HiLong St.Anthony Parish, Mindat

HiLong St.Anthony Parish, Mindat Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HiLong St.Anthony Parish, Mindat, Religious organisation, St. Anthony Parish, Hilong, Mindat Diocese, Mindat.

"ဘုရားသခင်၏ အမှန်တရားသည် မည်သည့်အခါမျှ မှေးမှိန်သွားခြင်း မရှိပါ။  ကျွန်ပ်တို့အား အမှန်တရားကို ရှာဖွေရန် သတိပေး နှိုးဆော...
29/07/2026

"ဘုရားသခင်၏ အမှန်တရားသည် မည်သည့်အခါမျှ မှေးမှိန်သွားခြင်း မရှိပါ။
ကျွန်ပ်တို့အား အမှန်တရားကို ရှာဖွေရန် သတိပေး နှိုးဆော်ထားသကဲ့သို့၊ ကျွန်ပ်တို့၏ နှလုံးသားများသည် လမ်းခရီး၊ အမှန်တရားနှင့် အသက်ဖြစ်တော်မူသော ခရစ်တော်၌ အစဉ်အမြဲ အမြစ်တွယ်နေပါစေ။"

ပုပ်ရဟန်းမင်းကြီးလီယို၁၄
(Pope Leo XIV)

27/07/2026

"ကိုယ်တော်မြတ်ထံကျေးဇူးချီးမွမ်းမည်''

Happy Parents Dayကမ္ဘာပေါ် ရှိမိဘများအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ"သင့်ဘုရားသခင် ထာဝရဘုရ...
25/07/2026

Happy Parents Day
ကမ္ဘာပေါ် ရှိမိဘများအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ

"သင့်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း မိဘကို ရိုသေလော့။ သို့ပြုလျှင် သင့်အသက်ရှည်၍ သင့်အား ပေးတော်မူသော မြေပေါ်၌ မင်္ဂလာရှိလိမ့်မည်။" (တရားဟောရာကျမ်း ၅:၁၆)

CongratulationsSr.Elizabeth LingThung Awi စစ္စတာ၏ သင်္ကန်းရယူခြင်း မင်္ဂလာအခါသမယအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်...
22/07/2026

Congratulations
Sr.Elizabeth LingThung Awi

စစ္စတာ၏ သင်္ကန်းရယူခြင်း မင်္ဂလာအခါသမယအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်။
ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းကို ဝမ်းမြောက်စွာ ခံယူပြီး ကိုယ်တော်၏ ခြေတော်ရင်း၌ ဆက်ကပ်အပ်နှံလိုက်သည့်အတွက်ဘုရားသခင်ကိုဝမ်းမြောက်ကျေးဇူးတင်ရပါသည်။
စိန့်ဂျိုးဇက် (St. Joseph) ၏ နာခံခြင်း၊ နှိမ့်ချခြင်းနှင့် သစ္စာရှိခြင်း စံနမူနာများကို ယူဆောင်၍ သာသနာ့အမှုတော်လုပ်ငန်းများ၌ ဘုရားသခင်၏ မေတ္တာတော်ကို အစဉ်အမြဲ ထွန်းလင်းတောက်ပ​စေနိုင်ပါစေ။
ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ စစ္စတာ၏ သာသနာ့ခရီးစဉ်အစအလယ်အဆုံး၌ အစဉ်အမြဲ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

Hilong St.Anthony Parish,Mindat,Diocese 💒

ဇူလိုင်လတွင် ပုပ်ရဟန်းမင်းကြီး တောင်းဆိုထားသည့် အထူးဆုတောင်းရည်ရွယ်ချက် "လူ့အသက်ကို ရိုသေလေးစားကြရန်" (For respect for h...
16/07/2026

ဇူလိုင်လတွင် ပုပ်ရဟန်းမင်းကြီး တောင်းဆိုထားသည့် အထူးဆုတောင်းရည်ရွယ်ချက်
"လူ့အသက်ကို ရိုသေလေးစားကြရန်" (For respect for human life) ဖြစ်သည်။ ရဟန်းမင်းကြီးက အောက်ပါအတိုင်း ဆုတောင်းပေးကြရန် မှာကြားထားပါသည်

"လူ့အသက်သည် ဘုရားသခင်ပေးသနားတော်မူသော လက်ဆောင်မွန်တစ်ခုဖြစ်ကြောင်း သိမှတ်နားလည်ပြီး၊ လူ့ဘဝ၏ အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် လူ့အသက်ကို တန်ဖိုးထားရိုသေပြီး ကာကွယ်စောင့်ရှောက်နိုင်ကြရန် ဆုတောင်းကြပါစို့။"

"အို ဘုရားသခင်၊ လူသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဂုဏ်သိက္ခာကို တန်ဖိုးထား စောင့်ရှောက်နိုင်စေရန် ကျွန်ပ်တို့နှလုံးသားများကို ဖွင့်ဟပေးတော်မူပါ။"🙏
#ပုပ်ရဟန်းမင်းကြီးလီယို၁၄🙏

Our Lady of Mount Carmel, pray for us.🙏
16/07/2026

Our Lady of Mount Carmel, pray for us.🙏

Feast of Saint Bonaventureစိန့်ဗိုနာဗန်ချာ (Saint Bonaventure) သည် ခရစ်ယာန်များအတွက် လက်တွေ့ကျပြီး အလွန်နက်ရှိုင်းသည့် ဝ...
15/07/2026

Feast of Saint Bonaventure

စိန့်ဗိုနာဗန်ချာ (Saint Bonaventure) သည် ခရစ်ယာန်များအတွက် လက်တွေ့ကျပြီး အလွန်နက်ရှိုင်းသည့် ဝိညာဉ်ရေးရာ လမ်းညွှန်ချက်များနှင့် မှာကြားချက်များကို ချန်ထားရစ်ခဲ့သည်။ ၎င်းတို့အနက် အဓိကကျသော လမ်းညွှန်ချက် (၃)

၁။ နှလုံးသား၏ ချစ်ခြင်းမေတ္တာသည် ဦးနှောက်၏ အသိပညာထက် ပိုမိုအရေးကြီးသည်
သူသည် ထိပ်တန်းဓမ္မပညာရှင်တစ်ဦး ဖြစ်သော်လည်း ခရစ်ယာန်များအတွက် အရေးကြီးဆုံးအရာမှာ စာအုပ်စာပေများမှရသော "အသိပညာ" မဟုတ်ဘဲ၊ ဘုရားသခင်ကို ချစ်သည့် "နှလုံးသား၏ ချစ်ခြင်းမေတ္တာ" သာဖြစ်ကြောင်း အမြဲသွန်သင်ခဲ့သည်။

"ကျမ်းစာဖတ်ခြင်းသည် ဆန္ဒမရှိလျှင် အလင်းမပေးနိုင်၊ စဉ်းစားဆင်ခြင်ခြင်းသည် မေတ္တာမပါလျှင် အသိဉာဏ်မပွင့်နိုင်၊ စုံစမ်းရှာဖွေခြင်းသည် အံ့ဩကြည်ညိုခြင်းမရှိလျှင် ထိပ်ဆုံးသို့မရောက်နိုင်၊ ကြိုးစားအားထုတ်ခြင်းသည် ဘုရားဝတ်၌မမွေ့လျော်လျှင် အကျိုးမရှိနိုင်ပေ။"

၂။ ခရစ်တော်၏ ကားတိုင်တော်ကို အမြဲကြည့်ရှုဆင်ခြင်ရန်
သူသည် ခရစ်ယာန်များအား မိမိတို့၏ဝိညာဉ်ကို ဘုရားသခင်ထံ ပို့ဆောင်ပေးမည့် "တံခါး" နှင့် "လမ်းပြမြေပုံ" မှာ ယေရှုခရစ်တော်၏ ကားတိုင်တော်ပေါ်က အသေခံခြင်း ဖြစ်သည်ဟု မှာကြားခဲ့သည်။ ဒုက္ခဝေဒနာများနှင့် စမ်းသပ်မှုများ ကြုံရချိန်တွင် ကားတိုင်တော်ကို ကြည့်ခြင်းဖြင့် ဘုရားသခင်၏ အနန္တမေတ္တာကို ခံစားနားလည်နိုင်ရန် သူက လမ်းညွှန်ခဲ့သည်။

၃။ နှိမ့်ချသောစိတ်ထား ရှိရန်
သူ၏ သွန်သင်ချက်များတွင် "နှိမ့်ချခြင်း" (Humility) ကို အလွန်အလေးထားခဲ့သည်။ နှိမ့်ချမှုမရှိလျှင် မည်သည့်ကောင်းမြတ်သော ပါရမီမှ မတည်ဆောက်နိုင်ကြောင်းကို သူက ဤသို့ သတိပေးခဲ့သည် -

"မိမိကိုယ်ကို အောက်ကျို့နှိမ့်ချခြင်းသည် အခြားသော ကောင်းမြတ်သည့် ပါရမီအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အစောင့်အကြပ် ဖြစ်သည်။"

စစ်မှန်သော ပန်းတိုင်သည် ဘုရားသခင်အကြောင်းကို ဦးနှောက်ဖြင့် များစွာသိရှိရန်ထက်၊ ဘုရားသခင်ကို နှလုံးသားဖြင့် နက်ရှိုင်းစွာချစ်ပြီး ထိုမေတ္တာကို မိမိတို့၏ လက်တွေ့အသက်တာတွင် နှိမ့်ချစွာဖြင့် အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

(Saint Bonaventure Pray for us🙏)

Wednesday, 15 July 2026

"ငါသည် မြေကြီးပေါ်သို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးရန် ကြွလာသည်ဟု မထင်ကြနှင့်။ ငြိမ်းချမ်းရေးမဟုတ်၊ ဓားကိုသာ ဆောင်ကြဉ...
13/07/2026

"ငါသည် မြေကြီးပေါ်သို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးရန် ကြွလာသည်ဟု မထင်ကြနှင့်။ ငြိမ်းချမ်းရေးမဟုတ်၊ ဓားကိုသာ ဆောင်ကြဉ်းရန် ကြွလာခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ငါသည် သားကို ဖခင်နှင့်ဆန့်ကျင်စေ၍၊ သမီးကို မိခင်နှင့်ဆန့်ကျင်စေ၍၊ ချွေးမကို ယောက္ခမနှင့်ဆန့်ကျင်စေရန် ကြွလာခြင်းဖြစ်၏။ လူတစ်ယောက်၏ ရန်သူများသည် သူ့အိမ်သားများပင် ဖြစ်ကြလိမ့်မည်။

ငါ့ထက် ဖခင် သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သား သို့မဟုတ် သမီးကို ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါနှင့်မထိုက်တန်။

အသက်ကို ရှာသောသူသည် ထိုအသက်ကို ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ကို ဆုံးရှုံးသောသူမူကား ထိုအသက်ကို တွေ့လိမ့်မည်။

သင်တို့ကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို လက်ခံခြင်းဖြစ်၏။
ပရောဖက်တစ်ဦးကို ပရောဖက်ဖြစ်သောကြောင့် လက်ခံသောသူသည် ပရောဖက်၏ ဆုလာဘ်ကို ရလိမ့်မည်။ ဖြောင့်မတ်သောသူကို ဖြောင့်မတ်သောကြောင့် လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ ဆုလာဘ်ကို ရလိမ့်မည်။

ဤသူငယ်လေးများထဲမှ တစ်ဦးဦးအား တပည့်ဖြစ်သောကြောင့် ရေအေးတစ်ခွက်မျှ တိုက်သောသူသည်ပင် မိမိ၏ ဆုလာဘ်ကို လုံးဝ မဆုံးရှုံးရဟု အမှန်အကန်ငါဆိုသည်။"
ယေရှုသည် မိမိ၏တပည့်တော် ၁၂ ပါးတို့အား ဤပညတ်တော်တို့ကို မိန့်ကြားပြီးနောက် ထိုအရပ်မှ ထွက်ခွာ၍ သူတို့၏မြို့များတွင် သွန်သင်ခြင်းနှင့် ဟောပြောခြင်းကို ပြုတော်မူ၏။

ယေရှုက "ငါ့ကို ဦးစားပေးပါ၊ လက်ဝါးကပ်တိုင်ကိုထမ်းပါ" လို့ အလေးအနက်တောင်းဆိုထားတာကို တွေ့ရတယ်။ ဒါပေမယ့် နောက်ဆုံးမှာ "ရေအေးတစ်ခွက်တိုက်တာတောင် ဆုလာဘ်ရှိတယ်" ဆိုပြီး သေးငယ်တဲ့ ကောင်းမှုတွေကိုလည်း တန်ဖိုးထားပေးတာတွေ့ရပါသည်။

လောကကြီးမှာ စစ်ပွဲတွေ၊ မငြိမ်သက်မှုတွေနဲ့ သတင်းဆိုးတွေ ပြည့်နှက်နေတဲ့အခါမျိုးမှာ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုတွေ ဝင်လာတ...
12/07/2026

လောကကြီးမှာ စစ်ပွဲတွေ၊ မငြိမ်သက်မှုတွေနဲ့ သတင်းဆိုးတွေ ပြည့်နှက်နေတဲ့အခါမျိုးမှာ စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုတွေ ဝင်လာတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ သားသမီးများဖြစ်တဲ့ ခရစ်ယာန်ယုံကြည်သူတွေအတွက်ကတော့ ကျွန်ပ်တို့ကို စောင့်ရှောက်နေတဲ့၊ လောကထက်ကြီးမြတ်တဲ့ ဘုရားသခင်ရှိနေတာကြောင့် စိတ်နှလုံးထဲမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်းကို ခံစားလို့ရပါတယ်။

✝ကျမ်းစာတော်မြတ်လာ နှုတ်ကပတ်တော်များနှင့်အညီ 📖

✝📖 လောက၌ သင်တို့သည် ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကြနှင့်
ယေရှုခရစ်တော်က လောကမှာ ဒုက္ခတွေ၊ စစ်ပွဲတွေရှိလာမယ်ဆိုတာကို ကြိုတင်မိန့်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဒုက္ခတွေထဲမှာပဲ လဲကျမသွားဖို့ ရဲရင့်ခြင်းအင်အားကိုလည်း ပေးထားပါတယ်။

"ငါ၌ သင်တို့သည် ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ လောက၌ သင်တို့သည် ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကြနှင့်။ ငါသည် လောကကို အောင်ပြီ။" (ယောဟန်ခရစ်ဝင် ၁၆:၃၃)

လောကကြီး ဘယ်လောက်ပဲ ပျက်စီးခြင်းတွေနဲ့ ပြည့်နေပါစေ၊ သခင်ယေရှုဟာ အရာအားလုံးကို အောင်နိုင်ပြီးသားဖြစ်လို့ ကိုယ်တော်၌ ခိုလှုံတဲ့သူတွေဟာလည်း စစ်မှန်တဲ့ ငြိမ်သက်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

✝ 📖ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်သည်
ဘေးဒုက္ခတွေ ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဘုရားသခင်ဟာ ကျွန်ပ်တို့ကို ကာကွယ်စောင့်ရှောက်မယ့် ခိုင်ခံ့တဲ့ရဲတိုက်ကြီး ဖြစ်ပါတယ်။

"ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ၌ အလွန်အမှီပြုအပ်သော အကူအညီဖြစ်တော်မူ၏။ သို့ဖြစ်၍၊ မြေကြီးသည် ရွေ့သော်လည်းကောင်း၊ တောင်တို့သည် သမုဒ္ဒရာအလယ်သို့ နစ်သော်လည်းကောင်း ငါတို့သည် မကြောက်ရ။" (ဆာလံကျမ်း ၄၆:၁-၂)

ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးယိုယွင်းနေရင်တောင် ဘုရားသခင်ရဲ့ လက်တော်အောက်မှာ ဘေးကင်းလုံခြုံမှု ရှိနေတယ်ဆိုတာကို ယုံကြည်စိတ်ချပါ။

✝📖 မစိုးရိမ်ဘဲ ဆုတောင်းခြင်းဖြင့် အပ်နှံပါ
စစ်ပွဲသတင်းတွေကြားရလို့ စိတ်ပူပန်မှုတွေ ဝင်လာတဲ့အခါ အဲဒီစိုးရိမ်ခြင်းတွေကို ဘုရားသခင်ဆီ ဆုတောင်းခြင်းအားဖြင့် ပုံအပ်လိုက်ပါ။

"အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ ခပ်သိမ်းသောအမှုတို့၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပန်လျှောက်ခြင်းအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် နားမလည်နိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
" (ဖိလိပ္ပိဩဝါဒစာ ၄:၆-၇)

လူ့ဉာဏ်နဲ့ စဉ်းစားလို့မရနိုင်တဲ့ ငြိမ်သက်ခြင်းမျိုးကို ဘုရားသခင်က သင့်စိတ်နှလုံးထဲမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ မြင်တွေ့နေရတဲ့ စစ်ပွဲတွေနဲ့ မငြိမ်သက်မှုတွေဟာ ကျမ်းစာထဲကအတိုင်း နောက်ဆုံးသောကာလရဲ့ နိမိတ်လက္ခဏာများ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့တုန်လှုပ်နေမယ့်အစား၊ ကျွန်ပ်တို့ရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေပြီး "မြေကြီးစွန်းတိုင်အောင် ငါသည် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်" လို့ ကတိပေးထားတဲ့ ဘုရားသခင်ကို မျှော်ကြည့်ကြပါစို့။

မျက်မှောက်ခေတ်ရဲ့ ဒုက္ခတွေဟာ ခဏတာသာဖြစ်ပြီး၊ ဘုရားသခင် ပြင်ဆင်ထားတဲ့ ထာဝရဘုန်းအသရေကတော့ ပိုမိုကြီးမြတ်ပါတယ်။ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ မိမိပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်အတွက်နှင့် ကမ္ဘာကြီးအတွက် မေတ္တာစိတ်နဲ့ ဆက်ကပ်ဆုတောင်းပေးနိုင်တဲ့ စစ်မှန်တဲ့ အလင်းနဲ့ ဆားများ ဖြစ်ကြပါစေ🙏

12/07/2026

Address

St. Anthony Parish, Hilong, Mindat Diocese
Mindat

Website

Alerts

Be the first to know and let us send you an email when HiLong St.Anthony Parish, Mindat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share