In The Light of Quran & Sunnah

In The Light of Quran & Sunnah Remind, For Indeed, The Reminder Benefits The Believers

22/03/2024

The Heroes Of Islam

08/03/2024

#ယနေ့ဂျုမုအဟ်ခုသ်ဗဟ်👇
#ရမဿွာန်လ၌ပြုကျင့်ရမည့်
#အမွန်မြတ်ဆုံးသောအမလ်(၇)ခု
ဟောကြားသူ-ရှိုက်ခ်ရှာဟိဒ်(MEDIU)
မြန်မာမွတ်စ်လင်မ်ရုံးလေးဗလီ

👇👇👇👇👇👇👇👇👇👇
လင့်ခ်ကို joinလုပ်လိုပါက

https://t.me/quransunnahassociation

#ကုရ်အာန်-စွန္နဟ်ရေးရာအဖွဲ့ you tube link

https://youtube.com/channel/ucf4xounsi-f3x4nfoozdjfw

ကလေးသူငယ်များအတွက်အဖိုးတန်တောင်းဆုဒုအာများဘာသာပြန်ဆိုသူ - ရှိုက်ခ် ရှာဟိဒ် (MEDIU)အွမ္မသ်ထုတစ်ရပ်လုံးရဲ့ အမြင့်မြတ်ဆုံးဆ...
25/12/2023

ကလေးသူငယ်များအတွက်
အဖိုးတန်တောင်းဆုဒုအာများ
ဘာသာပြန်ဆိုသူ - ရှိုက်ခ် ရှာဟိဒ် (MEDIU)
အွမ္မသ်ထုတစ်ရပ်လုံးရဲ့ အမြင့်မြတ်ဆုံးဆရာဖြစ်တော်မူတဲ့ တမန်တော်မြတ် မုဟမ္မဒ် ﷺ ဟာ မနက်အိပ်ယာထချိန်မှစပြီး ညအိပ်ယာဝင်တဲ့အချိန်ထိ အလ္လာဟ်အရှင် မြတ်ကို သတိရတသရန် ကျွန်တာ်တို့ကို သွန်သင်ဆုံးမတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် အလ္လာဟ်အရှင်မြတ်ထံ အကူအညီတောင်းခံရမှာ ဖြစ်တယ်။ တမန်တော် မြတ်ﷺဟာ မိမိရဲ့အွမ္မသ်သားတွေ သူတို့ရဲ့ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲ၊ အကြပ် အတည်းတွေနှင့်ပတ်သက်ပြီး အရှင်မြတ်ထံ ခိုလှုံ၍ အကာအကွယ်ရယူဖို့အတွက် ဒိုအာ အမြောက်အမြားကို သွန်သင်ပေးတော်မူခဲ့တယ်။
ဒီစာအုပ်ထဲမှာ ကလေးသူငယ်တွေ တစ်နေရာတည်းကနေ အလွယ်တကူ ကျက် မှတ်နိုင်ဖို့အတွက် အရေးကြီးပြီး နေ့စဉ်သုံးနေရတဲ့ဒိုအာတွေကိုပဲ စုစည်းဖော်ပြပေးထား ပါတယ်။ ကလေးသူငယ်တွေ စာဖတ်ရာမှာ မပျင်းရလေအောင် ကျွန်တော်တို့ ဒါရုစ္စလာမ် အဖွဲ့က အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ပုံတွေ၊ ဒီဇိုင်းပုံတွေနဲ့ ရေးဆွဲဖော်ပြပေး ထားပါတယ်။ ဒိုအာကျက်သူအဖို့ လက်တွေ့ကျင့်သုံးရာမှာ လွယ်ကူမှုရရှိစေဖို့အတွက် အချို့သော လမ်းညွှန်ချက်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ မိဘတွေအနေ နဲ့လည်း မိမိတို့ရဲ့ သားသမီးတွေနဲ့အတူ ကျက်မှတ်လေ့လာပြီး လက်တွေ့ကျင့်သုံးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ဒါဟာ ကိုယ့်ရင်သွေးငယ်တွေကို စာသင်ပေးတဲ့အခါ အထောက်အကူလည်း ဖြစ်မှာပါ။
ငယ်ရွယ်စဉ်အခါတည်းက ကလေးတွေ နေ့စဉ်ကျက်မှတ်၊ လေ့လာပြီး လိုက်နာ ကျင့်သုံးတဲ့ ဒိုအာတွေဟာ သူတို့ဘဝတစ်လျှောက်လုံး သူတို့နဲ့အတူရှိပြီး သူတို့ကို အကူ အညီပေးနေမှာ ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် ငယ်စဉ်ဘဝက ကျက်မှတ်ခဲ့တဲ့ ဒိုအာ တွေဟာ ဒီကနေ့ထိတိုင်ကျွန်တော့်ဘဝရဲ့အချိုးအကွေ့တိုင်းမှာကျွန်တော့်ကိုအကျိုးဖြစ် ထွန်းစေခဲ့တာ လက်တွေ့ပါပဲ။
ဒါရုစ္စလာမ်က ထုတ်ဝေတဲ့အခြားစာအုပ်တွေလိုပဲ ဒီစာအုပ်ထဲက ဒိုအာတွေဟာ လည်း မှန်ကန်ခိုင်လုံတဲ့ ဟဒီးဆ်တော်တွေထဲကနေ ကောက်နုတ်တင်ပြထားခြင်း ဖြစ် တယ်။ ဒီစာအုပ်လေးဖြစ်တည်လာဖို့အတွက် အပတ်တကုတ်ကြိုးစားကူညီပေးခဲ့တဲ့ အိုကာရှာဟ် မိုဂျာဟိဒ်နှင့် ဒါရုစ္စလာမ်ရဲ့ စီနီယာဒီဇိုင်နာတို့ကိုလည်း ကျေးဇူးအထူးတင် ရှိပါတယ်။ ချစ်မြတ်နိုးရတဲ့ စာဖတ်ပရိသက်ကြီးရဲ့ ထောက်ပြချက်တွေကိုလည်း လိုလို လားလား စောင့်မျှော်နေပါတယ်။ -

ကုရ်အာန်၊ စွန္နဟ်အား အလုပ်အကျွေးပြုလျက်- အဗ်ဒွလ်မာလိက် မူဂျာဟိဒ်၊ ဒါရုစ္စလာမ်၊ ရိယာဒ်မြို့၊ ဖေဖော်ဝါရီလ၊ ၂၀၁၃ ခုနှစ်။

စာရေးသူ၏ အမှာစာ မူရင်း

အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ရိုသေလေးစားအပ်ပါသော မိဘများခင်ဗျာ၊ “ကလေးသူငယ်များအတွက် အဖိုး တန်တောင်းဆုဒုအာများ” အမည်ရှိ ဒုအာစာအုပ်ကလေးကို ကလေးသူငယ်များ အတွက်ရည်ရွယ်ပြီးပြုစုရေးသားလိုက်ပါတယ်။တမန်တော်မြတ်ﷺရဲ့နေထိုင်မှုဘဝကို ပြန်ကြည့်မယ်ဆိုရင် တမန်တော်မြတ်ﷺဟာ အလ္လာဟ်အရှင်မြတ်ကို အမြဲတစေ သတိ ရတသပြီး အကူအညီတောင်းခံခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ မြင့်မြတ်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်ဟာ မိမိကလွဲပြီး အခြားဘယ်သူ့ရဲ့ထံမှာမှ အကူအညီ
မတောင်းခံကြဖို့ ကျွန်တော်တို့ကိုမိန့်ကြားထားတော်မူတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာအလ္လာဟ် အရှင်မြတ်ထံမှာပဲ အကြိမ်ကြိမ် ခယရိုကျိုးစွာ အကူအညီတောင်းခံကြရမှာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူပါတယ် -
وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ

“အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိန့်ခြွေတော်မူတယ်။ အသင်တို့ ငါအရှင်မြတ်ထံတော်တွင် ဆုတောင်းကြပါ။ အသင်တို့ရဲ့ ဆုတောင်းမှုကို ငါအရှင် လက်ခံတော်မူမယ်။” (ကုရ်အာန် ၄၀း၆ဝ)

“ဒုအာဟာ အကြီးမားဆုံးသောအိဗာဒသ်တစ်ခု”ဆိုတာကို အသင်မှတ်သားပါ။ လေးစားအပ်ပါသော စာဖတ်ပရိသတ်များခင်ဗျာ၊ ပြဿနာတွေ၊ အခက်အခဲအကျပ်အတည်းတွေနဲ့ မရင်ဆိုင်ရတဲ့သူဆိုတာ ဒီလောကမှာ တစ်ယောက်မှ မရှိပါဘူး။ အလ္လာဟ်အရှင်မြတ်ထံတော်မှာ ချဉ်းကပ်ပြီး ဒုအာဆိုတဲ့အိဗာဒသ်ကို ပြုလုပ်မှသာ အဲဒီ အခက်အခဲတွေကနေလွယ်ကူမှု ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုကြားဝင် ရှေ့နေတစ်ဦးတစ်ယောက်ရဲ့ ကြားခံမှုမှမပါဘဲ အရှင်မြတ်ထံ တိုက်ရိုက်တောင်းခံနိုင်ပါ တယ်။ အလ္လာဟ်အရှင်မြတ်ဟာ အဆုံးမရှိတဲ့ကောင်းချီး မင်္ဂလာတွေနဲ့ ကျွန်တော်တို့ကို ကောင်းချီးပေးတော်မူပါတယ်။ ဒါကြောင့် မိမိရဲ့ ဖန်ဆင်းရှင်ဖြစ်တော်မူတဲ့ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ဖို့ မွတ်စ်လင်မ်တိုင်းပေါ်မှာ တာဝန်ရှိပါတယ်။
ယနေ့ခေတ်မှာ တတ်ယောင်ကားများနဲ့ ကျော်ကြားလိုတဲ့သူတွေဟာ မိမိတို့ရဲ့ စကားတွေကို တခြားသူတွေလက်ခံဖို့အတွက် တမန်တော်မြတ် မိန့်ခြွေခြင်းမရှိတဲ့ အရာကို တမန်တော်မြတ်ﷺအမိန့်ရှိတယ်လို့ တမန်တော်ﷺကို ခေါင်းပုံချပြီး လိမ်လည် စွပ်စွဲပြောဆိုကြတယ်။ ဒါဟာ အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။ အဲဒီသူ တွေရဲ့နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ပါလိမ့်မယ်။

من كذب علي متعمدا فليتبوأ مقعده من النار
တမန်တော်မြတ်ﷺအမိန့်ရှိတော်မူတယ်။ “အကြင်သူသည် ငါကိုယ်တော်ﷺနှင့် ပတ်သက်၍
တမင်တကာမဟုတ်မမှန် လုပ်ကြံစွပ်စွဲပြောဆိုလျှင်ထိုသူသည်မိမိ၏နေရာ ဌာနကို ငရဲမီးတွင် ပြုလုပ်ထားပါလေ”(ဗုခါရီကျမ်း၊ ဟဒီးစ်နံပါတ် - ၁၂၂၉) တစ်ဖန် ကုရ်အာန်ကျမ်းမြတ်မှာလည်း အလ္လာဟ်အရှင်မြတ်က အခုလို မိန့်ကြား ထားပါသေးတယ်။

(قُتِلَ الْخَرْصُونَ الَّذِينَ هُمْ فِي غَمرَةٍ سَاهُونَ )
“(သာသနာ ာသနာ့ရေးရာများနှင့် စပ်လျဉ်း၍) ရမ်းဆပြောဆိုကြကုန်သော သူတို့သည် ပြုရပေမည်။ အကြင်သူများသည် မသိမိုက်မဲမူထဲတွင် မေ့လျော့လျက် ရှိနေသူ ပျက်စီးကြရပေ များ ဖြစ်ကြသည်။” (ကုရ်အာန် - ၅၁း၁ဝ)
ဒီစာအုပ်ကလေးရဲ့အဓိက အားသာချက်မှာ သားသားမီးမီးတို့အကြိုက် အရောင် စုံ ပုံလေးတွေပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့လည်း ကလေးတွေကို စာပုံစံ သက်သက် ကျက်ရုံမဟုတ်ဘဲ နေ့စဉ် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ အတူတူလိုက်ဆို ပေးပြီး သင်ပေးဖို့ အရေးကြီးပါတယ်။ အဲ့ဒါမှ ကလေးတွေ နှုတ်ကျိုးသွားမှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် စာကျက်ရာမှာ လွယ်ကူမူရှိစေဖို့ စာတတန်ပေတတန်နဲ့ မရေးထား ဘဲ ပြောဟန်နဲ့သာ ရေးသားထားပါတယ်။ ကလေးတွေအတွက် အကျိုးဖြစ်ထွန်းစေ မယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်ုပ် ဤစာအုပ်ငယ်လေးကိုရေးသားရာတွင် မည်သည့်ပြစားမှုမျှ မပါဝင်ဘဲ အလ္လာဟ်အရှင်မြတ် အတွက်သာ ရည်စူး၍ ဘာသာပြန်ဆိုထားသောကြောင့် ဤဘာ သာပြန်ဆိုမှုကို အကြောင်းခံ၍ အရှင်မြတ်သည် ကျွန်ုပ်အား ဂျန္နသ်သုခဘုံကို ချီးမြှင့် တော်မူပါစေ။ (အာမီးန်)
ရှိုက်ခ်ရှာဟိဒ်(MEDIU)..

رئيس هيئة القرآن والسنة (المركزية)

جمهورية اتحاد ميانمار, مدينة يانجون ورئيس هيئة العلماء للمجلس الأعلى للشؤون الإسلامية

جمهورية اتحاد ميانمار.
https://www.facebook.com/profile.php?id=100009407896234&mibextid=hIlR13

08/12/2023

#ယနေ့ဂျုမုအဟ်ခုသ်ဗဟ်ဟောကြားမှု👇
أنواع الفتن المعاصرة والمخرج منها.
" #မျက်မှောက်ခေတ်ဖိသ်နာအမျိုးအစားများနှင့်
ယင်းဖိသ်နာများ၏ထွက်ပေါက်"
ဟောကြားသူ- #ရှိုက်ခ်ရှာဟိဒ်(MEDIU)
👉 #မြန်မာမွတ်စ်လင်မ်ရုံးလေးဗလီ

👇👇👇👇👇👇👇👇👇🥰
လင့်ခ်ကို joinလုပ်လိုပါက

https://t.me/quransunnahassociation

#ကုရ်အာန်-စွန္နဟ်ရေးရာအဖွဲ့ you tube link

https://youtube.com/channel/ucf4xounsi-f3x4nfoozdjfw
A H Kamal

The Truth Has Revealed... Alhumdulillah ☝️
05/12/2023

The Truth Has Revealed... Alhumdulillah ☝️

Watch, follow, and discover more trending content.

جميع براجرافات يونتس 1 ,2, 3 للصف السادس الابتدائي ، مُترجمهMr-Ahmed Mourad   ❤️
04/12/2023

جميع براجرافات يونتس 1 ,2, 3 للصف السادس الابتدائي ، مُترجمهMr-Ahmed Mourad ❤️

📖 طريقي إلى القراءة 📖✏️ قصة: كوكو المشاغب 🐕
29/11/2023

📖 طريقي إلى القراءة 📖
✏️ قصة: كوكو المشاغب 🐕

02/11/2023

“The whole of the Muslim is sacred to his fellow Muslim, his blood, his wealth and his honor.”..
မုစ်လင်မ်တစ်ဦး၏အသက်ကို အကြောင်းမဲ့သတ်ဖြတ်ခြင်းမပြုပိုင်ကြောင်းနဲ့ ထိုသို့ပြုပိုင်သောအကြောင်းရင်းများ..
https://youtu.be/9iDPD7sxTGk?si=bHRIdm7myI4IyG99

Address

Maungdaw-Buthidaung
Maungdaw

Website

Alerts

Be the first to know and let us send you an email when In The Light of Quran & Sunnah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to In The Light of Quran & Sunnah:

Share