ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီး

  • Home
  • Myanmar
  • Mandalay
  • ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီး

ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီး, Religious organisation, Mandalay.

ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ပြီး ကျောင်းရှိသံဃာများ လူပုဂ္ဂိုလ်များ အန္တရာယ်ခပ်သိမ်းဘေးရှင်းပါတယ်...လှူဒါန်းလိုသူများလည်းကျောင်းသို့ တိုက်ရိုက်သော်လည်းကောင်း Page Messenger မှတစ်ဆင့်တော်လည်း​ကောင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်...

ငလျင် ဒဏ်ကြောင့် ပျက်စီးပြောင်းလဲသွားသော လမ်းတံတားအချိူ့....No AI System,No Photoshop🆘ဤ Page အား တခြားမြို့နယ်မှ ကြီးကြပ...
06/04/2025

ငလျင် ဒဏ်ကြောင့် ပျက်စီးပြောင်းလဲသွားသော လမ်းတံတားအချိူ့....No AI System,No Photoshop

🆘ဤ Page အား တခြားမြို့နယ်မှ ကြီးကြပ်နေပြီး လက်ရှိမြေပြင်အခြေအနေ အရ ဖုန်းလိုင်းမကောင်း📱 အင်တာနက်လိုင်းမကောင်းတဲ့အပြင် အကူအညီများ ရောက်လာမှုအားနည်းနေသောကြောင့် အလျှင်အမြန်အကူအညီများရောက်ရှိပါစေဘုရား...🙏

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #အလယ်တိုက်ကြီး #မန္တလေးတိုင်း #ငလျင် #မန္တလေး #မတ်လ၂၈ #နေပြည်တော် #စစ်ကိုင်း

06/04/2025

မတ်လ ၂၈ ရက်နေ့ ၂၀၂၅

ရှမ်းပြည်နယ် တွင်နေ့လည် တစ်နာရီဝန်းကျင်ခန့် တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများ

🆘ဤ Page အားတခြားမြို့နယ်မှ ကြီးကြပ်နေပြီး လက်ရှိမြေပြင်အခြေအနေ အရ ဖုန်းလိုင်းမကောင်း📱 အင်တာနက်လိုင်းမကောင်းတဲ့အပြင် အကူအညီများ ရောက်လာမှုအားနည်းနေသောကြောင့် အလျှင်အမြန်အကူအညီများရောက်ရှိပါစေဘုရား...🙏

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #အလယ်တိုက်ကြီး #မန္တလေးတိုင်း #ငလျင် #မန္တလေး #မတ်လ၂၈ #ရှမ်းပြည်နယ် #တောင်ကြီး #အင်းလေး #အောင်ပန်း

05/04/2025

မတ်လ ၂၈ ရက်နေ့ ၂၀၂၅

နေပြည်တော် တွင်နေ့လည် တစ်နာရီဝန်းကျင်ခန့် တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများ

🆘ဤ Page အားတခြားမြို့နယ်မှ ကြီးကြပ်နေပြီး လက်ရှိမြေပြင်အခြေအနေ အရ ဖုန်းလိုင်းမကောင်း📱 အင်တာနက်လိုင်းမကောင်းတဲ့အပြင် အကူအညီများ ရောက်လာမှုအားနည်းနေသောကြောင့် အလျှင်အမြန်အကူအညီများရောက်ရှိပါစေဘုရား...🙏

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #အလယ်တိုက်ကြီး #မန္တလေးတိုင်း #ငလျင် #မန္တလေး #မတ်လ၂၈ #နေပြည်တော်

04/04/2025

မတ်လ ၂၈ ရက်နေ့ ၂၀၂၅

မန္တလေးတိုင်း တွင်နေ့လည် တစ်နာရီဝန်းကျင်ခန့် တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများ
အပိုင်း ၂

🆘ဤ Page အားတခြားမြို့နယ်မှ ကြီးကြပ်နေပြီး လက်ရှိမြေပြင်အခြေအနေ အရ ဖုန်းလိုင်းမကောင်း အင်တာနက်လိုင်းမကောင်းတဲ့အပြင် အကူအညီများ ရောက်လာမှုအားနည်းနေသောကြောင့် အလျှင်အမြန်အကူအညီများရောက်ရှိပါစေဘုရား...🙏

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #အလယ်တိုက်ကြီး #မန္တလေးတိုင်း #ငလျင် #မန္တလေး #မတ်လ၂၈

03/04/2025

မတ်လ ၂၈ ရက်နေ့ ၂၀၂၅
မန္တလေးတိုင်း တွင်နေ့လည် တစ်နာရီဝန်းကျင်ခန့် တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုများ

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #အလယ်တိုက်ကြီး #မန္တလေးတိုင်း #ငလျင် #မန္တလေး #မတ်လ၂၈

03/04/2025

မတ်လ ၂၈ရက်နေ့ ၂၀၂၅
ထိုင်းနိုင်ငံတွင်လှုပ်ခတ်ခဲ့သော ငလျင်

#ဒက္ခိဏာရာမဘုရားကြီးတိုက် #ဘုရားကြီးတိုက် #မန်းလေး #စစ်ကိုင်းပြတ်ရွေ့ #မန္တလေးတိုင်း #ငလျင် #မန္တလေး #အလယ်တိုက်ကြီး

03/04/2025

အရာအားလုံး ဖြစ်ပျက်ဖို့ဟာ မျက်စိတစ်မှိတ်လောက်ပါပဲ....
#ဘုရားကြီးတိုက် #အလယ်တိုက်ကြီး #ဒက္ခိဏာရာမဘုရားကြီးတိုက် #မန္တလေးတိုင်း #ငလျင် #စစ်ကိုင်းပြတ်ရွေ့ #မန်းလေး #မန္တလေး

မန္တလေး မြို့ မဟာမြတ်မုနိဘုရားကြီးအနီးတွင်တည်ရှိခဲ့သော...နှစ်ပေါင်းရာချီ တဲ့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြိီး ငလ...
29/03/2025

မန္တလေး မြို့ မဟာမြတ်မုနိဘုရားကြီးအနီးတွင်တည်ရှိခဲ့သော...
နှစ်ပေါင်းရာချီ တဲ့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြိီး ငလျင် ဒဏ်ကြောင့် နေလို့မရအောင် ပြိုကျပျက်စီးသွားခဲ့ပါပြီ ပထမ အကြိမ်မှာကတည်းက အရှေ့ဘက်ခြမ်းပြိုကျခဲ့ပြီး ဒုတိယ အကြိမ်မှာ...တော့ ပြောစရာမရှိအောင်ဆုံးရှုံးလိုက်ရပါပြီ...
ကျောင်းရှိသံဃာများနှင့်ကျောင်းသားများ ဘေးကင်းကြပြီး အသေအပျောက်မရှိကြပါ...လောလောဆည်သံဃာများကတော့ ဦးပွားဘုရားအနီးသီတင်းသုံးနေကြပါတယ်....
မန္တလေးမြို့ ထဲရှိ သံဃာတော်များ ဒါယိကာ ဒါယိကာမများ အန္တရာယ်ကင်းဘေးရှင်းကြပါစေ...

#အလယ်တိုက်ကြီး #ဘုရားကြီးတိုက်အလယ်တိုက်ကြီး #ဒက္ခိဏာရာမဘုရားကြီးတိုက် #မန္တလေး #ငလျင် #မန္တလေး #28.3.2025 #၂၈.၃.၂၀၂၅ #မန္တလေးတိုင်း #စစ်ကိုင်းပြတ်ရွေ့

04/02/2025

အာဇီဝဌမကသီလဖြင့် ရုပ်နာမ်ပယ်ပုံ အပိုင်း (၅၅၀)

သာသနာတော်၌ သီလသမာဓိပညာသည် ကုသိုလ် ဖြစ်၏, ကုသိုလ်သည် မပယ်အပ်သည့်တရား ပွားများရမည့်တရား ဖြစ်၏
လောဘဒေါသမောဟသည် အကုသိုလ်ဖြစ်၏, အကုသိုလ်သည် ပယ်ရမည့်တရား ဖြစ်၏
လောဘသည် ဥပပတ္တိပြိတ္တာအဖြစ်ကို ဖြစ်စေ၏
ဒေါသသည် ဥပပတ္တိငရဲအဖြစ်ကို ဖြစ်စေ၏
မောဟသည် ဥပပတ္တိတိရစ္ဆာန်အဖြစ်ကို ဖြစ်စေ၏
သီလသည် လောဘကို ပယ်၏
သမာဓိသည် ဒေါသကို ပယ်၏
ပညာသည် မောဟကို ပယ်၏
သီလနှင့်ပြည့်စုံလျှင် ဥပပတ္တိပြိတ္တာအဖြစ်မှ လွန်မြောက်၏
သမာဓိနှင့်ပြည့်စုံလျှင် ဥပပတ္တိငရဲမှ လွန်မြောက်၏
ပညာနှင့်ပြည့်စုံလျှင် ဥပပတ္တိတိရစ္ဆာန်အဖြစ်မှ လွန်မြောက်၏
သီလနှင့်ပြည့်စုံလျှင် သဗ္ဗပါပဿ အကရဏံ ဖြစ်၏
သမာဓိနှင့်ပြည့်စုံလျှင် ကုသလဿုပသမ္ပဒါ ဖြစ်၏
ပညာနှင့်ပြည့်စုံလျှင် သစိတ္တပရိယောဒပနံ ဖြစ်၏
သီလသည် ကာမတဏှာကို ပယ်၏
ပညာသည် ဘဝတဏှာ ဝိဘဝတဏှာကို ပယ်၏
သမာဓိသည် အဂ်ါရှစ်ပါးရှိသော အရိယမဂ်ကို ဖြစ်စေ၏
သီလစင်ကြယ်လျှင် ပညာစင်ကြယ်၏ ပညာစင်ကြယ်လျှင် သီလစင်ကြယ်၏
သီလဝိသုဒ္ဓိဖြစ်လျှင် ဒိဌိဝိသုဒ္ဓိ ဖြစ်၏ ဒိဌိဝိသုဒ္ဓိဖြစ်လျှင် သီလဝိသုဒ္ဓိ ဖြစ်၏
သီလနှင့်ပညာသည် အချင်းချင်း ဖွတ်လျှော်၏
မစင်ကြယ်သောသီလသည် သာသဝသီလဖြစ်၍ မစင်ကြယ်သောပညာသည် မိစ္ဆာဉာဏ် ဖြစ်၏
စင်ကြယ်သောသီလသည် အနာသဝသီလဖြစ်၍ စင်ကြယ်သောပညာသည် အရိယသမ္မာဒိဌိ ဖြစ်၏
အာဇီဝဌမကသီလဖြင့် ရုပ်နာမ်ပယ်ရာ၌ ကာယဒုစရိုက်အမှု့ ဝစီဒုစရိုက်အမှု့ မိစ္ဆာဇီဝအမှု့များကို ကျူးလွန်ခြင်း(ကာမတဏှာ)ကို လောဘဟု ယူရာ၏
သေပြီးနောက် လူနတ်ချမ်းသာကို (နောက်ဘဝကို) မျှော်လင့်တောင့်တ၍ ဒါန သီလ သမထ ဝိပဿနာ ပြုလုပ်အားထုတ်ခြင်းကို (ဝါ) သီလ ဝတ တပ ဗြဟ္မစရိယ ပြုလုပ်အားထုတ်ခြင်းကို ဘဝတဏှာ(သဿတဒိဌိ)ဟု၎င်း,
သေပြီးနောက် ဘဝပြတ်စဲရန် နောက်ဘဝမရှိရန် ဒါန သီလ သမထ ဝိပဿနာ ပြုလုပ်အားထုတ်ခြင်းကို (ဝါ) သီလ ဝတ တပ ဗြဟ္မစရိယ ပြုလုပ်အားထုတ်ခြင်းကို ဝိဘဝတဏှာ(ဥစ္ဆေဒဒိဌိ)ဟု၎င်း ယူရာ၏
ကာယသုစရိုက်အမှု့ ဝစီသုစရိုက်အမှု့ သမ္မာအာဇီဝအမှု့တို့၌ ပြုလုပ်အားထုတ်ခြင်း မရှိသည်ကို ဒေါသ အပြစ်ဟု ယူရာ၏
(ဝါ) ဒါန သီလ သမထ ဝိပဿနာ ပြုလုပ်အားထုတ်ခြင်း မရှိသည်ကို ဒေါသ အပြစ်ဟု ယူရာ၏
အထူးသတိ ပြုအပ်သည်ကား စကြဝတေးမင်း၏ စည်းစိမ်ချမ်းသာအထိ ပေးစွမ်းနိုင်သော လင်ကျွေးမယားကျွေး သားကျွေးသမီးကျွေး မိကျွေးဖကျွေး ဆွေကျွေးမျိုးကျွေး ဧည့်ကျွေးသောင်ကျွေး ရှင်ကျွေးရဟန်းကျွေး သမဏကျွေးဗြဟ္မဏကျွေး ဘာသာကျွေး သာသနာကျွေး ဖုန်းတောင်းကျွေးယာစကာကျွေး အလို့ဌာ ပြုလုပ်အားထုတ်အပ်သော သမ္မာအာဇီဝဖြစ်သော ပိုက်ဆံရှာမှု့မှန်သမျှ ပန်းရံအလုပ် လက်သမားအလုပ်ကစ၍ အလုပ်မှန်သမျှကို အကုသိုလ်အလုပ် (လောဘဒေါသမောဟ)ဟူ၍ မယူအပ်သည်သာ ဖြစ်၏ ကုသိုလ်တရားများကို အကုသိုလ်ဟု ယူခြင်းသည် အဓမ္မလည်း ဖြစ်၏ အဝိဇ္ဇာမောဟလည်း ဖြစ်၏
သီလသမာဓိပညာကို လောဘဒေါသမောဟဟူ၍၎င်း ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ဟူ၍၎င်း မယူရ, လောဘ ဒေါသမောဟကို (ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ကို) သီလသမာဓိပညာဟူ၍ မယူရ
အကုသိုလ်ကို ကုသိုလ်ဟု မယူရ, ကုသိုလ်ကို အကုသိုလ်ဟု မယူရ
အကုသိုလ်ကို ကုသိုလ်ဟုယူလျှင် ကုသိုလ်ကို အကုသိုလ်ဟု ယူလျှင် သက္ကာယဒိဌိ အတ္တဒိဌိ ဖြစ်၏
လောဘဒေါသမောဟကို သီလသမာဓိပညာဟု ယူလျှင် သီလသမာဓိပညာကို လောဘဒေါသမောဟဟု ယူလျှင် သက္ကာယဒိဌိ အတ္တဒိဌိ ဖြစ်၏
ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ကို သီလသမာဓိပညာဟု ယူလျှင် သီလသမာဓိပညာကို ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ဟု ယူလျှင် သက္ကာယဒိဌိ အတ္တဒိဌိ ဖြစ်၏
ကုသိုလ်ကို (ဝါ) သီလသမာဓိပညာကို (ဝါ) အရိယမဂ္ဂင်ရှစ်ပါးကို အကုသိုလ်ဟု (ဝါ) လောဘဒေါသမောဟဟု (ဝါ) ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ဟု ယူလျှင် ထိုသီလသမာဓိပညာသည် လောကီတရားအဖြစ်သို့ ယုတ်လျှော့သက်ဆင်းသွား၏
ကုသိုလ်ကို (ဝါ) သီလသမာဓိပညာကို (ဝါ) အရိယမဂ္ဂင်ရှစ်ပါးကို အကုသိုလ်ဟု - လောဘဒေါသမောဟဟု - ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ဟု မသိ၍ယူလျှင် သက္ကာယဒိဌိ အတ္တဒိဌိ ဖြစ်၏, သိလျှက်ယူလျှင် အယုတ်တမာထိတ်တင် သာသနာဖျက်ဘုရင် ဖြစ်၏
အဘယ့်ကြောင့်ဆိုသော် သီလသမာဓိပညာကို ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်၌ ထည့်သွင်းအပ်သော် သီလသမာဓိပညာသည် ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ကို ချုပ်စေတတ်သည့်တရားမဟုတ် (ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာမဟုတ်) ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာကြောင့်ဖြစ်သော ဒုက္ခအရိယသစ္စာတရားသာ ဖြစ်၏ (ဒုက္ခသာဖြစ်၏) ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်သာ ဖြစ်၏ဟု ဘုရားရှင်တို့၏ အရိယသစ္စာလေးပါးကို ဘုရားရှင်တို့၏ သာသနာကို ဖျက်စီးအပ်သောကြောင့် ဖြစ်၏

သဗ္ဗေသတ္တာ ကမ္မဿကာ, အဝေရါ ဟောန္တု,

(ဆက်ရန်)

03/02/2025

အာဇီဝဌမသီလဖြင့် ရုပ်နာမ်ပယ်ပုံ အပိုင်း (၅၄၉)

သာသနာတော်၌ သေပြီးနောက် ဘဝဖြစ်ရေး မဖြစ်ရေးထက် လောဘဒိဌိကြောင့်ဖြစ်သည့် ဥပ ဥပပတ္တိငရဲသားအဖြစ် ဥပပတ္တိတိရစ္ဆာန်အဖြစ် ဥပပတ္တိပြိတ္တာအဖြစ် ဥပပတ္တိအသူရကာယ်အဖြစ်မှ လွတ်မြောက်၍ လူသားစင်စစ်ဖြစ်ရေးသည် အဓိကပဓာန ဖြစ်ရာ၏
(၃၁)ဘုံ၌ လူ့ဘုံ လူ့အဖြစ်သည် မနုဿဘာဝ ဒုလ္လဘ ဖြစ်၏
ကာယဒုစရိုက်အမှု့ ဝစီဒုစရိုက်အမှု့ မိစ္ဆာဇီအမှု့များကို မကျူးလွန်လျှင် (ရှောင်ကြဥ်လျှင်) ဥပပတ္တိပြိတ္တာအဖြစ်မှ လွန်မြောက်၏ (သဗ္ဗပါပဿ အကရဏံ)
ကာယသုစရိုက်အမှု့ ဝစီသုစရိုက်အမှု့ သမ္မာအာဇီဝအမှု့များကို ပြုလုပ်အားထုတ်လျှင် ဥပပတ္တိငရဲမှ လွန်မြောက်၏ (ကုသလဿုပသမ္ပဒါ)
နတ္ထိ ဒိန္နံ အစရှိသည့် ဒိဌိ (၁၀)ပါး၌ မကပ်ငြိလျှင် ဥပပတ္တိတိရစ္ဆာန်အဖြစ်မှ လွန်မြောက်၏ (သစိတ္တပရိယောဒပနံ)
သဿတဒိဌိ(ဘဝတဏှာ) ဥစ္ဆေဒဒိဌိ(ဝိဘဝတဏှာ)၌ မကပ်ငြိလျှင် ဥပပတ္တိအသူရကာယ်အဖြစ်မှ လွန်မြောက်၏ (သစိတ္တပရိယောဒပနံ)
နတ္ထိ ဒိန္နံ အစရှိသည့် ဒိဌိ (၁၀)ပါးကို စွန့်ပယ်၍ အတ္ထိ ဒိန္နံ အစရှိသည့် ဒိဌိ (၁၀)ပါး၌ ဆောက်တည်ခြင်းသည် လောကီသမ္မာဒိဌိ ဖြစ်၏
ကာမတဏှာဟုဆိုအပ်သော သဿတဒိဌိ ဘဝတဏှာဟုဆိုအပ်သော ဥစ္ဆေဒဒိဌိကို စွန့်ပယ်ခြင်းသည် လောကုတ္တရာသမ္မာဒိဌိ ဖြစ်၏
အရိယမဂ်ဖြင့် တုလအတုလဟုဆိုအပ်သော ကာမတရား ရူပတရား အရူပတရားများကို စွန့်ပယ်ခြင်းသည် လောကုတ္တရာသမ္မာဒိဌိ ဖြစ်၏
ဗုဒ္ဓသည် ပဌမအကြိမ် အာဠာရဥဒကတို့၏ တုလာတုလတရားများကို စွန့်ပယ်ခဲ့၏
ဒုတိယအကြိမ် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံခါနီး၌ အရိယမဂ်ဖြင့် တုလာတုလတရားများကို စွန့်ပယ်ခဲ့၏ (ဗုဒ္ဓဝင်စသည်များ အလို)
ဗုဒ္ဓသည် အာဠာရဥဒကတို့၏ ထေရဝါဒကို စွန့်ပယ်ပြီးသည့် နောက်ကာလ၌ (အာဠာရဥဒကတို့၏ ထေရဝါဒသာသနာမှ ရူပအရူပဟုဆိုအပ်သော တုလာတုလတရားများကို စွန့်ပယ်ပြီးသည့်နောက်ကာလ၌) အရိယသစ္စာဒေသနါဖြစ်သော တရားဦးဓမ္မစကြာ မဇ္ဈိမာပဋိပဒါကို ဟောတော်မူအပ်သည် ဖြစ်၏
ဒုက္ခချုပ်ရာ အကျင့်ပဋိပဒါဖြစ်သော ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာထိုက်သော အရိယသမ္မာဒိဌိသည် ဆင်းရဲဒုက္ခချုပ်ရာအကျင့်ဖြစ်သည့် သမ္မာဒိဌိ ဖြစ်၏
လောဘဒိဌိ၏ အကျိုးတရားဖြစ်သော ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်၌ အကျုံးဝင်သော ဒုက္ခဖြစ်သော ဒုက္ခအရိယသစ္စာထိုက်သော သမ္မာဒိဌိသည် ဆင်းရဲဒုက္ခဖြစ်သည့် သမ္မာဒိဌိ ဖြစ်၏
လောကီသမ္မာဒိဌိသည် (ပရမတ္ထသမ္မာဒိဌိသည်) ဒုက္ခသမ္မာဒိဌိ ဖြစ်၏
လောကုတ္တရာသမ္မာဒိဌိသည် (အရိယသမ္မာဒိဌိသည်) ဒုက္ခချုပ်ရာသမ္မာဒိဌိ ဖြစ်၏
ပရမတ္ထမဂ္ဂင်ရှစ်ပါးသည် ဒုက္ခချုပ်ကြောင်းအကျင့်တရား မဟုတ်ပေ, ပရမတ္ထမဂ္ဂင်ရှစ်ပါးသည် ဒုက္ခဟု ရှု့ရ သိရ မြင်ရမည့် ဒုက္ခအရိယသစ္စာတရား ဖြစ်၏
အရိယမဂ္ဂင်ရှစ်ပါးသည် ဒုက္ခအရိယသစ္စာမထိုက်သဖြင့် ဒုက္ခဟု မရှု့အပ် မသိအပ် မမြင်အပ်သည့်တရား ဖြစ်၏, အရိယမဂ္ဂင်ရှစ်ပါးသည် ရုပ် ဝေဒနါ သညာ သခ်ါရ ဝိညာဏ်ဟု ဆိုအပ်သော အနိစ္စတရား ဒုက္ခတရား အနတ္တတရားများကို ချုပ်စေတတ်သည့် ဒုက္ခချုပ်ကြောင်းအကျင့်ပဋိပဒါသာ ဖြစ်၏
ပရမတ္ထမဂ္ဂင်ရှစ်ပါးသည် ဒုက္ခဖြစ်သဖြင့် ပရမတ္ထမဂ္ဂင်ရှစ်ပါး အကျင့်တရားသည် ဒုက္ခပဋိပဒါ ဖြစ်၏
မိမိတို့ ထေရဝါဒ၌ ပရမတ္ထမဂ္ဂင်ရှစ်ပါးသည် ဒုက္ခဖြစ်သဖြင့် ပရမတ္ထမဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်စေခြင်းသည် ဒုက္ခပေးခြင်း ဆင်းရဲစေခြင်းမှတပါး အခြားမရှိနိုင်ဟုသာ ဆိုအပ်မည် ဖြစ်၏
မြန်မာလူမျိုးတို့သည် ဘုန်းတော်ကြီးများအား အထွတ်အမြတ်ထား၍ မစားရက်မသောက်ရက် အမွန်အမြတ် လှူကြတန်းကြ ပူဇော်ကြ၏
ဘုန်းတော်ကြီးများသည် ဒုက္ခချုပ်ရာအကျင့်ပဋိပဒါဖြစ်သော မဂ္ဂင်ရှစ်ပါးကို မဟောကြ မပြောကြ မသင်ကြ မကြားကြ မပို့ကြ မချကြ မရေးကြ မသားကြ မဖြန့်ဝေကြမူ၍ ဒုက္ခဖြစ်သည့် ပရမတ္ထမဂ္ဂင်ရှစ်ပါး အကျင့်တရားကိုသာ ကျင့်ကြံအားထုတ်ကြစေခြင်း, ဒုက္ခဖြစ်သည့် ပရမတ္ထမဂ္ဂင်ရှစ်ပါးကိုသာ ပေးကြခြင်းကား လူတို့အား ဒုက္ခပေးကြခြင်း ဆင်းရဲဒုက္ခပေးနေကြခြင်းထက် အခြားတစုံတရာ မရှိနိုင်ဟုသာ ဆိုအပ်မည် ဖြစ်၏
မြန်မာပြည် ဘုန်းကြီးစီးပွားရေးလောက၌ သူလိုကိုယ်လို အချို့ဘုန်းတော်ကြီးများကား လူတို့အား ဤသီလ ဝတ တပ ဗြဟ္မစရိယဖြင့် နတ်သော်လည်း ဖြစ်အံ့ဟု သဿတဒိဌိ ဘဝတဏှာမှိုင်းတိုက်၍ စီးပွားရေးကြီးပွားရေး လာဘ်သပ္ပကါရေးကို ရှာဖွေကြ၏
သူလိုကိုယ်လို အချို့ဘုန်းတော်ကြီးအချို့ကား လူတို့အား ဤသီလ ဝတ တပ ဗြဟ္မစရိယဖြင့် သေပြီးနောက် နောက်ဘဝမရှိ နောက်ဘဝမဖြစ် ဘဝပြတ်စဲ၏ဟု ဥစ္ဆေဒဒိဌိ ဝိဘဝတဏှာမှိုင်းတိုက်၍ စီးပွားရေးကြီးပွားရေး လာဘ်သပ္ပကါကို ရှာဖွေကြ၏
ဂေါတမီသုတ် ပါဠိတော်အရကား သာသာနာနှစ် (၅၀၀)ကပင် သာသနာသည် ကွယ်ပခဲ့ပြီး ဖြစ်၏
ပုဂံခေတ် အနော်ရထာမင်း ထေရဝါဒကို သယ်ဆောင်လာစဥ်ကပင် သာသနာသည် ကွယ်ပခဲ့ပြီး ဖြစ်၏
မာတုဂါမသည် သာသနာတော်၌ ဝင်ရောက်လျှင် သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်ကို ရရှိနိုင်ကျိုး ရှိ၏
ထို့အတူပင် အရိယသစ္စာသာသနာတော်၌ အဘိဓမ္မာ ပရမတ္ထသစ္စာသာသနာကို လက်ခံခြင်းဖြင့် သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်ကို ရရှိနိုင်သည် ဖြစ်၏
အရိယသစ္စာသာသနာသည် ဧကာယနော မဂ္ဂေါ လမ်းစဥ် ဖြစ်၏
ပရမတ္ထသစ္စာသနာသည် စတုမဂ္ဂလမ်းစဥ် ဖြစ်၏
မာတုဂါမဟူသည် အမေ့ရွာ ဖြစ်၏
ပရမတ္ထသစ္စာသည် မာတုဂါမကဲ့သို့ ညစ်ထေးသည်လည်း ဖြစ်၏
အဘိဓမ္မာ ပရမတ္ထသစ္စာသည် အရိယသစ္စာကဲ့သို့ ဖြူစင်မှု့မရှိ, ဖြူစင်မှု့ နည်းပါးသည် ဖြစ်၏
ပရမတ္ထသစ္စာသည် မိဘအမွေအနှစ်နှင့် ပမာတူ၍ အရိယသစ္စာသည် ဆရာ့အမွေအနှစ်နှင့် ပမာတူ၏
မြန်မာပြည်သို့ အနောရထာမင်း ထေရဝါဒကို သယ်ဆောင်လာစဥ်ကပင် အရိယသစ္စာသာသနာသည် ကွယ်ပနေခဲ့ပြီး (သင်ရိုး ဟောရိုး ပျောက်ကွယ်ခဲ့ပြီး) ဖြစ်ကာ မဂ်လေးတန် ဖိုလ် လေးပါး နိဗ္ဗာန်တရားတည်းဟူသော လောကုတ္တရာတရား (၉)ပါးလမ်းစဥ်သာ ပါလာခဲ့၏ဟု ဆိုအပ်မည် ဖြစ်၏
မြန်မာတို့၏ မူလနယ်ခံသာသနာဖြစ်သည့် ယိုင်နဲ့နဲ့ဖြစ်နေသော ပျက်စီးယိုယွင်းနေသော အရိယသာသနာအ​စစ် မဖြစ်တော့သော အရိယာကြီးများ အရိယ်ကြီးများ အရိယ်းကြီးများ၏ အရိယသာသနာသည်လည်း မောင်းထုတ်ဖျက်စီးခံလိုက်ရဟန် ရှိ၏
မည်သို့ပင် ဆိုစေကာမူ အိပ်စ်ပို့တိုင်းမှာ အင် မပါဘူး ဟူသော အယူအစွဲကို ပယ်ဖျောက်၍ ပရမတ္ထသစ္စာ အရိယသစ္စာ လမ်းနှစ်ဖြာဖြင့် ကြည့်ရှု့စစ်ဆေးပြီး စားသုံးနိုင်မှသာ အိပ်စ်ပိုစ့်ပိဋကတော်ကြီးများရဲ့ အနှစ်အသားများလည်း ထွက်ပေါ်လာနိုင်လိမ့်မည် ဖြစ်၏

သဗ္ဗေသတ္တာ ကမ္မဿကာ, အဝေရါ ဟောန္တု,

(ဆက်ရန်)

03/02/2025

အာဇီဝဌမကသီလဖြင့် ရုပ်နာမ်ပယ်ပုံ အပိုင်း (၅၄၈)

သာသနာတော် ပဋိစ္စသမုပ္ပါဒ်တရားတော်သည် နက်နဲခက်ခဲ၍ စာခေါင်းသိုက်ကဲ့သို့ ရှုပ်ထွေးသောတရား ဖြစ်၏ ပညာအရာဖြစ်သောကြောင့် ပညာဘူမိလည်း ဖြစ်၏
ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာသခ်ါရကို အတိတ်အဓွန့် အတိတ်ခန္ဓာ အတိတ်ဘဝ အတိတ်ကာလအဖြစ်လည်း ပညတ်တော်မူကြကုန်၏
ဇာတိ ဇရာမရဏကို အနာဂါတ်အဓွန့် အနာဂါတ်ခန္ဓာ အနာဂါတ်ဘဝ အနာဂါတ်ကာလအဖြစ်လည်း ပညတ်တော်မူကြကုန်၏
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနါ တဏှာ(သဒ္ဓါ) ဥပါဒါန်(အဓိမောက္ခ) ဘဝ(ကမ္မဘဝ ဥပပတ္တိဘဝ)ကို ပစ္စုပ္ပန်အဓွန့် ပစ္စုပ္ပန်ခန္ဓာ ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလအဖြစ်လည်း ပညတ်တော်မူကြကုန်၏
ဥပါဒါပစ္စယာ ဘဝေါ (ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဥပပတ္တိဘဝေါ) ဥပါဒါနနိရောဓာ ဘဝနိရောဓော (ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓော ဥပပတ္တိဘဝနိရောဓော)သည် ပစ္စုပ္ပန်အဓွန့် ပစ္စုပ္ပန်ခန္ဓာ ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလ ဖြစ်၏
ဘုရားရဟန္တာတို့၏ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ,အရ ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓောကို၎င်း, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ အရ ဥပါဒါနနိရောဓော ဥပပတ္တိဘဘနိရောဓောကို၎င်း ရအပ်သည် ဖြစ်၏
ဘုရားရဟန္တာတို့၏ ကံဟောင်းကုန်၍ ကံသစ် မဖြစ်ခြင်းဟူသည် ဥပါဒါနနိရောဓာ ကမ္မဘဝနိရောဓော ဖြစ်၏
ဘုရားရဟန္တာတို့၏ ယခုကာလ ဘဝမဖြစ်ခြင်းသည် ဥပါဒါနိရောဓာ ဥပပတ္တိဘဝနိရောဓော ဖြစ်၏
ဥပပတ္တိဘဝဟူသည် လူ့မျက်စိဖြင့် မမြင်အပ် နတ်မျက်စိဖြင့်သာ မြင်အပ်သည်လည်း ဖြစ်၏
ဥပမာအားဖြင့် ဗြဟ္မာကြီး ဗြဟ္မာကြီးဆိုတာ မြတ်စွာဘုရားပါတကား ဟူသကဲ့သို့ ဖြစ်၏
မနုဿ အတ္တ ဘာဝ ဒု လဘ - လူ့အဖြစ်သည် ရခဲ၏ဟုဆိုရာ လူ့အတ္တနှင့် (လူ့စိတ်နှင့်)ပြည့်စုံသူကိုသာ လူဟု သိအပ် မြင်အပ်သည် ဖြစ်၏
လူ့အတ္တဘောကိုဝ် လူ့အတ္တအဖြစ် လူ့စိတ်အဖြစ်နှင့် ပြည့်စုံမှသာ လူ ဖြစ်၏
အရကောက်ကား ကုသလကမ္မပထတရား (၁၀)ပါး ဖြစ်၏
လူဟူသည် အကုသလကမ္မပထတရား (၁၀)ပါးကို ရှောင်ကြဥ်၍ ကုသလကမ္မပထတရား (၁၀)ပါးနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည်သာ လူ ဖြစ်၏
#သတ်ဖြတ်ခြင်း, ညှင်းဆဲခြင်း #ခိုးခြင်း, သူတပါးပစ္စည်းကို မတရားနည်းလမ်းဖြင့် ရယူခြင်း #အိမ်ထောင်ရေးဖောက်ပြန်ခြင်း #လိမ်ညာပြောဆိုခြင်း #သွေးခွဲစကားပြောကြားခြင်း #ကြမ်းတမ်းစွာပြောဆိုခြင်း, ဆဲဆိုခြင်း #မိစ္ဆာဒိဌိစကားပြောဆိုခြင်းမှ ကင်းစင်၍
သတ္တဝါတို့အား ချစ်ခင်ခြင်း သနားကြင်နာခြင်း, သူတပါးတို့၏ ပစ္စည်းဥစ္စာကို ခိုင်မြဲစေခြင်း တိုးပွားစေခြင်း, သူတပါးတို့၏ အိမ်ထောင်ရေး ခိုင်မြဲစေခြင်း, မှန်သောစကားကို ပြောဆိုခြင်း, လူတို့အား ညီညွတ်စေသည့်စကား စည်းလုံးစေသည့်စကားကိုသာ ပြောဆိုခြင်း, လမ္မာ ယဥ်ကျေး ချိုသာအေး၍ နားဝင်ပိယံ ဖြစ်စေသည့် စကားများကိုသာ ပြောဆိုခြင်း, သမ္မာဒိဌိဖြစ်သည့် စကားများကိုသာ ပြောဆိုခြင်း ဟူသော လူ့အတ္တ လူ့စိတ်နှင့် (လူ့အတ္တဟုဆိုအပ်သော လူ့စိတ်နှင့်) ပြည့်စုံမှသာ လူ့အတ္တဘော လူ့အတ္တကိုဝ် လူအဖြစ် လူ့စိတ်နှင့်ပြည့်စုံသည်လူ လူပီသသူ လူသားစင်စစ်ဖြစ်သူ (မနုဿပေတ မနုဿနိရယ မနုဿယက္ခ အမနုဿ မဖြစ်သူ) ဖြစ်၏ဟု ဆိုအပ်မည် ဖြစ်၏
ကာယဒုစရိုက်အမှု့ ဝစီဒုစရိုက်အမှု့ မိစ္ဆာဇီဝအမှု့များကို ကျူးလွန်သူသည် မနုဿတ္တ - လူ့အတ္တဘောနှင့်ပြည့်စုံသည့် လူမဟုတ် လူသားစင်စစ် မဟုတ်, မနုဿပေတ - လူယောင်ဆောင်ပြိတ္တာ ဥပပတ္တိပြိတ္တာသာ ဖြစ်၏, အမနုဿ - လူသားစင်စစ် မဟုတ်သူသာ ဖြစ်၏
ဘဝတဏှာ(သဿတဒိဌိ) ဝိဘဝတဏှာ(ဥစ္ဆေဒဒိဌိ) တိုးပွားရာတိုးပွားကြောင်း စကားများကို ပြောဆိုသူသည် မနုဿတ္တ - လူ့အတ္တဘောနှင့်ပြည့်စုံသည့် လူမဟုတ် - လူသားစင်စစ် မဟုတ်, မနုဿတိရစ္ဆာန - လူယောင်ဆောင် လူ့တိရစ္ဆာန် ဥပပတ္တိတိရစ္ဆာန်သာ ဖြစ်၏, အမနုဿ - လူသားစင်စစ် မဟုတ်သူသာ ဖြစ်၏
ကာယသုစရိုက်အမှု့ ဝစီသုစရိုက်အမှု့ သမ္မာအာဇီဝအမှု့များကို ပြုလုပ်အားထုတ်ခြင်း မရှိသူသည် မနုဿတ္တ - လူ့အတ္တဘောနှင့်ပြည့်စုံသည့် လူမဟုတ် - လူသားစင်စစ် မဟုတ်, မနုဿနိရယ - လူ့ငရဲသား ဥပပတ္တိငရဲသားသာ ဖြစ်၏
ပစ္စုပ္ပန်ဘဝခန္ဓာဖြစ်သော ဥပပတ္တိဘဝကြီး (၉)ပါး၌ ကာမဥပပတ္တိဘဝသည် ပါဝင်၏ ကာမဥပပတ္တိဘဝ၌ အပါယ်လေးပါးသည် ပါဝင်၏
လောဘကြောင့် (ဝါ) ကာယဒုစရိုက်စမှု့ ဝစီဒုစရိုက်အမှု့ မိစ္ဆာဇီဝအမှု့များကို ကျူးလွန်ခြင်းကြောင့် ဥပပတ္တိပြိတ္တာ ဖြစ်၏
ဒေါသကြောင့် (ဝါ) ကာယသုစရိုက်အမှု့ ဝစီသုစရိုက်အမှု့ သမ္မာအာဇီဝအမှု့များကို ပြုလုပ်အားထုတ်မှု့ မရှိခြင်းကြောင့် ဥပပတ္တိငရဲသား ဖြစ်၏
မောဟကြောင့် (ဝါ) သဿတဒိဌိ(ဘဝတဏှာ) ဥစ္ဆေဒဒိဌိ(ဝိဘဝတဏှာ) တိုးပွားရာတိုးပွားကြောင်း စကားများကို ပြောဆိုခြင်းကြောင့် ဥပပတ္တိတိရစ္ဆာန် ဖြစ်၏
လောဘဒေါသမောဟကြောင့် (ဝါ) အကုသိုလ်ကြောင့် သုဂတိရောက်သည်ဟူ၍ ဓမ္မတာထုံးစံ မရှိသည် ဖြစ်၏
သီလသမာဓိပညာကြောင့် (ဝါ) ကုသိုလ်ကြောင့် အပါယ်ကျသည်ဟူ၍ ဓမ္မတာထုံးစံ မရှိသည် ဖြစ်၏
သာသနာတော်၌ လောဘဒေါသမောဟဟုဆိုအပ်သော အကုသိုလ်ကိုသာ ပယ်အပ်၏, သီလသမာဓိပညာဟုဆိုအပ်သော ကုသိုလ်ကိုကား မပယ်အပ်သည်သာ ဖြစ်၏
လောဘဒေါသမောဟသည် (ဝါ) အကုသိုလ်သည် အပါယ်၌သာ ဖြစ်စေသည် ဖြစ်၏
မောဟသည် (ဝါ) မိစ္ဆာဒိဌိသည် ဥပပတ္တိတိရစ္ဆာန် အဖြစ်၌ ဖြစ်၏
​လောဘ ဒေါသ မောဟ သုံးပါးအရ အပါယ်သည် သုံးဘုံသာရှိသင့်ပါလျှက် အဘယ့်ကြောင့် အပါယ်လေးဘုံဟူ၍ တဘုံပို၍ ရအပ်ပါသနည်း
ထေရဝါဒ၏ မောဟ(မိစ္ဆာဒိဌိ)သည် နတ္ထိ ဒိန္နံ အစရှိသည့် ဒိဌိ (၁၀)ပါး ဖြစ်၏
ဗုဒ္ဓသါသနာ၏ မောဟ(မိစ္ဆာဒိဌိ)ကား သဿတဒိဌိ(ဘဝတဏှာ) ဥစ္ဆေဒဒိဌိ(ဝိဘဝတဏှာ) ဖြစ်၏, အကျယ်အားဖြင့် မိစ္ဆာဒိဌိ (၆၂)ပါး ဖြစ်၏
ထို့ကြောင့် နတ္ထိ ဒိန္နံ အစရှိသည့် မိစ္ဆာဒိဌိ (၁၀)ပါး၌ ဆောက်တည်သူကို ဥပပတ္တိတိရစ္ဆာန် အဖြစ်၎င်း,
သဿတဒိဌိ(ဘဝတဏှာ) ဥစ္ဆေဒဒိဌိ(ဝိဘဝတဏှာ)၌ ဆောက်တည်သူကို ဥပပတ္တိအသူရကာယ် အဖြစ်၎င်း ဆောင်ယူအပ်မည် ဖြစ်၏
ပရမတ္ထမဂ္ဂင်ရှစ်ပါး အကျင့်တရားဖြစ်သော မဂ်လေးတန် ဖိုလ်လေးပါး နိဗ္ဗာန်တရားဖြင့် ဘုရားရဟန္တာဖြစ်သည့် သဥပါဒိသေ အဓိမာနခီဏာသဝ ဘုရားရဟန္တာသည် လောဘဒိဌိကို အကြွင်းမဲ့မပယ်အပ်သည် - ဘဝတဏှာဟုဆိုအပ်သော သဿတဒိဌိ, ဝိဘဝတဏှာဟုဆိုအပ်သော ဥစ္ဆေဒဒိဌိကို မပယ်အပ်သည် ဖြစ်၏
သဿတဒိဌိ ဥစ္ဆေဒဒိဌိသည် မောဟအသင်းဝင် ဖြစ်သဖြင့် ဥပပတ္တိတိရစ္ဆာန်အဖြစ်၌ ဖြစ်အပ်မည် ဖြစ်၏
ထို၌ သဥပါဒိသေသ ဘုရားရဟန္တာကို ဥပပတ္တိတိရစ္ဆာန်အဖြစ်၌ အလိုမရှိမူ၍ ဥပပတ္တိအသူကာယ်၌သာ အလိုရှိအပ်၏ ဆိုအပ်မည် ဖြစ်၏
ထို့ကြောင့် အပါယ်သုံးပါးမှသည် အပါယ်လေးပါးသို့ဟု ဆိုအပ်မည် ဖြစ်၏
သဥပါဒိသေသ အဓိမာန ဘုရားရဟန္တာတို့၏ ခေတ္တယာယီ ခန္ဓာထားရာဘုံသည် သုဒ္ဓါဝါသဘုံဖြစ်ကြောင်း မိန့်ဆိုတော်မူကြကုန်၏
ဥပါဒါနပစ္စယာ ဥပပတ္တိဘဝေါ၌ ရအပ်သည့် အသုရကာယ်ဘုံ သုဒ္ဓါဝါသဘုံ စသည်တို့သည်ကား သေပြီးနောက်ဘဝ၌ ရအပ် ယူအပ်သည့် ဘုံဘဝများ မဟုတ်ပေ, ပစ္စုပ္ပန်ဘဝခန္ဓာ၌ ဘုံဖွဲ့အပ် ဘဝဖွဲ့အပ်သော ဘုံဘဝများ ဖြစ်၏
ဘဝပစ္စယာ ဇာတိ၌ ဘဝအရ ဖွဲ့အပ်သော ဘုံဘဝတို့သည် ပစ္စုပ္ပန်ဘဝခန္ဓာ၌ ဘုံဘဝ ဖွဲ့အပ်သည် ဖြစ်၏
ဇာတိအရ ဖွဲ့အပ်သော ဘုံဘဝတို့သည် သေပြီးနောက်ဘဝ၌ ဘုံဘဝဖွဲ့အပ်သည် ဖြစ်၏
သာသနာတော်၌ လောဘဒိဌိသည် သေပြီးမှ (နောက်ဘဝရောက်မှ) ပယ်ရမည် မဟုတ်သကဲ့သို့ လောဘဒိဌိကြောင့်ဖြစ်သည့် အကုသိုလ်ကုသိုလ်ကံဟု ဆိုအပ်သော ကမ္မဘဝသည်၎င်း, ကာမဥပပတ္တိဘဝ ရူပဥပပတ္တိဘဝ အရူပဥပပတ္တိဘဝဟုဆိုအပ်သော ဥပပတ္တိဘဝသည်၎င်း သေပြီးမှ (နောက်ဘဝရောက်မှ) ချုပ်ရမည်ကား မဟုတ်သည်သာ ဖြစ်၏

သဗ္ဗေသတ္တာ ကမ္မဿကာ, အဝေရါ ဟောန္တု,

(ဆက်ရန်)

Address

Mandalay
05041

Opening Hours

Monday 05:00 - 21:00
Tuesday 05:00 - 21:00
Wednesday 05:00 - 21:00
Thursday 05:00 - 21:00
Friday 05:00 - 21:00
Saturday 05:00 - 21:00
Sunday 05:00 - 21:00

Website

Alerts

Be the first to know and let us send you an email when ဒက္ခိဏာရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share