံး လက်ဝါးကပ်တိုင်ပူဇော်သက္ကာကို
ဆက်လက်တည်မြဲစေရန်အတွက်၊ သူ၏ချစ်လှစွာသော
အသင်းတော်၊ သူသေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း
အောက်မေ့ဖွယ်- ချစ်ခြင်းမေတ္တာမင်္ဂလာ၊ စည်းလုံးခြင်း
လက္ခဏာ၊ ပရဟိတနှောင်ကြိုး နှင့် ပါစကားပွဲတော်၏
ကျေးဇူးတော်နှင့် ပြည့်စုံသော၊ အနာဂတ်ဘုန်းအသရေ
ကို ငါတို့အား ပေးတော်မူသည်။
၈။ ကိုယ်တော်မြတ် စက္ကမင်းတူးဟူသည် ခရစ်ယာန်
အသက်တာ၏ရင်းမြစ်နှင့် အထွတ်အထိပ်ဖြစ်သည်။
၉။ အကြောင်းမူကား၊ ခရစ်တော်သည် ကျွန်ုပ်တို့၏
( ပါစကား ) ဟုခေါ်သော အသင်းတော်၏ ဝိညာဉ်ရေး
ကောင်းကျိုး အလုံးစုံ ဖြစ်ပေသည်။
၁၀။ ထိုညမှာပင် တမန်တော်တွေရဲ့ခြေကို ဆေးကြော
ပေးသည်။ ( ယော ၁၃: ၁၄ )

#အချင်းချင်းချစ်ကြစေသော ပညတ်သစ်ကို တည်ထောင်ခြင်း။
#မဿဲ ၂၂: ၃၇-၄၀ )
#အရှင်ဘုရားပညတ္တိကျမ်းကအဘယ်နည်း။
၁၁။ ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို
စိတ်နှလုံးအကြွင်းမဲ့၊ ချစ်လော့ဟု မိန့်တော်မူ၏။
၁၂။ ဤသည်မှာ ပဌမဆုံးနှင့် ကြီးမြတ်သော ပညတ်
ဖြစ်သည်။
၁၃။ ဒုတိယအချက်မှာ၊ သင်သည် ကိုယ်နှင့်စပ်ဆိုင်သောသူ
ကို ကိုယ်နှင့်အမျှ ချစ်ရမည်။
၁၄။ ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့်
သဘောတူ၏။
၁၅။ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့်
အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်
သတည်းဟု မိန့်တော်မူ၏။
၁၆။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းကို ချစ်သော
မေတ္တာသည် သူ၏ဧဝံဂေလိတရား၏ အခြေခံအုတ်မြစ်
ဖြစ်ကြောင်း ယေရှုသွန်သင်ခဲ့သည်။
၁၇။ ဓမ္မအမှုပြီးဆုံးခါနီးတွင်၊ သူသည် ဤသွန်သင်ချက်ကို
အကျယ်တဝင့် သင်ကြားပေးခဲ့သည်။
၁၈။ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာရှိ
သောအခါ၊ ကျွန်ုပ်ပတ်ဝန်းကျင်ရှိလူများကို ပို၍
စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် သနားကြင်နာတတ်ခြင်း
တို့ကြောင့် ယေရှုကဲ့သို့ဖြစ်ရန် ပိုမို လွယ်ကူသည် သာ
မက လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍
ကျွန်ုတို့ကို ခရစ်တော်၏တပည့်များ ဖြစ်ကြသည်ကို
သိကြလိမ့်မည်ဖြစ်သည်။ ( ရှင်ယောဟန် ၁၃:၃၅ )
၁၉။ တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့ “ပညတ်သစ်” ကို
တည်ထောင်ခဲ့သည်။
၂၀။ ယုဒသည် သူ့ကို သစ္စာဖောက်မည်ဟု မိန့်တော်မူသည်။
၂၁။ ပေတရုသည် တမန်တော်များကြားတွင် အထူး
သင်းအုပ်တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။
၂၂။ ပေတရုက သူ့ကို ငြင်းပယ်မည့်အကြောင်း
မိန့်တော်မူသည်။
၂၃။ သူ့နောက်လိုက်တွေရဲ့ စည်းလုံးညီညွတ်မှုအတွက်
ဆုတောင်းပေးခဲ့သည်။
၂၄။ သံလွင်တောင်ကိုသွား၍ ဂေသရှေမန်ဥယျာဉ်တွင်
ဆုတောင်းခဲ့သည်။
၂၅။ ထိုညတွင် ယုဒရှကာရုတ် က သစ္စာဖောက်ခဲ့သည်။
၂၆။ တပည့်တော်များကို ခုခံခြင်းမပြုရန် တားမြစ်ခဲ့သည်။
၂၇။ ပေတရုသည် ဓားဖြင့် ယဇ်ပုရောဟိတ်မင်း၏ ကျွန်
( မာလခု ) ၏နားရွက်ကို ခုတ်ဖြတ်လေသည်။
၂၈။ ၎င်းကို သခင်ယေဇူးက ချက်ချင်း ကုသပေးခဲ့သည်။
၂၉။ ယဇ်ပုရောဟိတ်မင်း အန္နတ်နှင့် ကယာဖတို့ရှေ့တွင်
ခေါ်ဆောင်သွားခဲ့သည်။
၃၀။ ထိုအခါ ပေတရုက သခင်ယေဇူးကို မသိကြောင်း
သုံးကြိမ် - သုံးခါ တိုင်တိုင် ငြင်းဆိုခဲ့သည်။
( ယော ၁၃: ၃၈ )
၃၁။ နောက်ဆုံး ဟေရုဒ်အမည်ရှိသော မင်းအိမ်တွင် ၎င်း၊
ပီလာတူးမင်းရုံးတော်သို့ သေစေဟူ၍ သခင်ယေဇူး
သည် စီရင်ဆုံးဖြတ်ခြင်းကို ခံတော်မူလေတကား။
၃၂။ လောကသားတွေကို တရားစီရင်မည့် သခင်ကို
အသားအရေ စုတ်ပဲ့ အောင် ရိုက်နက်ကြ၍၊ ကမ္ဘာ
ကုန်လျှင် မလွဲသက်ရှိသက်မဲ့ လူအပေါင်း တို့ကို၊ စီရင်
စစ်ကြောတော်မူအံ့သော ပုဂ္ဂ္ဂိုလ်မြတ် သည် သေစေဟူ၍
အသရေ မဲ့သူကဲ့သို့ တရားစီရင်ချက်ကို ခံတော်မူသည်။

#အခြေပြုကျမ်း
“ အထက်ပါရေးသားထားသောအရာအားလုံးသည်
အောက်ပါပေးထားသော “ အခန်းကြီးများ၌ရှိသည်။
#မိမိကိုယ်တိုင်ဖတ်လိုပါက။
မဿဲ ၂၆:
မာကု ၁၄:
လုကာ ၂၂:
ယော ခန်းကြီး ၁၃:

#နိဂုံးအနေနဲ့။
“ သခင်ယေရှုသည် ဘုရားဝတ်ပြုကိုးကွယ်ခြင်းကို
စတင်သောအခါ၊ " မုန့်နဲ့စပျစ်ရည်ကို ယူပြီး
ကောင်းကြီးပေးတော်မူ၍ " ဤအရာသည် ငါ၏
အသားဖြစ်၏ ဟူ၍ ၎င်း" ဤအရာသည် ငါ၏အသွေး
တော်ဖြစ်၏ " ဟူ၍ မင်္ဂလာစကားမြွတ်ဆိုကာ
ကိုယ်တော်မြတ်မင်္ဂတော်ကို ကျွန်ုပ်တို့အတွက်
ဖန်ဆင်းခြင်းဖြင့်၊ ဓမ္မသစ်၏ ကိုးကွယ်ခြင်းကို
ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

“ ၎င်းသည် အသင်းတော်၏ အသက်တာ (ဗဟိုချက်)
အဖြစ် ယနေ့ထိ ရှင်သန်နေဆဲဖြစ်သည်။
( Mt 14:22_24 / LK 22:17_20 / Ist Cor 11:23_25 )
#စေတနာမေတ္တာဖြင့်
#ကက်သလစ်ဓမ္မသုတဇုံ

Like and share အများသူငါ သိစေရန်အတွက်
27/03/2026

Like and share အများသူငါ သိစေရန်အတွက်

သန့်ရှင်းသောရက်သတ္တပတ်အတွက်အချိန်ဇယား
27/03/2026

သန့်ရှင်းသောရက်သတ္တပတ်အတွက်အချိန်ဇယား

17/02/2026

ဝါဝင်ပြာခံပွဲကိုညနေ ၄နာရီမှာကျင်းပမည်ဖြစ်ပါသည် မနက်ပိုင်းမရှိပါ

Address

Monywa

Website

Alerts

Be the first to know and let us send you an email when St.Joseph Catholic Church - "Monywa" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share