26/06/2026
လေးမြတ်စွာဖြင့် အသိပေး #ဖိတ်ကြားအပ်ပါသည် 🙏
🙏 #ဓမ္မသံဝေဂများစွာ ဖြစ်ရပါတယ်ဘုရား
ဦးဇင်းကြီး ဦးသုစိတ္တ
သက်တော် (၇၆) နှစ်၊ သိက္ခာတော် (၇) ဝါ
ကျန်းမာရေး ကောင်းနေပါလျက်
ရုတ်တရက် သတိလစ်သွား၍ 🙏
26. 6. 2026
ဒီနေ့ မနက် ၈ နာရီ၌ ဖြစ်ဖြစ်ချင်း
ဆေးရုံသို့ အမြန်ပို့နေစဉ် လမ်း၌
ပျံလွန်တော်မူသွားပါသည်။
🙏 ခုမြင် ခုပျောက် မြန်လိုက်တာ ဘုရား🙏
🙏ရပ်ဝေး ရပ်နီးမှ
ဆရာတော် သံဃာတော်များနှင့်
ဒကာ/မ အပေါင်းတို့အား
ဓမ္မသံဝေဂ တရားနှလုံးသွင်းနိုင်ရန်အလို့ငှာ
အသိပေး ဖိတ်ကြားအပ်ပါသည်။ 🙏
🙏နေ့ရက် - 27.6.2026
🙏နေရာ - မဟာပုရိသကျောက်ဂူတောရ
🙏အချိန် - မနက် 10 နာရီ၌
အတူတကွ ကုသိုလ်ပြု ၊
ရေစက်ချ ၊ အမျှဝေ၍🙏
နေ့လည် ၂ နာရီအချိန်တွင်
ကျောင်းဝန်းတွင်း၌
မီးသဂြိုဟ်မည် ဖြစ်ပါသည်။
မမျှော်လင့်ဘဲ ရုတ်တရက် သေတတ်သည်။
မသေခင် တရားထူးရအောင်
ကြိုးစားမှ သင့်တော့မည်။
🙏 " အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ ၊ တေသံ ဝူပသမော သုခေါ’’။🙏
🙏''ဖြစ်ခြင်း ပျက်ခြင်းသဘောရှိ၍
ပြုပြင်ရသော 'သင်္ခါရ' တရားတို့သည်
မမြဲလေ ကုန်စွတကား၊
ဖြစ်ပေါ်ပြီးနောက်
ချုပ်ပျောက်လေကုန်စွတကား၊
ထို (သင်္ခါရတရား) တို့၏
ငြိမ်းခြင်းသည်သာလျှင်
ချမ်းသာပေလိမ့်မည်တကား'' 🙏
🌿 သက်ရှည် ကျန်းမာ စိတ်ချမ်းသာပြီး
တရားထူး တရားမြတ်များ
လျှင်မြန်စွာ သိမြင်ခံစားနိုင်ကြပါစေ....🌾
#အကျိုးတော်ဆောင်အဖွဲ့
☎ 09777758881, 09665071833,
09665357623 , 09698883283
🍁 #မဟာပုရိသကျောက်ဂူတောရ MNC
ပြင်ဦးလွင် ၊ ပိတ်ချင်းမြောင် ရေတံခွန်နှင့်
( ၃ ) မိုင်ခန့်အကွာ ၊ နောင်ချိုမြို့နယ်အဝင်
ပြင်ဦးလွင် - လားရှိုး လမ်းမကြီး ၊
မိုင်တိုင် ၅၇/ ၁ ၊🌲 ထင်းရှူးတောရှေ့🌲
နမ်းလင်းခမ်ရွာအနီး ၊ ဘော်လှိုင်တောင်တန်း ။ 🍁
▶️🌲MNC ရိပ်သာ - YouTube
https://youtube.com/channel/UC_EGAHWt3gI66OGAqCgaj6A
🌲 ရိပ်သာ - Tiktok
mnc.meditation.center
🌲 ရိပ်သာ - Fb page
https://www.facebook.com/share/1KgLaUMR9p/
🌿 ရိပ်သာ - Fb Group
https://www.facebook.com/groups/196725388258682/?ref=share
🍂 ရိပ်သာ - google Map မြေပုံ
https://maps.app.goo.gl/Gu22ZiyfFmTMyjJe6
#ဓမ္မ #တရား #ဝိပဿနာ