Trinity Baptist Church

Trinity Baptist Church The Trinity Baptist Church Maubin is located in Kyone Tar village, Maubin Town. It is a member of Karen Baptist Convention.

To all Moms.. Happy Mothers' Day to you all.. May God bless all Moms..
10/05/2026

To all Moms..
Happy Mothers' Day to you all.. May God bless all Moms..

HAPPY MOTHER’S DAY! 🩷

Today may look different for so many of us, so I wanted to send some love today, not just to all the Moms, but to anyone who finds today hard for whatever reason.

Hope you have a lovely day! 🌸💖
God bless you all. 🙏🏻🤍

မိခင်များအားလုံး ပျော်ရွှင်ရသောမိခင်များနေ့ဖြစ်ပါစေ.. မိခင်များအားလုံးကိုကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်.. မိခင်များအားလုံးကိ...
10/05/2026

မိခင်များအားလုံး ပျော်ရွှင်ရသောမိခင်များနေ့ဖြစ်ပါစေ..
မိခင်များအားလုံးကိုကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်..
မိခင်များအားလုံးကိုဘုရားသခင် သာ၍ကောင်းကြီးပေးပါစေ..🙏🙏🙏

Blessed and Joyful Easter Sunday to you all.. ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မ...
05/04/2026

Blessed and Joyful Easter Sunday to you all..

ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။ (Mat 28:6)
သေခြင်းကိုအောင်မြင်သော အသက်ရှင်သောဘုရားသခင်ကို ယုံကြည်ကိုးကွယ် ကြသော သူအယောက်စီတိုင်း ဘဝတွင်ရင်ဆိုင်ရသော အခက်အခဲ အားလုံးကိုလည်း အောင်မြင်ကြပါစေ.. 🙏🙏🙏

11/02/2026

သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။
ထွက်မြောက် 23: 25

10/02/2026

အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။

ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

ဖိ​လိပ္ပိ 4: 6-7

09/02/2026

ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
ဆာလံ 84: 11

20/01/2026

တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။

တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။

သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။

ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။

သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
လုကာ 11: 9-13

18/01/2026

သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။

သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။

ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊

ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။

ရှင်ယောဟန် 14: 13-16

12/01/2026

ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ဝမ်းမြောက် ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။
ဆာလံ 5: 11

လုကာ ၁၂း တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုးရိမ်ကြနှင့်။ ...
04/01/2026

လုကာ ၁၂း
တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဘို့မစိုးရိမ် ကြနှင့်ဟု ငါဆို၏။ (Luk 12:22)

အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။ (Luk 12:23)

ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြ လော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္႑ာတိုက်မရှိ၊ သို့သော်လည်း ဘုရားသခင်သည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ (Luk 12:24)

အဘယ်သူသည် စိုးရိမ်ခြင်း အားဖြင့် မိမိအသက္တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ (Luk 12:25)

ထိုသို့ အငယ်ဆုံးသော အမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသော အမှုကို အဘယ်ကြောင့် စိုးရိမ်ကြသနည်း။ (Luk 12:26)

နှင်းပင်တို့သည် အဘယ်သို့သော အားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီးအဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ္ကိုမမွီဟု ငါဆို၏။ (Luk 12:27)

ယုံကြည် အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည်ထိုသို့သော အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူ မည်မဟုတ်လော။ (Luk 12:28)

ထိုကြောင့် အဘယ်သို့ စားရအံ့နည်း၊ အဘယ်သို့သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။သော ကမွှေနှောက်ခြင်း လည်းမရှိကြနှင့်။ (Luk 12:29)

ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကိုသင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ (Luk 12:30)

သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ (Luk 12:31)

''ချီးမွမ်း ရှေ့ဆက် ဂတိတော်များနဲ့''ဆာလံ ၁၀၃း၁..၃အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမွာ ရှိသမျှတို့၊ သန...
31/12/2025

''ချီးမွမ်း ရှေ့ဆက် ဂတိတော်များနဲ့''
ဆာလံ ၁၀၃း၁..၃

အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမွာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။ (Psa 103:1)

အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။ (Psa 103:2)

သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။ (Psa 103:3)

သင်၏ အသက္ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူူူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။ (Psa 103:4)

သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်း ရွိ၏။ (Psa 103:5)

ဟေဗြဲ ၁၂း၁

ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောက်ရှက်တတ်သော ဒုစရိုက္ကို၎ ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ (Heb 12:1)

ဟေရှာယ ၄၁း၁၀

မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ (Isa 41:10)

Address

Kyone Tar Village
Maubin
10181

Website

Alerts

Be the first to know and let us send you an email when Trinity Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category