ဓမ္မနန္ဒီဗုဒ္ဓကောလိပ်

ဓမ္မနန္ဒီဗုဒ္ဓကောလိပ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဓမ္မနန္ဒီဗုဒ္ဓကောလိပ်, Mawlamyaing.

ဆွမ်းအလှူရှင် မွေးနေ့ရှင်အန်တီငယ်ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ 🙏🙏🙏
30/08/2025

ဆွမ်းအလှူရှင် မွေးနေ့ရှင်အန်တီငယ်
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ 🙏🙏🙏

ဓမ္မနန္ဒီပညာဒါနကျောင်းမှဖြေဆိုသူ ၁၁ဦးအောင်မြင်သူ ၆ဦးဆရာတော်ဘုရားမှဆုချီးမြှင့်ပုံ🙏🙏🙏တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ဓာတုဗေဒ
27/07/2025

ဓမ္မနန္ဒီပညာဒါနကျောင်းမှ
ဖြေဆိုသူ ၁၁ဦး
အောင်မြင်သူ ၆ဦး
ဆရာတော်ဘုရားမှဆုချီးမြှင့်ပုံ🙏🙏🙏
တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ဓာတုဗေဒ

ဓမ္မနန္ဒီ ဗုဒ္ဓ ကောလိပ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲစီစဥ် ဆောင်ရွက် ထားပုံရဟန်းသံဃာ၊ သာမဏေ များ၏တစ်ပါးချင်းစီအရပ် အမြင...
23/07/2025

ဓမ္မနန္ဒီ ဗုဒ္ဓ ကောလိပ်
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

စီစဥ် ဆောင်ရွက် ထားပုံ
ရဟန်းသံဃာ၊ သာမဏေ များ၏တစ်ပါးချင်းစီ
အရပ် အမြင့်တိုင်းတာထားပြီး သင့်တော်ညီညွတ်မည့်သင်္ကန်း အရွယ်အစားကို ရွှေမြိုင်သားလေးသင်္ကန်းတိုက်တွင် ရွှေကြာမာတင် အဝတ်အသား( ပိန္နဲရောင်အရင့် )ဖြင့် ချုပ်လုပ်ရန် ကြိုတင်အပ်နှံထားရှိပါသည်။

ရဟန်း သာမဏေ ၆၁ ပါး တစ်ပါး
နှစ်စုံစီ ကပ်လှူမည်ဖြစ်ပါသောကြောင့် ၁၂၂ စုံ ကို
တန်ဖိုး (၇၀၆၆၀၀၀)ကျပ်
၇၀ သိန်း ၆ သောင်း ၆ ထောင် ကျသင့်ပါသည်။

သီလရှင် ဝတ်စုံ ၄၆ ပါးစာအတွက်
သရီးရိုင်ဖယ် အသားဖြင့်
ပိတ်စဖိုးနှင့်ချုပ်ခ (၁၃၈၀၀၀၀)ကျပ် ကျသင့်ပါသည်။

စုစုပေါင်း ကုန်ကျငွေ ၈၄၄၆၀၀၀ ကျပ် ဖြစ်ပြီး

ယခု 23.7.2025 ည 10:45 ချိန်ထိ
စုပေါင်း လှူဒါန်းငွေမှာ ၆၀၀၇၀၀၀ကျပ်ဖြစ်ပါသည်။

လိုအပ် ငွေမှာ ၂၄၃၉၀၀၀ကျပ်ဖြစ်ပါကြောင်း
အသိပေး အပ်ပါသည်။

လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာပြုအပ်ပါသည်။

လိုအပ်သော သင်္ကန်းဖိုးအား
ဖြည့်ဆည်းလှူဒါန်းနိုင်ပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

သဒ္ဓါရှင်တို့ မြင်တွေ့ပါစေသော်။ ။

 #ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်တိုက်တွန်းနှိုးဆော်လွှာမော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် ဓမ္မနန္ဒီ ဗုဒ္ဓ ကောလိပ် ၌ ၁၃၈၇ ...
06/07/2025

#ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်တိုက်တွန်းနှိုးဆော်လွှာ

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် ဓမ္မနန္ဒီ ဗုဒ္ဓ ကောလိပ် ၌ ၁၃၈၇ (၂ဝ၂၅ ) - ခုနစ်၊ ဝါဆို၊ဝါကပ်တော်မူကြမည့်

စာချ၊ စာသင် ရဟန်း၊သာမဏေ-----၆၁ ပါး၊ နှင့်

သီလရှင်----------------------------------------၄၃ပါး

စုစုပေါင်း--၁၀၄ပါး တို့အား နှစ်စဉ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြမည်ဖြစ်ပါ၍ ဗုဒ္ဓဘာသာ-သာသနာနွယ်ဝင် ရဟန်း၊သာမဏေ၊သီလရှင်တို့ကို သဒ္ဓါကြည်ညိုချစ်မြတ်နိုးကြကုန်သော ဒါယကာ၊ဒါယိကာမအပေါင်းသူတော်ကောင်း တို့အနေဖြင့် သဒ္ဓါတရား အားလျော်စွာ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#ရဟန်း၊သာမဏေများ သင်္ကန်းအရောင်အသားတူစေရန် (ပိန္နဲရောင်အရင့်)တစ်ပါးလျှင် (၂)စုံနှုန်းဖြင့် အော်ဒါမှာချုပ် ဆက်ကပ်လှူမည်ဖြစ်ပါသောကြောင့် (၁၂၂) စုံသော သင်္ကန်းအရေအတွက်ပြည့်စုံအောင် သင်္ကန်းဖိုး နဝကမ္မ ကျပ်(၁၀၀၀)တစ်ထောင် မှ စ၍ လှူဒါန်း နိုင်ပြီဖြစ်ကြောင်း နှိုးဆော်အပ်ပါသည်။

#ရဟန်း သာမဏေ .. ၆၁-ပါး၊ သင်္ကန်းတစ်စုံတန်ဖိုး (၆ဝဝဝဝ) (ခြောက်သောင်းကျပ်) နှုန်းဖြင့်လည်းကောင်း
သီလရှင်ဝတ်စုံ……..၄၃-ပါး၊ ဝတ်စုံတစ်စုံတန်ဖိုး(၃၀၀၀၀) (သုံးသောင်းကျပ်) နှုန်းဖြင့်လည်းကောင်း အသီးသီး လှူဒါန်းနိုင်ပါသည်။

#လှူဒါန်းမှုများကို မိမိတို့အစီအစဉ်ဖြင့်ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ၊ ဓမ္မမိတ်ဆွေအဖွဲ့လိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ ကျောင်းတိုက် ဆရာတော်ထံသို့ လာရောက်လျှောက်ထား၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။

#ဆက်သွယ်လှူဒါန်းရန် ဖုန်း
Kpay/Wave pay 09777773756 /09455554355 - 09666663756

04/06/2025
 #စာရေးက်ိရိယာ ထီး ဖိနပ် အလှူ #ခေတ္တ ထိုင်နိုင်ငံနေ မွေးနေ့ရှင် နန်း ခင်စိုးမြင့်မှ ရဟန်းသာမဏေ သီလရှင် များအသုံးပြုရန် စ...
03/06/2025

#စာရေးက်ိရိယာ ထီး ဖိနပ် အလှူ #

ခေတ္တ ထိုင်နိုင်ငံနေ မွေးနေ့ရှင် နန်း ခင်စိုးမြင့်မှ
ရဟန်းသာမဏေ သီလရှင် များ
အသုံးပြုရန် စာရေးကိရိယာ ထီး ဖိနပ်
ရေချိုးဆပ်ပြာ နဝကမ္မ တို့အား

မွေးနေ့ရှင် မယ်တော်"နန်း ခင်စိုးမြင့်"ကိုယ်စား
သမီး လေး သီလရှင်
မောင် လေး သာမဏေ
တူလေး သာမဏေ တို့မှ တဆင့်
လှူဒါန်းခဲ့ပါသည်။

မွေးနေ့ရှင်မိသားစု ကျန်းမာချမ်းသာ
ဘေးဘယာဝေးကွာပါစေ။

နတ်လူအများ သာဓုခေါ်စေသော်။.........။

 #ငလျင်ဘေးကယ်ဆယ်ကူညီထောက်ပံ့ရေးအလှူရှင် #ထိုင်းနိုင်ငံမဲဆောက်မြို့နေအလှူရှင်  "မမိမော်" မှငလျင် ဘေး ကယ်ဆယ်ကူညီထောက်ပံ့ ရ...
04/04/2025

#ငလျင်ဘေးကယ်ဆယ်ကူညီထောက်ပံ့ရေးအလှူရှင် #

ထိုင်းနိုင်ငံမဲဆောက်မြို့နေ
အလှူရှင် "မမိမော်" မှ
ငလျင် ဘေး ကယ်ဆယ်ကူညီထောက်ပံ့ ရေးအတွက်
လာရောက်လှူဒါန်းသွားပါသည်။

04/04/2025
04/04/2025
04/04/2025

#ငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ထောက်ပံ့
လှူဒါန်းနိုင်ရန်_နှိုးဆော်လွှာ #

(၂၈-၃-၂၀၂၅) နေ့တွင် ဖြစ်ပေါ်ခဲ့သော
ငလျင်ဘေးသင့် ရဟန်းသံဃာ၊သာမဏေများနှင့် ပြည်သူများအတွက်

မွန်​ပြည်နယ်၊မော်လမြိုင်မြို့ ၊
ဓမ္မနန္ဒီဗုဒ္ဓကောလိပ်၊ပရိယတ္တိ၊ပညာဒါနကျောင်းတိုက်
ဆရာတော်အရှင်စ​န္ဒောဘာသနှင့် တပည့် ဒါယကာ၊ဒါယိကာမများမှ

လိုအပ်သော ကူညီကယ်ဆယ်ထောက်ပံ့မှုများ ဆောက်ရွက်နိုင်ရန်အတွက် ကရုဏာ​ပြ ကာယကံမေတ္တာမြောက် လှူဒါန်းသွားမည်ဖြစ်ပါ၍ အတူတကွပါဝင်လှူဒါန်းလိုသူများအနေဖြင့် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ဆက်သွယ်လှူဒါန်းရန် #
ဓမ္မနန္ဒီ ​ဗုဒ္ဓ ကောလိပ်
တနင်္သါရီလမ်း(အိုးရှင်းစင်တာအနီး)၊
သံလွင်ဥယျာဥ်လမ်း၊ဘိုကုန်းရပ် ၊မော်လမြိုင်မြို့၊မွန်ပြည်နယ်။

ရုံးဖုန်း ……09 785093591
ဆရာတော်. 09 777773756 (Kpay,Wavepay)
ထံ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

Address

Mawlamyaing

Website

Alerts

Be the first to know and let us send you an email when ဓမ္မနန္ဒီဗုဒ္ဓကောလိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဓမ္မနန္ဒီဗုဒ္ဓကောလိပ်:

Share