21/06/2026
ရှက့်ခဲ့ရတယ်။
==========
👉 ဆင်းရဲတဲ့ မိသားစုမှာ မွေးလာလို့
မရှက်ခဲ့ပါ။ စိတ်ထားပျော့ညံ့လို့
ရှက်ခဲ့ရတယ်။
👉 အတန်းပညာ မပြည့်စုံလို့ မရှက်ခဲ့ပါ။
ကောင်းကျိုးဆိုးကျိုး အကောင်းအဆိုး
မခွဲခြားနိုင်ခဲ့လို့ ရှက်ခဲ့ရတယ်။
👉 တဲစုတ်နဲ့နေလာခဲ့လို့ မရှက်ခဲ့ပါ။
စိတ်ထား စုတ်ပဲ့ခဲ့လို့ ရှက်ခဲ့ရတယ်။
👉 ရုပ်ဆိုးဆိုးဖြစ်နေလို့ မရှက်ခဲ့ပါ။
အကျင့်စရိုက် ဆိုးသွမ်းခဲ့လို့
ရှက်ခဲ့ရတယ်။
👉 ခေတ်မှီ အဝတ်အစား မဝတ်စားနိုင်လို့
မရှက်ခဲ့ပါ။ အကောင်းစားဝတ်ပြီး
မဟုတ်တရုတ် လုပ်နေခဲ့လို့ ရှက်ခဲ့
ရတယ်။
👉 လူအများရဲ့ လက်ညှိးထိုးဝေဖန်ခံရလို့
မရှက်ခဲ့ပါ။ လမ်းပြပေးသူနဲ့
တည့်မတ်ပေးသူကို လက်ညှိးထိုးမိလို့
ရှက်ခဲ့ရတယ်။
✍️ ဒီအရာတွေ ကြုံတွေ့ခံစားလာရင်း
ရှက်ကြောက်ရွံရှာရမယ့်အရာနဲ့ ရဲဝံ့စွာ
ရင်ဆိုင်တိုက်လှန်ရမည့်အရာတွေ
အနည်းငယ် ပိုင်းခြားသင်ယူခွင့်ရ
လာတယ်။
✝️ ရှင်ပေါလုက"စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့်
ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။ ပွဲ၌လူချင်းတိုက်သောသူ
မည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။ လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။ ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော"
ဟု ခွန်အားပေးခဲ့တယ်။(2Tim.2:4-7)