တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်

  • Home
  • Myanmar
  • Maymyo
  • တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်

တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော် တောင်ပုလ
(1)

နတ်လူသာဓုခေါ်စေသော်ဝ်။
26/08/2026

နတ်လူသာဓုခေါ်စေသော်ဝ်။

🙏🙏🙏🙏🙏
26/08/2026

🙏🙏🙏🙏🙏

" #အပေါင်းအသင်း ၄ မျိုး ထဲမှာ စိတ်ကောင်းလေးနဲ့သာပေါင်းပါ"
🙏 🙏 🙏 🙏 🙏 🙏 🙏

အပေါင်းအသင်း ၂ မျိုးစီ ရှိတယ်..
ပေါင်းလိုက်ရင် ၄ မျိုး ပေါ့ .
နံပတ် တစ်..
၁.အတွင်းသူတော်ကောင်းရယ်
၂.အပြင်သူတော်ကောင်းရယ်

၃.အတွင်းသူယုတ်မာရယ်
၄.အပြင်သူယုတ်မာရယ်

#အပြင်သူယုတ်မာဆိုတာ...
ကိုယ့်ကိုဆင်းရဲအောင် ကိုယ်အမူအရာနဲ့လည်းလုပ် ၊ နှုတ်နဲ့လည်းပြောတဲ့သူက်ိုခေါ်တာ..
အောက်တန်းစားဆန်တယ်ဆိုတာ အရပ်ထဲပြောကြတယ်လေ.. လူဆင်းရဲတာကိုအောက်တန်းစားဆန်တယ်လို့ဆိုလိုတာ မဟုတ်ဘူးနော်..
သူများဒုက္ခရောက်အောင်ကိုယ်နဲ့နှုတ်နဲ့ပြုလုပ်တဲ့သူကို အောက်တန်းစားဆန်တယ်လို့ခေါ်တာ..။
သူ့ကိုရှောင်..နော်..

#အတွင်းသူယုတ်မာ ဆိုတာက ..
ကိုယ့်ရဲ့ ညံ့တဲ့စိတ် ..အားငယ်တတ်တဲ့စိတ်.. ကိုယ့်အတွင်းမှာအောင်းနေတဲ့
မနာလိုဝန်တိုစိတ် ဒါတွေက.. အတွင်းသူယုတ်မာတွေပဲ.. အနီးကပ်ဆုံး ကိုယ့်ရဲ့ရန်သူတွေပဲ.. သူ့ကိုလည်း ရှောင်..အဝင်မခံနဲ့ .. အလာမခံနဲ့.. သူနဲ့ပေါင်းရင် သူများဒုက္ခမရောက်ဘူး ကိုယ်ပဲဒုက္ခရောက်မယ်...။

#အပြင်သူတော်ကောင်းဆိုတာ ကိုယ့်ထက်အသက်သိက္ခာကြီးမယ် ..
ပညာ သဘာရင့်မယ် ..ဗဟုသုတရှိမယ်.. စရဏကောင်းမယ် ..ပစ္စုပ္ပန် တမလွန်ချမ်းသာအောင်ညွှန်ကြားပြသန်ိုင်တဲ့သူမျိုးပေါ့.. သူတော်ကောင်းတွေထံ ချဉ်းကပ်ရမယ်လို့ ဆိုလိုတာ နော်...

#အတွင်းသူတော်ကောင်းက
ကိုယ့်ရဲ့စိတ်ကောင်းလေးပဲ..
အတ္တသမ္မာပဏိဓိ ဆိုတာ ဒါကိုပြောတာ.. အတ္တ- မိမိရဲ့စိတ်၊
သမ္မာ - ကောင်းစွာ၊ ပဏိဓိ - ထားရမှာ၊ အတွင်းသူတော်ကောင်းဖြစ်တဲ့စိတ်ကောင်းလေးနဲ့သာအမြဲပေါင်း.. အမြဲချမ်းသာတယ်..။

အပြင်သူတော်ကောင်းကလိုက်ရှာနေရသေးတယ်..နော်..
အပြင်အပေါင်းအသင်းက စိတ်ကောက်ရတာနဲ့ အထင်လွဲရတာနဲ့ မခေါ်ချင်ရတာနဲ့ သူ့စိတ်အလိုအတိုင်းဖြစ်တတ်တယ် နော်.. သူ့အလိုမကျလို့ မခေါ်ချင်ဘဲလည်းနေတတ်တယ်... သူ့အလို ကျလို့ ခေါ်ချင်ရင် လည်း လာပြန်ခေါ်တတ်တယ်..သူ့ စိတ်အပေါ်မူတည်တာကိုး...

#အတွင်းသူတော်ကောင်းဖြစ်တဲ့ စိတ်ကောင်းလေးနဲ့သာ ကိုယ့်ဘက်ကပေါင်းထားရင်..
သူလာခေါ်လည်းအဆင်ပြေတယ်.. သူမခေါ် ဘဲနေလည်းအဆင်ပြေတယ်...
အတွင်း သူတော်ကောင်းလို့ ခေါ်တဲ့စိတ်ကောင်းလေးက ပစ္စုပ္ပန်ကိုလည်းချမ်းသာစေတယ်.. တမလွန်အထိလည်းချမ်းသာစေတယ်.. တရားထူးတရားမြတ်ရတဲ့အထိ အထောက်အပံ့ပေးတယ်...။

ယနေ့ဟောသော မင်္ဂလသုတ်
ဒေါက်တာအရှင်အဂ္ဂဇေယျ တရားတော်များ မှ.

ယဉ်ပါးခြင်း (ဝါ) အာသေဝန သတ္တိတချို့အနံ့တွေကရပါ...များပြီးကြာတော့နှာခေါင်းက..ယဥ်သွားတတ်တယ်အထူးသဖြင့်ကိုယ့်..ကိုယ်နံ့လိုဟာ...
26/08/2026

ယဉ်ပါးခြင်း (ဝါ) အာသေဝန သတ္တိ

တချို့အနံ့တွေက
ရပါ...များပြီး
ကြာတော့
နှာခေါင်းက..ယဥ်သွားတတ်တယ်
အထူးသဖြင့်
ကိုယ့်..ကိုယ်နံ့လိုဟာမျိုး
အနံ့ကို..မရတော့တာ
ဘေးကလူကပဲ..ရတာ.....

တချို့အသံတွေဆိုလည်း
တခြားသူကသာ..ဆူညံနေတာ
ကိုယ်က..အေးဆေး
ကြားပါများပြီး
နားက..ယဥ်သွားတာ.....

မတွေ့တာကြာတဲ့
သူငယ်ချင်းကိုနှုတ်ဆက်ရင်း
လွတ်ခနဲ..ဆဲလိုက်မိတာမျိုး
ပါးစပ်ယဥ်နေတာ...

မျက်စိယဥ်တာ..
ပြီးတော့
လက်ယဥ်တာ
လူဆိုး/သူခိုးလောကဆို
သုံးတယ်လေ
ဒီကောင်က..လက်ယဥ်တယ်ဆိုတာ...

တချို့
အတုတွေနဲ့..ယဥ်ပါးနေပြီး
တကယ့်အစစ်ကိုကျ
အတုထင်တာ....

အဲ့ဒီ.."ယဥ်တယ်"ဆိုတာ
အကျင့်ပါတာကို..ဆိုလိုတာပါ။

မြင်ပါများတော့..ယဥ်
ကြားပါများတော့..ယုံသတဲ့
သတိထား....လို့
၇.၆.၂၀၀၅ က
ဆရာမောင်ဝံသ ရေးခဲ့တဲ့
"ယဥ်ပါးခြင်းအမျိုးမျိုး"ဆိုတဲ့
ဆောင်းပါးကိုပြန်ဖတ်ရင်း......

ဟုတ်တယ်။
တချို့...
လောင်းကစားမှာ..လက်ယဥ်ပေမဲ့
ကူညီဖို့ကျတော့..လက်မယဥ်ပြန်ဘူး။

ယဥ်ပါးခြင်းတွေက
ဆိုးတာရှိသလို
ကောင်းတာလည်းရှိပြန်တယ်။

ငယ်ငယ်က..စာထဲ
သင်ခဲ့ရတဲ့
ကျေးညီနောင်လို့ပေါ့။

ရသေ့ဆီရောက်သွားတဲ့..ကျေးက
နေ့တိုင်းကြားနေကြ
ယဥ်ကျေးသိမ်မွေ့တဲ့စကားတွေနဲ့
ယဥ်ပါးလာပြီး
ကိုယ်တိုင်.ယဥ်ကျေးသွားသလို...

မုဆိုးဆီရောက်တဲ့..ကျေးကတော့
သတ်ဖို့..ဖြတ်ဖို့
ရိုင်းစိုင်းတဲ့စကားတွေပဲ
နေ့တိုင်းကြားနေရတော့
သူလည်း..ရိုင်းစိုင်းသွားသလို...

ဘာပဲပြောပြော...
ယဥ်ပါးခြင်းက
ကောင်းတဲ့ကိစ္စတွေမှာ..နည်းပြီး
ဆိုးတဲ့ကိစ္စတွေမှာ
ပိုယဥ်ပါးနေကြတာ..များပါတယ်။

တချို့မိန်းကလေးတွေဆို
စိတ်ကောက်တာမှာ..ယဥ်ပါးတယ်။
တချို့ကျတော့
ရစ်တာမှာ..ယဥ်ပါးပြန်ရော....

ဒါပေမဲ့...
တချို့ဟာကျ
သူတို့..မကြိုက်လို့လား
သတိကြောင့်လားတော့..မသိ
မယဥ်ပါးတာတွေရှိပြန်တယ်
ဥပမာ..အနံ့ဆို
တချို့..ဒူးရင်းသီးနံ့
တချို့..အရက်နံ့
တချို့ပရုပ်ဆီလိုအနံ့..စသဖြင့်ပေါ့။

ပြန်စဥ်းစားတာ....
ကိုယ်တိုင်တောင်
မကောင်းတာတချို့နဲ့
ယဥ်ပါးနေတော့
မထူးဆန်းသလို..ဖြစ်ပြီး
ဒါက
မကောင်းတာ..မဟုတ်သလိုကို
ထင်နေမိတာ......ရှိတယ်။

ဆရာပြောသလို...သတိ
သတိပိုထားမှ...

ကောင်းတဲ့ယဥ်ပါးခြင်းတွေရှိဖို့
သတိရှိပြီး
ပတ်ဝန်းကျင်ကောင်းတွေမှာ
နေနိုင်ကြပါစေ.....

တောင်ပုလ ပြင်ဦးလွင်မြို့
မူလအစမှတ်တမ်းပုံများ ဖြစ်ပါသည်။

Credit Tain Jar

26/08/2026

သဘောကျလို့ပါ...

ဝါဆိုသင်္ကန်းအလှူတော်(ဦးဘရှင်)+(ဒေါ်အုန်း)အား ရည်စူး၍ဦးစိန်လွင် နှင့် သား၊သမီး၊မြေးများရန်ကုန် (မုံရွာ)မြို့မှဝါဆိုသင်္က...
25/08/2026

ဝါဆိုသင်္ကန်းအလှူတော်

(ဦးဘရှင်)+(ဒေါ်အုန်း)အား ရည်စူး၍
ဦးစိန်လွင် နှင့်
သား၊သမီး၊မြေးများ
ရန်ကုန် (မုံရွာ)မြို့မှ

ဝါဆိုသင်္ကန်း ကပ်လှူကြပါသည်။

ယနေ့မှ စတင်၍ မိသားစုများအားလုံး ပူပင်သောကကင်းဝေး၍ အေးချမ်းပျော်ရွှင်ကြပါစေ။

ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးများအားလုံး အစစ အရာရာ တိုးတက်အဆင်ပြေကြပါစေ။

ဘေးရန်အပေါင်း မကောင်းဟူသမျှ မကျရောက်ဘဲ နေ့ရက်တိုင်းမှာ
စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ။

စီးပွါးဥစ္စာရတနာများ ဆထက်ထမ်းပိုး တိုးတက်ကြပြီးလျှင် တွေးသမျှ ကြံသမျှ
လုပ်သမျှ ကိုင်သမျှ ပြောသမျှ ဆိုသမျှ
လိုတရကြပါစေ။

နတ်လူသာဓုခေါ်စေသော်ဝ်။

Address

Maymyo

Telephone

+959250989600

Website

Alerts

Be the first to know and let us send you an email when တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်:

Shortcuts

Share