11/02/2020
21ရာစု"အ"သုံးလုံး ပညာရေးလှုပ်ရှားမှုဆိုတာ ကျေးလက်ဒေသမှာရှိတဲ့ အလယ်တန်းနဲ့အထက်တန်း ကျောင်းသား၊ကျောင်းသူများကို ဧပရယ် နှင့် မေလအတွင်း ပညာဒါနသင်ကြားပေးတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။
"အ"သုံးလုံးဆိုတာကတော့
-အင်္ဂလိပ်စာ
-အိုင်တီ(IT)
-အားကစား တို့ဖြစ်ပါတယ်။ 💢
သင်ရိုးဆွဲရာ၌လည်း အဆင့်ဆင့်သော eng proficiency test တွေ၊ computerမြင်ဖူးသလား အစရှိသော surveyတွေနဲ့ သွားရောက်သင်ကြားမည့်ကျေးလက်ဒေသရှိ ကလေးတွေရဲ့အခြေအနေကို စေ့စေ့စပ်စပ်လေ့လာပီးမှ အထိရောက်ဆုံးအကျိုးရှိဆုံးဖြစ်မည့် သင်ရိုးများကို ပြင်ဆင်သင်ကြားပေးပါတယ် ။
ယမန်နှစ်နဲ့မတူဘဲ ဒီနှစ်မှာ ပိုမိုထိရောက်မှုရှိစေမဲ့သင်ရိုးကိုလည်း upgradeလုပ်ပြင်ဆင်ထားသည့်အပြင် အင်္ဂလိပ်စာ အိုင်တီ အားကစားအပြင် အနုပညာကဏ္ဍကိုပါထပ်တိုးသင်ကြားပေးသွားမှာပါ။ 🥳🥳
၂၀၂၀ခုနှစ်မှာ
ကျောက်ပန်းတောင်းဒေသ ၊
ရေနံချောင်းဒေသ ၊
ဖောင်းပြင်ဒေသ တို့မှာရှိတဲ့ ကျေးလက်က
ကျောင်းသားပေါင်း ၁၄၀၀ ကျော်ကို
ရက်ပေါင်း ၄၀ ကျော်ပညာဖြန့်ဝေပေးသွားမှာပါ။
ကလေးတစ်ယောက်အတွက် သင်ရိုးတစ်စုံလျှင် (၆၀၀၀)ကျပ် မျှသာ ကျသင့်ပါတယ်။
အကိုတို့ အမတို့က ၆၀၀၀ ကျပ် လှူလိုက်တာနဲ့ ကလေးတစ်ယောက်ကို ပညာသင်ကြားခွင့်ပေးနိုင်မှာပါ။
(၆၀၀၀၀)ကျပ် လှူမည်ဆိုလျှင် ကလေး ၁၀ ယောက်အား ပညာသင်ကြားခွင့်ပေးနိုင်ပြီပဲ ဖြစ်ပါတယ် ။
ပညာရေးလှုပ်ရှားမှုအတွက်အလှူငွေများစတင်လက်ခံနေပါပြီ။ ‼️သူငယ်ချင်းတို့ရဲ့ မုန့်ဖိုး (သို့) စေတနာသဒ္ဒါတရား နည်းများမဆို က ကလေးတစ်ယောက်ရဲ့အိပ်မက်ကို အစပျိုးပေးလိုက်တာဖြစ်ပါတယ်။
ကလေးတွေရဲ့ အိပ်မက်ကို အတူတူပျိုးထောင်ပေးလိုက်ရအောင်။
လှူဒါန်းလိုလျှင် ကျွန်တော် ကျွန်မတို့ကနေတစ်ဆင့်လှူဒါန်းလို့ရပါတယ်။
မေးလိုရာ မေးနိုင်ရန်နှင့် ပါဝင်လှူဒါန်းနိုင်ရန်အတွက်
💢Acc - May Thway Ko https://www.facebook.com/profile.php?id=100009169815330
ph no: 09977521213 💢
💢Kaung Si Thu
https://www.facebook.com/kaungsithugt
ph no: 09266848074 💢
💢Thae Pwint Phyu
https://www.facebook.com/thaepwint.phyu.944
ph no: 09447903978 💢
💢Theint Nadi Aung
https://www.facebook.com/theint.nadiaung.37
ph no: 09453265297 💢
တို့ရဲ့ messengerကနေတစ်ဆင့် ဆက်သွယ်ပြီး စီမံကိန်းနဲ့ပက်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်။
လူကိုယ်တိုင်လည်းလာရောက်ရှင်းပြပေးနိုင်ပါတယ်။
ယခင်နှစ်မှ လှူပ်ရှားဆောင်ရွက်ခဲ့မှုများကို https://www.facebook.com/21staathonelone/ page တွင်ကြည့်ရှုနိုင်ပါသည်။
ကလေးတိုင်း ပညာသင်ခွင့်ရှိပါ့မလား။
ကလေးတိုင်း အနာဂါတ်ရှိပါ့မလား။
ကလေးတိုင်း အိပ်မက်မက်ရဲကြပါ့မလား။
သေချာတာတစ်ခုကတော့ ဆင်းရဲမွဲတေတဲ့ ကလေးတွေအတွက် ပညာရေးက စျေးကြီးနေဦးမှာ ဖြစ်သလို အိပ်မက်တွေကလည်း စျေးကြီးနေဦးမှာပါပဲ။
Crdeit- Ko David Chan
#ကလေးတိုင်းအိပ်မက်မက်ခွင့်ရှိသည်။