ကသစ်ဝိုင်ဓမ္မရိပ်သာ

ကသစ်ဝိုင်ဓမ္မရိပ်သာ လူဖြစ်လာကြလောကဤဘုံ ကံကောင်းထောက်၍ ဗုဒ္ဓတွေ့ကြုံ
ကြိုးစားလိုက်ကြစွမ်းအားအကုန် သံသာစက်ထွက်ရနိဗ္ဗာန်ဘုံ

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊ 🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊   🪷🪷🪷🪷🪷🪷🪷🪷🪷 ကသစ်...
27/04/2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊
🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊
🪷🪷🪷🪷🪷🪷🪷🪷🪷
ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ဆောက်လုပ်နေဆဲဖြစ်သော ယောဂီဆောင် အတွက်

#မြတ်သောဒါန_ပါရမီရှင်
🌷🌷🌷🌷🌷🌷🌷🌷🌷

ဒေါ်ပညာဝတီ ဦးစိုးမင်းဦး၊ သား- ကိုစည်သူ မိသားစု
အမှတ်(၁၀၇၆)၁၁လမ်း၊ မြိုင်သာယာရပ်၊ မော်လမြိုင်မြို့၊ မှ {၁}သိန်းကျပ်၊
ဦးစိုးမင်းဦး+ဒေါ်သန်းဋ္ဌေး သား- ကိုစည်သူ၊ ကိုမင်းကိုကို၊
မင်းချမ်းသာမြင့်+မစိုးသက်ဦး မိသားစု
အမှတ်(၁၀၇၆)၁၁လမ်း၊ မြိုင်သာယာရပ်၊ မော်လမြိုင်မြို့၊ မှ {၁}သိန်းကျပ်၊ လှူဒါန်းပါသည်။

ဤသည့်ပုည ကုသလကြောင့်၊
လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကွင်း၍
ပြည့်လျင်းလှူဖွယ် လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ဖြောင့်ညီညာသည်
ခေမာအထွဋ် တိုင်စေသောဝ်။

#အလှူရှင်မိသားစုတို့သည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍
#ကောင်းကျိုးလိုရာဆန္ဒများပြီးပြည့်စုံနိုင်ကြပါစေ။

Shwemyine Okktara
21- 04- 2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊ 🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊   🪷🪷🪷🪷🪷🪷🪷🪷🪷 ကသစ်...
27/04/2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊
🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊
🪷🪷🪷🪷🪷🪷🪷🪷🪷
ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ဆောက်လုပ်နေဆဲဖြစ်သော ယောဂီဆောင် အတွက်

#မြတ်သောဒါန_ပါရမီရှင်
🌷🌷🌷🌷🌷🌷🌷🌷🌷

AKM" အေကူမား {ကားပစ္စည်းအရောင်းဆိုင်)မိသားစု မော်လမြိုင်မြို့၊ မှ { ၃ }သိန်းကျပ် လှူဒါန်းပါသည်။

ဤသည့်ပုည ကုသလကြောင့်၊
လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကွင်း၍
ပြည့်လျင်းလှူဖွယ် လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ဖြောင့်ညီညာသည်
ခေမာအထွဋ် တိုင်စေသောဝ်။

#အလှူရှင်မိသားစုတို့သည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍
#ကောင်းကျိုးလိုရာဆန္ဒများပြီးပြည့်စုံနိုင်ကြပါစေ။

Shwemyine Okktara
26- 04- 2026

၁၃၈၇-ခုနှစ်၊ ရဟန်း၊သာမဏေ၊သီလရှင်၊ ဒုလ္လဘဝတ်ပွဲ  (၁၁)ရက်အဓိဋ္ဌာန်ပြီးမြောက်ပါပြီ။ { 21-04-2026 } အင်္ဂါနေ့။
27/04/2026

၁၃၈၇-ခုနှစ်၊ ရဟန်း၊သာမဏေ၊သီလရှင်၊ ဒုလ္လဘဝတ်ပွဲ
(၁၁)ရက်အဓိဋ္ဌာန်ပြီးမြောက်ပါပြီ။
{ 21-04-2026 } အင်္ဂါနေ့။

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊ 🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊   🪷🪷🪷🪷🪷🪷🪷🪷🪷 ကသစ်...
17/04/2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊
🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊
🪷🪷🪷🪷🪷🪷🪷🪷🪷
ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ဆောက်လုပ်နေဆဲဖြစ်သော ယောဂီဆောင် အတွက်

#မြတ်သောဒါန_ပါရမီရှင်
🌷🌷🌷🌷🌷🌷🌷🌷🌷

( ဦးမြင့်မောင် )အားရည်စူး၍ ဒေါ်ဘေဘီ မိသားစု မော်လမြိုင်မြို့၊ မှ {၁}သိန်းကျပ် လှူဒါန်းပါသည်။

ဤသည့်ပုည ကုသလကြောင့်၊
လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကွင်း၍
ပြည့်လျင်းလှူဖွယ် လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ဖြောင့်ညီညာသည်
ခေမာအထွဋ် တိုင်စေသောဝ်။

#အလှူရှင်မိသားစုတို့သည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍
#ကောင်းကျိုးလိုရာဆန္ဒများပြီးပြည့်စုံနိုင်ကြပါစေ။

Shwemyine Okktara
15- 04- 2026

 #နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ 🌿🌹အချိန်တိုင်း မင်္ဂလာရှိကြောင်း 🔸သတင်းကောင်းများသာ ကြားကြရ မြင်သိကြရပါစေ...
17/04/2026

#နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ 🌿
🌹အချိန်တိုင်း
မင်္ဂလာရှိကြောင်း
🔸သတင်းကောင်းများသာ ကြားကြရ မြင်သိကြရပါစေ။🕊️🌿
🔸ဘေးဆိုးများမှ ကင်းဝေးကြပါစေ။🕊️🌿
🔸တစ်နေ့တာခရီးကို စိုးရိမ်ပူပန်ခြင်းကင်းစွာဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။ 🕊️🌿
🔸သင်နှင့် သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ၊
ငြိမ်းချမ်းကြပါစေ။🕊️ 🌿
🔸နှလုံးသားများ မေတ္တာဖြင့် ငြိမ်းချမ်းကြပါစေ။ 🕊️🌿
🔸နှလုံးသားများ အေးချမ်းစွာ တည်ငြိမ်ကြပါစေ။🕊️ 🌿
🔸နေ့ရက်တွေတိုင်း ကြည်လင်ချမ်းမြေ့ပါစေ။🕊️ 🌿
🔸တရားအသိများဖြင့် ဘဝကိုကောင်းမွန်စွာ
ဖြတ်သန်းနေထိုင်နိုင်ကြပါစေ။ 🕊️🌿

"လောကမှာ လူတွေက နှစ်သစ်ကူးပြီဆိုရင် အောင်ပွဲတွေလုပ်ကြ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ကုန်ကြတာပေါ့။ ဒါပေမဲ့ နှစ်သစ်ကူးခြင်...
17/04/2026

"လောကမှာ လူတွေက နှစ်သစ်ကူးပြီဆိုရင်
အောင်ပွဲတွေလုပ်ကြ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ကုန်ကြတာပေါ့။

ဒါပေမဲ့ နှစ်သစ်ကူးခြင်းရဲ့ တကယ့်အနှစ်သာရက
ပျော်ရုံသက်သက်မဟုတ်ဘဲ ဆင်ခြင်တုံတရားရဖို့ ဖြစ်ပါတယ်။

နှစ်သစ်တစ်ခုကို ရောက်လာတယ်ဆိုတာ
ကိုယ့်ရဲ့ သက်တမ်းတစ်ခုဟာ ကုန်ဆုံးသွားပြီ သေခြင်းတရားနဲ့ တစ်လှမ်း ပိုနီးလာပြီလို့ ဆိုလိုတာပဲ။

ဒါကြောင့် နှစ်သစ်ကူးတဲ့အချိန်မှာ
အပျော်အပါးတွေကြားမှာတင် အချိန်မဖြုန်းဘဲ
ငါ့ရဲ့ ဘဝဟာ ဘယ်လောက်အထိ အနှစ်သာရရှိအောင်
နေထိုင်ခဲ့ပြီးပြီလဲ၊ ဘယ်လောက်အထိ ကုသိုလ်ရိက္ခာတွေ စုဆောင်းခဲ့ပြီးပြီလဲဆိုတာကို ပြန်ပြီး ဆန်းစစ်ကြည့်ရမယ်။

စစ်မှန်တဲ့ နှစ်သစ်ကူးခြင်းဆိုတာ
အဟောင်းကို စွန့်ပြီး အသစ်ကို လဲလှယ်ခြင်းပဲ။
နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊
ဒေါသတွေ၊ မာန်မာနတွေနဲ့ အာဃာတတွေကို နှစ်ဟောင်းမှာတင် အပြီးတိုင် ထားရစ်ခဲ့နိုင်မှသာ အနှစ်သာရရှိတဲ့ နှစ်သစ်ကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

အဝတ်အစားအသစ်တွေ ဝတ်ရုံနဲ့ နှစ်သစ်မဖြစ်ဘူး၊
စိတ်ဓာတ်အသစ်၊ အယူအဆအသစ်နဲ့ အသိဉာဏ်အသစ်တွေ ပြောင်းလဲနိုင်မှသာ ဘဝသစ်ကို ရမှာပါ။

ဒါကြောင့် နှစ်သစ်ရဲ့ အနှစ်သာရကို ရှာဖွေတဲ့အခါ
အပြင်ပန်း အခမ်းအနားတွေထက် ကိုယ့်ရဲ့ အတွင်းသန္တာန်က စိတ်ဓာတ်ကို ပိုပြီး ကောင်းမွန်အောင် ပြုပြင်ခြင်းဖြင့်သာ
အေးချမ်းတဲ့ ဘဝခရီးကို တည်ဆောက်ကြရမယ်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တနန္ဒမာလာဘိဝံသ

🎇▪️  #ဒါနအကျိုးကြီးအောင် ▪️🎇တို့ဒကာ ဒကာမတွေ ဒါန လုပ်တဲ့အခါ ဆရာဘုန်းကြီးတွေက သီလအရင်ပေးပြီးမှ  အလှူကိုရေစက်ချ ပေးကြတယ် မဟ...
16/04/2026

🎇▪️ #ဒါနအကျိုးကြီးအောင် ▪️🎇
တို့ဒကာ ဒကာမတွေ
ဒါန လုပ်တဲ့အခါ ဆရာဘုန်းကြီးတွေက သီလအရင်ပေးပြီးမှ အလှူကိုရေစက်ချ ပေးကြတယ် မဟုတ်လား၊
ဒါဟာ အလွန်ကောင်းတဲ့ အစဉ်အလာလို့ မှတ်။

🙏မြတ်စွာဘုရားက
သီလေ ပတိဋ္ဌိတဿ ဒါနံ မဟပ္ဖလတရံ လို့ ဟောထားတယ်။
အဓိပ္ပါယ်က......
#သီလပေါ်ရပ်တည်ပြီးလှူတဲ့ဒါနဟာ
#အလွန်အကျိုးကြီးတယ်တဲ့

ဒါဖြင့် မေးစရာရှိတာက
တစ်ရက်လုံး မထိန်းနိုင်ပဲသီလယူလို့ ဖြစ်ပါ့မလားပေါ့ မြတ်စွာဘုရားက ဖြစ်ပါတယ် တဲ့

အနုဇာနာမိ ဘိက္ခဝေ ကာလပရိယန္တံ ဥပေါသထ သီလံ။
အချိန်ပိုင်းခြားပြီး ဆောက်တည်တဲ့ဥပုသ်သီလကို ငါဘုရား
ခွင့်ပြုတယ်လို့ မိန့်တော်မူထားပါတယ်။

အချိန်ပိုင်းခြားပြီး သီလယူတာ
#ကာလပရိယန္တသီလ လို့ ခေါ်တယ်။
ဒါကို ဝိသုဒ္ဓိမဂ်မှာ { ကာလပရိယန္တ }အချိန်ပိုင်းခြားယူတဲ့ သီလကို ကျောင်းတိုက်အတွင်းနေတုန်း၊
ဒါမှမဟုတ် အလှူ လှူနေတုန်း နာရီပိုင်း မိနစ်ပိုင်းလေးတင်
အချိန်ပိုင်းခြားပြီး သီလယူလို့ရကြောင်း ဖွင့်ပြထားတယ်။

ကျောင်းက ပြန်ရင် သီလမထိန်းတော့ဘူး၊
ဆွမ်းလောင်းပြီးရင်သီလ မထိန်းတော့ဘူး လို့ အဓိဌာန်ထားတဲ့ သီလပေါ့။
ဒီ သီလဟာလည်း ကုသိုလ်ရတဲ့ သီလပဲ၊ ခဏလေးနဲ့
ပြုနေတဲ့ ဒါနလည်း အကျိုးကြီး၊ သီလကုသိုလ်လည်း ရ၊
မကောင်းပေဘူးလား။

🔸သာဓက ဇာတ်လမ်း
သီလပေါ် ရပ်တည်ပြီးပြုတဲ့ ဒါနရဲ့အကျိုးကြီးကြောင်းကို
( မဓုရ ရသဝါဟိနီ )ကျမ်းမှာ ဝတ္ထုထုတ်ပြီး ပြထားတယ်။

ရှေးတုန်းက သီဟိုဠ်ကျွန်းမှာ
#ဂုရုဒေဝ လို့ ခေါ်တဲ့ တောင်းစားနေသူ တစ်ယောက်ရှိတယ်။
သူဟာ ရဟန်းတော်တွေရဲ့ အကြွင်းအကျန်တွေကို
နေ့စဉ် တောင်းရမ်း စားသောက်ပြီး သစ်ပင်ရိပ်၊ ကျောင်းအရိပ်တွေမှာ အမြဲ အိပ်နေလေ့ရှိတယ်။
အတိတ်ဘဝကလည်း ကုသိုလ်နည်းခဲ့လို့ တောင်းစားနေရတယ် ခုဘဝလည်း ဘာကုသိုလ်မှ မလုပ်ဘူးပေါ့။

တစ်နေ့ ရဟန္တာတစ်ပါးက
သူ့ကိုတွေ့သွားပြီးတန်ခိုးနဲ့ ဆင်ခြင်ကြည့်လိုက်တော့
နောက် ခုနှစ်ရက် နေရင်သေပြီး ငရဲသွားတော့မှာ သိလိုက်ရတယ်။
ငါ ကယ်မှဖြစ်မယ်ဆိုပြီး သီလထိန်းချင်အောင် တိုက်တွန်းပြီး
သူစားတဲ့ အကြွင်းအကျန်တွေထဲက အနည်းငယ် အနည်းငယ်ကို ရေပိုးမွှားတွေ ငါးတွေကို ကြွေးဖို့ ဒါန ပါဖြစ်အောင် တိုက်တွန်းခဲ့ပြီးပြန်သွားတယ်။

ခုနှစ်ရက်ပြည့်လို့ ဂုရုဒေဝ သေသွားတဲ့အခါ ဒါနကုသိုလ်၊
သီလကုသိုလ်တွေကြောင့်
ငရဲမကျဘဲ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ဆင်ပြောင်ဆယ်စီး အားမာန်ကြီးတဲ့ သူရဲကောင်း အမတ်စစ်သူကြီးသွားဖြစ်တယ်။

သီလပေါ် ရပ်တည်ပြီးပြုတဲ့ ဒါနဟာ အကျိုးမကြီးဘူးလား။
ရာထူးအာဏာ၊ အခြွေအရံ၊ စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုတဲ့အပြင် ရုပ်လည်း အလွန်လှပါတယ်တဲ့။
ငါးပါး သီလအကျိုး နဲ့ စားကြွင်း စားကျန်လေးလှူတဲ့ အကျိုးဟာ မကြီးဘူးလား။

🔸ဒါကြောင့်
တို့ဒကာဒကာမတွေ အလှူလုပ်တိုင်း သီလယူပြီးမှ လှူကြ၊ အချိန်မရရင်
{ မြတ်စွာဘုရား တပည့်တော်သည် သရဏဂုံ သုံးပါးနှင့် တကွ ငါးပါးသီလ ခံယူဆောင်တည်ပါ၏ဘုရား။ }
ဆိုပြီး သီလယူလိုက် ဒါသီလ အတိုဆုံးယူတာပဲ။

ဘုရားပန်း၊ ရေချမ်း ကပ်ကပ်၊
ဆွမ်းပဲ လောင်းလောင်း၊
သီလ ယူပြီး မှ လုပ် ဒါဆို ဒါနဟာ အကျိုးကြီးပြီ။

{ ဗန်းမော်ဆရာတော်ကြီး }

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊ 🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊   🪷🪷🪷🪷🪷🪷🪷🪷🪷 ကသစ်...
15/04/2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊
🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊
🪷🪷🪷🪷🪷🪷🪷🪷🪷
ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ဆောက်လုပ်နေဆဲဖြစ်သော ယောဂီဆောင် အတွက်

#မြတ်သောဒါန_ပါရမီရှင်
🌷🌷🌷🌷🌷🌷🌷🌷🌷

ဒေါ်မြစိန် မြဝတီမြို့၊ မှ {၁၀}သိန်းကျပ် လှူဒါန်းပါသည်။

ဤသည့်ပုည ကုသလကြောင့်၊
လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကွင်း၍
ပြည့်လျင်းလှူဖွယ် လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ဖြောင့်ညီညာသည်
ခေမာအထွဋ် တိုင်စေသောဝ်။

#အလှူရှင်မိသားစုတို့သည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍
#ကောင်းကျိုးလိုရာဆန္ဒများပြီးပြည့်စုံနိုင်ကြပါစေ။

Shwemyine Okktara
13- 04- 2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊ 🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊   🪷🪷🪷🪷🪷🪷🪷🪷🪷 ကသစ်...
15/04/2026

🙏ဗုဒ္ဒမြတ်စွာ သာသနာ၊ ရောင်ဝါနေထက်၊ လင်းစေသောဝ်၊
🙏သူတော်ကောင်းဓါတ်၊ တရားမြတ် လွှမ်းပါတ်ကမ္ဘာ တည်စေသောဝ်၊
🪷🪷🪷🪷🪷🪷🪷🪷🪷
ကသစ်ဝိုင်ဓမ္မရိပ်သာ၌ ဆောက်လုပ်နေဆဲဖြစ်သော ယောဂီဆောင် အတွက်

#မြတ်သောဒါန_ပါရမီရှင်
🌷🌷🌷🌷🌷🌷🌷🌷🌷

ကိုမြတ်ကိုကိုထွေး+မစိမ်းယုလှိုင် သား-ကောင်းခေတ်ဦး၊ Qt စားသောက်ဆိုင်မိသားစု၊ ကန္နားလမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မှ ကျပ်သိန်း {၅၀}၊ လှူဒါန်းပါသည်။

ဤသည့်ပုည ကုသလကြောင့်၊
လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကွင်း၍
ပြည့်လျင်းလှူဖွယ် လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ဖြောင့်ညီညာသည်
ခေမာအထွဋ် တိုင်စေသောဝ်။

#အလှူရှင်မိသားစုတို့သည်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍
#ကောင်းကျိုးလိုရာဆန္ဒများပြီးပြည့်စုံနိုင်ကြပါစေ။

Shwemyine Okktara
15- 04- 2026

 #ကိုယ့်အလုပ်_ကိုယ်လုပ်၊ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်နေရာ ကိုယ်နေ 💠 လူဟာ သူများအကြောင်း သိဖို့ထက် ကိုယ့်အကြောင်း ကိုယ်သိအ...
15/04/2026

#ကိုယ့်အလုပ်_ကိုယ်လုပ်၊
ကိုယ့်လမ်း ကိုယ်သွား၊
ကိုယ့်နေရာ ကိုယ်နေ

💠 လူဟာ
သူများအကြောင်း သိဖို့ထက်
ကိုယ့်အကြောင်း ကိုယ်သိအောင် လေ့လာထားဖို့က
အရေးအကြီးဆုံးပဲ။
ကိုယ့်အကြောင်းကို ကိုယ်သိထားမှ ကိုယ့်အလုပ် ကိုယ်လုပ်တတ်မယ်။

💢 #ကိုယ့်အလုပ်ဆိုတာ
💠 အပူတွေငြိမ်းပြီးတော့
ဆင်းရဲမျိုးစုံတွေက လွတ်မြောက်ပြီး ချမ်းသာစေနိုင်တဲ့
ကိုယ့်ကိုအားလုံး အာမခံတာဝန်ယူနိုင်တဲ့ ကောင်းမူကုသိုလ်ဖြစ်အောင် လုပ်နိုင်တာကို ပြောတာ။

💢 #ကိုယ့်လမ်းကိုယ်သွားတတ်မယ်
💠 ကိုယ့်လမ်းဆိုတာ
အပူငြိမ်းကြောင်း ဆင်းရဲလွတ်ကြောင်း ချမ်းသာကြောင်းဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ သိက္ခာ(၃)ပါး လမ်းကြောင်းအတိုင်း ဖြည့်ကျင့်ကြိုးစား သွားနိုင်တာကို ပြောတာ။

💢 #ကိုယ့်နေရာကိုယ်နေတတ်မယ်
💠 ကိုယ့်နေရာဆိုတာ
အပူမဝင်နိုင်အောင် လုံခြုံတဲ့ ဘုရားအာရုံ၊ တရားအာရုံ၊ ကုသိုလ်အာရုံ၊ သတိပဌာန်အာရုံနဲ့ နေနိုင်တာကို ပြောတာ။

💠 #လောကမှာလူတွေ_ဒုက္ခရောက်ကြတယ်ဆိုတာ
ကိုယ့်အလုပ် ကိုယ်မလုပ်တတ်လို့၊
ကိုယ့်လမ်းကိုယ် မသွားတတ်လို့၊
ကိုယ့်နေရာ ကိုယ်မနေတတ်လို့ ဒုက္ခရောက်ကြတာ။

💠 #ကိုယ့်အလုပ်_ကိုယ့်မလုပ်ဘဲ
ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေကို ဝင်ဝင်လုပ်ကြလို့၊
#ကိုယ့်လမ်း_ကိုယ်မသွားဘဲ
သူများလမ်းကို ဝင်ဝင်သွားကြလို့၊
#ကိုယ့်နေရာကိုယ်မနေဘဲ
သူများနေရာ ဝင်ဝင်ပါကြလို့ ဒုက္ခရောက်ကြရတာ။

💠 #ကိုယ့်အလုပ်_ကိုယ်လုပ်၊
ကိုယ့်လမ်း ကိုယ်သွား၊
ကိုယ့်နေရာ ကိုယ်နေရင် ဒုက္ခရောက်စရာ အကြောင်းမရှိဘူး။

🙏🏽 #တိပိဋကယောဆရာတော်ဘုရားကြီး

Address

Mawlamyine

Telephone

+959428702282

Website

Alerts

Be the first to know and let us send you an email when ကသစ်ဝိုင်ဓမ္မရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share