𝗛𝗮𝗿𝘃𝗲𝘀𝘁 𝗠𝗶𝘀𝘀𝗶𝗼𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲

  • Home
  • Myanmar
  • Maymyo
  • 𝗛𝗮𝗿𝘃𝗲𝘀𝘁 𝗠𝗶𝘀𝘀𝗶𝗼𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲

𝗛𝗮𝗿𝘃𝗲𝘀𝘁 𝗠𝗶𝘀𝘀𝗶𝗼𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 𝗝𝗢𝗛𝗡 𝟰:𝟯𝟱

2026-2027 ဓမ္မပညာသင်နှစ် ဖွင့်ပွဲရောက်လာကြတဲ့ ဆရာ/ဆရာမများ၊ သင်းထောက်များနဲ့ အသင်းသူ/သားများအားလုံးကို ကျေးဇူးတင်ပါတယ်။
07/07/2026

2026-2027 ဓမ္မပညာသင်နှစ် ဖွင့်ပွဲ
ရောက်လာကြတဲ့ ဆရာ/ဆရာမများ၊ သင်းထောက်များနဲ့ အသင်းသူ/သားများအားလုံးကို ကျေးဇူးတင်ပါတယ်။

HMC ကျမ်းစာကျောင်းရဲ့ 2026 - 2027 ဓမ္မပညာသင်နှစ်ကို 7.7.2026 (Tuesday / အင်္ဂါ‌) နေ့မှာ ဖွင့်လှစ်သွားပါမယ်။ ဒီနှစ်ကနေစပြ...
03/07/2026

HMC ကျမ်းစာကျောင်းရဲ့ 2026 - 2027 ဓမ္မပညာသင်နှစ်ကို 7.7.2026 (Tuesday / အင်္ဂါ‌) နေ့မှာ ဖွင့်လှစ်သွားပါမယ်။ ဒီနှစ်ကနေစပြီးတော့ ကျမ်းစာကျောင်းကို နေရာသစ်မှာ ပြောင်းရွေ့မှာဖြစ်လို့ ကျောင်းတက်မည့် ကျောင်းသား/သူ Junior/Senior များ ကျောင်းသို့ 6.7.2027 (တနင်္လာ‌) နေ့ကို ရောက်ရက်အဖြစ် အရောက်လာကြဖို့ အသိပေးကြေငြာလိုပါတယ်။

ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် လက်စသတ်ဖို့ရန် ကျန်နေသေးတဲ့အတွက် ရောက်လာကြတဲ့ ​ကျောင်းသား/သူများအ​နေနဲ့ ​ကျောင်းဖွင့်စမှာ ​နေရာအခက်အခဲ ရှိနိုင်​ကြောင်းလည်း ကြိုတင် အသိ​ပေးချင်ပါတယ်။

ကျောင်းသား/သူများအနေနဲ့ ...
- ကျောင်းတက်နေစဉ်ကာလအတွင်း ကျောင်းမှချမှတ်ထားသော စည်းကမ်းများကို မလွဲ၊ မသွေ လိုက်နာကြရပါမယ်။

- အခြေခံအားဖြင့် ဥပဒေနှင့် မလွတ်ကင်းသောအရာများနဲ့ လုံးဝကင်းရှင်း ကြရမှာဖြစ်တဲ့အတွက် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနဲ့ မိမိတို့နဲ့ သက်ဆိုင်သည့် မိခင်အသင်းတော်မှ သင်းအုပ်ဆရာရဲ့ ထောက်ခံစာများ တပါတည်း ယူဆောင်လာကြရပါမယ်။

- ကျောင်းတက်နေစဉ်အတွင်း ကျောင်းသား/သူ အချင်းချင်းဖြစ်စေ ကျောင်းတွင်း၊ ကျောင်းပြင် ရန်ဖြစ်ခြင်းများကို Warning ထပ်ပေးမည်မဟုတ်ပဲ ယခု ဤတစ်ကြိမ်တည်းဖြင့် ကန့်သတ်ထားပြီးဖြစ်ကြောင်း သတိပြုမိစေလိုပါတယ်။

- အမှုတော်ဆောင်များကို မွေးထုတ်ပေးသည့်ကျောင်း ဖြစ်သည့်အားလျော်စွာ စာရိတ္တ ပျက်ပြားမှုများအပေါ် နားလည်မှုဖြင့် ခွင့်လွှတ်ပေးမည်မဟုတ်ပါ။

- ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သာမန်ထက် ပို၍ရင်းနှီးသော ဆက်ဆံရေးများကိုလည်း ကျောင်းတက်နေစဉ်ကာလအတွင်း အများသူငှါရှေ့ မထီမဲ့မြင်ပြုစရာဖြစ်စေနိုင်သည့် အပြုအမူမျိုးကို လုံးဝ ရှောင်ကျဉ်နိုင်ကြရပါမယ်။

- ဆရာများအပေါ် အပြောအဆို၊ အမှုအရာများနဲ့ ရိုင်းပျခြင်းများ မပြုလုပ်ကြဖို့ရန်လည်း သတိပေးပါတယ်။

- ကျောင်းက ချမှတ်ထားသော အချိန်ဇယားများအတိုင်း ဓမ္မပညာသင်နှစ်အတွင်း ဖျားနာနေသည်မှလွဲ၍ (တာဝန်ခံဆရာခွင့်ပြုမှသာလျှင်) ကျောင်းသား/သူတိုင်း ချို့ယွင်းချက်မရှိ လိုက်နာကြရမည်။

- နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) သို့မဟုတ် လျောက်ထားကြောင်း အထောက်အထားလည်း မမေ့မလျော့ပဲ ယူဆောင်လာကြရပါမယ်။

- အခြားသော တကိုယ်ရေအသုံးအဆောင် အိပ်ယာ၊ ခြင်ထောင်၊ ခေါင်းအုံး၊ စောင် (ဖြစိနိုင်လျှင် ဆောင်းတွင်းအတွက် ဆောင်အထူ လိုအပ်နိုင်သည့်အတွက်) ယူဆောင်လာခဲ့ရပါမယ်။

- ကျမ်းစာအုပ်၊ မှတ်စု၊ ဘာသာရပ် တစ်ခုစီတိုင်းအတွက် မှတ်စု ဗလာစာအုပ် များ၊ ရေးမှတ်ရန် ဘောပင်၊ ခဲတံများလည်း ယူဆောင်လာခဲ့ကြပါ။

- ကျောင်းသားများအနေနဲ့ ရှပ်အင်္ကျီအဖြူရောင်လက်ရှည်နဲ့ အမဲရောင်စတိုင်လ်ပန် (စတိုင်ဘောင်းဘီ) နှင့် ကျောင်းသူများအနေနဲ့ အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ အမဲရောင် (သို့မဟုတ်) နက်ပြာရောင်ထမိန်/ထဘီ တို့ကိုလည်း ကျောင်းတက်မည့်သူများ ကြိုတင် ပြင်ဆင်လာကြပါ။

- Senior ကျောင်းသား/သူများအနေနဲ့ အရှေ့နှစ်က မိမိတို့ H.M.C မှာ ‌တက်ခဲ့စဉ် ကျောင်းမှထုတ်ဝေခဲ့သော ကျောင်း Logo ပါ ကျောင်းဝတ်စုံများကိုလည်း မမေ့မလျော့ပဲ တပါးတည်းပြန်လည်ယူဆောင်လာကြပါ။

- ကျောင်းသား/သူများအားလုံး ကျောင်းမှ ထုတ်ဝေမည့် ကျောင်း Logo ပါ ကျောင်းဝတ်စုံကိုလည်း ကျောင်းမှ ထုတ်ဝေသည့်အခါ ဝယ်ယူကြရမည်။

- တစ်နှစ်စာ ကျောင်းလခကို အနည်းဆုံးတစ်ကြိမ်၊ အများဆုံး သုံးကြိမ်ခွဲပေးနိုင်ပါတယ်။ (July, October, December)

- ကျောင်းစည်းကမ်းများကိုလည်း လိုအပ်သလို ထပ်မံ‌ဖြည့်သွင်းသည့်အခါ လိုက်နာကြရမည်မှာ ကျောင်းသား/သူ တိုင်းရဲ့ တာဝန်ဖြစ်သည်ဟု သိမှတ်ပြီး လိုက်နာကြဖို့နဲ့ စည်းကမ်းများ မလိုက်နာနိုင်ပါက ကျောင်းရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ကြောင်း သိမှတ်ထားကြရန် ကြိုတင်အသိ/သတိပေးလိုက်ပါတယ်။

27/03/2026

❝ ရာစုသစ်ရဲ့လူငယ်များ ❞
𝗛𝗠𝗖 ကျောင်းသား/သူများ
𝗘𝗕𝗔 မိခင်ကြီး/အမျိုးသမီးများက ရိတ်သိမ်းချိန် ကျောင်းသား/သူများနဲ့ ကျောင်းမပိတ်ခင်လေးမှာ လာရောက်မိဿဟာယဖွဲ့ရင်း ခွန်အားပေးရင်း နှုတ်ဆက်ခဲ့ကြစဉ်က ... (နေရာဟောင်းလေးမှာ နောက်ဆုံးလုပ်ခဲ့တဲ့ အသင်းတော် အမျိုးသမီးအစည်အစဉ်လေး)

08/03/2026

Graduation သီချင်းတိုက်

08/03/2026

Graduation နေ့အတွက် သီချင်းတိုက်တုန်းက

07/03/2026

သင်လိုသောအရာ
𝗛𝗠𝗖 (𝟮𝟬𝟮𝟱-𝟮𝟬𝟮𝟲 𝗙𝗶𝗿𝘀𝘁 𝗬𝗿𝘀. 𝗦𝘁𝘂𝗱𝗲𝗻𝘁𝘀)

𝗛𝗠𝗖 ကျမ်းစာကျောင်းရဲ့ နေရာဟောင်းလေးမှာ ဆယ်စုနှစ် ၂ ခုကျော် (၂၁ နှစ်) လောက် ဘုရားအသုံးပြုခွင့်ပေးလို့ သုံးခွင့်ရခဲ့တာတွေအ...
03/03/2026

𝗛𝗠𝗖 ကျမ်းစာကျောင်းရဲ့ နေရာဟောင်းလေးမှာ ဆယ်စုနှစ် ၂ ခုကျော် (၂၁ နှစ်) လောက် ဘုရားအသုံးပြုခွင့်ပေးလို့ သုံးခွင့်ရခဲ့တာတွေအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။
နေရာသစ်မှာ အစစ၊ အရာရာ ပိုအဆင်ပြေဖို့ မျှော်လင့်လို့ ရွှေ့ပြောင်းရမှာ ဖြစ်ပေမယ့် ၂၁ နှစ်စာ သံယောဇဉ်ရှိထားတာဖြစ်လို့ ထားခဲ့ရတာ စိတ်မကောင်းဖြစ်နေမိတယ်။
ဒါပေမယ့် "သာ၍ကောင်းဖို့အတွက်ကြံစည်တဲ့ ကိုယ်တော်၌စိတ်ချတယ် ...”

Graduation အတွက် rehearsal ကို ဘုရားကျောင်းမှာ နေ့လည် 12:00 နာရီကျရင် ပြုလုပ်ဖို့ရှိပါတယ် (ဘွဲ့ယူမည့်ကျောင်းသား/သူများ 1...
06/02/2026

Graduation အတွက် rehearsal ကို ဘုရားကျောင်းမှာ နေ့လည် 12:00 နာရီကျရင် ပြုလုပ်ဖို့ရှိပါတယ် (ဘွဲ့ယူမည့်ကျောင်းသား/သူများ 11:30 ကတည်းက အရောက်လာပေးကြပါ)

H.M.C ကျောင်းသား/သူများနဲ့ ဆရာများတို့အတွက် ပျော်ရွှင်စရာကောင်းသော အပန်းဖြေခရီးစဉ်တစ်ခုကို February 4th. 2026, Wednesday...
04/02/2026

H.M.C ကျောင်းသား/သူများနဲ့ ဆရာများတို့အတွက် ပျော်ရွှင်စရာကောင်းသော အပန်းဖြေခရီးစဉ်တစ်ခုကို February 4th. 2026, Wednesday မှာ ကျောင်းမပိတ်မှီ အတူတကွ ကုန်ဆုံးခွင့်ရတဲ့အတွက် ပို့ဆောင်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးအထူးတင်တယ် (Part - 2)

H.M.C ကျောင်းသား/သူများနဲ့ ဆရာများတို့အတွက် ပျော်ရွှင်စရာကောင်းသော အပန်းဖြေခရီးစဉ်တစ်ခုကို February 4th. 2026, Wednesday...
04/02/2026

H.M.C ကျောင်းသား/သူများနဲ့ ဆရာများတို့အတွက် ပျော်ရွှင်စရာကောင်းသော အပန်းဖြေခရီးစဉ်တစ်ခုကို February 4th. 2026, Wednesday မှာ ကျောင်းမပိတ်မှီ အတူတကွ ကုန်ဆုံးခွင့်ရတဲ့အတွက် ပို့ဆောင်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးအထူးတင်တယ် (Part - 1)

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when 𝗛𝗮𝗿𝘃𝗲𝘀𝘁 𝗠𝗶𝘀𝘀𝗶𝗼𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share